Background
အိန္ဒိယပြည်တွင်းဈေးကွက်တချို့ကို မတ်ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ဝယ်လိုအားပါးနေတဲ့အတွက် ယခုတစ်ပတ်မှာလည်း ဈေးဆက်လက်ကျဆင်းနေပါတယ်။ ဒါ့အပြင် ဒေလီဈေးကွက်မှာ မတ်ပဲအိတ် ၂ သိန်း ဝန်းကျင်သိုလှောင်ထားရှိပြီး လှောင်လက်များမှ ထုတ်ရောင်းနေတဲ့အတွက် ဈေးကျဆင်းနေခြင်းဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိအနေအထားအရ လာမယ့်ရက်များမှာလည်း မတ်ပဲ ဈေးဆက်လက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃၀-၁၁-၁၁ ၂၉-၁၁-၁၁ ၂၈-၁၁-၁၁ ၂၆-၁၁-၁၁မွန်ဘိုင်း ၆၀၁ ၆၀၁ ၆၀၅-၆၁၅ ၆၃၂ဒေလီ ၄၀၄-၅၁၉ ၄၀၄-၅၂၀ ၄၂၃-၅၁၉ ၄၂၁-၅၁၇ချန်နိုင်း ၆၅၄-၆၅၈ ၆၅၉-၆၆၄ ၆၅၈ ၆၇၀MIRT(MAPT)

ပဲခူးတိုင်းဒေသကြီး(အနောက်)အတွင်း မတ်ပဲလျာထားဧကမှာ ၅ သိန်းကျော် ရှိပြီး၊ ပဲ စတင်စိုက်ပျိုးနေပြီဖြစ် ပါတယ်။ ယခုနှစ်မျိုးပဲတစ်တင်းကို ၁၇၀၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ပဲများကို ပြည်ပွဲရုံတွေမှာ တစ်တင်း ၁၃၈၀၀ ကျပ်ဈေး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ကုန်သည်များက လက်ဝယ်ရှိ ပဲလက်ကျန်များကိုသာ ထုတ်ရောင်းကြပြီး၊ တစ်နေ့ အိတ် ၂၅၀-၃၀၀ ခန့်သာ အဝယ်ရှိပါတယ်။ ရန်ကုန် ဝယ်လက်လည်းအနည်းငယ်သာ ရှိတယ်လို့သိရပါတယ်။ ပြည်မှ ရန်ကုန်ဘုရင့်နောင်ကို ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၉၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
ပြည်ပကို ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခုတစ်ပတ် (နိုဝင် ဘာလ ၂၁-၂၅ ရက်) အတွင်းမှာလည်း တန်ချိန် ၇၀၀၀ ကျော်နဲ့ ဆက်လက်အား ကောင်းနေပါတယ်။ ဒါပေမဲ့ ယခင်သီတင်းပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၉၅၀၀ ထက် တော့ လျော့နည်းပါတယ်။ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလ ၂၅ ရက် အထိ ပဲစင်းငုံ စုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၆၂၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိပြီးဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၆၈၅၀၀ ကျော်သာ ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၅ သန်း ကျော်ရရှိတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့မှု ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။MIRT(MAPT)

ယခုတစ်ပတ် နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်းမှာ မတ်ပဲတန်ချိန် ၅၀၀၀ ခန့် ပြည်ပတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်အတွင်း တန်ချိန် ၆၅၀၀ ကျော်အထိ တင်ပို့ခဲ့လို့ ဒီတစ်ပတ်မှာ လျော့တင်လာပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ် အတွင်း နိုဝင်ဘာလ ၂၅ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန် ချိန် ၄၆၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၈၇ သန်းကျော်ရရှိ ထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း မတ်ပဲ တန်ချိန် ၃၂၃၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၃၂ သန်းကျော် ရရှိကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်တဲ့ အခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိပါတယ်။ MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်အေးနေပါတယ်။ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အတွင်း မတ်ပဲ SQ၊ FAQ တန်ချိန် စုစုပေါင်း ၃၇၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အိန္ဒိယပဲဈေးကွက်မှာ ကုမ္ပဏီတစ်ခုမှ ဒေဝါလီခံလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝယ်ယူမှုနည်းတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုလည်းနည်းတာ ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်နည်းသလို ဈေးပြောင်းလဲမှုလည်း ကွာခြားမှုကြီးမား ခဲ့ပါတယ်။ မတ်ပဲဈေးကွက်ပြန်ကောင်းလာဖို့ အချိန်ယူရအုံးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ FOB ဈေးကွက်မှာ သိသိသာသာ ဈေးပြောင်းလဲလာတဲ့ မတ်ပဲ ဈေးကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂-၁၂-၁၁ ၅၇၀-၅၉၀ ၆၂၀-၆၄၀၂၅-၁၁-၁၁ ၆၀၀-၆၂၀ ၆၅၀-၆၇၀MIRT(MAPT)
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၂၄-၁၁-၂၀၁၁ (ဒေါ်လာ/တန်) ၁၇-၁၁-၂၀၁၀ ၂၄-၁၁-၂၀၁၀ ပြောင်းလဲမှု မတ်ပဲ ၆၈၂ ၆၄၂ ပဲတီစိမ်းရိုးရိုး ၇၉၁ ၇၈၄ - ပဲစင်းငုံ ၆၄၇ ၆၂၃ ကုလားပဲဖြူလုံးကြီး ၆၆၂ ၆၄၅
ရန်ကုန် FOB ဈေးနှုန်း ၂၅-၁၁-၂၀၁၁ (ဒေါ်လာ/တန်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ) 660 660 မတ်ပဲ (အက်စ်ကြူ) 700 650 ပဲတီစိမ်း (ပခုက္ကူ) 740 720 ပဲတီစိမ်း (ရွှေဝါ) 800 800 ပဲတီစိမ်း (အညာ) 720 700 ပဲစင်းငုံ (အနီ) (သစ်) 560 540 ပဲစင်းငုံ (ဖြူနီ) (သစ်) 460 440 ပဲစင်းငုံ (ဖြူ) (သစ်) 460 440 ကုလားပဲဖြူလုံးကြီး 950 960 ပဲလွန်းဖြူ (အက်ဖ်အေကြူ) 790 790 ပဲလွန်းဖြူ (အက်စ်ကြူ) 900 900 မြေထောက်ပဲ 740 740 ထောပတ်ပဲ 730 730 သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် FOB အနိမ့်ဆုံး ဈေးနှုန်း ဖြစ်သည်။
လက်ရှိဈေးကွက်နှစ်အတွင်း တောင်အာရှနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ပိုလျှံသကြား သိုလှောင်မှုအမြောက်အမြားရှိခြင်းနဲ့ သယ်ယူမှုအဆင်ပြေနိုင်ခြင်းတို့ကြောင့် တရုတ်နိုင်ငံဟာ ဈေးသက်သာတဲ့ အိန္ဒိယသကြား တင်သွင်းဖွယ်ရှိတယ်လို့ နိုင်ငံတကာ သကြားအဖွဲ့အစည်း (ISO) အမှုဆောင်ဒါရိုက်တာ Peter Baron မှ နိုဝင်ဘာလ ၂၁ ရက်မှာ ပြောကြားပါတယ်။ တရုတ်နိုင်ငံဟာ ဈေးသက်သာတဲ့ သကြားကိုရှာဖွေနေပြီး အိန္ဒိယက ဝယ်ယူနိုင်တယ်လို့ အိန္ဒိယသကြား နည်းပညာ ရှင်အသင်းမှကျင်းပတဲ့ ညီလာခံမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးများအဖွဲ့ဟာ အောက်တိုဘာ ၁ ရက်မှာ စတင်တဲ့ ဈေးကွက် နှစ်အတွင်း သကြား တင်ပို့ နိုင်ဖို့ ပမာဏကို နောက်တနင်္လာနေ့မှာ ဆုံးဖြတ်သွားဖွယ် ရှိတယ်လို့သိရပါတယ်။ISO ရဲ့ ခန့်မှန်းချက်အရ အိန္ဒိယ နိုင်ငံရဲ့ ယခုနှစ် သကြားပိုလျှံမှုဟာ တန်ချိန် ၄ သန်းထက် အနည်းငယ် ပိုမိုဖွယ်ရှိပေမဲ့ အစိုးရ ဝန်ကြီးများကတော့ တစ်ခါခွင့်ပြုရင် တန်ချိန် ၅ သိန်းစီထက်ပိုပြီး ခွင့်ပြုဖွယ် မရှိဘူးလို့ဆိုပါတယ်။ ကမ္ဘာမှာ ဒုတိယအများဆုံး သကြားထုတ်လုပ်တဲ့ အိန္ဒိယဟာ ၂၀၁၀-၂၀၁၁ အတွင်း အမြောက်အမြား ထွက်ရှိခဲ့လို့ တန်ချိန် ၂ ဒသမ ၆ သန်းတင်ပို့ခွင့်ပြု ခဲ့ပါတယ်။ နိုင်ငံရဲ့ထုတ်လုပ်မှုဟာ ယခင်နှစ်ကတန်ချိန် ၂၄ ဒသမ ၃ သန်းရှိရာမှ ယခုနှစ်မှာ တန်ချိန် ၂၅ ဒသမ ၈ သန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ Mr.Baron မှ ပြောကြားချက်အရ တရုတ်နိုင်ငံရဲ့ သကြားတင်သွင်းမှုဟာ နှစ်စဉ်သတ်မှတ်ထားတဲ့ ကိုတာ ပမာဏတန်ချိန် ၁ ဒသမ ၉ သန်းထက် ကျော်လွန်ပြီး ယခင်နှစ်ကတန်ချိန် ၂ ဒသမ ၁ သန်းရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ မှာ တန်ချိန် ၂ ဒသမ ၇ သန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ယခုကာလ အတွင်း တရုတ်နိုင်ငံရဲ့ ထုတ်လုပ် မှုဟာ တန်ချိန် ၁၂ ဒသမ ၆ သန်းနီးပါးရှိ နိုင်တယ်လို့လည်းဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ သကြားလက်ကျန်နည်းပါးလာပြီဖြစ်လို့ ထုတ်လုပ်မှုပြန်လည် ကောင်းမွန်လာပေမဲ့ လိုအပ်ချက် ဖြည့်ဆည်းဖို့ လုံလောက်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ နိုင်ငံရဲ့လူတစ်ဦးသကြားစားသုံးမှုဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ် ကျော်ထက် ၂ ဆနီးပါးပိုပြီး ၁၂ ကီလိုရှိလာတယ်လို့လည်းဆိုပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နိုင်ငံသကြားပြတ်လပ်မှုအလားတူ အင်ဒိုနီးရှား လိုနိုင်ငံများမှ လိုအပ်ချက် ဖြည့်ဆည်းဖို့ အခွင့်အရေးရယူဖို့ ကြိုးစားနေပေမဲ့ စည်းကမ်း အဆင့်များနေခြင်းကြောင့် ဆုံးရှုံးမှုမဖြစ်သင့်ဘူးလို့လည်း Mr.Baron ကဆိုပါတယ်။ အိန္ဒိယအစိုးရက ပြည်တွင်းဈေးကွက်တွေကိုရောင်းချတဲ့ ပမာဏ အလားတူ ဈေးနှုန်း မြင့်တက်မှုကို ကာကွယ်ဖို့ ထောက်ပံ့ဈေးနဲ့ရောင်းချမှု ပမာဏ ကိုအခြေခံပြီး လစဉ်ဆုံးဖြတ်လျက်ရှိတဲ့အတွက် သကြား တင်ပို့ရာမှာ စည်းမျဉ်း စည်းကမ်း တင်းကျပ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့သကြားဈေးဟာ လက်ရှိအိန္ဒိယပြည်တွင်းဈေးထက် ပိုမိုနေပါတယ်။ ကမ္ဘာ့သကြားကြမ်းဈေးဟာ တစ်ပေါင်ကို ကန်ဒေါ်လာ ၂၄ ဆင့်နဲ့ ၂၅ ဆင့် (ကန်ဒေါ်လာ ၅၂၉-၅၅၁) ကြားမှာ တည်ငြိမ်ဖွယ်ရှိတယ်လို့ Mr.Baron က ဆိုပါတယ်။ ယမင်းခင်၊ Source: Reuters