Background
ရှမ်းနနွင်းကတော့ ခပ်အေးအေးသာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာ တာကြောင့် အဝယ်နည်းနည်းဖြစ်လာတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ အမှုန့်ကြိတ် ဖို့နဲ့ ပရဆေးအတွက် အရည် အသွေးကောင်းတဲ့ နနွင်းကိုရွေးဝယ်ပြီး ခြင်ဆေးခွေပြုလုပ်ဖို့အတွက် နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။
မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၃၆၅ သန်းတန်ဖိုးရှိ နနွင်းတက် ၂၃၆ တန်နဲ့ကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၂၄ တန်ကို ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နနွင်းတက် ၆၂ တန်နဲ့ နနွင်းခေါင်း ၉ တန် အပို့ပိုခဲ့ပါတယ်။MIRT(DOBT)
အင်ဒိုနီးရှားနိုင်ငံမှာ ပြည်တွင်းကြက်သွန်နီဈေးတည်ငြိမ်စေဖို့အတွက် ပိုမိုသင့် တော်တဲ့ တင်သွင်းချိန် ဇယားချမှတ်ခြင်းဖြင့် ကြက်သွန်နီကုန်သွယ်ရေးအစီအစဉ် များ တိုးမြင့်မယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြားပါတယ်။ ပြည်တွင်းဈေး ကျဆင်းဖို့ ဖိအားဖြစ်စေတဲ့ ပိုလျှံမှုမရှိရအောင် ရိတ်သိမ်းရာသီကျော်လွန်မှသာ တင်သွင်းခွင့်ပြုသွားမှာ ဖြစ်ကြောင်း၊ ဇွန် ၁၅ ရက်မှာ ပြည်တွင်းကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် Gunaryo က ပြောကြားပါတယ်။
မလှိုင်မြို့နယ်အနေနဲ့ ယခုနှစ် ကြက်သွန်နီစိုက်ပျိုးနိုင်မှုမှာ ယခင်နှစ်ထက် လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခုနှစ် စိုက်ဧက ၃၂၀၀ ကျော်ဖြစ်ပြီး၊ ယခင်စိုက်ဧကမှာ ၃၈၀၀ ကျော်ဖြစ်ပါတယ်။ ယခုနှစ်မှာ စိုက်ဧက လျော့နည်းသလို စိုက်ပျိုးချိန်နဲ့ အပင်ဖြစ်ထွန်းချိန်မှာ အချိန်အခါမဲ့ မိုးရွာသွန်းတဲ့အတွက် အထွက်နှုန်း လည်း ကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ နှိုင်းယှဉ်ပြရင် ယခင်နှစ်ကာလတူမှာ ကြက်သွန်နီ တစ်ပိဿာ (ဂျွန်) ၃၀၀ ကျပ်ရှိပြီး၊ ယခုနှစ်မှာ ဂျွန်တစ်ပိဿာ ၅၀၀ ကျပ်ဖြစ်ပါတယ်။ စိုက်ဧကလျော့နည်းခြင်း၊ အထွက်နှုန်းလည်း လျော့နည်းတဲ့ အတွက် လှောင်လက်များကြိုက်ဈေးစောင့်နေကြောင်း သိရပါတယ်။ ရဲမြင့်သန်း
ကန်ဒေါ်လာ သုညဒသမ ၀၇၉ သန်းတန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၉၉ တန်ခန့်ကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်လျှင်တန် ၄၀ ခန့် အပို့လျော့ခဲ့တယ်လို့သိရပါတယ်။MIRT(DOBT)
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ထိုင်းနိုင်ငံကို မန်ကျည်း၂၅တန်နဲ့ စင်ကာပူနိုင်ငံကို မန်ကျည်း ၁၃၂ တန် ကိုသီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန် ၁၀ ရက်မှ ၁၆ ရက်အတွင်းတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် နှစ်ရာ့ခြောက် ဆယ် ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်ရာကျော်အပို့လျော့ခဲ့ပါ တယ်။ FOB ဈေးကတော့ ယခင်တစ်ပတ်ကတစ်တန်ကို ကန်ဒေါ်လာ ငါးရာကျော် ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ကန်ဒေါ်လာ လေးရာ့လေးဆယ်ေ ကျာ်သာ ရှိတာ ကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သောင်းကိုးထောင် ကျော် ရရှိခဲ့ ပါတယ်။ MIRT (DOT)
ကလောမြို့နယ်၊ ပင်းတယမြို့နယ်တွေက ချင်း(ဥမ)တွေဖော်နေတာကြောင့် ချင်းကပုံမှန်အဝင်ရှိနေပါတယ်။ မိုးကလည်း အတော်ရွာလာပြီဖြစ်တာကြောင့် အရင် တစ်ပတ်ကလောက်တော့အဝင်မများပါဘူး။ ချင်း(ဥမ)က မြေကြီးထဲမှာ အကြာကြီး အထားမခံပါဘူး။ ၄-၅ လလောက်ကြာရင်တော့ ပုပ်ပြီးခြောက်သွားတာကြောင့် မဖော် မဖြစ်ဖော်ကြရပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချိရဲ့ လက်လီလက်ကားဈေးကွက်တွေမှာ ကုလားပဲဈေးက စတင်ကျဆင်းလာပြီလို့ သိရပါတယ်။ ယခင်နှစ်က ရာသီဥတု ဆိုးဝါးတဲ့အတွက် စိုက်ပျိုးထားတဲ့ အပင်များပျက်စီးခဲ့ရပြီး၊ ပန်ဂျပ်မှာ နှစ်စဉ် အထွက်နှုန်းကျဆင်းခဲ့ကာ လွန်ခဲ့တဲ့ ၃ လအတွင်း ဈေးနှုန်းကြီးမြင့်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များမှာ ပြည်တွင်းမှာ ပဲအမြောက်အမြားအထွက် ပိုခဲ့လို့ ဈေးနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ယခုနှစ်မုတ်သုံမိုးမတိုင်မီထိတော့ ပဲဈေးက မြင့်တက်နေ ခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ် ကုလားပဲဈေးကွက်အနေနဲ့ မန္တလေး၊ ရန်ကုန်နဲ့ ဒေသတွင်းလုပ်ငန်းသုံး သမားတွေ အဝယ်ဆုံလို့ ကုလားပဲမျိုးစုံတက်ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ကုလားပဲရိုးရိုးကတော့ ပစ္စည်းလက်ကျန်နည်းလို့ ဈေးမတက်နိုင်တဲ့ရက်တွေရှိခဲ့ပေမဲ့ တစ်တင်း ၁၇၉၀၀ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲဝင်ရောက်မှုရှိနေပေမဲ့ အရောင်းအဝယ်ပါးတဲ့အတွက် ယခုတစ်ပတ်ဈေး အပြောင်းအလဲနည်းပါတယ်။ ကြိုပွိုင့်ဈေးလည်း လျော့ကျတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို စုစုပေါင်း တစ်ရက် ကုလားပဲအိတ် ၈၀၀၀၀- ၈၅၀၀၀ ခန့်ဝင်ရောက်တယ်လို့ သိရပါတယ်။ ဧပြီလ ၁၁ ရက်မှ မတ်လ ၁၂ ရက်အထိ ကုလားပဲ တန်ချိန် ၂ ဒသမ ၀၃ သိန်းတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးမှု နှေးကွေးနေတဲ့ သတင်းတွေအရ တောင်သူ များနဲ့ ကုန်သည်တချို့က ဈေးတက်မယ်မှန်းပြီး ရောင်းချမှု နည်းနေတယ်လို့ သိရပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
