Main menu

Background

Monday, 26 Dec 2011

    ယခင်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပဲတီစိမ်းကို နေ့စဉ်အရောင်း အဝယ် ဖြစ်ခဲ့ပေမယ့် ယခုသီတင်းပတ် ဒီဇင်ဘာလ ၁၆-၂၂ ရက်အတွင်းမှာတော့ အချို့ရက်များသာ အရောင်းအဝယ်ဖြစ်ခဲ့လို့ တန်ချိန် ၁၃၀၀ ခန့်သာ စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ အပတ်စဉ် တန် ၂၀၀၀ ဝန်းကျင်ဖြင့် တင်ပို့နေရာ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အတွင်းမှာလည်း တန် ၂၃၀၀ နဲ့ ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ အချို့ဒေသတွေက ပဲတီစိမ်းအသစ်အနည်းငယ် ဝင်ရောက်မှုရှိပေမဲ့ ပြည်ပတင်ပို့မှုကတော့ ယခင်နှစ်ပဲဟောင်းပါဝင်မှု ပမာဏများနေသေးကြောင်း သိရပါတယ်။

Monday, 26 Dec 2011

နိုင်ငံခြားငွေလိုင်စင်ရရှိသောဘဏ် များအနက် သမဝါယမဘဏ်၊ ကမ္ဘောဇ ဘဏ်၊ ဧရာဝတီဘဏ်နှင့်   အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်တို့မှ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် သွား ရောက်    အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများက  မြန်မာနိုင်ငံရှိ မိသားစုများထံသို့   ငွေလွှဲပို့မှုအစီ အစဉ်ကို ဆောင်ရွက်ရန် တင်ပြခြင်း အားဗဟိုဘဏ်မှခွင့်ပြုပေးခဲ့သည့်အတွက် စင်ကာပူ၊ ထိုင်း၊  မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာ ငွေလွှဲပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

Monday, 26 Dec 2011

    ပဲလွန်းဖြူသစ်များ ဈေးကွက်ဝင် ရောက်မှု နည်းနေသေးတာကြောင့် ပြည်ပ တင်ပို့မှုနဲ့ အရောင်းအဝယ် တွေကို ပဲအဟောင်းအနည်းငယ်စီသာ ရောင်းဝယ်တင်ပို့မှုရှိနေသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ် (ဒီဇင်ဘာ ၁၂-၁၆ရက်) မှာ ပဲလွန်းဖြူ တန်ချိန် ၁၇၀ ပြည်ပတင်ပို့နိုင်လို့ ယခင်သီတင်း ပတ် တင်ပို့တဲ့ တန်ချိန် ၁၃၀ ထက် အနည်းငယ် ပိုလာတာ တွေ့ရပါတယ်။

Monday, 26 Dec 2011

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က တန်ချိန် ၁၁၀၀၀ ကျော်အထိ အရောင်းအဝယ်သွက်ခဲ့ရာမှ ယခု တစ်ပတ် (ဒီဇင်ဘာလ ၁၆-၂၂ ရက်) အတွင်းမှာတော့ အရောင်းအဝယ်ပြန်လည် လျော့ကျခဲ့ရာတန်ချိန် ၄၃၀၀ ကျော်သာအရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရ ပါတယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်တစ်ပတ်က တန် ၇၀၀၀ ကျော်ထိတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်) အတွင်း မှာလည်း တန်ချိန် ၈၄၀၀ ခန့်အထိ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ 

Monday, 26 Dec 2011

         ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတွန်းအားပေးရန်နှင့် နိုင်ငံတော်၏စီးပွားရေးအရှိန်မြှင့် တင်နိုင်ရန်အတွက် ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ဗဟိုဘဏ် အတိုးနှုန်းကို ၁၂ရာခိုင်နှုန်းမှ ၁၀ရာခိုင် နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း၊ ထိုသို့ လျှော့ချလိုက်သည့်အတွက် ဘဏ်များမှ အပ်ငွေများအပေါ် ပေးရ သည့် အတိုးနှုန်းကိုလည်း

Monday, 26 Dec 2011

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်သီ တင်းပတ်က နေ့စဉ်ရောင်းဝယ်မှုဖြစ်ခဲ့ပြီး တန်ချိန် ၆၀၀ ကျော်အရောင်းအဝယ် စာချုပ် နိုင်ခဲ့ရာမှ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်းမှာတော့ မတ်ပဲ SQ၊ FAQ တန်ချိန် ၃၈၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်က တန် ၄၀၀၀ ခန့်သာရှိခဲ့ရာမှ ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ တစ်ပတ်အတွင်း တင်ပို့မှုက တော့ တန်ချိန် ၈၂၀၀ ကျော်ထိ ပိုတင်လာခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ မတ်ပဲပြည်ပတင်ပို့မှု စုစုပေါင်း တန်ချိန် ၄၈၀၀၀၀ ခန့်ရှိနေပြီး ဖြစ်ပြီးဝင်ငွေအားဖြင့် ကန်ဒေါ်လာ သန်း ၄၀၀ နီးပါးရရှိကြောင်း သိရပါ တယ်။

Monday, 19 Dec 2011

                                                                  အိန္ဒိယမွန်ဘိုင်းဈေးကွက်                                                   ၁၅-၁၂-၂၀၁၁           (ဒေါ်လာ/တန်)   ၂၄-၁၁-၂၀၁၀ ၃၀-၁၁-၂၀၁၀  ပြောင်းလဲမှု   မတ်ပဲ     ၆၂၀     ၆၂၈ ပဲတီစိမ်းရိုးရိုး    ၇၇၂     ၇၆၃     - ပဲတီရွှေဝါ      -    ၈၂၈  ပဲစင်းငုံ    ၆၁၉     ၆၂၈  ကုလားပဲဖြူလုံးကြီး      ၆၂၃     ၆၀၁

Pages