Background
ကူးပါးတာယာကုမ္ပဏီမှ ဒုတိယသုံးလပတ်တွင် အမြတ်ငွေကျဆင်း ကူးပါးတာယာနဲ့ ရော်ဘာကုမ္ပဏီက ၎င်းရဲ့ ဒုတိယသုံးလပတ်မှာ ကုန်ကြမ်းစရိတ်မြင့်မားတာကြောင့် ရောင်းအား ကောင်းပေမယ့် ဝင်ငွေထိုးကျခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အမြတ်ငွေက ဒေါ်လာ ၁၁ ဒသမ ၅ သန်းရှိပြီး ယခုနှစ်အစောပိုင်းက ဒေါ်လာ ၄၄ ဒသမ ၁ သန်းအထိရှိခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် ၂ဝ၁ဝ ဒုတိယ ၃ လပတ်မှာ ရခဲ့တဲ့ ရောင်းရငွေ ဒေါ်လာ ၈ဝ၄ သန်းထက်တော့ ၁၅ ရာခိုင်နှုန်း တိုးတက်ပြီး ရောင်းရငွေ ဒေါ်လာ ၉၂၂ ဒသမ ၂ သန်း ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ကုမ္ပဏီအနေနဲ့ စိန်ခေါ်မှု ၂ ခုနဲ့ ရင်ဆိုင်နေရကာ တစ်ခုကဝယ်လိုအား ကျဆင်းတာ ဖြစ်ပြီးနောက်တစ်ခုကတော့ ကုန်ကြမ်းဈေးနှုန်း မြင့်တက်တာဖြစ်ကြောင်း ကူးပါးရဲ့ ဃနဥ က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေက တာယာလုပ်ငန်းတွေအတွက် အသစ်အဆန်းမဟုတ်ပဲ မိမိတို့အနေနဲ့ အရင်ကတည်းက အောင်မြင်စွာ ကျော်လွှားနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း၊ ဒီစိန်ခေါ်မှုတွေက ကုမ္ပဏီကို ဖိအားပေးနိုင်တာကလဲ တစ်ခဏတာသာဖြစ်ပြီး မိမိတို့အနေနဲ့အောင်မြင် ဆောင်ရွက်နိုင်မယ့် စွမ်းအားတွေရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ကူးပါးကုမ္ပဏီ အနေနဲ့ ၂ဝ၁ဝ ခုနှစ်က ထုတ်လုပ်မှုထက် ၂ဝ၁၁ ခုနှစ်မှာ ၁ဝ ရာခိုင်နှုန်းလျော့ထုတ်လုပ်မှာဖြစ်ပြီး ကုန်ကြမ်း စရိတ်ကလည်း တတိယသုံးလပတ်မှာ ဒုတိယသုံးလပတ်ထက် ၅ ရာခိုင်နှုန်း ဆက်လက်မြင့်တက်မယ်လို့ ခန့်မှန်းထား ကြောင်း သတင်းရရှိပါတယ်။ Source:Internet,KZW
ယခုအပတ် နယ်စပ်မှ ရော်ဘာတင်ပို့မှုလျော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ တစ်ဘက်နိုင်ငံသို့ သြဂုတ် ၃ ရက်မှ ၉ ရက်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၁၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၃၆ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၄၄၉ တန်ခန့် တင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3 ၁၅၅ တန်၊ MSR-20 ၁ဝ၅ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-3 တန် ၁ဝဝ အပို့ရှိခဲ့ ပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၄၁၃၈ဝဝ ၃၄၁၃၈ဝဝ - - ၄၅၇၇ ၄၅၇၉ ၂ ဝ .ဝ၄RSS-5 ၃၃ဝဝ၃၁၉ ၃၄၁၃၈ဝဝ ၁၁၃၄၈၁ ၃ ၄၄၂၁ ၄၄၂၅ ၄ ဝ .၁MIRT (DOBT)
ပစ္စည်းပြတ်၍ရော်ဘာ အပို့လျော့ ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၂၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၇၂ သန်းကို မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့သို့တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တန် ၆ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ် တန် ၂ဝဝ ခန့် တင်ပို့မှုလျော့နည်းခဲ့တာတွေ့ရပါ တယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီလည်း ဖြစ် ပစ္စည်းပြတ်ပြီး လက်ကျန်လည်းနည်းတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာတွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း တန် ၃၆ဝ ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-5 နဲ့MSR -20 ကို တစ်တန်လျှင် ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၄၃ဝဝ အသီးသီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ KZW
ပြည်ဈေးကွက်အတွင်း (မိုးထောင်)ငရုတ်ခြောက်များသာအဝင်ရှိ ယခုတစ်ပတ် ပြည်ငရုတ်ခြောက်ဈေးကွက်အတွင်း နေပြည်တော်၊ တပ်ကုန်း၊ ရွှေတောင်ဘက်မှ တင်သွင်းလျက်ရှိ သော (မိုးထောင်)ငရုတ်ခြောက်များသာ ၂၅ ပိဿာဝင် အိတ် ၃ဝဝ ခန့် ပုံမှန်အဝင်ရှိ၍ အရောင်းအဝယ်မှာ တစ်ရက်ကို ပျမ်းမျှ ပိဿာချိန် ၁၃ဝဝ ခန့်အား ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ်တင်ပို့မှုအပါအဝင် တစ်ပတ်ချင်းအဝင်ကို လက်ကျန်မရှိ အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ငရုတ်သီးမှုန့်လုပ်ငန်းရှင် များအနေဖြင့် (မိုးထောင်)ငရုတ်မှာ ဈေးခိုျပေမဲ့ မိုးတွင်းကာလ မိုးစိုလို့ မှိုလိုက် တဲ့ အတွက် ဝယ်ယူမှုမရှိကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ (မိုးထောင်)ငရုတ်ခြောက်တစ်ပိဿာကို ၂၃ဝဝ-၂၅ဝဝ ကျပ် တို့ဖြစ်ပြီး ယခုအပတ်မကွေးတိုင်းဒေသကြီး၊ အောင်လံဘက်မှ ငရုတ် ခြောက်(အရှည်)ဝင်ရောက်မှု မရှိဘူးလို့ သိရပါတယ်။ ဝင်းလဲ့ဝါ
ဝယ်လိုအားကျဆင်း၍ အိန္ဒိယနနွင်းဈေးကျ နနွင်းထုတ်လုပ်တဲ့ ဒေသတွေကနေ ကုန်ပစ္စည်းရောက်ရှိလာတာကြောင့် ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားနည်းပြီး၊ နနွင်းဈေးကျခဲ့ကြောင်းသိရပါတယ်။ အမျိုးသားကုန်စည်ဒိုင် (NCDEX)ရဲ့ သြဂုတ်လအတွက် အရောင်းအဝယ်ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၆၂၁၄ ဖြစ်ပြီး၊ ဝ ဒသမ ၉၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဝယ်လိုအားကျပြီး ထုတ်လုပ်မှု မြင့်တာကြောင့် အခိုက်အတန့်မှာ ဈေးနှုန်းအတွက်ဖိအား ရှိပေမယ့် လာမယ့် ရက်သတ္တပတ်များမှာ ဝယ်လိုအားတက်လာပြီး၊ ဈေးနှုန်းကို အထောက်အပံ့ပေးနိုင်ကြောင်း မျှော်လင့်နေကြပါတယ်။ အန်ဒရာပရာဒေ့ရှ်မှာ စတင်စိုက်ပျိုးနေပြီး အခြေအနေ ကလည်း အားရကျေနပ်ဖွယ်ရှိကြောင်း သိရပါတယ်။ မုတ်သုံအားကောင်းခြင်းကလည်း စိုက်ပျိုးရေးကို ပံ့ပိုးပေးကြောင်း သိရပါတယ်။ စိုက်ပျိုးတဲ့ ဧရိယာ ပမာဏကလည်း ဈေးကွက်ဈေးနှုန်းပေါ်မူတည်ပြီး တကယ်လို့ ဈေးဆက်လက်ကျဆင်းမယ် ဆိုရင်တောင်သူတွေကအခြားသီးနံှတွေဖြစ်တဲ့ ဝါဂွမ်း၊ ပဲပုပ်အစရှိတဲ့ သီးနံှတွေကို ပြောင်းလဲစိုက်ပျိုးမှာဖြစ်တာကြောင့် စိုက် ဧရိယာ ကျဆင်းနိုင်ကြောင်း ကုန်သည်များက သုံးသပ်တယ်လို့သိရပါတယ်။ K.Z.W,Source: commodityonline
