Background
အီးယူဒေသကြွေးမြီ အကျပ်အတည်းကို ထိန်းချုပ်နိုင်မယ့် အလားအလာမရှိသေးခြင်း ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနေခြင်းနဲ့ ကမ္ဘာ့ရော်ဘာဝယ်လိုအားနည်းနေခြင်းတို့ကြောင့် ကမ္ဘာ့ရော် ဘာ ဈေးနှုန်းတွေက သုံးနှစ် နီးပါးအတွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိလာတယ်။ သြဂုတ် ၁၃ ရက်က တိုကျို ကုန်စည်ေ ရာင်းဝယ်ရေးမှာ ရောင်းရ အသွက်ဆုံး ဇန်နဝါရီလ အရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၂၁၃ ဒသမ ၉ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၂၇၄၂ ဝန်းကျင်) ဖြစ်ခဲ့ရာ ၂၀၀၉ ခုနှစ်အောက်တိုဘာလ နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်လာတယ်။ ရေနံစိမ်းဈေးမြင့်မားသော်လည်း ရော်ဘာ ဈေးနှုန်းကျဆင်းလျက်ရှိပြီးဝယ်ယူသူတွေကလည်းရော်ဘာဈေးဆက်လက်ကျဆင်းမလားဆိုတာကိုသာစောင့်ကြည့်နေကြတယ်။ ဝယ်လိုအားမရှိတာကြောင့် ထိုင်းနဲ့ မလေးရှား ရော်ဘာဈေးနှုန်းတွေလည်း ကျဆင်းလာတယ်။ သြဂုတ် ၈ ရက်က တစ်တန်ကို ၂၈၉၃ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ထိုင်းမှိုင်းခံ ရော်ဘာ အဆင့် ၅ Rubber Smoked Sheet - RSS 5) က သြဂုတ် ၁၄ ရက်မှာ ၂၇၆၃ ဒေါ်လာသာ ရှိခဲ့တာကြောင့် ၁၃၀ ဒသမ ၅၀ ဒေါ်လာဈေး ကျလာတယ်။ ၎င်းကာလအတွင်း မလေးရှားရော်ဘာ SMR – 20 (Standard Malaysia Rubber) ကလည်း ၂၇၄၈ ဒသမ ၅၀ ဒေါ်လာမှ ၂၄၆၂ ဒေါ်လာအထိ ကျဆင်းခဲ့တာကြောင့် ၂၈၆ ဒသမ ၅၀ ဒေါ်လာ ဈေးကျလာ တယ်။ ရော်ဘာဈေးနှုန်းတွေကျဆင်းခြင်း ကြောင့် ရော်ဘာစိုက်ပျိုးသူတွေ နစ်နာဆုံးရှုံးမှုများရှိနေကြောင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်းမှ ရော်ဘာစိုက်ပျိုးသူတွေ အနေနဲ့ ကန်ဒေါ်လာ တစ်ဘီလီယံ ဆုံးရှုံးနစ်နာလျက် ရှိကြောင်း သိရတယ်။ Source:bangkokpost.com, brecorder.com, rubberboard.org.in, ပပ
နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာသုည ဒသမ ၃၀၉ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀၄ တန်ကျော်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါ တယ်။
ဇင်ဘာဘွေမှာ ကာလရှည်ကြာစွာ မိုးခေါင်ခြောက်သွေ့မှုဒဏ်ကို ခံစားနေရပြီး ပြည်တွင်းစားသုံးသူေ တွအတွက်အဓိကသီးနှံ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ပြောင်း လုံလောက်မှုမရှိတော့ကြောင်း သိရတယ်။ ပုံမှန်အနေနဲ့ ဇင်ဘာဘွေက ပြည်ပကို ပြောင်းတင်ပို့နေတဲ့ နိုင်ငံဖြစ်သော်လည်း လောလောဆယ် မှာတော့ ပြည်တွင်းစား သုံးမှု မလုံလောက်တဲ့အတွက် ပြည်ပမှပြောင်းတင်သွင်းရတော့မယ်လို့သိရတယ်။
ဇွန်လဆန်းပိုင်းမှစပြီး တရိပ်ရိပ်တက်လာသောပြောင်းဈေးမှာ ယခုတစ်ပတ် တွင် ပိဿာ ၂၀ တစ်တင်းကို ၁၀၅၀၀ ကျပ်၊ ၁၀၇၀၀ ကျပ်နဲ့ ဈေးဆက်လက် မြင့်တက်လာပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဝယ်ယူ အားကြောင့် အရောင်းအဝယ်လည်းသွက်လာပါတယ်။ ဟင်္သာတမြို့ပေါ်ရှိ ကုန်သည်အချို့ မှ ဈေးကောင်းရနေချိန်မှာ ထုတ်ရောင်းကြသောကြောင့် ယခုတစ်ပတ်မှာ ရောင်း ဝယ်မှုအားလည်းပိုကောင်းလာပါတယ်။ အစေ့ထုတ်ပြောင်း စီးထွက်မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ တစ်ပတ်အတွင်း တင်း ၉၀၀၀ ခန့် တင်ပို့တယ်လို့သိရ ပါတယ်။အေးအေးခိုင်
ကယားပြည်နယ် လွိုင်ကော်ဈေးကွက်ကို ဇူလိုင်လကုန်ကစပြီး အစေ့ထုတ် ပြောင်းသစ်များ ဝင်ရောက် လာကာ သြဂုတ်လ ဒုတိယပတ်မှာတော့ အဝင် လှိုင်လာတာတွေ့ရပါတယ်။ ပြောင်းရဲ့အရည်အသွေးပေါ် မူတည်ပြီး အစေ့ထုတ် ပြောင်းသစ် အစိုတစ်ပိဿာ ၂၅၀ ကျပ်မှ ၂၈၀ ကျပ်ထိ ဈေးရှိနေပြီး၊ အခြောက် တစ်ပိဿာကို ၄၀၀ ကျပ်မှ ၄၂၀ ကျပ်ထိ ဈေးရှိနေတာကြောင့် မိုးကြို ပြောင်းစိုက်တောင်သူများက အစိုရောအခြောက်ပါ ဈေးကွက်ကို တင်ပို့ရောင်းချ လျက်ရှိတာတွေ့ရပါတယ်။ ကယားပြည်နယ်မှာ မိုးကြိုပြောင်းကို လွိုင်ကော်ခရိုင် ဒီမော့ဆိုမြို့နယ်မှာ အများဆုံးစိုက်ပျိုးကြတာပါ။ မိုးကြိုပြောင်းကို မတ်လနဲ့ဧပြီလ တွေမှာစတင်စိုက်ပျိုးပြီး ဇူလိုင်၊ သြဂုတ်လများမှာ ရိတ်သိမ်းထွက်ရှိတာဖြစ် ကြောင်း နဲ့ အစေ့ထုတ်ပြောင်းအစိုများကိုတော့ ကုန်သည်ပွဲစားများက ဝယ်ယူပြီး ရှမ်းပြည် နယ် တောင်ပိုင်း၊ တောင်လေးလုံးဒေသရှိ မြနဒီပြောင်းအခြောက်ခံစက်ကို အဓိက တင်ပို့ရောင်းချကြောင်း သိရပါတယ်။ မင်းအောင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၆၅၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၉၃၁ တန်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက် တင်ပို့မှုတွေကတော့မူဆယ်မှ ၃၇၈၉ တန်၊ လွယ်ဂျယ်မှ ၈၁၆ တန်ကျော်နဲ့ ချင်း ရွှေဟော်မှ ၃၂၆တန်အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်တစ်ခုမှ သာတင်ပို့ခဲ့ပြီး ယခုအပတ်မှာ မူဆယ်အပြင် လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ် ပေါက်များမှ တင်ပို့လာတဲ့အတွက် ယခင်အပတ်ထက် တန် ၉၁၀ ပိုမိုတင်ပို့ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံရွှေလီမှာရော မိမိဘက်မူဆယ်မှာပါ ယခင်အပတ်ထက်ပြောင်းဈေးများ လျော့ကျ လျက်ရှိပါတယ်။ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -
သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ဗီယက်နမ်နိုင်ငံသို့ ကန်ဒေါ် လာ သုည ဒသမ ၂၈၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၅၀ ကို အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က စင်္ကာပူသို့ ၄၄ တန်သာအပို့ရှိခဲ့ရာ ယခုအပတ်မှာ ၁၀၆ တန် အပို့ ပိုခဲ့ပါတယ်။ ရန်ကုန် (FOB) ပြောင်းဈေးဟာ ယခင်အပတ်အတိုင်း ပြောင်း လဲမှု မရှိဘဲ တစ်တန်ကို ဒေါ်လာ ၃၈၀ ဈေးပေါက်လျက်ရှိပါတယ်။ ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်မှ ပြောင်းဖူးစေ့ ၄၉၃၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။ CMK
ဗီယက်နမ်နိုင်ငံရဲ့ ၂၀၁၂ ခုနှစ် ပထမ ၇ လအတွင်း ငရုတ်ကောင်းတင်ပို့မှုက အရေအတွက်အနေနဲ့ လျော့ကျ သွားသော်လည်း ဈေးနှုန်းမြင့်မားလာမှုကြောင့် ဝင်ငွေရရှိမှုမှာ ၁၇ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ပြီးကန်ဒေါ်လာ ၅၃၂ သန်း ရရှိခဲ့တယ်။
သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၆၂ သန်းတန်ဖိုးရှိ ပရဆေးကုန် ကြမ်း ၂၈၁၈ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅ တန်ခန့်သာ အပို့ပိုခဲ့ပါတယ်။
နနွင်းစိုက်ပျိုးမှုများတဲ့ အိန္ဒိယအချို့ဒေသတွေမှာ စိုက်ဧရိယာကျဆင်းခြင်းနဲ့ ပြည်ပတင်ပို့ဖို့ ဝယ်ယူမှုတွေ ရှိလာလို့ နနွင်းကြိုပွိုင့်ဈေး ၂ ရာခိုင်နှုန်းကျော်မြင့်တက် လာ ခဲ့ပါတယ်။ NCDEX မှာ စက်တင်ဘာလနနွင်း စာချုပ် ဈေးဟာ တစ်တန်ရူပီး ၅၉၀၀၀ (ကန်ဒေါ်လာ ၁၀၆၉) ကို ၁ ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ စိုက်ဧက လျော့ ကျတာကြောင့် လာမယ့်နှစ်မှာ အထွက်လျော့နိုင်တယ်လို့ Geojit Comtrade ကုမ္ပဏီဒါရိုက်တာ CP Krishnan မှ ပြောကြားပါတယ်။