Background
ဒီတစ်ပတ်မှာတော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်း ၁၄၄ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ မန်ကျည်းနဲ့ မန်ကျည်း(အစေ့လွတ်) ဆိုပြီး နှစ်မျိုးတင်ပို့ခဲ့ပါတယ်။ မန်ကျည်းက FOB ဈေး တစ်တန်ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့ပြီးတော့ မန်ကျည်း(အစေ့လွတ်)ကFOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၇၀၀ ဝန်းကျင်ထိ ရရှိခဲ့ပါတယ်။ ယခင်တစ်ပတ် မန်ကျည်းတင်ပို့မှုက တန်တစ်ရာ့နှစ်ဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတော့ ယခင်တစ်ပတ် တင်ပို့မှုတန်ချိန်ထက် တန်နှစ် ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ရာသီဥတုကြောင့် ဒီတစ်ပတ်မှာလည်း ချင်းကအဝင်နည်းနေပါသေးတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၂၀၀၀ - ၃၀၀၀ ခန့်သာအဝင်ရှိနေတယ်လို့ သိရပါ တယ်။ ချင်းတက်က လက်ကျန်မရှိတော့ပေမယ့် ချင်း(ဥမ) ကတော့ လက်ကျန် အတော်များများကျန်နေပါသေးတယ်။
သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုညဒသမ ၀၆၆ သန်းတန်ဖိုးရှိ ချင်းခြောက် ၂၉ တန်နဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ချင်းခြောက် ၁၀ တန်ကို အပို့ရှိခဲ့ပါတယ်။ ယခု အပတ်နယ်စပ်မှ ဂျင်းခြောက် ၃၉ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၄ တန်အပို့ပိုမိုခဲ့ပါတယ်။ သြဂုတ်လတစ်လလုံးမှာ ချင်းခြောက်တင်ပို့မှု တန် ၁၀၀ နီးပါးရှိတယ်လို့စာရင်းများအရ သိရှိရပါတယ်။ MIRT(DOBT)
ယခုရက်ပိုင်းအတွင်း မြို့နယ်တာဝန်အနေနဲ့ ကျေးရွာအတော်များများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရလို့ သြဂုတ်လ ၂၆ ရက်က မြိုင်မြို့နယ်၊ ၂၉ ရက်မှာ ပခုက္ကူမြို့နယ်ထဲက ချိုင်းကျေးရွာအုပ်စုကိုရောက်ခဲ့ပါတယ်။ နယ်တွေကို ကွင်း ဆင်းရင်း ကျွဲကူးရေပါဆိုသလို စိုက်ရေးပျိုးရေး၊ သီးနှံအထွက်ဆိုတာတွေကို လေ့လာ စူးစမ်း မေးမြန်းဖြစ်ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှသြဂုတ်လ ၂၂ ရက်မှ ၂၈ ရက် ထိကာလအတွင်းမှာ ပဲပုပ်စေ့၊ ထောပတ်ပဲ၊ ပဲယင်းနဲ့ပဲနီကြား များ ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှသြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၃၅၀ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့်နဲ့လုံးခြမ်း ၄၁၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ယခင်အပတ် ကထက် ပဲတီစိမ်းလုံးပြည့်တန် ၆၀ ကျော်နဲ့ပဲတီစိမ်းခွဲခြမ်းတန် ၁၀၀ ကျော် တင် ပို့မှု လျော့ခဲ့ပါတယ်။
ရေတွက်ပုံ - VISSAစဉ် အမျိုးအစား တိုကျိုဈေးကွက်ဈေးနှုန်း ညီမျှမြန်မာဈေးနှုန်း(ကျပ်)၁။ တိရစ္ဆာန်အစားအစာ (က) ပြောင်း(CIF) US$ 0.64 557 (ခ) ပဲပုပ် (CIF) US$ 0.87 757၂။ ပဲမျိုးစုံ (က) ထောပတ်ပဲ (CIF) Yen 127.92 1422 မှတ်ချက်။ ငွေလဲနှုန်း 1 USD = 78.25-78.27 Yen (6.7.12) 1USD = 870 KyatsSource : NIHON KEIZAL NEWSPAPER,MOC
သြဂုတ်လ လကုန်ပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက် မှာ ကုလားပဲဈေးဆက်လက်မာနေကာ ရန်ကုန်အဝယ် မရှိပေမဲ့ ဒေသတွင်း လုပ်ငန်းသုံးသမားတွေ အဝယ်ရှိလို့ နေ့စဉ် အရောင်း အဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလထဲမှာ ပဲတစ်မျိုးခြင်း အလိုက်ဖြစ်ပေါ်ခဲ့တဲ့ အရောင်း အဝယ်နဲ့ပေါက် ဈေးတွေကိုလေ့လာတဲ့အခါ V2 ဟာ ဒီတစ်ပတ်မှာ တစ်တင်း ၂၂၀၀၀ ကျပ်ဈေးမှာတန့်နေပြီး၊ ဒီလထဲမှာ တစ်တင်းအနိမ့် ဆုံး ၂၁၈၀၀ ကျပ်ကနေ အမြင့်ဆုံး ၂၂၈၀၀ ကျပ်ထိပေါက်ခဲ့ ပါတယ်။
သြဂုတ်လရဲ့ နောက်ဆုံးရက်သတ္တပတ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ခဲ့တာတွေက ပဲစင်းငုံနီနှမ်းဝါ၊ နှမ်းညို၊ ပဲတီစိမ်းသေး၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါ၊ ပဲယင်း (မြစ်ခြေ) တို့ဖြစ်ပါတယ်။ ပဲစင်းငုံနီနေ့စဉ်အိတ် ၃၀၀ မှ ၁၄၀၀ ခန့်ထိ အရောင်းအဝယ်ဖြစ်ပြီး၊ ရန်ကုန်ဝယ်လက်နဲ့ဒေသခံပွဲစားတွေ နဲ့ လှောင်လက်တွေ ဝယ်ယူကြပြီး၊ ရန်ကုန် အပို့မရှိတာကိုတွေ့ရပါတယ်။ ဈေးနှုန်းမှာ ၂၁၃၀၀ ကျပ်မှ ၂၂၅၀၀ ကျပ်ကြား အရောင်းအဝယ်ဖြစ်ပါတယ်။
Co 6 ပဲတီစိမ်းအခြေခံမျိုးစေ့ ထုတ်လုပ်မှု ပြပွဲကို အိန္ဒိယ နိုင်ငံ တမီလ်နာဒူး စိုက်ပျိုးရေးတက္ကသိုလ်(TNAU) မှာ လွန်ခဲ့တဲ့ သီတင်းပတ်မှာ ကျင်းပခဲ့ပါတယ်။ မျိုးစေ့စိုက်ပျိုးသူ များ၊ လယ်သမားများ၊ သိပ္ပံပညာရှင်များနဲ့ သုတေသနပညာ ရှင် စုစုပေါင်း ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရပါ တယ်။ ယင်းအခမ်းအနားမှာ Co 6 ပဲတီစိမ်းမျိုး စိုက်ပျိုးမှု အကျိုးအမြတ်အတွက် အဓိကထားပြောကြားကြောင်းသိရ ပါတယ်။ အိန္ဒိယမှာ ပဲမျိုးစုံထုတ်လုပ်မှုက ပြည်တွင်းဝယ်လို အားထက် အလွန်ပဲ နိမ့်ကျနေတယ်လို့ TNAU ဒုတိယ ခေါင်းဆောင် Subbian မှ ပြောကြား ပါတယ်။
