Background
ပင်လယ်ရေကြောင်းမှ တန် ၆ဝဝဝ ကျော်တင်ပို့နိုင် ဇူလိုင်လ ၈ ရက်မှ ၁၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၆၃၆၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇၄၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့ပဲဖြစ်ပါတယ်။ ယခင်လဆန်းပိုင်းက တန် ၈ဝဝ ကျော်သာတင်ပို့ခဲ့တာကြောင့် တင်ပို့မှုတစ်ရှိန်ထိုး တက်လာတယ်လို့ဆိုရပါမယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ တန်ချိန် ၁ဝဝဝဝ ကျော်ကို ပုံမှန်တင်ပို့ နေရတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြားဈေးပေါက်လျက်ရှိပါတယ်။ KZW
တာယာကုမ္ပဏီများ အရှေ့တောင်အာရှတွင် ရော်ဘာစိုက်ခင်းဝယ်ယူလို အပိုလိုနဲ့ ဂျေကေတာယာကုမ္ပဏီများက ကာရာလာဈေးကွက်ကို မှီခိုအားထားပြီး သဘာဝရော်ဘာ ဝယ်ယူနေရတာကို လျှော့ချဖို့အတွက် အရှေ့တောင်အာရှမှာ ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းအတွက်ရှာဖွေနေ ကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရောင်းလိုအားပြတ်လတ်ကာ ဝယ်လိုအားတိုးတက် လျက်ရှိတာကြောင့် အဓိကကျတဲ့ ကုန်ကြမ်း ဈေးမြင့်နေကြောင်းသိရပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက အဓိကရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်ပါ တယ်။ အိန္ဒိယမှာတော့ ကာရာလာဒေသ ကထိပ်တန်းရော်ဘာ ထုတ်လုပ်ရာဒေသဖြစ်ပြီး ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်း ကို ထုတ်လုပ်ကြောင်းသိရပါတယ်။ ဂျေကာတာယာ ကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှမှာ ရော်ဘာစိုက်ခင်းတွေကို အပူတပြင်း ဝယ်ယူလိုတယ်လို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌနဲ့ မန်းနေဂျင်းဒါရိုက်တာကပြောကြားပါတယ်။ အိန္ဒိယမှာတော့ ရော်ဘာစိုက်ခင်း ဝယ်ယူဖို့ခက်ခဲပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထုတ်လုပ်သူနဲ့ ကုန်သည်တွေအများဆုံးရှိသလို မြေနေရာလဲဈေးပေါတာ ကြောင့် ဝယ်ယူလိုခြင်းဖြစ်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။ ပင်လယ်ရပ်ခြားမှာ ရော်ဘာစိုက်ပျိုးရေးလုပ်ဖို့လိုအပ်နေပြီး ရော်ဘာစိုက်ခင်းဝယ်ယူတာဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်တာဖြစ်ဖြစ် ဆောင်ရွက်လိုပြီး အရေးအကြီးဆုံးကတော့ မိမိတို့ရဲ့ စီးပွားရေးအတွက် ဗျူဟာပြောင်းဖို့ လိုအပ်နေပြီး ရေရှည် ရည်မှန်းချက်ဖြစ်ကြောင်း အပိုလိုတာယာရဲ့ မန်းနေဂျင်းဒါရိုက်တာက ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းသဘာဝရော်ဘာဈေးနှုန်း ၁၉၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တိုကျိုကုန်စည်ဒိုင် ရဲ့အလားအလာလည်း ၂၁၇ ရာခိုင်နှုန်းအထိမြင့်တက်နိုင်ဖွယ်ရှိတာကြောင့်တာယာကုမ္ပဏီတွေကို ထိခိုက်နိုင် ကြောင်းသိရ ပါတယ်။ တာယာ ကုမ္ပဏီတွေက ရော်ဘာရနိုင်ခြေနည်းလမ်းတွေရှာဖွေနေကြပြီး အဓိကအကြောင်း ကတော့ အိန္ဒိယရဲ့ ပြင်ပမှာ အကျိုး အမြတ်ရှာဖွေလိုကြတာဖြစ်ပါတယ်။ အိန္ဒိယမှာ စိုက်ပျိုးမြေအခက်အခဲရှိတာ လည်းပြဿနာ တစ်ခုဖြစ်ကြောင်း မော်တော်ကား တာယာ ထုတ်လုပ်သူများအသင်း (ATMA ) ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ တာယာကုမ္ပဏီတွေက ပြည်တွင်း ဈေးကွက်ကနေအဓိက ဝယ်ယူနေပြီး အရှေ့တောင် အာရှနိုင်ငံတွေကနေ တင်သွင်းနေရဆဲဖြစ်ပါတယ်။ ရော်ဘာ စိုက်ခင်းများ ဝယ်ယူခြင်းအားဖြင့် အပိုလိုနဲ့ ဂျေကေကုမ္ပဏီ (၂) ခုလုံးအနေနဲ့ အကျိုးအမြတ်ရတဲ့အပြင် ကုန်ကျစရိတ် တွေမြင့်တက်မှုကိုလည်း ခံနိုင်ရည်ရှိမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ Source; business standard,KZW
တာယာထုတ်လုပ်ရေးများ၏ ဝယ်လိုအားကြောင့် ရော်ဘာဈေးတက်နိုင် တာယာထုတ်လုပ်ရေးများရဲ့ ဝယ်လိုအားတွေ တက်တာကြောင့် အိန္ဒိယရဲ့ သဘာဝရော်ဘာ ဈေးနှုန်းတွေ တက်လိုပေမယ့် လှောင်ကုန်တွေများနေတာကြောင့် တောင်သူတွေနဲ့ ကုန်သည်တွေ အခက်တွေ့နေကြောင်း သိရပါတယ်။ လှောင်ကုန် အဟောင်းတွေကို တောင်သူတွေက ထုတ်ရောင်းဖို့အတွက် ဈေးတက်ဖို့ ခက်နေပြီး ၎င်းတို့ရဲ့ လှောင်ကုန်တွေက အချိန် အတော်ကြာခဲ့ပြီဖြစ်ကြောင်း အိန္ဒိယရော်ဘာရောင်းဝယ်သူများအသင်း(IRDF) ကပြောကြားပါတယ်။ မေလကုန်မှာ အိန္ဒိယရဲ့ သိုလှောင်မှု တန်ချိန် (၂၄၉၄၇ဝ) ရှိပြီး ယခင်နှစ်အလားတူကာလက (၁၈၇၇၅ဝ) တန်ရှိကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ အများဆုံးရော်ဘာထုတ်လုပ်တဲ့ ကာရာလာဒေသမှာ မိုးရွာမှုနည်းသေးတာကြောင့် တောင်သူတွေ အစေးပိုမို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ကာရာလာက တော့တစ်ယန်ဈေးကွက်မှာ ကြပ်တင်ရော်ဘာပြား RSS-4 ရဲ့ ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၂၁၄၅ဝ (၄၈၇ ဒေါ်လာ) ဖြစ်ပြီး အိန္ဒိယအမျိုးသားကုန်စည်ဒိုင်(NMCE) မှာ သြဂုတ် လရဲ့ စာခုျပ်ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၂၁၆၅၂ ( ၄၉၂ ဒေါ်လာ) ရှိကြောင်း သိရပါတယ်။ အိန္ဒိယက ကမ္ဘာ့စတုတ္ထ ရော်ဘာအများဆုံးထုတ်လုပ်သူဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ ကနေ ရော်ဘာတင်သွင်းပါတယ်။ ၂ဝ၁၁ မှာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ရဲ့ အထွက်နှုန်းကျဆင်းတာကြောင့် တန်ချိန် ၉ ဒသမ ၉၃၆ သန်းကို ရောက်ရှိနိုင်ကြောင်း ရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ ယခုနှစ်မှာ အိန္ဒိယရဲ့ထုတ်လုပ်မှု က ခန့်မှန်းခြေ တန်ချိန် (၉ဝ၂ဝဝဝ) ရှိနိုင်ပြီး သုံးစွဲမှုတန်ချိန် (၉၇၇ဝဝဝ) ရှိ မှာ ဖြစ်ပါတယ်။ Source: Reuters, KZW
ယခုအပတ် နယ်စပ်မှာ ရော်ဘာအဆင့်စုံတန် ၃ဝဝ ခန့်အပို့ရှိ မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၆၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၂၉၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်စုံ တန် ၂၂ဝ နဲ့ ချင်းရွှေဟော်နယ်စပ်မှ ရော်ဘာအဆင့်စုံ ၇၅ တန် ကျော်တင်ပို့ခဲ့တာဖြစ်ပြီး ယခုအပတ်နယ်စပ်မှ ရော်ဘာ အဆင့်လိုက်တင်ပို့နိုင်မှုများမှာ RSS-1 ၇ တန်၊ RSS-3 ၁၈၃ တန်ကျော်၊ ွှRSS-5 တန် ၇ဝ နဲ့ MSR-50 ၃၅ တန်ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ တင်ပို့မှုဟာ ယခင်အပတ်တင်ပို့မှုအောက် ၂ တန်လျော့နည်းခဲ့သော်လည်း ချင်းရွှေဟော်နယ်စပ်မှ ၆၅ တန်ကျော် ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တနင်္သာရီ၊ မွန်၊ ကရင်ဒေသထွက် ရော်ဘာများကို တင်ပို့တာဖြစ်ပြီး မွန်ပြည်နယ်ဘက် ရော်ဘာပေါက်ဈေးများမှာRSS-1 တစ်တန်လျှင် ကျပ် ၄ ဒသမ ၁၈၉ သန်းနဲ့RSS-3 တစ်တန်လျှင် ကျပ် ၃ ဒသမ ၈၅ သန်းများဖြစ်ပါတယ်။ မူဆယ်နယ်စပ်နဲ့ တစ်ဘက်နိုင်ငံ ရွှေလီပေါက်ဈေးများကို ကြည့်တဲ့အခါ ယခင်အပတ်ကထက်ဈေးများကျလျက်ရှိပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၄၁၃၁၉၈ ၃၄၈၄၆၉၂ ၇၁၄၉၄ ၂ ၄၃၃၂ ၄၃၃၁ ၁ ဝ . ဝ၂RSS-5 ၃၁၈၃၅၃၅ ၃၂၉၉၈ဝဝ ၁၁၆၂၆၅ ၄ ၄၂၅၄ ၄၂၅၂ ၂ ဝ . ဝ၅MIRT(DOBT)
ပင်လယ်ရေကြောင်းမှ ပြန်လည်တင်ပို့နိုင်ပြီ ဇူလိုင်လ ၈ ရက်မှ ၁၃ ရက်ထိကာလအတွင်းပင်လယ် ရေကြောင်းမှ ရော်ဘာတန် ၂ဝဝ ၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၈၈၇ သန်းကို စင်ကာပူတစ်နိုင်ငံတည်းကို တင်ပို့ ခဲ့ပါတယ်။ ဇွန်လကုန်နဲ့ ဇူလိုင်လဆန်း ကာလတွေမှာတင်ပို့မှု လုံးဝမရှိဘဲ ယခုရက်ပိုင်းမှာမှ ပြန်လည်တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၃ဝဝ နီးပါး တရုတ်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို ၄၄ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာနဲ့ MSR-5 တစ်တန်ကို ၃၃ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၄ဝဝ အသီးသီးဈေးပေါက်လျက်ရှိပါတယ်။
အရောင်းအဝယ်အေးတဲ့ ကျောက်ပန်းတောင်း ထန်းလျက် ကျောက်ပန်းတောင်း ထန်းလျက်အကြမ်းများကို မန္တလေး သကြားစက်များနဲ့ ကြာညို့စက်၊ ငံပြာရည်စက် များသို့ ယခင်က တစ်နေ့ကုန်ချိန် ပိဿာ ၁ဝဝဝဝ-၁၅ဝဝဝ နေ့စဉ် တင်ပို့နေရသော်လည်း ခုရက်ပိုင်း ပိဿာ ၅ဝဝဝ- ၇ဝဝဝ ဝန်းကျင်သာ နေ့စဉ်တင်ပို့နေရတဲ့အတွက် အရာင်း အဝယ် အေးလျက်ရှိပါတယ်။ သကြားစက်ရုံများအနေနဲ့ သကြားဈေးနဲ့ ထန်းလျက် ဝယ် ဈေးမကိုက်တာရယ်၊ ပြည်ပတရုတ်သကြား အဝင်ရှိတာရယ်၊ ပြည်တွင်းထုတ်လုပ်မှုနည်းတာရယ်ကြောင့် ထန်းလျက် ဝယ်လိုအားနည်းတယ်လို့ သိရပြီး မန်းအရက်ချက်စက်ရုံ တင်ပို့မှုအနေနဲ့ တစ်နေ့ ပိဿာ ၁ဝဝဝဝ-၁၅ဝဝဝ ခန့် တင်ပို့မှု ရှိပါတယ်။ လက်ရှိ ထန်းလျက်ရောင်းဈေးတွေက အကြမ်း လုံးကြီး တစ်ပိဿာ ၄၅ဝ ကျပ်၊ အလုံးသေး ၅ဝဝ ကျပ်နဲ့ ဆေးခတ် ထန်းလျက်ဖြူ တစ်ပိဿာ ၆ဝဝ ကျပ်နှုန်းနဲ့ အရောင်းရှိကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း
အိန္ဒိယ မျိုးစပ်နနွင်းကို ဝယ်လိုအားတက်လာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဝယ်လက်များမှ မျိုးစပ်နနွင်းကို ဝယ်လိုအားကောင်းလာတာကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ နနွင်းလက်ငင်းဈေးမြင့်တက်ခဲ့ပါတယ်။ မြောက်ပိုင်းကုန်သည်များဟာ တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၄၈) တိုးပြီး မျိုးစပ်နနွင်းတွေကို မှာယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားနနွင်း အမျိုးအစားတွေကတော့ ဈေးအနည်းငယ် ကျဆင်းတယ်လို့ သိရပါတယ်။ နနွင်းအိတ် ၈၂ဝဝ ဝင်ရောက်ခဲ့ရာ ၄၅ ရာခိုင်နှုန်းမှာ ရောင်းထွက်ခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ Mr R. K.V ရာဗီရှန်ကာမှ ပြောကြားပါတယ်။ နီဇမ်မာဘတ်နဲ့ ဆင်းလီဈေးကွက်များမှာ နနွင်းဈေးနှုန်းအကျဘက်ဆင်းနေပါတယ်။ ကြိုပွိုင့်ဈေး တစ်တန် ရူပီး ၇၉၉ဝဝ (ကန်ဒေါ်လာ ၁၇၉၇ )နဲ့ ယခုလကုန်တိုင်အောင် အဲဒီဈေးနှုန်းမှာဘဲ ရှိနေနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အီရော့သမဈေးကွက်ရှာဖွေရေးအဖွဲ့အစည်းမှာ စပ်မျိုးကောင်းနနွင်းများရောက်ရှိခဲ့ပြီး ဈေးနှုန်းလည်း တစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၄၉) မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်ထိန်းသိမ်းရေး ကော်မတီဝင်းမှာ ဈေးငြိမ်နေပေမဲ့ အရည်အသွေးကောင်းနနွင်းတွေ ရောင်းချရတယ်လို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရင်းဂစ် ၅၈၆၇ဝ-၇၉၆၆ဝ (ကန်ဒေါ်လာ ၁၃၂ဝ-၁၇၉၂) ရှိပြီး နနွင်းဥဈေးက တစ်တန် ရူပီး ၅၄၆၉ဝ-၇၂၈၉ဝ (ကန်ဒေါ်လာ ၁၂၃ဝ-၁၆၄ဝ) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline
ဈေးကောင်းရဖို့ အရည်အသွေးကောင်း နနွင်းကို ရွေးစိုက် ဒီတစ်ပတ်နနွင်းဈေးကွက်ကတော့ နနွင်းခါးတွေကိုသာ ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်နဲ့ တစ်ပိဿာ ၁၈ဝဝ ကျပ်ပေါက်တယ်လို့ သိရပါတယ်။ ဈေးကြီးမိထားသူတွေ ကတော့ အဲဒီဈေးနဲ့ မရောင်းနိုင်လို့ လက်ကျန်တွေများနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေက အရောင် အသွေးစုံပါတယ်။ ဟိုပုံးကထွက်တဲ့ နနွင်းက အဝါ၊ အနီ (၂) မျိုးသာရှိပြီး မျိုးကောင်းတယ်လို့ သိရပါတယ်။ ပင်လောင်းနနွင်း ကတော့ အရောင်စုံပြီး အဖြူ၊ တိမ်ပြာ၊အ စိမ်း၊ အဝါစတဲ့ အရောင်တွေရှိပါတယ်။ ယခင်နှစ်တွေက နနွင်းဈေးကောင်းတာ ကြောင့် တောင်သူတွေက ထွက်အားကောင်းတဲ့ အဖြူတွေ၊ တိမ်ပြာတွေကို အဝါနဲ့ရောပြီး စိုက်ကြပါတယ်။ ဒီနှစ်တော့ အရည်အသွေး မကောင်းရင် ဈေးကွက်လည်းပျက်တာကြောင့် မျိုးကောင်းတွေကိုသာ ရွေးချယ်ပြီးစိုက်ကြတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်တွေက ပရဆေးဖော်ဖို့အတွက် နနွင်းခါးလို့ ခေါ်တဲ့ နနွင်းဖြူနဲ့ တိမ်ပြာတွေကို ရန်ကုန်အရောက် တစ်ပိဿာ ၅ဝဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့လည်း သိရပါတယ်။ နနွင်းကိုလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးဖြတ်ကြတဲ့အတွက် တစ်ပိဿာ ၉ဝဝ ကျပ်မှ ၁၈ဝဝ ကျပ်ဈေး ရှိတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
နယ်စပ်မှ နနွင်းတက်တန် ၁ဝဝ အပို့ရှိ မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၆ သန်း တန်ဖိုးရှိ နနွင်းတက်ရှမ်းစ ၁ဝဝ ဒသမ ၉ဝ တန်ကို ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃ဝ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ကာလအတွင်း နယ်စပ်မှ နနွင်းတက် ၁၄၇၂ တန်ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ MIRT (DOBT)
ဆော်ဒီနဲ့ အိန္ဒိယသို့ နနွင်းတန် လေးဆယ်ကျော်တင်ပို့ ဇူလိုင် ပထမပတ်အတွင်း နနွင်းတန် ၄၄ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သောင်းလေးထောင် နီးပါးကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံကို ၂၈ တန်နဲ့ အိန္ဒိယကို ၁၆ ဒသမ ၅၃ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း နနွင်းတန် လေးဆယ်ကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် နနွင်းတင်ပို့မှုက ယခင်သီတင်းပတ် နနွင်းတင်ပို့မှုကို မှီခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာရှစ်သောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)