Background
ဒီရက်ပိုင်းအတွင်းမှာ မုန်တိုင်းကြောင့် အထက်အညာဒေသတွေမှာ အချိန်လွန်မိုး ရွာသွန်းမှုများခဲ့ပြီး ချောင်းရေတွေလျှံ၊ ရေကြီးနစ်မြုပ်မှုတွေ ဖြစ် ခဲ့တာကို အကြောင်းပြုလို့ ကြက်သွန်နီ ဈေးနှုန်းတွေကို မြှင့်တင်ခဲ့ကြပါတယ်၊ သူတို့ပြောတာကတော့ တောနယ်တွေ မှာရှိနေတဲ့ ကြက်သွန်နီတွေ ရေကြီးပြီး လမ်းမကောင်းလို့ မြို့ပေါ်ကိုသယ်လို့ မရတာရယ်၊ ကြက်သွန်နီ လက်ကျန် နည်းနေပြီဆိုတာရယ်၊ ဒါတွေကိုပဲ အကြောင်းပြနေကြတာ တွေ့ရပါတယ်။ တကယ့်ကြက်သွန်နီလှောင်တဲ့ ဂိုဒေါင်ကြီးတွေ ရှိနေတာက မြင်းခြံ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေနံချောင်း စတဲ့ မြို့ကြီးတွေဖြစ်ပြီး အဲဒီက ကုန်သည် ကြီးတွေနဲ့ လှောင်လက်တွေလက်ထဲမှာ အများစု ကျန်နေတာ ဖြစ်ပါတယ်။ ကျေးလက်တောရွာက တောင်သူကြီး အချို့ လက်ထဲမှာ ကျန်နေတာလည်း အချို့အဝက်တော့ ရှိတာမှန်ပါတယ်။ ကျွန်တော်တို့နိုင်ငံလိုပဲ ကြက်သွန်နီ အမြောက်အမြားထုတ်လုပ်တဲ့ အိမ်နီး ချင်း အိန္ဒိယနိုင်ငံရဲ့ ကြက်သွန်နီအခြေ အနေကို စုံစမ်းကြည့်တဲ့အခါ တစ်တန် ၆၁၂ ပိဿာကို ဒေါ်လာ ၃၅၀/၄၀၀ ဖြစ်ကြောင်း သိရပါတယ်၊ မြန်မာနိုင်ငံ ကို တင်သွင်းမယ်ဆိုရင် သယ်ယူခနဲ့ အခြား အထွေထွေစရိတ်များ အပါအဝင် တစ်ပိဿာကို ၅၅၀/၆၀၀ကျပ် ဝန်းကျင်နဲ့ ဈေးကွက်အရောက် ဖြန့်ဖြူး နိုင်တဲ့ အခြေအနေရှိကြောင်း ကုန်သည် ကြီးအချို့ထံမှ စုံစမ်းသိရှိရပါတယ်၊ ကြက်သွန်နီတွေကို လှောင်ထားပြီး ဈေး ကစားချင်တဲ့ လူတွေက အပေါ်မှာပြော ခဲ့သလို အကြောင်းပြ ဈေးမြှင့်တင်ခဲ့ ကြလို့ ဒီနေ့ ပြည်တွင်းကြက်သွန်နီဈေး တွေမြင့်တက်ပြီး ၁၂၀၀/၁၃၀၀ ကျပ် ဈေးအထိ ဖြစ်နေတာကို ကုစားနိုင်ဖို့ အတွက် အိန္ဒိယက တင်သွင်းလိုက်နိုင် ရင်တော့ စားသုံးသူတွေအတွက် ဈေး သက်သက်သာသာနဲ့ စိတ်လက်ချမ်း သာစွာ ဝယ်ယူစားသုံးနိုင်ကြမယ်လို့ မြင်မိပါတယ်။ ဈေးကွက်ရဲ့ သဘော တရားအရ ပြည်တွင်းမှာစားသုံးမှု ဖူလုံ ပြီး ပိုလျှံတယ်ဆိုရင်၊ ဈေးလည်းကိုက် တယ်ဆိုရင် ပြည်ပကို တင်ပို့ရောင်း ချရမှာဖြစ်သလို ပြည်တွင်းမှာ ဈေးတွေ ကြီးမြင့်လာပြီး ပြည်တွင်း လိုအပ်ချက် လည်းရှိ၊ ဈေးလည်း သက်သာမယ်ဆို ရင် ပြည်ပက ပြန်ဝယ်စားရမှာ ဖြစ်ပါ တယ်။ ဒီလိုမျိုး ဈေးကွက်စီးပွားရေး စနစ်နဲ့ ကုန်စည်တွေ၊ ဈေးနှုန်းတွေရဲ့ သဘောသဘာဝကိုလည်း ဒီကနေ့ အစိုးရသစ်က နားလည်သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလိုသာ ပြည်ပက ကြက်သွန်နီတွေ ပြန်တင်သွင်းတာမျိုး ဆောင်ရွက်မယ်ဆိုရင် လှောင်လက်တွေ၊ ဈေးကစားချင်နေကြတဲ့ သူတွေ နဲ့ ခေတ်စနစ်နဲ့အညီ လိုက်ပါပြောင်းလဲ လိုစိတ်မရှိသူများ အရှုံးနဲ့ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတော် ခေတ်မီဖွံဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ ဒီအချိန်၊ ဒီကာလမှာ အကြောင်းအမျိုး မျိုးပြ၊ ကြုံရင်ကြုံသလို လုပ်စားချင်ကြ တာတွေကို ရပ်တန်းကရပ်ပြီး ပြောင်းလဲ လာတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်နဲ့စားသုံးသူများ သင့်တင့်လျောက်ပတ်တဲ့အကျိုး ခံစားခွင့်အသီးသီးရရှိစေပြီး နိုင်ငံတော် လည်းအကျိုးရှိစေဖို့အတွက် ပြောင်း လဲလာတဲ့ စီးပွားရေးစနစ်ရဲ့ ရေစီး ကြောင်းမှာ လိုက်ပါဆောင်ရွက်သွား သင့်ပြီဖြစ်ကြောင်းပါခင်ဗျား။ UML
ယခင်ရက်များက ဈေးကျဆင်းခဲ့တဲ့ ကုလားပဲကြိုပွိုင့်ဈေးဟာ လက်ငင်း ဝယ်လိုအား တက်လာခြင်း နဲ့အတူ ၆ ရာခိုင်နှုန်းနီးပါးပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ရာဂျက်စသန်အစိုးရက ဈေးနှုန်းကန့်သတ် လိုတဲ့အတွက် ကုလားပဲတန် ၂၅၀ အထက် သိုလှောင်သူများကို စစ်ဆေးသွားနိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်း ကျဆင်းဖို့နဲ့ ပဲစိုက်ရာသီမှာ ပဲရရှိနိုင်မှု တိုးတက်စေဖို့ ရာဂျက်စသန်အစိုးရက ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှာ အခြားပဲမျိုးစုံထဲက သီးခြားကုလားပဲအပေါ် သိုလှောင်မှု ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ လက်ကားရောင်းချ သူများအတွက် ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၅၀၀ သိုလှောင်ခွင့်ကို တန်ချိန် ၅၅၀ ထိ တိုးမြှင့် ကန့်သတ် ခဲ့ပါတယ်။ ကုလားပဲသီးခြားသိုလှောင်မှုအနေနဲ့ တန် ၂၅၀ သတ်မှတ်ပြီး၊ အခြားပဲများကို တန် ၃၀၀ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ ဗဟိုအစိုးရက ဆောင်းရာသီမှာ စိုက်ဧရိယာတွေ တိုးချဲ့ပြီး ထုတ်လုပ်မှုမြှင့်တင်ခြင်းဖြင့် ဆောင်းပဲတန်ချိန် ၂ ဒသမ ၇၈ သန်း ပိုမိုထွက်ရှိရေး ရည်မှန်းဆောင်ရွက်နေပါတယ်။ အဲဒီအစီအစဉ်အတွက် လည်း အပိုဆောင်းခွင့်ပြုငွေ ရူပီးသန်း ၈၀၀(ကန်ဒေါ်လာ ၁၆ ဒသမ ၁၅၅ သန်း) ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ပဲတင်သွင်းမှု ကျဆင်းခဲ့ရာ နိုင်ငံပိုင် အေဂျင်စီ များဟာ လက်ရှိ ဘဏ္ဍာနှစ်စမှ စက်တင်ဘာလ ၁၂ ရက်အထိ ပဲတန်ချိန် ၁၂၁၆၆၀ သာ တင်သွင်းဖို့ စာချုပ်ထားကြောင်းနဲ့ ယခင်နှစ်ကာလတူက တန်ချိန် ၅၉၆၇၀၀ စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ (ဇူလိုင်-ဇွန်)အတွင်း ပြည်တွင်းပဲ ထုတ်လုပ်မှုက ယခင်နှစ်ထက် ၂၃ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၁၈ ဒသမ ၀၉ သန်းထိ ထွက်ရှိခဲ့တာကြောင့် ပဲတင်သွင်းမှု ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဗဟိုအစိုးရဟာ နိုင်ငံပိုင်အေဂျင်စီများအတွက် ပဲတင်သွင်းရာမှာ ပြန်အမ်းငွေ အစီအစဉ်ကို ဖယ်ရှားခဲ့ပါတယ်။ ၂၀၁၁ ဇူလိုင်လမှာစတင်တဲ့လက်ရှိသီးနှံနှစ်အတွင်း ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၁၇ သန်းထွက်ရှိဖို့ ရည်မှန်းထားပြီး၊ လက်ရှိ ဆောင်းပဲ မျိုးစုံအတွက် ရည်မှန်းချက်ကိုတော့ ယခင်နှစ်ပမာဏဖြစ်တဲ့ တန်ချိန် ၁၀ ဒသမ ၉ သန်း ဝန်းကျင်လို့ သတ်မှတ်ထားပါတယ်။ ကုလားပဲဟာ အိန္ဒိယနိုင်ငံမှာ အဓိက ဆောင်းသီးနှံဖြစ်ပြီး၊ အောက်တိုဘာ- ဒီဇင်ဘာမှာ စိုက်ပျိုးကာ ဇန်နဝါရီမှာ စတင်ရိတ်သိမ်းပါတယ်။ ပထမအကြိမ် ခန့်မှန်း ချက် အရ ၂၀၁၁-၁၂ မိုးပဲ မျိုးစုံထွက်ရှိမှုဟာ ယခင်နှစ် ထက် ၉ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၆ ဒသမ ၄၃ သန်းရှိမယ်လို့ ဆိုပါတယ်။ ပဲစင်းငုံကတော့ သုည ဒသမ ၃၅ ရာခိုင်နှုန်း တိုးထွက်နိုင်ပြီး၊ ပဲတီစိမ်းနဲ့ မတ်ပဲက တော့ ၂၁ ရာခိုင်နှုန်း နဲ့ ၁၆ ရာခိုင်နှုန်း အသီးသီး လျော့ကျနိုင်တယ်လို့ သိရပါတယ်။ ကုလားပဲဈေးနှုန်းအနေနဲ့ ဈေးအနိမ့်နဲ့ ပြည်တွင်းလှောင်လက်တွေ ဝယ်ယူနေတာကြောင့် ဈေးမြင့်တက် မယ့် အလားအလာရှိပေမယ့် ရာဂျက်စသန် အစိုးရရဲ့ ပဲသိုလှောင်မှု ကန့်သတ်ခြင်းက ဈေးနှုန်း သိသိသာသာ မြင့်တက်မှုကို ထိန်းချုပ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ဆောင်းပဲအလားအလာအနေနဲ့ မြေဆီလွှာ အစိုဓာတ် ကောင်းမွန်မှုကြောင့် အထွက်ပိုမိုနိုင်ပြီး၊ ကာလရှည်မှာ ဈေးနှုန်းအကျ ဘက်ကို ဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ Source: Angel Commodities
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လှောင်လက်များ ထုတ်ရောင်းချနေခြင်းနဲ့ ဝယ်လိုအားနည်းခြင်း တို့ကြောင့် ကာဘူလီကုလားပဲဈေးကျဆင်းပေမဲ့ ရိုးရိုးကုလားပဲ ကတော့ ကြိုပွိုင့်ဈေးမြင့်တက်ခြင်းနဲ့အတူ လက်ငင်း ဈေးပါမြင့်တက်နေပါတယ်။ ဆောင်းပဲစိုက်ဧရိယာ တိုးတက်မယ့်အလားအလာရှိပြီး လက်ရှိရာသီဥတုအရ အထွက် ကောင်းမယ့် ခန့်မှန်းချက်တွေကြောင့် ဈေးကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၀-၁၀-၁၁ ၁၉-၁၀-၁၁ ၁၈-၁၀-၁၁ ၁၇-၁၀-၁၁ဒေလီ ၆၆၁-၆၆၆ ၆၄၁-၆၄၆ ၆၅၇-၆၆၂ ၆၄၀-၆၄၆ကန်ပါ ၇၁၉ ၇၀၆ ၇၁၃ ၇၁၁အာကိုလာ ၇၂၇ ၇၁၃ ၇၂၃ ၇၂၇ MIRT(DOBT)
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း လျော့ကျနေပါတယ်။ လက်ကျန်နည်းလာသလို အဝယ်အေးတဲ့အတွက် ယခု တစ်ပတ်မှာ တန်ချိန် ၅၁၀ ကျော်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း အောက်တိုဘာ ၁၄ ရက်အထိ တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၆၃၆၀၀ ခန့်ရှိပြီးယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅၀၀ ခန့်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB ဈေးကွက်မှာ ကုလားပဲအရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခုတစ်ပတ်မှာ ၂၄ တန်သာရှိခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပေမဲ့ ရန်ကုန် FOB ဈေးကတော့ အောက်တိုဘာလ ၁၄ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၁၀၂၀- ၁၀၄၀ ရှိရာမှ ယခုတစ်ပတ် အောက်တိုဘာလ ၂၁ ရက်မှာ ကန်ဒေါ်လာ ၁၀၃၀- ၁၀၅၀ ကို မြင့်တက်ခဲ့ပါတယ်။ MIRT(DBT)
အောက်တိုဘာ တတိယပတ်အတွင်း ပြည်ဈေးကွက်သို့ ပဲတီစိမ်းအသစ်များ အောင်လံနဲ့ဒေသတွင်း မြို့နယ်များက ဝင်ရောက်လာပြီဖြစ်တယ်လို့သိရပါတယ်။ တစ်ရက် အိတ် ၄၀၊ ၅၀ ခန့်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပါတယ်။ လက်ကျန်ပဲအဟောင်းများမှာ ယခင် အပတ်ကအထိ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် ရောင်း ဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပဲသစ်များဝင်ရောက်လာတဲ့အတွက် ပဲဟောင်းများ အရောင်းအဝယ်အေးသွားခဲ့တယ် လို့သိရပါတယ်။ ယခင်နှစ်က ပဲတီစိမ်းဈေးမှာ အဖွင့်ဈေး အနေဖြင့် တစ်တင်း ၂၅၀၀၀ ကျပ်ရှိခဲ့တယ်လို့သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယပြည်တွင်းဈေးကွက်တချို့ကို ပဲစိုက်ပျိုးတဲ့ မာတာ၊ ရှီခါဝတီနဲ့ ကစ်ရှန်ခါ ဒေသတွေက ပဲဝင်ရောက်မှု များနေပြီး ပဲခွဲစက်တွေက ဝယ်လိုအား လျော့ကျတာကြောင့် ပုံမှန်အရည်အသွေးရှိတဲ့ ပဲဈေးတည်ငြိမ်နေပြီး အရည်အသွေးကောင်း ပဲတီစိမ်းကတော့ ဈေးကျဆင်းခဲ့ပါတယ်။ အရည်အသွေးကောင်း ပဲသိုလှောင် ထားသူတွေကလည်း ပြန်လည် ထုတ်ရောင်း လာကြတဲ့အတွက် ဈေးကျဆင်းခြင်းဖြစ်ပါတယ်။ ရာဂျက်စသန် ဒေသက ပဲအသစ်တွေ ဆက်လက်ဝင်ရောက်လာဦးမှာဖြစ်လို့ ကာလတို အတွင်း ရူပီး ၁၀၀၀-၁၅၀၀ (ကန်ဒေါ်လာ ၂၀-၃၀) ခန့် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ် လာ/တန် ၂၀-၁၀-၁၁ ၁၉-၁၀-၁၁ ၁၈-၁၀-၁၁ ၁၇-၁၀-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၈၂၈ ၈၃၅ ၈၃၅ ၈၄၀ဒေလီ ၄၈၅-၆၇၆ ၄၈၉-၆၈၂ ၄၈၉-၆၈၃ ၄၉၂-၆၈၆အာကိုလာ ၆၄၆-၈၄၈ ၆၅၁-၈၅၅ ၆၅၂-၈၅၅ ၆၅၆-၈၄၀MIRT(MAPT)
အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၀၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၇၇၉ တန် ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၇၁ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ကုန်တင်ကားသယ်ယူစရိတ်များမှာ အာဆီယံစံသတ်မှတ်ချက်ကို ပြန်လည်ကျင့်သုံးသဖြင့် ယခင်အပတ်ကထက် ပဲတီစိမ်း ၁ ပိဿာကို ၁၀ ကျပ် မြင့်တက်သွားပြီး ၇၈ ကျပ်နှုန်းပေးဆောင်နေရတဲ့အတွက် ကုန်တက်များ လျော့ကျနေတယ်လို့ သိရ ပါတယ်။ယခင်အပတ်ကထက် မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၁၅ ရာခိုင်နှုန်းလျော့ကျသွားပြီး တစ်ဖက်နိုင်ငံဈေးကတော့ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၁၃၀၆၆ ၇၀၂၅၂၇ ၈၉၄၆၁ ၁၅ ၈၉၄ ၈၉၄ - - MIRT (DOBT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပအဝယ်နည်းပေမဲ့ ယခင်တစ်ပတ်ထက် အရောင်းအဝယ်ပိုဖြစ်ခဲ့ပါတယ်။ ယခင်တစ်ပတ်က ပဲတီစိမ်းတန်ချိန် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာ ပဲတီရွှေဝါ တန် ၁၅၀၀ ကျော်၊ ပဲတီစိမ်း တန် ၅၀၀ ကျော်၊ ပဲတီစိမ်းခွဲခြမ်း တန် ၁၇၀ ခန့် စုစုပေါင်းတန်ချိန် ၂၂၀၀ ခန့် အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားနည်းသလို အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်လို့ ယခုတစ်ပတ် FOB ဈေးကျဆင်းခဲ့တာ တွေ့ရပါတယ်။ ဒေါ်လာ/ တန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၂၁-၁၀-၁၁ ၇၂၀-၇၄၀ ၇၄၀-၇၆၀ ၉၄၀-၉၆၀၁၄-၁၀-၁၁ ၇၅၀-၇၇၀ ၈၀၀-၈၂၀ ၁၀၀၀-၁၀၂၀MIRT(MAPT)
လက်ရှိကာလဟာ အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုများတဲ့ ကာလဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဝယ်ယူမှုနည်းပြီး တင်ပို့မှုကျဆင်းတဲ့ ကာလဖြစ်နေပါတယ်။ ယခင်သီတင်းပတ်က ပဲတီစိမ်းတန်ချိန် ၂၁၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (အောက်တိုဘာလ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာတော့ တန်ချိန် ၁၁၆၀ ကျော်သာ အပို့ရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ အတွင်း အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပဲတီစိမ်းတန်ချိန် ၁၉၇၇၀၀ တင်ပို့ခဲ့ပြီးဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၁၃၅၀၀၀ နဲ့ ယှဉ်ရင် ၆၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လတ်တလောမှာ ပဲတီစိမ်းတင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
အိန္ဒိယနိုင်ငံ PEC အေဂျင်စီမှ ပဲမျိုးစုံတန်ချိန် ၁၈၀၀၀ တင်သွင်းဖို့ တင်ဒါခေါ်ထားပါတယ်။ တင်သွင်း မယ့် ပဲများကတော့ မြန်မာ့မတ်ပဲ SQ တန် ၂၀၀၀၊ မတ်ပဲ FAQ တန် ၄၀၀၀၊ ကနေဒါ ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ အမေရိကန် ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ သြစတြေးလျ ဒေစီကုလားပဲ တန် ၂၀၀၀ နဲ့၊ တန်ဇန်းနီးယား ဒေစီကုလားပဲ တန် ၂၀၀၀ တို့ဖြစ်ပါတယ်။ တင်သွင်းမယ့် ပဲများကို မွန် ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများသို့ နိုဝင် ဘာလအရောက် ပေးပို့ရမယ်လို့ သိရပါတယ်။ ဝယ်ယူရေး တင်ဒါကို အောက်တိုဘာလ ၂၁ ရက်မှာ ပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင် Source: nnscommodityonline