Background
ပြည်တွင်းဈေးကွက်အတွင်း ကုလားပဲလက်ကျန် ပြတ်လုနီးပြီဖြစ်လို့ ပြည်ပ တင်ပို့ဖို့အရောင်းအဝယ် မရှိသလောက် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ် ပင်လယ် ရေကြောင်းက ၉၆ တန်တင်ပို့မှုရှိနေသေးတာ တွေ့ရပါတယ်။ ပဲအသစ်မဝင်မီ ပဲလက်ကျန်နည်းနေပြီဖြစ်လို့ လာမယ့်သီတင်းပတ်များမှာလည်း အရောင်းအဝယ် ဖြစ်မှု နည်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ပဲလွန်းဖြူ၊ ပဲယင်း၊ ပဲပုပ်စေ့၊ ပဲကြီးနဲ့ မြဝတီနယ်စပ်မှ မတ်ပဲများ တင်ပို့နိုင်တာ တွေ့ရပါတယ်။
ယခုတစ်ပတ် ပြည်ဈေးကွက်ကို ပဲတီစိမ်းအဝင်မှာ ဒေသတွင်းမြို့နယ်များအပြင် ကံမ၊ အောင်လံ၊ ဥသျှစ်ပင်၊ မြို့နယ်များမှ တစ်ရက်အိတ် ၇၀၀ ကျော်၈၀၀ အထိအဝင်များလာခဲ့တာကိုတွေ့ရပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်ကထက် ဈေးအနည်းငယ်ပြန်မြင့်ခဲ့ပါတယ်။
အိန္ဒိယ ဈေးကွက်များမှာ ပဲတီစိမ်းအရည်အသွေးပေါ်မူတည်ပြီး ဈေးကွာခြားမှုရှိပေမဲ့ ယခုရက်ပိုင်း ဝယ်ယူမှုနည်းလို့ ယခင်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်၊ ချီကာကို၊ ယူဘက်စတန်နဲ့ ပါကစ္စတန်တို့မှ တင်သွင်း စရိတ် ပိုမိုနေတယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်ထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၉၃၈ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၁၇၆ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၁၅၁ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၅၄ ဒသမ ၂ တန် တင်ပို့မှုရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အသစ်ဝင်လာတဲ့ ပခုက္ကူ၊ မုံရွာ ပဲတီစိမ်းစတွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က တန် ၂၈၀၀ ကျော် အရောင်းအဝယ်ဖြစ်ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၃၀ မှ ဇန်နဝါရီလ ၆ ရက်)အတွင်းမှာ တန်ချိန် ၄၄၀၀ ခန့်ထိ တိုးတက်ရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။
ပဲတီစိမ်း ပင်လယ်ရေကြောင်းက တင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း ပုံမှန်သာတင်ပို့နေတာ တွေ့ရပါတယ်။ ဒီဇင်ဘာ လ ၂၆ ရက်မှ ၃၀ ရက်အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၂၆၀၀ ခန့် တင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာလ တစ်လလုံးမှာ ပဲတီစိမ်းတင်ပို့မှုာ တန်ချိန် တစ်သောင်းကျော်သာရှိပြီး နိုဝင်ဘာလမှာ တန်ချိန် ၁၈၅၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့ပါတယ်။
ဟင်္သာတဈေးကွက်ရဲ့ ပဲလွန်းဖြူ ဈေးမှာ ယခင်အပတ်က ပိဿာ ၂၀ ဝင်တစ်တင်းကို ၁၇၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ် ပတ်မှာ ၁၈၂၀၀ ကျပ်ဈေးသို့မြင့်တက် လာပြီး၊ အရောင်းအဝယ်လည်း ဖြစ် လျက် ရှိပါတယ်။
ပြည်ပဲလွန်းဖြူဈေးကွက်ကို ပန်း တောင်းဘက်မှ ပဲလွန်းဖြူအသစ်များ တစ်နေ့ ၂၅ အိတ်ခန့် အဝင်ရှိခဲ့ပါတယ်။ ပဲဈေးတစ်တင်း ၁၇၅၀၀ ကျပ်ဈေးရှိ တယ်လို့သိရပါတယ်။ နယ်စုံမှ ပဲအသစ် များဝင်ရောက်မှု နည်းသေးတာကြောင့် ပဲရောင်းဝယ်မှုကတော့ မြို့တွင်း လက် လီသမားများ ရောင်းဝယ်မှုသာ ရှိတယ် လို့ သိရပါတယ်။ မိမိအေး
ယခုတစ်ပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ပဲလွန်းဖြူ တန် ၂၂၇ အထိ အရောင်းအဝယ် ပိုဖြစ်လာခဲ့ သလို ပြည်ပတင်ပို့မှုမှာလည်း ယခင် တစ်ပတ်က တန် ၁၂၂ တန်တင်ပို့မှု ထက် အနည်းငယ်ပိုပြီး ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အတွင်း တန် ၁၅၀ ခန့် အထိတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခု တစ်ပတ်တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယ နဲ့ စင်ကာပူကို ဖြစ်ပါတယ်။
