Background
ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အရှိန်ကောင်းနေဆဲ ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ယခုတစ်ပတ် (ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်) ထောပတ်ပဲတင်ပို့မှု တန်ချိန် ၄ဝဝ ကျော်ရှိနေပေမဲ့ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၃ဝ ခန့်သာ ရှိတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၅၅ဝ နဲ့ မြေထောက်ပဲတန် ၇ဝဝ ကျော်ထိ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်မှာ သိသိသာသာလျော့ကျခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပဲများ စုဆောင်းတင်ပို့ရတာ ဖြစ်လို့ လက်ကျန်နည်းလာတာနဲ့အမျှ တင်ပို့မှုလည်း လျော့ကျခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပြည်ပတင်ပို့မှုစုစုပေါင်းဟာ မြေထောက်ပဲတန် ၅ဝဝဝ ခန့်ရှိပြီးထောပတ်ပဲ တန်ချိန် တစ်သောင်းကျော်ပြီဖြစ်လို့ ယခင်နှစ်ကာလတူ တင်ပို့ ခဲ့တဲ့ ထောပတ်ပဲ တန် ၇၈ဝဝ နဲ့ မြေထောက်ပဲ တန် ၃၆ဝဝ တို့ထက် ပိုမို တင်ပို့ နိုင်တာတွေ့ရပါတယ်။MIRT - MAPT
အိန္ဒိယကုလားပဲဈေး ခိုင်မာနေ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲရောင်းချမှု အကန့်အသတ်သာရှိပြီး ဝယ်လိုအားခိုင်မာနေတာ ကြောင့် ကုလားပဲဈေးက ယခုတစ်ပတ်မှာလည်း ခိုင်မာ နေပါတယ်။ လှောင်လက်ကြီးများ လက်ထဲမှာ ပဲအမြောက်အမြား ကိုင်ဆောင်ထား ပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုကျဆင်းနေပါတယ်။ မိုးပဲစိုက်ပျိုးမှုနှေးကွေးခြင်း ကြောင့်လာမယ့်လများမှာ ဝယ်လိုအားခိုင်မာဖွယ်ရှိခြင်းကဈေးနှုန်းကို အထောက်အပံ့ ဖြစ်နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီး မှာဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၁-၇-၁၁ ၂ဝ-၇-၁၁ ၁၉-၇-၁၁ ၁၈-၇-၁၁မွန်ဘိုင်း ၅၆၈ ၅၆၈ ၅၆၃ ၅၆၁-၅၆၇ဒေလီ ၆၃၆-၆၄၁ ၆၃၅-၆၄၁ ၆၂၈-၆၃၄ ၆၂၈-၆၃၄ကန်ပါ ၆၆၆ ၆၆၁ ၆၅ဝ ၆၅၁MIRT(MAPT)
လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲ FOB အရောင်းအဝယ်လျော့ ယခင်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ကုလားပဲဖြူ လုံးကြီးတန် ၅ဝဝဝ နီးပါး ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ ယခု ဇူလိုင် လ ၁၆ ရက်မှ ၂၁ ရက်အတွင်းမှာတော့ တန်ချိန် ၁၈ဝဝ ခန့်သာ စာချုပ်ဆို နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားကောင်းနေဆဲဖြစ်ပေမဲ့ ပြည်တွင်း လက်ကျန် နည်းနေပြီဖြစ်လို့ အရောင်းအဝယ်ပမာဏလျော့ကျခြင်းဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာတော့ ကုလားပဲဖြူကြီး တန်ချိန် ၈ဝဝဝ ခန့် ပြည်ပ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း ဇူလိုင်လ ၂၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
လက်ကျန်နည်းလာပေမဲ့ ကုလားပဲဖြူလုံးကြီး တန် ၁၅ဝဝ တင်ပို့ ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာပေမဲ့ ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုဟာ ယခုတစ်ပတ် မှာလည်း တန် ၁၅ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဝယ်လိုအားကောင်းနေပေမဲ့ လက်ကျန်မရှိသလောက် နည်းသွားပြီလို့ သိရပါတယ်။လက်ရှိဘဏ္ဍာနှစ်ဇူလိုင်လ ၁၄ ရက် အထိ ကုလားပဲဖြူလုံးကြီး တန် ချိန် ၃၂ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန် ၅ဝဝ သာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပဲအားလုံးထဲမှာ ကုလားပဲကို ပြည်ပဝယ်လက်ရော ပြည်တွင်းခွဲစက် များကပါ ဝယ်လိုအားဆက်လက်ကောင်းနေတယ်လို့ သိရပါတယ်။ MIRT - MAPT
ပြည်ပဲတီစိမ်း အရောင်းအဝယ်သွက်နေ ပြည်ဈေးကွက်သို့ ပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း တစ်ရက်ကို အိတ် ၆ဝဝ-၇ဝဝ အထိအဝင်များလာခဲ့ပါတယ်။ ဒေသတွင်းမြို့နယ်များဖြစ်သော ပေါက်ခေါင်း၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့မှ အဝင်ရှိသလို မင်းတုန်း၊ ကံမဖက်မှလည်း ရေလမ်းဖြင့် ဝင်ရောက်လျက်ရှိခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်း ပဲတီစိမ်းဈေးမှာ တစ်တင်း ၁၅၆ဝဝ ကျပ်ရှိခဲ့ပြီး ဇူလိုင်လ ဒုတိယပတ်မှစ၍ တစ်တင်း ၁၆၄ဝဝ ကျပ်မှ ယခုဇူလိုင်လ တတိယပတ်တွင် တစ်တင်း ၁၆၅ဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်ရော မန္တလေးဝယ်လက်ပါ အဝယ်ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၁၅ဝဝ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယပဲတီစိမ်းဈေး အပြောင်းအလဲနည်း အိန္ဒိယပြည်တွင်ဈေးကွက်များအတွင်း ဝယ်လိုအားနည်းပါးနေဆဲဖြစ်လို့ လက်ငင်းဈေး ပြောင်းလဲမှု နည်းကြောင်း သိရပါ တယ်။ ရာဂျာစသန်မှာ စိုက်ဧရိယပိုမိုခြင်းနဲ့အခြားစိုက်ပျိုးတဲ့ ဒေသများမှာလည်း ရာသီဥတုကောင်းမွန်နေခြင်း က ဈေးနှုန်းမတက် အောင်ဖိအားဖြစ်စေပါတယ်။ နိုင်ငံတောင်ပိုင်းမှာ စိုက်ဧရိယာလျော့ကျလျက် ရှိပေမဲ့ ဈေးကွက်မှ စိုက်ပျိုးမှုတိုးတက်တဲ့ သတင်း များကို မျှော်လင့်နေကြပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်မှာ အရောင်း အဝယ်ဖြစ် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးက ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၁-၇-၁၁ ၂ဝ-၇-၁၁ ၁၉-၇-၁၁ ၁၈-၇-၁၁မွန်ဘိုင်း (ကင်ညာ) ၉၉၆ ၉၉၅ ၁ဝဝ၉ ၉၈၇ဒေလီ ၇၈၈-၈၃၃ ၇၈၇-၈၃၂ ၇၈၅-၈၃ဝ ၇၈၅-၈၃ဝအာကိုလာ ၇၈၈-၈၅၅ ၈၇၈-၈၅၅ ၇၁၈-၈၅၂ ၇၁၈-၈၅၃MIRT(MAPT)
ယခုအပတ် ပဲတီစိမ်းအပို့လျော့ ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၄ ဒသမ ၇၄ဝ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၅၆၅၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၂၄၃ တန် ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ အပို့လျော့နည်းပေမဲ့ ယခုနှစ်မှာ ပဲတီစိမ်းတင်ပို့မှုဟာ သိသိသာသာ တိုးမြင့်လျက်ရှိပါတယ်။ ဧပြီလမှာ ၂၉၄၅ တန်၊ မေလမှာ ၁၃၆ဝ၆ တန်နဲ့ ဇွန်လမှာ ၂၇၅၂၃ တန် အသီးသီး ဖြစ်ပါတယ်။ ဇွန်လမှ ပဲတီစိမ်းအသစ်ထွက်မှာ ဖြစ်တဲ့ အတွက် သိုလှောင်ပဲဟောင်းများ ထုတ်ရောင်းတဲ့အတွက် နဲ့ တရုတ်ဖက်မှ ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ဇွန်လမှာတင်ပို့မှု ၂၇ဝဝဝ ကျော် သွား တာဖြစ်ပါတယ်။ လက်ရှိပြည်တွင်းဈေးနဲ့ တစ်ဖက်နိုင်ငံဈေး အခြေအနေအရ ချိန်ဆ တင်ပို့နေကြခြင်းဖြစ်ပြီး ယွမ်ဈေးမြင့်တက်လာတာနဲ့အမျှ အကိုျးအမြတ်ရှိတဲ့အတွက်တင်ပို့မှုတိုးတက်လာမယ်လို့တော့ မျှော်မှန်း လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %၆၂၉၂ဝ၇ ၆၅၄၈၄၇ ၂၅၆၄ဝ ၄ ၈၈၂ ၁ဝဝ၆ ၁၂၄ ၁၄MIRT (DOBT)
ပဲတီစိမ်း FOB အရောင်းအဝယ် ပုံမှန်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အဝယ်ပုံမှန်ရှိနေပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အထိ (တစ်ပတ်အတွင်း) ဈေးပိတ်ရက်ရှိခဲ့ပေမဲ့ ယခင်သီတင်းပတ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပမာဏနီးပါး တန်ချိန် ၄၅ဝဝ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဝယ်လက်များမှ အရည်အသွေးနိမ့်ပဲများ ပိုမိုဝယ်ယူ တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် စုစုပေါင်း ၁၁၅ဝဝ ခန့် ပြည်ပအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၂၁ ရက်မှာ ပဲတီစိမ်း (အညာ)တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၁၁၅ဝ-၁၁၇ဝ ဈေးဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပဲတီစိမ်းသင်္ဘောတင် လျော့ကျနေဆဲ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့ကတော့ ယခင်သီတင်းပတ်လိုဘဲ ယခုတစ်ပတ် (ဇူလိုင်လ ၁ဝ ရက်မှ ၁၈ ရက်) အတွင်းမှာလည်း တန် ၁၆ဝဝ ခန့်နဲ့ လျော့ကျတင်ပို့နေဆဲဖြစ်တာတွေ့ရပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာ ပဲတီစိမ်း အရောင်းအဝယ်ပါးသလိုပြည်ပဝယ်လက်များ အဝယ်ပါးတာကြောင့် တင်ပို့မှုလျော့ကျ နေတာဖြစ်ပါတယ်။ လာမယ့်သီတင်းပတ် မှာလည်း ဆက်လက်လျော့ကျတင်ပို့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်နေ့အထိ ပဲတီစိမ်း တင်ပို့မှုဟာ တန်ချိန် တစ်သိန်းလေးသောင်းခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၇၁ဝဝဝ ကျော်သာရှိလို့ ယခုနှစ်မှာ တစ်ဆပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT
လက်လီဈေးကွက်မြင့် အရောင်း အဝယ် ဖြစ်တဲ့ ပြည်ပဲလွန်းဖြူ ပြည်မှ ပွဲရုံတွေမှာ ဇူလိုင်ဒုတိယ ပတ်က ပဲလွန်းဖြူတစ်တင်း၁၈ဝဝဝကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု အပတ်မှာ ပဲလွန်းဖြူတစ်တင်း ၁၅ဝဝဝ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ပဲ အဝင်လည်းမရှိဘဲ လက်ဝယ်ရှိတဲ့ ပဲများ ကိုသာထုတ်ရောင်းနေကြပြီး အရောင်း အဝယ်ဖြစ်မှုကတော့ မြို့တွင်းလက်လီ သမားများသာ တစ်နေ့ကို အိတ် ၄ဝ- ၅ဝ ခန့်အဝယ်ရှိတယ်လို့ သိရပါတယ်။ မိမိအေး
