Main menu

Background

Sunday, 3 Jul 2011

မရည်ရွယ်ပါဘူး ပဲစင်းငုံနီ                   အိန္ဒိယသမုဒ္ဒရာထဲက ငွေကြေးဈေးကွက် စက်လှေပေါ်မှာ တင်မိတဲ့ ပဲစင်းငုံ တွေဟာ ဇွန်လအတွင်းမှာတော့ လှိုင်းအိကလေးတွေစီးပြီး တက်နဲနဲကျနဲနဲနဲ့လဆန်း မှာ အမြင့်ဆုံးတစ်တင်းကို ၁၄၂ဝဝ ကျပ်မှ လလယ်မှာ အနိမ့်ဆုံး ၁၁၃ဝဝ ကျပ်ထိ ဆင်းခဲ့ပေမဲ့ ယခုလကုန်မှာတော့ အိန္ဒိယအဝယ် လေကလေးထန်လာလို့ ၁၂၉ဝဝ ကျပ်မှ ၁၃ဝဝဝ ကျပ်ထိ ဈေးပြန်မြင့်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်က ပဲသမား တစ်ဦးကတော့ မနှစ်ကအတွေ့အကြုံအရ လှောင်ဖို့ စိတ်မကူးဘဲ၊ ဝယ်ပြီးရောင်းမယ်ဆိုပြီးဝယ်မိရာက ဈေးတွေတစ်ရက် တစ်ဈေးကျပြီး မရောင်းဖြစ်တော့ မရည် ရွယ်ဘဲ လှောင်မိသလိုဖြစ်သွားကြောင်းသူ့အဖြစ်ကိုပြောပြရှာပါတယ်။                     မောင်မောင်အေး

Sunday, 3 Jul 2011

အိန္ဒိယပဲစင်းငုံဈေး ဆက်လက်အားပျော့                 အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ ဈေး အနည်းငယ်မာလာသလို ဖြစ်လာခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ ဝယ်လို အား ဆက်လက်ပါးနေတာကြောင့် ဆက်လက် အားပျော့လာခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံမှာ မိုးနည်းမယ်ဆိုတဲ့သတင်းအပေါ် စိုးရိမ်မှုတွေရှိနေပေမဲ့ ပဲမျိုးစုံစိုက်ပျိုးမှုမှာ ရေလိုအပ်ချက်ဟာ အခြားသီးနံှတွေထက် နည်းတာကြောင့် လက်ရှိမြေဆီလွှာ အစိုဓါတ်က စိုက်ပျိုုးထားတဲ့ ပဲပင်တွေအတွက် အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။ မိုးပဲမျိုးစုံထွက်ရှိမှုအလားအလာကောင်းခြင်းက ဈေးနှုန်းအကျဘက်ဆင်းဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                      ဒေါ်လာ/ တန်                      ၃ဝ-၆-၁၁            ၂၉-၆-၁၁           ၂၈-၆-၁၁                ၂၇-၆-၁၁မွန်ဘိုင်း        ၆၅၄-၆၆၅             ၆၅၆-၆၆၈            ၆၇၁-၆၈၃               ၆၆ဝ-၆၇၁ဒေလီ           ၇ဝ၂-၇၂၇             ၇၂၁-၇၂၃             ၇၂၄-၇၂၆             ၇၂၉-၇၃၂ချန်နိုင်း            ၆၆ဝ                      ၆၅၆                     ၆၆၆                     ၆၆၅MIRT(MAPT)

Sunday, 3 Jul 2011

ဒီတစ်ပတ် ပဲစင်းငုံ တန် ၃ဝဝဝ ကျော်သာ စာချုပ်အရောင်းရှိ            ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပဲစင်းငုံ FOB  အရောင်းအဝယ် စာချုပ် ချုပ်ဆိုမှု တန် ၇ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်) အတွင်းမှာတော့ တန် ၃ဝဝဝ ကျော်သာ အရောင်းစာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်တစ်လလုံး ပြည်ပအရောင်းအဝယ် ဖြစ်မှုမှာ တန်ချိန် နှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။              ပြည်တွင်းလုပ်ငန်းရှင်တွေ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းလျှော့ချရောင်းချခွင့်ရလို့ အရောင်းအဝယ် သွက်လက်ပေမဲ့ အိန္ဒိယဝယ်လက်တွေက ပဲစင်းငုံဈေးကို လျှော့ဝယ်မှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ် အတိုင်း ပြောင်းလဲမှုမရှိဘဲ ဇူလိုင်လ ၁ ရက်မှာလည်း ပဲစင်းငုံ (FAQ) တစ်တန် ကန် ဒေါ်လာ ၆၂ဝ-၆၄ဝ၊  ပဲစင်းငုံ ဖြူနီ၊ အဖြူ (FAQ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 3 Jul 2011

မတ်ပဲတင်ပို့မှု နှစ်ဆတက်              ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆ဝ၉ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၇ဝ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၃ဝ သာ တင်ပို့ခဲ့တာကြောင့် ယခု အပတ်မှာ တန် ၄ဝ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးဒေသထွက် မတ်ပဲများ တင်ပို့နေခြင်းဖြစ် ကြောင်းသိရပါတယ်။ ယခင်အပတ်က မိမိဖက်ရော တစ်ဘက်နိုင်ငံဈေးများပါ မြင့်တက်လျက်ရှိတာ တွေ့ရပါတယ်-            မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု         ယခင်       ပြောင်းလဲမှု     %         ယခု     ယခင်    ပြောင်းလဲမှု        %မတ်ပဲ     ၅၆၆ဝ၆၇    ၅၅၂၁၈၄         ၁၃၈၈၃     ၂ .၅      ၈ဝ၅     ၈ဝ၃             ၂          ဝ .၂MIRT (DOBT)

Sunday, 3 Jul 2011

အိန္ဒိယမတ်ပဲဈေး တည်ငြိမ်ရာမှ လျော့လာ            အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းက မတ်ပဲဈေး တည်ငြိမ်နေခဲ့ရာမှ သီတင်းပတ် နှောင်းပိုင်းမှာတော့ ဝယ်လိုအား အကန့်အသတ် သာရှိတာကြောင့် ဈေးလျော့လာခဲ့ပါတယ်။ နိုင်ငံအတွင်း ပဲစိုက်ပျိုးတဲ့ ဒေသများမှာ ဇွန်လ ၂၉ ရက်အထိ မိုးရွာသွန်းမှုဟာ ပုံမှန်အထက် ၁၁ ရာခိုင်နှုန်း ရှိနေတာကြောင့် ကနဦးစိုက်ပျိုးထားတဲ့ ပဲပင်များကြီးထွားဖို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမဲ့ ပဲအသစ်ဈေးကွက်ထဲဝင်ဖို့ အချိန်လိုသေးတဲ့အတွက် ဝယ်လိုအား တက်လာပါက ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ လက်ရှိဈေး ဝန်းကျင်မှာ အပြောင်းအလဲရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ်                                                                     ဒေါ် လာ/ တန်                      ၃ဝ-၆-၁၁      ၂၉-၆-၁၁         ၂၈-၆-၁၁             ၂၇-၆-၁၁မွန်ဘိုင်း          ၈၃၉-၈၅ဝ       ၈၄၆-၈၅၇         ၈၆ဝ-၈၆၆          ၈၅၉-၈၇ဝဒေလီ              ၈၅ဝ-၉ဝ၆      ၈၄၆-၉ဝ၁          ၈၄၄-၉ဝဝ         ၈၄၃-၉ဝ၉ချန်နိုင်း           ၈ဝ၅-၉၁၇      ၈၁၂-၉၂၃          ၈၂၁-၉၂၇          ၈၂ဝ-၉၂၆MIRT(MAPT)

Sunday, 3 Jul 2011

ယခုတစ်ပတ် မတ်ပဲ FOB တန် ၂ သောင်း အရောင်းအဝယ်ဖြစ်                 ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ဇူလိုင်လ ၁ ရက်နေ့မှာ မတ်ပဲ အရောင်းအဝယ်သွက်လာတယ်လို့ သိရပါတယ်။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ကုန်သွယ်လုပ်ငန်းခွန်ကို ၃ ရာခိုင်နှုန်းလျှော့ချပေးလိုက်ခြင်းနဲ့ ပတ်သက်လို့ ပို့ကုန်လုပ်ငန်းရှင်များ အရောင်းအဝယ်သွက်လာတဲ့ သဘောရှိတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။                   အိန္ဒိယဝယ်လက်များမှလည်း မတ်ပဲကို ပုံမှန်အဝယ်ရှိနေရာ ယခုတစ်ပတ် ဇွန်လ ၂၅ ရက်မှ ဇူလိုင် ၁ ရက်နေ့အထိ မတ်ပဲ SQ ၊ FAQ နဲ့ အခွံချွတ် စုစုပေါင်းတန်ချိန် ၂ဝဝဝဝခန့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးကွက်အရောင်းအဝယ်သွက်ခဲ့သလို FOB ဈေးလည်း အနည်း ငယ်တက် လာခဲ့ပါတယ်။                                                                     ဒေါ်လာ/တန်                       မတ်ပဲ(FAQ)                       မတ်ပဲ(SQ)၁-၇-၂ဝ၁၁        ၇၅ဝ-၇၇ဝ                       ၈၅ဝ-၈၇ဝMIRT(MAPT)  

Sunday, 3 Jul 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၈ဝဝဝ နီးပါးရှိနေဆဲ                     ပြည်ပမတ်ပဲသင်္ဘောတင်မှုမှာ ယခင်သီတင်းပတ်များက တန်ချိန် ၁၈ဝဝဝ ကျော်ရှိသလို ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာလည်း တန်ချိန် ၁၈ဝဝဝ နီးပါးရှိတာတွေ့ရပါတယ်။ ပို့ကုန်ဝင်ငွေတန်ဖိုး အပြောင်းအလဲ ရှိပေမဲ့ မတ်ပဲကတော့ တင်ပို့မှု သိသိသာသာကျဆင်းခြင်းမရှိတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းတို့ဖြစ်ပါတယ်။                     လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၁၇၅ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်အတွင်းက တန်ချိန် ၁၂ဝဝဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ တန်ချိန် ၅ သောင်းကျော်ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ကုန်သည် ကြီးများက ဆိုပါတယ်။              MIRT - MAPT 

Pages