Main menu

Background

Monday, 14 May 2012

    ဧပြီလ ၁၈ ရက်မှ  ၂၄ ရက်ထိ ကာလဟာ သြင်္ကန်ပွဲတော်ကာလအလွန်မှာ  ကုန်သည်လုပ်ငန်းရှင်များလည်း ကုန်သွယ်မှု လုပ်ငန်းများပြန်လည်လုပ်ဆောင်လာကြပြီဖြစ်တာနဲ့အညီ ယခုအပတ်မှာ ပဲတီစိမ်းအပို့ပို လာတာတွေ့ရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာ သုည ဒသမ ၀၈၃ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၂ တန် ဝန်းကျင်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်း တန်ဖိုးရှိ ပဲတီစိမ်းအခွံချွတ် ၁၂ ဒသမ ၇၅ တန်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်ကထက် ပဲတီစိမ်းလုံးပြည့် ၇၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှုမရှိသော်လည်း မိမိဘက် မြေပြင်ဈေးကျပ် ၆၇၆၀၀ ကျော် ပိုမိုမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင်ဈေးမှာ ကျပ် ၆၆၀၄၀၀ ဖြစ်ပြီး တစ်ဘက်နိုင်ငံဈေးမှာ ၈၂၆ဒေါ်လာပေါက်လျက်ရှိပါတယ်။ မိမိဘက်မြေပြင်ဈေးမှာ ယခင်အပတ်များထက် ၁၁ ရာခိုင်နှုန်း ပိုမိုခဲ့ပါ တယ်။                                                                                                                                                                                                                                                                   MIRT(DOBT)

Monday, 14 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်အသင့်အတင့်ရှိသလို ပြည်ပပဲများလည်း ပုံမှန်တင်သွင်း လျက်ရှိပေမဲ့ ပဲခွဲစက်များနဲ့ ကုန်သည်များရဲ့ ဝယ်လိုအားကတော့ အကန့်အသတ်သာရှိလို့ ဈေးဆက်လက်ငြိမ်နေ ပါတယ်။ အရည်အသွေး ကောင်းပဲတီစိမ်းဈေး ကတော့ခိုင်မာနေဆဲဖြစ်ပါတယ်။ ပြည်တွင်းငွေတန်ဖိုး ကျဆင်းနေတာကြောင့် ဈေးကွက်တွေ မှာ လှောင်လက်များ ဝယ်လိုအားပါးနေတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-     ဒေါ်လာ/ တန်                                          ၂၇-၄-၂၀၁၂    ၂၆-၄-၂၀၁၂    ၂၅-၄-၂၀၁၂    ၂၄-၄-၂၀၁၂မွန်ဘိုင်း(တန်ဇန်းနီးယား)          ၇၈၀-၇၉၉       ၇၈၀-၇၉၉          ၇၇၈-၇၉၇      ၇၇၇-၇၉၆မွန်ဘိုင်း(ပဲတီရွှေဝါ)                   ၈၂၈-၈၃၇      ၈၂၈-၈၃၇          ၈၂၅-၈၃၅      ၈၄၃-၈၅၃MIRT(MAPT)

Monday, 14 May 2012

    အိန္ဒိယအစိုးရရဲ့ ပဲမျိုးစုံပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းဟာ ပဲခွဲစက်လုပ်ငန်းများကို ထိခိုက်စေကြောင်း ကုန်သည် အဖွဲ့အစည်းမှ ပြောကြားပါတယ်။ ၎င်းတို့အနေနဲ့ ကန့်သတ်ပမာဏများထဲမှ အချို့ကို တင်ပို့ခွင့်ပြု သင့်ကြောင်း ပြောကြား ပါတယ်။ ကြိတ်ခွဲပြီး ပြန်လည်တင်ပို့နိုင်တဲ့ ပဲကုန်ကြမ်းများ တင်သွင်းဖို့ အခွင့်အရေးကို လိုအပ်နေကြောင်း စက်ဟောင်းများ ဖြစ်နေတဲ့ ကြိတ်ခွဲစက်လုပ်ငန်းများဟာ အစိုးရမှ ပြည်ပတင်ပို့ခွင့်ပြုပါက အခွင့်အရေးများစွာ ရရှိမယ်လို့ အိန္ဒိယပဲမျိုးစုံနှင့် သီးနှံအသင်း၊ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသ တာဝန်ယူသူ Anurag Tulshan   မှ ပြောကြားပါတယ်။

Monday, 14 May 2012

    ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ပါကစ္စတန်တို့ကို အဓိကတင်ပို့တဲ့ ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးဟာ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၃၂၀၀ ကျော်အထိ တင်ပို့မှု ရှိခဲ့လို့ မတ်လနောက်ဆုံးပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀ ကျော်ထက် ပိုမိုခဲ့ပါတယ်။ ဧပြီလ ၂ ရက်မှ ၂၀ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၄၀၀၀ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် တစ်ထောင်ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 14 May 2012

    ယခုရက်အတွင်းမှာ ပြည်ပဲ ဈေး ကွက်ကို ပဲလွန်းဖြူ အဝင်အနည်းငယ် ရှိလာခဲ့ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ညောင်စာရေးဘက်မှ တစ်နေ့ကို အိတ် ၄၀ - ၅၀ ခန့် အဝင်ရှိပါတယ်။ လက်လီ သမားများနဲ့ ရန်ကုန်ဝယ်လက် လည်း အနည်းငယ်အဝယ်ရှိပြီး၊ ပဲတစ်တင်း ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။မိမိအေး

Monday, 14 May 2012

    နိုင်ငံစုံမှ ဝယ်လိုအားရှိနေတာ ကြောင့် ပဲလွန်းဖြူတင်ပို့မှုမှာ တိုးတက် လျက်ရှိနေပါတယ်။ ဧပြီလ ၂ ရက်မှ ၆ ရက်အတွင်း ပဲလွန်းဖြူတန်ချိန် ၂၁၀၀ ကျော်ကို အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ဗီယက်နမ်နိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အစ ဧပြီလ ၂၀ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၃၆၀၀ ခန့်ရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၂၂၀၀ ကျော်ထက် ပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။

Monday, 14 May 2012

    ကမ္ဘာ့ ပဲဈေးကောင်းမွန်ချိန်က ထိပ်ဆုံးစာရင်းဝင် ပဲစင်းငုံနီဟာ ယခုအခါ ဈေးကွက်ရှာရောင်းနေရတဲ့ အခြေအနေထိ ဝယ်လက်ပျောက်နေလို့ မုံရွာကုန်စည် ဒိုင် နှစ်သစ်ကူးပြီး ရက်သတ္တပတ်မှာ ဈေးဆက်လက်ကျဆင်း လျက်ရှိပါတယ်။ မုံရွာကုန်စည်ဒိုင်ပေါက်ဈေးဟာ ရံဖန်ရံခါ ရန်ကုန်ပေါက်ဈေးထက် ပိုမြင့်နေပြီး၊ ရန်ကုန်အဝယ် မရှိသလို ရောင်းလက်သမားတွေ အနေနဲ့လည်း မူလဝယ်ရင်း ဈေး တောင် မမီလို့ ထုတ်မရောင်းနိုင်ကြလို့ ဈေးကွက်ပျောက်သလောက် ဖြစ်ခဲ့ရ ကြောင်း၊

Monday, 14 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်တွင်းပဲစင်းငုံများကို အဆက်မပြတ် ရောင်းချမှု ရှိနေပြီး ပဲခွဲစက်များနဲ့ ကုန်သည်များ ဝယ်ယူမှုပါးတာကြောင့် ဈေးငြိမ် နေပါ တယ်။ သရက်သီးရာသီချိန်ဖြစ်တဲ့အတွက် လက်လီဈေးကွက် တွေမှာလည်း ပဲ ဝယ်လိုအားနည်းနေတယ်လို့ သိရပါတယ်။

Monday, 14 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြင်္ကန် မတိုင်မီ ဧပြီလ ၂ ရက်မှ ၉ ရက်အတွင်း ပဲစင်းငုံ တန်ချိန် ၈၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်အပြီး ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ တစ်ပတ် အတွင်းမှာတော့ ပဲစင်းငုံဖြူနီ၊ အနီ တန်ချိန် ၁၁၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 14 May 2012

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ ဧပြီလ ပထမ ပတ် (၂ ရက်မှ ၆ ရက်) အတွင်း ပြည်ပကို တန် ၅၀၀၀ ခန့်တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ မတ်လကုန်ပတ်မှာ တန်ချိန် ၄၄၀၀ တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ဧပြီလ၂ ရက်မှ ၂၀ ရက်အထိ စုစုပေါင်းတင်ပို့မှုအနေနဲ့ပဲစင်းငုံတန် ၉၀၀၀ ကျော် တင်ပို့မှုရှိခဲ့လို့ ဧပြီလ ၉ ရက်မှ သြင်္ကန်ကာလအတွင်း တန် ၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ ကြောင်း သိရပါတယ်။

Pages