Background
ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ်နဲ့ မြဝတီနယ်စပ်စခန်းများကနေ ပဲတီစိမ်းလုံးပြည့် ၂၇၉ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၉၈ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၇၇ တန်ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၇၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်နဲ့ နှိုင်းယှဉ်ရင် လေးပုံတစ်ပုံခန့်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံပွဲတော်ရာသီဖြစ်ပြီး လုပ်ငန်းများ ခေတ္တပိတ်ထားတာကြောင့် မူဆယ်နယ်စပ်မှ အပို့ကျတာဖြစ်ပါတယ်။ မြဝတီ နယ်စပ်ကတော့ ၄၆ တန်နီးပါးပွဲဦးထွက်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မန္တလေးမူဆယ် ပဲတီစိမ်းသယ်ပို့ခကတော့ ယခင် အပတ်နှုန်းထားထက် ၁၀ ကျပ် ဈေးကျခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံဈေးများပါ ကျဆင်းသွားတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၅၅၇၂၉၁ ၅၇၉၀၆၅ ၂၁၇၇၄ ၃ .၉ ၇၉၀ ၈၀၇ ၁၇ ၂MIRT (DOBT)
ခရမ်းသုံးခွဘက်ကပဲတီစိမ်းအသစ်တွေထွက်ပေါ်လာပြီဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲတီစိမ်း တွေ အရောင်းအဝယ်တက်လာတာ တွေ့ရပါတယ်။ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၈၅၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်တွေက အရည်အသွေးကောင်းတဲ့ ခရမ်းပဲတီစိမ်း ကို ပိုကြိုက်တာကြောင့် လာမယ့်ရက်တွေမှာလည်း အရောင်းအဝယ် သွက်ဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ယခင်တစ်ပတ်နဲ့ယှဉ်ရင် အခြားပဲဈေးများအနည်းငယ်လျော့သွားပေမဲ့ ပဲတီစိမ်းဈေးက အနည်းငယ်ပိုလာပါတယ်။ ပဲတီစိမ်း (အညာ) ပခုက္ကူ ရွှေဝါအကြီး၂၇-၁-၂၀၁၂ ၆၉၀-၇၁၀ ၆၇၀-၆၉၀ ၈၂၀-၈၄၀၂၀-၁-၂၀၁၂ ၆၇၀-၆၉၀ ၆၇၀-၆၉၀ ၇၇၀-၇၉၀MIRT - MAPT
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ တောင်ငူ ခရမ်းပဲတီစိမ်းအသစ်တွေ ထွက်ပေါ်လာတာနဲ့အတူ တင်ပို့မှုမှာလည်း တိုးတက်လာနေပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၄၀၀၀ ခန့်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၂၄၄၀၀၀ ကျော်ပြီဖြစ်ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၃၀ သန်းနီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၁၉၂၀၀၀ ခန့်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၁၉ သန်းကျော်ရှိလို့ ယခုနှစ်မှာ ပမာဏသိသိသာသာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ် အခြေ အနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT
ဇန်နဝါရီလ စတုတ္ထပတ်မှာ ပဲလွန်းဖြူတစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဟင်္သာတ ဈေးကွက်မှာ ယခင်တစ်ပတ်ထက် ပဲတစ်တင်း ၁၀၀၀ ကျပ်လျော့နည်းသွား တာတွေ့ရပါတယ်။ပဲလွန်းဖြူရောင်းဝယ် မှုဟာ ယခင်တစ်ပတ်ထက် အရောင်းအဝယ်အေးပြီး၊ ဈေးအေးနေကြောင်း သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အေးသွားတာကြောင့် ရန်ကုန်ဘုရင့် နောင်ဈေးကွက်ကို နေ့စဉ်တစ်တင်းခွဲ ဝင် အိတ် ၃၀၀ ခန့်သာ တင်ပို့ နိုင်တယ် လို့ သိရပါတယ်။ အေးအေးခိုင်
ပြည်ဈေးကွက်မှာ ပဲစင်းငုံအသစ်များ ဝင်ရောက်မှု သိသိသာသာများလာခဲ့ပြီ ဖြစ်ပါတယ်။ တစ်ရက်ကို အိတ် ၁၅၀၀ ကျော်မှ ၂၀၀၀ အထိဝင်ရောက်ခဲ့ပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ်များမှ ဝင်ရောက်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ မင်းတုန်း၊ ကံမ ဖက်မှလည်း အဝင်ရှိခဲ့ပါတယ်။ ပဲစင်းငုံဈေးနှုန်းအနေနဲ့ အသစ်ဈေးမှာ တစ်တင်း ၁၅၇၀၀ ကျပ်၊အဟောင်းမှာတစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်များ အဝယ်ရှိတဲ့အတွက် ဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ဒီတစ်ပတ် တောင်ကြီးဈေးကွက်ကို ရှမ်းပဲစင်းငုံသစ်တွေစပြီးဝင်လာပါပြီ။ အများဆုံးစိုက်တဲ့ တောင်ကြီးခရိုင်၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဟမ်းဆီးစတဲ့မြို့နယ်တွေက ဝင်လာတာဖြစ်ပါတယ်။ ဒီနှစ်ပဲစင်းငုံအထွက်က မနှစ်ကလိုပဲ အထွက် နှုန်းလျော့ ပါတယ်။ မိုးများတာရယ်၊ ဒီဇင်ဘာမှာ အအေးလွန်တာရယ်ကြောင့် အထွက်နှုန်း ထိခိုက်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ အဟောင်း လက်ကျန်တွေကလည်း အနည်းငယ်ကျန်နေပါသေးတယ်။ ဝယ်လိုအားကလည်းနည်းတာကြောင့် အရောင်း သိပ်မသွက်ဘူးလို့ဆိုကြပါတယ်။ ပဲစင်းငုံအဟောင်းဈေးကတော့ တစ်ပိဿာကို (နီသေး) ၆၈၀ ကျပ်၊ (နီကြီး) ၄၅၀ ကျပ်၊ (ဖြူကြီး) ၄၀၀ ကျပ်ဈေးရှိပါတယ်။ ငုံသစ်ရဲ့ လက်ရှိပေါက်ဈေးက တစ်ပိဿာကို (နီသေး) ၆၅၀ ကျပ်၊ (နီကြီး) ၅၅၀ ကျပ်၊ (ဖြူကြီး) ၄၅၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ဧဧခိုင်
ပြည်ပဲပွဲရုံများကို မတ်ပဲအသစ်များ မကွေးတိုင်းဒေသကြီး ကံမဘက်မှ တစ်နေ့အိတ် ၁၀၀ ခန့်ဝင်ရောက် ခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် ပဲသစ်ဝင်ရောက်မှု ပိုများလာပြီလို့ သိရပါတယ်။ ပြည်ပဲဈေးကွက်မှာ မတ်ပဲ အဟောင်းအသစ်တစ်တင်း ကို ၁၃၇၀၀ ကျပ်ဈေးရှိပါတယ်။ ပြည်ပဲကုန်သည်တွေရဲ့ လက်ဝယ်ကျန်နေတဲ့ ပဲဟောင်းနဲ့ ပဲသစ်နှစ်မျိုးစလုံး ရန်ကုန် ဝယ်လက်အရောင်းအဝယ်ရှိပြီး၊ တစ်နေ့ကို အိတ် ၇၀၀- ၈၀၀ ခန့်အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန် ဘုရင့်နောင်ကို တစ်နေ့အိတ် ၂၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
အိန္ဒိယပဲစင်းငုံထွက်ရှိတဲ့ မဟာရပ်ရှ်တရာနဲ့ ကာနာတာကာတို့မှ ပဲစင်းငုံတွေကို အမြင့်ဈေးနဲ့ကမ်းလှမ်းကြတဲ့ အတွက် ပဲစင်းငုံဈေးက အရင်ရက်များအတိုင်း ငြိမ်နေတယ်။ လက်ရှိပဲစင်းငုံ အထွက်လျော့ခြင်းနဲ့ ဆောင်းရာသီစိုက် ပဲစင်းငုံကလည်း နောက်ထပ် ၃ လခန့်မှ ဝင်ရောက်လာဖွယ်ရှိလို့ ဈေးမကျဆင်းနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် မွန်ဘိုင်းမှာ ရန်ကုန်ပဲစင်းငုံလက်ကျန်နည်းနေပြီလို့ သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ zဒေါ်လာ/တန် ၂၅-၁-၂၀၁၂ ၂၄-၁-၂၀၁၂ ၂၃-၁-၂၀၁၂ ၂၁-၁-၂၀၁၂မွန်ဘိုင်း ၆၅၉-၆၆၇ ၆၆၉-၆၇၄ ၆၆၀ ၆၅၇ဒေလီ ၆၉၄-၆၉၉ ၆၉၄-၆၉၉ ၆၈၅-၆၉၀ ၆၅၂-၆၈၇ချန်နိုင်း ၆၅၉ ၆၅၉ ၆၅၅ ၆၅၇MIRT(MAPT)
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ရူပီးတန်ဖိုးပြန်ခိုင်မာလာတာကြောင့် တင်သွင်းသူတွေက ထုတ်ရောင်းလာကြပြီး လှောင်လက်များကလည်း ဝယ်ယူမှုနည်းလို့ ယခင်ရက်ပိုင်းဈေးအနည်းငယ်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ဈေးကွက်တွေမှာ လက်ကျန်သိုလှောင်မှု နည်းလာပြီဖြစ်လို့ လာမယ့်ရက်တွေမှာ မတ်ပဲ ဈေး တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒေလီဈေးကွက်မှာ တော့ မတ်ပဲသိုလှောင်မှု အိတ် ၂ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ မတ်ပဲဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် ၂၅-၁-၂၀၁၂ ၂၄-၁-၂၀၁၂ ၂၃-၁-၂၀၁၂ ၂၁-၁-၂၀၁၂မွန်ဘိုင်း ၆၂၉ ၆၂၉-၆၃၄ ၆၃၀ ၆၃၂ဒေလီ ၄၆၉-၅၃၉ ၄၆၉-၅၄၉ ၄၇၆-၅၅၆ ၄၇၈-၅၇၇ချန်နိုင်း ၆၅၉ ၆၆၄ ၆၆၀ ၆၇၂MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲမျိုးစုံ အနက် ပဲစင်းငုံ အဟောင်းအသစ်က အရောင်းအဝယ်အသွက်ဆုံးဖြစ်နေပါတယ်။ ပို့ကုန်ဝင်ငွေတစ်ဒေါ်လာ တန်ဖိုးမာလာတဲ့အပြင် အိန္ဒိယဝယ်လက်ကလည်း အဝယ် သွက်တဲ့ကာလမို့ ပဲအသစ်ပေါ်ချိန် အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒါပေမဲ့ ဝယ်လက်တွေက ဈေးနိမ့်တဲ့ ပဲစင်းငုံအဟောင်းကို ဝယ်ယူမှုပိုများတယ်လို့ ကုန်သည်ကြီး တစ်ဦးကဆိုပါတယ်။ယခုတစ်ပတ် ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ပဲစင်း ငုံဖြူနီ၊ အနီ၊ ခွဲခြမ်းစုစုပေါင်း တန်ချိန် ၁၅၀၀၀ ခန့်အရောင်းအဝယ် စာချုပ် နိုင်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ယခင်တစ်ပတ်ထက် အနည်းငယ်လျော့နည်း တာ တွေ့ရပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ၊ အဖြူ အနီ(အဟောင်း)၂၇-၁-၂၀၁၂ ၆၄၀-၆၆၀ ၅၁၀-၅၃၀ ၅၉၀-၆၁၀၂၀-၁-၂၀၁၂ ၆၅၀-၆၇၀ ၅၂၀-၅၄၀ ၆၀၀-၆၂၀MIRT(MAPT)
