Main menu

Background

Friday, 23 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်း တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၁၇၃ တန်နဲ့ မြဝတီနယ်စပ်မှ ဒေသထွက် နနွင်းတက် (နနွင်းခေါင်း) ၅ တန် ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်းဖိုးကို မတ်လ ၇ ရက်မှ ၁၃ ရက်ကာလအတွင်း တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် တန် ၈၀ ဝန်းကျင် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။MIRT (DOBT)

Friday, 23 Mar 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီလအတွင်း နနွင်း တင်ပို့မှုက ၁၅ တန်ရှိခဲ့ပြီး ဇန်နဝါရီလ နနွင်းတင်ပို့မှုက ၃၆ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူဖြစ်တဲ့ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ နနွင်းတင်ပို့မှု တန်ချိန် ၇၆ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့မှုက ယခင်နှစ် ဖေဖော်ဝါရီလ တင်ပို့မှုထက်အားလျော့ခဲ့ပါတယ်။                                                                                                    MIRT (DOT)

Friday, 23 Mar 2012

ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်များမှာ ပေါ်စအချိန်က အစေ့လွတ် တစ်ပိဿာ ၁၂၀၀ ကျပ်ရှိရာမှ လှိုင်လှိုင်ပေါ်ချိန်မှာတော့ ဈေးကျဆင်းလာတာကို တွေ့ရပါတယ်။ ယခုလအတွင်း အိမ်သုံးတစ်နှစ်စာ ၃ ပိဿာ မှ ၅ ပိဿာအထိ ဝယ်ယူသိုလှောင်သူများကြောင့် အရောင်းသွက်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာတော့ မန်ကျည်းမှည့် အစေ့လွတ် တစ်ပိဿာ လက်ကား ၈၀၀ ကျော်နဲ့ လက်လီ ၁၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ အိဆွေဇင်

Friday, 23 Mar 2012

    မတ်လ ၇ ရက်မှ  ၁၃ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များ ဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီးနဲ့ စစ်တွေနယ်စပ်စခန်းများမှ ကန်ဒေါ်လာသုည ဒသမ ၃၂၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ)နဲ့ မန်ကျည်းစေ့ တန် ၄၄၀ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် အပို့လျော့ခဲ့သော်လည်း မူဆယ်နဲ့ စစ်တွေနယ်စပ်များအပြင် ကန်ပိုက်တီးမှပါ

Friday, 23 Mar 2012

    ပြည်ပဈေးကွက်ကို မန်ကျည်းတင်ပို့မှုက မတ်လ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း ၁၈၈၂ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန် တွေကတော့အင်ဒိုနီးရှားနိုင်ငံကို ၉၆ တန်၊ မလေးရှားနိုင်ငံကို ၆၀၀ တန်၊ ပါကစ္စတန် နိုင်ငံကို တန်ချိန် ၈၆၀၊ စင်ကာပူနိုင်ငံကို ၁၉၃ တန်၊ ဗီယက်နမ်နိုင်ငံ ကို ၁၂၅ တန်နဲ့ ရီမန်နိုင်ငံကို ၈တန်ဖြစ်ပါတယ်။

Friday, 23 Mar 2012

    ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး အဝင်မှာ အောင်ပန်းမှပိဿာ ၃၀၀င်အိတ်၊ ၂၀၀ခန့်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ တစ်ပိဿာ ကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း(ဓားလှီး) ၇၅၀ ကျပ်တို့နဲ့ ပုံမှန် ဈေးရှိကာ ဈေးကွက်အတွင်းတစ်နေ့ ပိဿာချိန် ၂၀၀ ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ စားသုံးမှုအဖြစ် နေ့စဉ်ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ် လို့လည်း သိရပါတယ်။                                         ဝင်းဝင်းခိုင်

Friday, 23 Mar 2012

    ယခုတစ်ပတ် ဟိုပုံးချင်းဈေးတက်လာပါတယ်။ ချင်းခြောက်ပြုလုပ်ဖို့အတွက် အဝယ်လိုက်လာပါတယ်။ ပြုတ်ချင်းပြုလုပ်ဖို့အတွက် ချင်းစိုကိုတစ်ပိဿာ ၃၀၀ ကျပ်ပေးပြီး ဝယ်နေတယ်လို့သိရပါတယ်။ ချင်းစို (အခက်သေး)မှာ တစ်ပိဿာ ၃၀၀ ကျပ်နဲ့အထက်မှာဈေးရှိနေပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၆၀၀ ကျပ်၊ ၁၇၀၀ ကျပ်ဈေးရှိပါတယ်။     အောင်ပန်းဈေးကွက်မှာတော့ အရောင်းအေးနေပါသေးတယ်။ ချင်း (ဖြူ/ကြီး) တစ်ပိဿာ ၃၃၀ ကျပ်၊ ၃၄၀ ကျပ်၊ ချင်း (နီစ/လှ)တစ်ပိဿာ ၃၅၀ ကျပ်၊ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်၊ ၁၆၀၀ ကျပ်ဈေး ရှိပါတယ်။ လက်လီအရောင်းသာရှိပြီး တစ်ပတ်အတွင်း ပိဿာချိန် ထောင်ဂဏန်း လောက်သာ အရောင်းအဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။ှံ့

Friday, 23 Mar 2012

    အိန္ဒိယနိုင်ငံရဲ့ပဲမျိုးစုံထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် အိန္ဒိယပဲမျိုးစုံ သုတေသန တက္ကသိုလ် (IIPR) နဲ့ နိုင်ငံတော် စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ ပဲမျိုးစုံ (NFSM-Palser) အစီအစဉ်အောက်မှာရှိတဲ့ နိုင်ငံတော်ပိုးမွှား စုပေါင်းကာကွယ် ထိန်းသိမ်း ရေးစင်တာ (NCIPM)တို့နဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ

Friday, 23 Mar 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခု တစ်ပတ်တွင် တစ်တင်း ၁၆၂၀၀ ကျပ်ဖြင့် အရောင်း အဝယ်ရှိခဲ့ပါတယ်။ ပြည်ဈေးကွက်သို့ အောင်လံမှ တစ်နေ့တင်း ၁၀၀၀ ခန့် အဝင်ရှိ ခဲ့ကြောင်းသိရပါတယ်။ အဝင်ရှိသလောက် အဝယ်ရှိကြောင်းသိရပါတယ်။ မြို့ပေါ် ခွဲစက်နဲ့ ရန်ကုန်ရှိခွဲစက်သမားများမှ အဝယ်ရှိတဲ့အတွက်တစ်နေ့အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။လွင်လွင်ဆန်း

Friday, 23 Mar 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲဝင်ရောက်မှုနည်းပြီး ဝယ်လိုအား တက်နေတာကြောင့် ကုလားပဲဈေးက အမြင့်ဘက်ဆက်လက်ချီတက်နေပါတယ်။ လက်ငင်းဈေးကွက်မြင့်တက်ခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်း မြင့်တက်လာခဲ့ရာ NCDEX  ကုလားပဲဖြူလုံးကြီး ကြိုပွိုင့်ဈေးကွက်မှာ ဧပြီလစာချုပ်ဈေးဟာ ၁ ဒသမ ၀၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဝယ်လိုအားကောင်းပြီး အထွက် လျော့ကျတာကြောင့် လာမယ့်ရက်တွေမှာလည်း ကုလားပဲဈေးဆက်လက်မြင့်တက် ဖွယ် ရှိကြောင်း ခန့်မှန်းကြပါတယ်။

Pages