Main menu

Background

Friday, 3 Feb 2012

                   ပြည်ချင်းဈေးကွက်ကို ယခုတစ်ပတ်မှာ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင် အိတ် ၂၅၀ ခန့် အဝင်ရှိပြီး၊ ဈေးနှုန်းမှာ ပုံမှန်ဖြစ်နေပါတယ်။ အရောင်းအဝယ် အားဖြင့် ဈေးကွက်အတွင်း တစ်နေ့ ပိဿာချိန် ၄၀၀ ခန့်ရှိပြီး၊ ရခိုင်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်တင်ပို့မှုရှိတယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်တို့နဲ့ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဝင်းဝင်ခိုင်

Friday, 3 Feb 2012

                   မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံစိုက်ပျိုးမှုမှာ မတ်ပဲနဲ့ ပဲတီစိမ်းကို ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာအများဆုံးစိုက်ပျိုးပြီး၊ ကုလားပဲနဲ့ ပဲစင်းငုံများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးလျက်ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ ကုလားပဲသီးနှံကို တစ်ပြည်လုံး စိုက်ဧကရဲ့ ၄၆ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ အများဆုံးစိုက်ပျိုးတဲ့ တိုင်းတစ်တိုင်းဖြစ်ပါတယ်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တို့မှာ ပြည်တွင်းစားသုံးမှု အလွန် နည်းပါးပြီး၊ ပြည်ပဈေးကွက်ပေါ်မှာ မူတည်ပေမယ့် ကုလားပဲဖြူလုံးကြီးက ပြည် တွင်းဈေးမြင့်ပြီး၊ ပြည်ပဈေးနိမ့်သည့်တိုင် ပြည်တွင်းစားသုံးမှုများပြားလာပြီး၊ ပြည်တွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ ကြာဇံစက်များမှာ ပြည်တွင်းစာအဖြစ် ပိုမိုအသုံးပြုလျက်ရှိပါတယ်။                          ပဲစိုက်တောင်သူများရဲ့ စီးပွားရေးတွက်ခြေကိုက်မှုမှာ ပဲတစ်ဧကစိုက်ပျိုးမှု အပေါ် အမြတ်ရာခိုင်နှုန်းမှာ ကုလားပဲဖြူလုံးကြီး၊ V-2 အတွက် ၃၈ ဒသမ ၃၀ ရာခိုင်နှုန်း၊ ကုလားပဲဖြူလုံးကြီး V-12 အတွက် ၁၄၆ ဒသမ ၉၇ ရာခိုင်နှုန်း၊ မတ်ပဲ အတွက် ၂၃ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ကုလားပဲဖြူလုံးကြီးမှာ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်သွားဖို့ အလားအလာကောင်းတဲ့ ပဲမျိုးဖြစ်ပါတယ်။ ပဲမျိုးစုံ ကမ္ဘာ့ ဈေးကွက်မှာ အရည်အသွေးကောင်း၊ မျိုးသစ်၊ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ပြီး၊ ယှဉ်ပြိုင်နိုင်မှသာ ရရှိပြီးဈေးကွက် ပိုမိုခိုင်မာပြီး ဈေးကွက်သစ်ချဲ့ထွင်ခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ တိုင်းဒေသကြီးရဲ့ ကုလားပဲစိုက်ပျိုးရာမှာ ယခင် V-2 ကုလားပဲမျိုးစိတ်များဟာ တောင်သူများအနေနဲ့ မျိုးအဖြစ် သီးသန့်ရွေးချယ်စိုက်ပျိုးခြင်းမဟုတ်ဘဲ စိုက်ပျိုး ထွက်ရှိတဲ့အထဲက မျိုးအဖြစ် ချန်ခြင်းကြောင့် နှစ်ကာလ ကြာမြင့်လာတဲ့အချိန်မှာ မျိုးညံ့လာပြီး၊ အထွက်နှုန်းလျော့နည်း အရွယ်အစား သေးလာသလို အရည်အသွေး နိမ့်ခြင်းကိုလည်း တွေ့လာရပါတယ်။ ဒါကြောင့် ပြည်ပဈေးကွက် မယှဉ်ပြိုင်နိုင်ဘဲ အဓိကတင်ပိုတဲ့ ပဲအဖြစ်မှ တင်ပို့မှု လျော့ကျသွားခဲ့ပါတယ်။ ပြည်ပကို အရည် အသွေးမီ တင်ပို့ရောင်းချနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးဖို့ တောင်သူတွက်ခြေကိုက်တဲ့ အထွက်နှုန်းကောင်းမျိုးများ စိုက်ပျိုးသွားဖို့ အရေးကြီး ပါတယ်။                     V-12 မျိုးသစ်ကို ယခုနှစ် စိုက်ပျိုးရာသီမှာ မုံရွာကုန်စည်ဒိုင်မှ ချိတ်ဆက်ပြီး၊ မျိုးတင်း ၂၀၀ အား ဖြန့်ဖြူးပေးမှုနဲ့ မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ မြို့နယ်များမှ တောင်သူများ စတင်စိုက်ပျိုးလျက်ရှိရာ ယင်းကုလားပဲ မျိုးသစ် V-12 စိုက်ပျိုးတဲ့ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာမှ ဦးခင်မောင် ထွန်းကပြောကြား ရာမှာ V-12 ကုလားပဲဖြူလုံးကြီးမျိုးအားမုံရွာကုန်စည်ဒိုင်မှ ချိတ် ဆက်မှုရယူပြီး၊ယခုနှစ် ၅ ဧက စတင်စိုက်ပျိုးထားပြီး၊ မျိုးတစ်တင်း ၃၇၀၀၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး တစ်ဧကစိုက်ပျိုးစရိတ်မှာ ၁ သိန်းခွဲကျော် ကုန်ကျမှာဖြစ်ပြီး၊ အထွက် နှုန်းမှာ ၂၅-၃၀ တင်း ထွက်ရှိမှာဖြစ်ကြောင်း ရှင်းပြပါတယ်။ ယနေ့ ကုလားပဲဖြူလုံးကြီးအသစ် မုံရွာကုန်စည်ဒိုင်ပေါက်ဈေးမှာ တစ်တင်း ၁၆၃၀၀ ကျပ်ဖြစ်လို့ စိုက်ပျိုးသူ တောင်သူအတွက် ယခင်မျိုး စိုက်ပျိုးသည်ထက် V-12 မျိုးစိုက်ပျိုးပါက အကျိုးအမြတ်ငွေ တစ်ဧက ကျပ် ၁ သိန်း ၈ သောင်းခန့် ပိုမို ရရှိပြီး၊ အခြားပဲသီးနှံများထက် ဈေးကွက်ကောင်းမွန်လို့ တောင်သူများအဖို့ စိုက်ပျိုးရန် ကုလားပဲမျိုးစိတ်သစ်အကြောင်း၊ တင်ပြလိုက်ပါတယ်။ ထွန်းဌေး

Friday, 3 Feb 2012

          အိန္ဒိယဈေးကွက်တွေကို ကာနာတာကာနဲ့ မဟာရပ်ရှတရာက ကုလားပဲဖြူလုံးကြီးရောရိုးရိုးကုလားပဲပါဝင်ရောက်မှုရှိနေတာကြောင့် ဈေးကျဆင်းနေပါတယ်။ ဝယ် လိုအားမရှိတဲ့အပြင် အခြားဈေးကွက်ကိုလည်း ပဲဝင်ရောက်မှုတွေရှိနေတဲ့ အတွက် ဈေးထပ်မံကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။         ဒေါ်လာ / တန်                       ၂၅-၁-၂၀၁၂       ၂၄-၁-၂၀၁၂      ၂၃-၁-၂၀၁၂              ၂၁-၁-၂၀၁၂ မွန်ဘိုင်း             ၆၃၉-၆၄၅          ၆၄၅-၆၄၇          ၆၄၀-၆၄၅                   ၆၃၇ ဒေလီ                 ၆၃၉-၆၄၄         ၆၄၉-၆၅၄           ၆၄၅-၆၅၀               ၆၃၇-၆၄၂ ကန်ပါ                  ၇၁၃                   ၇၁၇                  ၇၀၇                       ၇၀၇ MIRT(MAPT)

Friday, 3 Feb 2012

              ဈေးကွက်တွေကိုကုလားပဲအသစ်များဝင်ရောက်လာခြင်းမရှိသေးလို့ လက်ကျန် တော်တော်ပါးလာပြီ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဇန်နဝါရီလ၁၆ ရက်မှ၂၀ ရက် အတွင်းမှာ ပြည်ပကို ၆၈ တန်သာ တင်ပို့နိုင်ခဲ့ပြီး ရန်ကုန် FOB ဈေးကွက်မှာလည်း ကုလားပဲဖြူလုံးကြီး ၁၂၀ တန်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ပြည်ပကို ကုလားပဲဖြူလုံးကြီး တင်ပို့မှုဟာ တန်ချိန် ၆၅၆၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၅၅ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဇန်နဝါရီလ၂၀ ရက်မှာကုလားပဲဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၇၆၀-၇၈၀ ရှိရာမှ ဇန်နဝါရီလ ၂၇ ရက်မှာ ကန်ဒေါ်လာ ၇၂၀-၇၄၀ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။MIRT - MAPT

Friday, 3 Feb 2012

           လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ပဲမျိုးစုံပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းကို ပြန်လည်တင်ပို့ခွင့်ပြုဖို့ အိန္ဒိယပဲမျိုးစုံနဲ့သီးနှံ အသင်း (IPGA) မှ တောင်းဆိုထားကြောင်း အသင်းဒုတိယဥက္ကဌ Bimal Kothari မှ ပြောကြားပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ်သူလည်းဖြစ်သလို စားသုံးမှုနဲ့တင်သွင်းမှုလည်း အကြီးမားဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကပြည်ပ တင်ပို့မှု ပိတ်ထားတဲ့အတွက် ပြည်ပတင်ပို့ခွင့်မရှိဘူးလို့ Kothari ကဆိုပါတယ်။               ပဲမျိုးစုံတင်ပို့ခွင့်အခြေအနေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၁၅ မှ ၁၇ ရက်ထိ မွန်ဘိုင်းမြို့မှာကျင်းပမယ့် ကမ္ဘာ့ပဲမျိုးစုံ ညီလာခံမှာ ကြေညာဖွယ်ရှိတယ်လို့ဆိုပါတယ်။IPGA က ဦးစီးကျင်းပမဲ့ အဲဒီညီလာခံမှာ အိန္ဒိယမှ ပဲလုပ်ငန်းရှင် ၁၅၀ဦး အပါအဝင် ၄၅၀ ဦးခန့် တက်ရောက်မယ်လို့သိရပါတယ်။                  ပဲမျိုးစုံဈေးနှုန်းကျဆင်းနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့တစ်နှစ်ခွဲထက်ယှဉ်ရင် နိုင်ငံအတွင်း ပဲမျိုးစုံဈေးနှုန်းက ၄၀ ရာခိုင်နှုန်းခန့်ကျဆင်းနေပြီး၊ ရှေ့ဆက်ပြီးလည်း အကျဘက်ရှိနိုင်တယ်လို့ Kothari ကဆိုပါတယ်။ အဓိကကတော့ ပဲမျိုးစုံထုတ်လုပ်မှုတိုးတက်လာတာကြောင့်လို့ဆိုပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံထုတ်လုပ်မှုက တန်ချိန် ၁၇ သန်းကို ယခင်နှစ်ထွက်ရှိတဲ့တန်ချိန် ၁၈ ဒသမ ၂ သန်းထက် ၅ ရာခိုင်နှုန်းလောက် ကျဆင်းနိုင်ပေမဲ့လည်း နိုင်ငံအတွင်း ပဲမျိုးစုံဈေးနှုန်းအပေါ် ကြီးကြီးမားမား ထိခိုက် နိုင်ဖွယ်မရှိပါဘူးလို့လည်း Kothari က ခန့်မှန်းနေပါတယ်။ ယမင်းခင်၊Source:businessstandard

Friday, 3 Feb 2012

             အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကောင်းပဲတီစိမ်းကို ဝယ်ယူမှုမရှိတာကြောင့် ယခင်ရက် ဈေးအတိုင်း ငြိမ်နေတယ်လို့ သိရပါတယ်။ ရာဂျက်စသန်ဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲတွေ များစွာကျန် ရှိနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်း သိုလှောင်မှုများထဲမှာ ၁၂-၁၃ ရာခိုင်နှုန်းဟာ ပဲအပျက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ နောက်ရက် အနည်းငယ် အတွင်း ပဲအရည်အသွေးနိမ့်တွေက ဈေးနှုန်းကို ထိန်းထားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။  ဈေးကွက်ေ တွမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန်                               ၂၅-၁-၂၀၁၂         ၂၄-၁-၂၀၁၂        ၂၃-၁-၂၀၁၂            ၂၁-၁-၂၀၁၂မွန်ဘိုင်း (ပဲတီရွှေဝါ)         ၈၅၉                     ၈၆၉                ၈၈၃                        ၈၈၆ဒေလီ                        ၄၇၉-၆၆၉             ၄၇၉-၆၇၉          ၄၇၆-၆၇၅                ၄၇၈-၆၇၇အာကိုလာ                  ၆၉၉-၈၃၉              ၆၉၉-၈၃၉              -                       ၆၉၇-၈၃၆MIRT(MAPT)

Friday, 3 Feb 2012

              ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ်နဲ့ မြဝတီနယ်စပ်စခန်းများကနေ ပဲတီစိမ်းလုံးပြည့် ၂၇၉ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၉၈ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၇၇ တန်ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၇၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်နဲ့ နှိုင်းယှဉ်ရင် လေးပုံတစ်ပုံခန့်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံပွဲတော်ရာသီဖြစ်ပြီး လုပ်ငန်းများ ခေတ္တပိတ်ထားတာကြောင့် မူဆယ်နယ်စပ်မှ အပို့ကျတာဖြစ်ပါတယ်။ မြဝတီ နယ်စပ်ကတော့ ၄၆ တန်နီးပါးပွဲဦးထွက်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မန္တလေးမူဆယ် ပဲတီစိမ်းသယ်ပို့ခကတော့ ယခင် အပတ်နှုန်းထားထက် ၁၀ ကျပ် ဈေးကျခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံဈေးများပါ ကျဆင်းသွားတာ တွေ့ရပါတယ်                                   မိမိဘက်(ကျပ်/တန်)        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု         ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်   ပြောင်းလဲမှု    %ပဲတီစိမ်း ၅၅၇၂၉၁  ၅၇၉၀၆၅       ၂၁၇၇၄    ၃ .၉   ၇၉၀     ၈၀၇          ၁၇        ၂MIRT (DOBT)

Friday, 3 Feb 2012

           ခရမ်းသုံးခွဘက်ကပဲတီစိမ်းအသစ်တွေထွက်ပေါ်လာပြီဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲတီစိမ်း တွေ အရောင်းအဝယ်တက်လာတာ တွေ့ရပါတယ်။ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၈၅၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်တွေက အရည်အသွေးကောင်းတဲ့ ခရမ်းပဲတီစိမ်း ကို ပိုကြိုက်တာကြောင့် လာမယ့်ရက်တွေမှာလည်း အရောင်းအဝယ် သွက်ဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ယခင်တစ်ပတ်နဲ့ယှဉ်ရင် အခြားပဲဈေးများအနည်းငယ်လျော့သွားပေမဲ့ ပဲတီစိမ်းဈေးက အနည်းငယ်ပိုလာပါတယ်။                     ပဲတီစိမ်း (အညာ)       ပခုက္ကူ       ရွှေဝါအကြီး၂၇-၁-၂၀၁၂        ၆၉၀-၇၁၀           ၆၇၀-၆၉၀    ၈၂၀-၈၄၀၂၀-၁-၂၀၁၂        ၆၇၀-၆၉၀           ၆၇၀-၆၉၀   ၇၇၀-၇၉၀MIRT - MAPT

Friday, 3 Feb 2012

             ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ တောင်ငူ ခရမ်းပဲတီစိမ်းအသစ်တွေ ထွက်ပေါ်လာတာနဲ့အတူ တင်ပို့မှုမှာလည်း တိုးတက်လာနေပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၄၀၀၀ ခန့်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၂၄၄၀၀၀ ကျော်ပြီဖြစ်ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၃၀ သန်းနီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၁၉၂၀၀၀ ခန့်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၁၉ သန်းကျော်ရှိလို့ ယခုနှစ်မှာ ပမာဏသိသိသာသာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ် အခြေ အနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT

Friday, 3 Feb 2012

             ဇန်နဝါရီလ စတုတ္ထပတ်မှာ ပဲလွန်းဖြူတစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဟင်္သာတ ဈေးကွက်မှာ ယခင်တစ်ပတ်ထက် ပဲတစ်တင်း ၁၀၀၀ ကျပ်လျော့နည်းသွား တာတွေ့ရပါတယ်။ပဲလွန်းဖြူရောင်းဝယ် မှုဟာ ယခင်တစ်ပတ်ထက် အရောင်းအဝယ်အေးပြီး၊ ဈေးအေးနေကြောင်း သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အေးသွားတာကြောင့် ရန်ကုန်ဘုရင့် နောင်ဈေးကွက်ကို နေ့စဉ်တစ်တင်းခွဲ ဝင် အိတ် ၃၀၀ ခန့်သာ တင်ပို့ နိုင်တယ် လို့ သိရပါတယ်။ အေးအေးခိုင်

Pages