Main menu

Background

Monday, 10 Oct 2011

               ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ယခုသီတင်းပတ် (စက်တင်ဘာနောက်ဆုံးပတ်)မှာလည်း တန်နှစ်သောင်းကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ စက်တင်ဘာလတစ်လလုံးမှာ ပြည်ပ ကို မတ်ပဲတင်ပို့မှု တန်ချိန် ၈၇၀၀၀ ကျော်ထိရှိပြီး သြဂုတ်လ တစ်လလုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၆၀၀၀၀ ခန့်ထက် တန် နှစ်သောင်းကျော်ပိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ 

Monday, 10 Oct 2011

               ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က မတ်ပဲတန်ချိန် ၈၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုသီတင်း ပတ် (စက်တင်ဘာလ ၃၀ မှ အောက်တိုဘာလ ၆ ရက်နေ့) အတွင်းမှာ မတ်ပဲ SQ  ၊ FAQ နဲ့အခွံချွတ်စုစုပေါင်းတန်ချိန် တစ်သောင်းကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လ လုံးမှာ မတ်ပဲ SQ တန်ချိန် ၂၈၀၀၀ ကျော်၊ FAQ တန်ချိန် ၆၄၀၀၀ ကျော်နဲ့ မတ်ပဲ အခွံချွတ် တန်ချိန် ၂၇၀၀ ကျော် စုစုပေါင်းတန်ချိန် ၉၅၀၀၀ ခန့် FOB  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောဈေးကွက်မှာတော့ ပြည်ပဝယ်လက်အဝယ်နှေးနေလို့ အရောင်း အဝယ်ဖြစ်မှုနည်းနေတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်း အိန္ဒိယဈေးကွက် တွေကို လည်း ပြည်တွင်းမတ်ပဲအသစ်တွေ ဝင်ရောက်မှုများတဲ့ ကာလဖြစ်လို့ ပြည်ပက အဝယ်နှေးသလို ရန်ကုန်ရှိ ပြည်တွင်းကုန်သည်ကြီးများအနေနဲ့လည်း ကွန်တိန်နာ ငှားရမ်းခ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ပုံမှန်ထက် အတင်လျော့တယ်လို့ ကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးဈေး တည်ငြိမ် နေပေမဲ့ ပဲအရောင်းအဝယ်နည်းလို့ FOB ဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။         ဒေါ်လာ/တန်                        မတ်ပဲ(FAQ)            မတ်ပဲ(SQ)၇-၁၀-၁၁           ၇၅၅-၇၇၅               ၈၃၀-၈၅၀၃၀-၉-၁၁           ၇၆၀-၇၈၀               ၈၄၅-၈၆၅MIRT(MAPT)

Sunday, 2 Oct 2011

လာမည့်နှစ် အိန္ဒိယ သကြားထုတ်လုပ်မှု မြင့်မားမည်ခန့်မှန်း                     အိန္ဒိယမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်မဲ့ ၂၀၁၁-၂၀၁၂ သီးနှံဈေး ကွက် နှစ်အတွင်း သကြား ထုတ်လုပ်မှုတန်ချိန် ၂၄ ဒသမ ၆ သန်း ဝန်းကျင်အထိ ရောက်ရှိမယ် ခန့်မှန်းရာ ၂၀၁၀-၂၀၁၁ ထုတ်လုပ်မှု ပမာဏနဲ့ ယှဉ်ရင် ၁ ဒသမ ၂ ရာခိုင်နှုန်းမျှသာ ပိုမိုကြောင်း စားနပ်ရိက္ခာဝန်ကြီး KV Thomas က စက်တင်ဘာ ၂၁ ရက်က ပြောကြားခဲ့တယ်။ ကြံစိုက်ဧကတိုးချဲ့ထားလို့ အထွက် တိုးမယ် ခန့်မှန်းကြောင်း ၊ လာမယ့်နှစ်အတွက် အထွက်နှုန်းကို ပထမဆုံးအကြိမ် ခန့်မှန်းခြင်းဖြစ်ပြီး ရာသီဥတုအခြေအနေအရ အပြောင်းအလဲရှိနိုင်ကြောင်း Thomas  က ပြောကြားတယ်။ ပပ၊ Source:business-standard.com

Sunday, 2 Oct 2011

 တက်ရိပ်ပြတဲ့ ပြောင်းဈေးကွက် မှန်းရခက်တဲ့ ပြောင်းဈေးကွက်                     ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်ယခုနှစ်သြဂုတ်လ(အလယ်ပိုင်း)တွင် တောင်ကြီး၊ ရပ်စောက်နဲ့ ဆီဆိုင်မြို့နယ်များတွင် ရေခြံမှပြောင်းဖူးစေ့ အသစ်များအနည်း ငယ် စတင်ပေါ်ခဲ့ပါတယ်။ ယခုနောက်ပိုင်းတွင် ပိုမိုထွက်ရှိခဲ့ပြီး မိုးများသဖြင့် အစို ဓာတ်များတာကြောင့် အခြောက်ခံစက်ပိုင်ရှင်များနဲ့ ကုန်သည်များက တစ်ပိဿာ ၁၃၀ ကျပ်မှ ၁၆၀ ကျပ်အထိ ဈေးပေးဝယ်ခဲ့ပါတယ်။                         အစိုဓါတ် ၃၀ နဲ့အထက် ဝယ်ယူထားတဲ့ ပြောင်းဖူးစေ့များကို နေလှန်းခြင်း၊ အခြောက်ခံစက်ဖြင့် အခြောက်ခံပြီးပါက အစိုဓာတ် ၁၄ မှ ၁၆ အထိရှိသော ပြောင်းဖူးစေ့ကို တစ်ပိဿာ ၂၇၀ ကျပ်အထိ ဈေးပေးပြီး ဝယ်ယူကြပါတယ်။ ယခုအချိန်မှာ ပြောင်းဖူးစေ့လက်ကျန်(အဟောင်း)အနည်းငယ်သာ ကြက်စာ အတွက် ကျန်ရှိနေခြင်း၊ ရန်ကုန် တွင်ပုံမှန်လမ်းကြောင်းမှလိုအပ်မှုနဲ့ ရှမ်းပြည် နယ်(မြောက်ပိုင်း)မူဆယ်ဒေသမှ နယ်စပ်ကုန်သွယ်မှုအရ လိုအပ်ချက် များရှိခြင်းကြောင့် ပြောင်းဖူးစေ့ ဈေးအနည်းငယ် ဆက်တက်နိုင်တယ်လို့ ကုန်သည်တို့က မျှော်မှန်းကြပါတယ်။                         တောင်ကြီးမှ ရန်ကုန်သို့ သယ်ခမှာ တစ်ပိဿာ ၆၅ ကျပ်ရှိပြီး၊ တောင်ကြီးမှ မန္တလေးသို့ သယ်ခမှာ ၃၂ ကျပ်သာရှိပါတယ်။ တောင်ကြီးမှ မန္တလေးသို့ ပြောင်းဖူးစေ့အသစ် တန်ချိန် ၂၅၀၀ ခန့် ယခုလအတွင်း တင်ပို့မှု ရှိခဲ့ပြီး မန္တလေး တွင် တစ်ပိဿာ ၃၄၀ ကျပ်၊ ရန်ကုန်တွင် တစ်ပိဿာ ၃၅၀ ကျပ်ပေါက်ဈေး ရှိခြင်းကြောင့် တောင်ကြီးမှ ပြောင်းဖူးစေ့ဟာ ကားခသက်သာတဲ့ မန္တလေးဝယ် လက်သို့သာ အဓိကတင်ပို့နေတာကို တွေ့ရပါတယ်။ သောင်းဒန်

Sunday, 2 Oct 2011

ယခုအပတ် နယ်စပ်မှ ပြောင်းတန် ၁၁၆၀၀ ကျော် အပို့ရှိ                     စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၇၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၁၀၈၆ ခန့်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၅၇ သန်းတန်ဖိုးရှိ နှံစားပြောင်း ၅၁၅ တန် အပို့ ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၃၈၄၀တန် အပို့ပိုခဲ့ပြီး နှံစားပြောင်း ၁၈၉ တန် အပို့လျော့ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခု အပတ် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ ၃ ဒသမ ၂၇၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၀၇၃၈ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၅၇ သန်းတန်ဖိုးရှိ နှံစားပြောင်း ၅၁၅ တန်၊ ချင်းရွှေဟော်မှကန်ဒေါ်လာသုညဒသမ ၀၉၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်အတွင်း ပြောင်းကား တွေ တရုတ်နယ်စပ်ကို အတက်များလျက်ရှိပါတယ်။ ကုန်သယ်ယူစရိတ်ကတော့ မန္တလေးမှ မူဆယ်ကို ပြောင်း ၁ ပိသာကို ၄၅ ကျပ်နှုန်းဖြစ်ပြီး ယခင်အပတ်ကထက် ၁၆ ကျပ်ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                                           မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                ယခု                ယခင်       ပြောင်းလဲမှု      %      ယခု      ယခင်  ပြောင်းလဲမှု   %ပြောင်းဖူးစေ့        ၂၂၇၁၇၅         ၂၁၆၂၆၇         ၁၀၉၀၈        ၅      ၂၉၀      ၂၉၀           -            -နှံစားပြောင်း          ၂၄၆၀၉၀         ၂၂၂၂၆၉        ၂၃၈၂၁        ၁၁      ၃၄၅     ၃၂၉         ၁၆         ၅MIRT (DOBT)

Sunday, 2 Oct 2011

ပြောင်းတင်ပို့မှု ထက်ဝက်ကျော်ကျဆင်း                    စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၉၂၄ တန် တန်ဖိုး ကန်ဒေါ်လာသုညဒသမ ၂၆၅ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်္ကာပူကို ၈၅၅ တန် နဲ့ ဗီယက်နမ်ကို ၆၉ တန်အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၁၅၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ တင်ပို့မှုထက်ဝက်ကျဆင်းခဲ့ပါတယ်။ ပင်လယ် ရေကြောင်း တင်ပို့မှုကျပေမယ့် နယ်စပ်ကတော့ တန် ၁၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ တာ တွေ့ရပါတယ်။ FOB(ရန်ကုန်) ပေါက်ဈေးကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန် ကို ဒေါ်လာ (၂၉၀-၃၀၅) ကြား ဈေးပေါက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ KZW

Sunday, 2 Oct 2011

ကမ္ဘာ့ရော်ဘာဈေးနှုန်းနှင့် ထုတ်လုပ်နိုင်မှုအလားအလာ                   လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ထက် ရော်ဘာဈေးနှုန်း နှစ်ဆဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလလယ်ခန့်မှာ ယခင်နှစ်ထက် ရော်ဘာဈေးနှုန်း ၁၅ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရော်ဘာဈေးနှုန်းက ကျဆင်း ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ကတော့ ရော်ဘာတုရဲ့ စရိတ်က ၇၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သြဂုတ်လဆန်းမှာ တစ်တန်ကို ဒေါ်လာ ၄၄၅၀ ကိုရောက် ရှိခဲ့ကာ ၁၉၉၇ ခုနှစ်က စတွက်ရင် အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာတော့ ထုတ်လုပ်မှု အားကျဆင်းတာကြောင့် ရောင်းလိုအား ပြတ်လတ်နိုင်ကြောင်း သိရပါတယ်။ ကမ္ဘာ့ ရော်ဘာ ဝယ်လိုအားက ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၀၁၂ မှာတန်ချိန် ၁၁ ဒသမ ၅၈ သန်းကို ရောက်ရှိကာ သုံးနှစ်ဆက်တိုက်တိုးတက်မှာဖြစ်ကြောင်း Citi  အုပ်စုကခန့်မှန်းတွက်ချက်ထားကြောင်း သိရပါတယ်။ ထုတ်လုပ်မှုလည်း ၅ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၁၁ ဒသမ ၅၉ သန်းကို ရောက်ရှိနိုင်ပေမယ့် သိုလှောင်မှုကတော့ ကျဆင်းနိုင်ကြောင်းခန့်မှန်းကြပါတယ်။ ကမ္ဘာ့ရောင်းလိုအားရဲ့ ၆၀ ရာခိုင်နှုန်း ရှိတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားရဲ့ ထုတ်လုပ်မှုက ထိုင်းနိုင်ငံမှာ မိုးကြီးပြီး အစေးထွက် ထိခိုက်တာရယ်၊ အင်ဒိုနီးရှားမှ ရော်ဘာပင်များအရွက်ကြွေမှုများပြားတာကြောင့် သာမန်အောက်ကို ရောက်နိုင်ကြောင်း သိရပါတယ်။ ရော်ဘာသိုလှောင်မှု ကတော့ ရှန်ဟိုင်းကုန်စည်ဒိုင်ပေါ်မှာ မူတည်နိုင်ပြီး တန်ချိန် ၃၃၇၆၆ နဲ့ ရပ်တည်နေကာ လွန်ခဲ့တဲ့ ငါးနှစ်စာ ပျမ်းမျှခြင်း တန်ချိန် ၆၃၂၁၃ ရှိပြီး ဈေးနှုန်းတက်နိုင်ခြေရှိကာ အထွက်နှုန်း ကျတဲ့တောင်သူတွေအတွက် အမြတ်ငွေ ကာမိစေနိုင်တယ် လို့သိရပါတယ်။ Source: tire review,KZW

Pages