Background
ဈေးမာလာတဲ့ မန်းပဲကြီး မန်းပဲဈေးကွက်သို့ တိုင်းဒေသကြီးများမှ ပဲကြီးများ ဆက်လက်အဝင်ရှိနေပြီး ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်း ပဲကြော်ဖိုသမားများ အဝယ်ရှိတာကြောင့် တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ဇွန်ပထမပတ်ပဲကြီးတစ်ပိဿာကို အမြင့်ဈေး ၈၃၃ ကျပ်၊ အနိမ့်ဈေး ၈၁၄ ကျပ် ဈေးရှိခဲ့ပြီး၊ ဒုတိယပတ်မှာတော့ အမြင့်ဈေး ၉၄၁ ကျပ်၊ အနိမ့်ဈေး ၉ဝ၅ကျပ်ဖြင့်ဈေးမာလာတာတွေ့ရပါတယ်။ ယခုအပတ်မှာတော့ အမြင့်ဈေး ၉၉၅ ကျပ် မှအနိမ့်ဈေး ၉၄၁ ကျပ်ဖြင့် ဈေးမြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်လှောင်လက်သမားများမှ ပြန်လည်အဆွဲများလာတာကြောင့် ဈေးမာလာပြီး တင်ပို့မှု အနေနဲ့ကတော့ ဖေဖော်ဝါရီလမှာ ၃၃ တန်၊ မတ်လမှာ ၆၅၄ တန်အများဆုံးတင်ပို့ခဲ့ပြီး ဧပြီလ မှာတော့ ၅၈၂ တန်ခန့်၊ မေလမှာ ၂၆၅တန် တင်နိုင်ခဲ့ပါတယ်။ ယခုဇွန်တတိယပတ် အထိ တန် ၂၄၆ ခန့်တင်ပို့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ မိုးးမိုးးအေး
မုတ်သုံမိုး ပုံမှန်အောက်နည်းမယ့် ခန့်မှန်းချက်ကြောင့် အိန္ဒိယသီးနံှများကို ထိခိုက်ဖွယ်မရှိ စပါး၊ ဝါဂွမ်းနဲ့ ပဲမျိုးစုံစိုက်ပျိုးဖို့ အဓိကကျတဲ့ အိန္ဒိယရဲ့ မုတ်သုံမိုးဟာ ယခုနှစ်မှာ ပျမ်းမျှအောက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယမိုးလေဝသ ဌာနရဲ့ယခုနှစ်မှာ မိုးရွာသွန်းမှုက ပုံမှန်အောက်အနည်းငယ်ကျဆင်းဖွယ် ရှိတယ် လို့ ခန့်မှန်းထားပေမဲ့ မိုးရေကကောင်းကောင်းလုံလောက်မှာဖြစ်လို့ သီးနံှအထွက် သိသိသာသာထိခိုက် နိုင်ဖွယ်မရှိဘူးလို့ မိုးလေဝသထိပ်တန်းအရာရှိများက ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဇွန်လမှ စက်တင်ဘာလ မိုးရွာသွန်းမှုဟာ လွန်ခဲ့တဲ့လ နှောင်းပိုင်းမှာပါးပါးနဲ့ စတင်ရွာသွန်းခဲ့ပေမဲ့အိန္ဒိယအလယ်ပိုင်းကပဲပုပ်နဲ့ မြောက်ပိုင်း က စပါးစိုက်ပျိုးမှုကို မထိခိုက်ခဲ့ဘူးလို့ IMD မှ ဆိုပါတယ်။ ဇွန်လစက်တင်ဘာလ မိုးရွာသွန်းမှုဟာ နှစ် ၅ဝ ပျမ်းမျှရဲ့ ၉၅ ရာခိုင်နှုန်းခန့်ရွာဖွယ်ရှိ တယ်လို့ ဆိုပါတယ်။ လာနီညာအခြေအနေအားပျော့လာခြင်း၊ အိန္ဒိယသမုဒ္ဒရာမှာ အပူချိန် မပူမအေးဖြစ်ခြင်းတို့ကြောင့် မိုးရွာသွန်းမှု လျော့ကျမယ်လို့ IMD ကခန့်မှန်းခြင်း ဖြစ်ပါတယ်။ ပုံမှန်မိုးရေချိန်အောက်ရောက်ရှိမယ့် ခန့်မှန်းချက်က လေ့လာဆန်းစစ်သူတွေကို အံ့အားသင့်စေပြီး စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေတဲ့ ငွေကြေးဖောင်းပွမှုမျိုး ထပ်မံဖြစ်မှာစိုးရိမ်စေခဲ့ပါတယ်။ မကြာသေးခင် သီတင်းပတ်များက စားသောက်ကုန်ဈေးနှုန်းများကျဆင်း ခဲ့ပေမဲ့ မိုးနည်းပါးခြင်းက ဈေးနှုန်းတစ်ဖန်ပြန်မြင့်လာစေနိုင်ပါတယ်။ တစ်နှစ် ထက် တစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်းက ဇွန်လ ၄ ရက် သီတင်းပတ်မှာ ၈ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်လို့ ယခင်သီတင်းပတ်ရဲ့ ၉ ဒသမ ဝ၁ ရာခိုင်နှုန်းထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။ အိန္ဒိယမြောက်ပိုင်းဟာ နိုင်ငံရဲ့ သီနံှအများဆုံးထုတ်ရာဒေသဖြစ်ပြီး ရာသီ မိုးရွာသွန်းမှုဟာ ယခုအခါ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ပတ်ဝန်းကျင်အတွင်းသာ ရွာသွန်းတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာဂံျုနဲ့ ဆန်ကို ဒုတိယ အများဆုံးထုတ်လုပ်ပြီး ဇွန်လမှ စတင်တဲ့ သီးနံှရာသီအတွင်း ပုံမှန်မိုးရေရရှိရင် တန်ချိန် ၂၃၅ ဒသမ ၉ သန်းအထိ စံချိန်တင်ထုတ်လုပ်မှုရှိပါတယ်။ စာနပ် ရိက္ခာသီးနံှတန်ချိန် သန်း ၂၄ဝ ရရှိဖို့ ရည်မှန်းထားပေမဲ့ မိုးရွာသွန်းမှု ပုံမမှန်ဘူး ဆိုရင် ရည်မှန်းချက်နဲ့ လွဲချော်နိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ လဝန်းး၊Source: commodityonline
ပဲလွန်းဖြူ တန် ၉ဝ ခန့် မူဆယ်မှ အပို့ရှိ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်းကန်ဒေါ်လာ ၇၆ဝဝဝ တန်ဖိုး ရှိ ပဲလွန်းဖြူ ၈၉ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက်မြေပြင် ပေါက်ဈေး လျော့နည်းခဲ့ပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲလွန်းဖြူ ၅၆၁ဝဝ၆ ၅၆၃၅ဝ၈ ၂၅ဝ၂ ဝ .၄ ၉၂၆ ၈၉၅ ၃၁ ၃ .၃MIRT (DOBT)
Export ဝယ်လက်ဆွဲတဲ့ စစ်ကိုင်းပဲကြီး ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြောင်မြို့နယ်များမှပဲကြီးများ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက် လာပါတယ်။ Export ဝယ်လက်ရှိလို့ ဇွန်လတတိယ ပတ်အတွင်း ရန်ကုန်ဝယ်လက်ကမုံရွာကုန်စည်ဒိုင်မှာပဲကြီးတင်း ၅၈ဝ ကျော်ဝယ်ယူ သွားကြောင်းသိရပါတယ်။ တိုင်းအတွင်းစားသုံးမှုနဲ့ ပဲကြော်ဖိုလုပ်ငန်းများရဲ့ သုံးစွဲမှုရှိ လို့ မုံရွာကုန်စည်ဒိုင်မှာနေ့စဉ်ပဲကြီးတင်း ၁ဝဝ -၂ဝဝခန့်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက် ကသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုလအတွင်း ပဲကြီးတစ်ပိဿာအနိမ့်အမြင့်ဈေးမှာ ၆၄၂ ကျပ်၊ ၆၇၃ ကျပ်၊ ယခင်နှစ်ကာလတူပေါက်ဈေးမှာ ၁၅၇၉ ကျပ်၊ ၁၆ဝ၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြောင်း သိရှိရပါတယ်။ သန်းးသန်းးတင်
ဈေးအပြောင်းအလဲမရှိတဲ့ ဘိုကိတ် ပြည်ဘိုကိတ်ပဲမှာ ယခင်နှစ်က ပိဿာ ၂ဝ တစ်တင်းကို ၂၁၅ဝဝ ကျပ်ဖြင့် ဈေးကောင်းရ ခဲ့ပြီး ဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များဖြင့် အဝယ်သွက်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ လက်ရွေးသန့်စင်ပြီးသော ဘိုကိတ်ပဲအမိုျးအစားမှာ ၁၂၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်ရက်၌ အိတ် ၅ဝ မှ ၁ဝဝ အတွင်း အရောင်းအဝယ်ဖြစ်ပြီး အရည်အသွေးညံ့သော ဘိုကိတ်ပဲမှာ တစ်တင်းကို ၁၁ဝဝဝ ကျပ်ဖြင့် ၁၅ အိတ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဘိုကိတ်ပဲများကို အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းမရှိသလို အခြားတိုင်းမှ ဝင်ရောက်မှု မရှိဘဲ တိုင်းအတွင်းရှိ လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဆုမွန်မွန်ဆွေ
ပြည်ဈေးကွက်မှာ ကုလားပဲဈေး အနည်းငယ်မြင့် ပြည်ဈေးကွက်အတွင်း ယခုတစ်ပတ်မှာ ကုလားပဲဈေးအနည်းငယ်မြင့် တက်လာကြောင်းသိရပါတယ်။ ယခင်တစ်ပတ်ကတစ်တင်း ၁၄၈ဝဝ ကျပ်ဖြင့်အရောင်း အဝယ်ရှိရာမှ ယခုတစ်ပတ်တွင် ၁၆၂ဝဝ ကျပ်ဖြင့်ဈေးတက် လာခဲ့တာကိုတွေ့ရပါတယ်။ ဒေသအတွင်းမှအဝင်နည်းလာပြီး အောင်လံဘက်မှကုလားပဲ အဝင် ရှိခဲ့ပါတယ်။ ခွဲစက် သမားများပုံမှန်အဝင်ရှိတဲ့အတွက် တစ်နေ့အိတ် ၂ဝဝ - ၃ဝဝ ခန့်အရောင်းအဝယ်ရှိကြောင်းသိရပါတယ်။ လွင်လွင်ဆန်း
ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ် ယခင်တစ်ပတ်ထက်ပို ယခင်သီတင်းပတ်က ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး တန်ချိန် ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် ဇွန်လ ၁၈ ရက်မှ ၂၄ ရက်အတွင်း တန်ချိန် ၂၃ဝဝ ကျော်ထိ တိုးတက်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁ ရက်မှ ၂၄ ရက်အထိ စုစုပေါင်း စာချုပ်ပြီးစီးမှု တန်ချိန် ၄ဝဝဝ ကျော် ရှိပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲ FAQ တစ်တန်ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ကုလားပဲဖြူလုံးကြီး တင်ပို့မှု တန် ၁ဝဝဝ အောက်လျော့လာ ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်း ကုလားပဲဖြူလုံးကြီး တင်ပို့မှု တက်နေခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၁၆ ရက်မှ ၂၂ ရက်) အတွင်းမှာတော့ တန်ချိန် ၁ဝဝဝ အောက်သာ တင်ပို့တာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံကတော့ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ယခုဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက်နေ့အထိ ပြည်ပ တင်ပို့ ပြီးစီးမှုမှာ တန်ချိန် ၂၅ဝဝဝ ကျော်ပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန် ၅ဝဝ ခန့်သာ ရှိတာတွေ့ရပါတယ်။ MIRT - MAPT
ထောပတ်ပဲနဲ့ မြေထောက်ပဲ ကို ပြည်ပပုံမှန်ဝယ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပို့ကုန်ဝင်ငွေတစ်ယူနစ် တန်ဖိုး အပြောင်းအလဲကြောင့် အချို့ပဲတွေ ပြည်ပဝယ်လက် အဝယ်နှေးသွားပေမဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲကိုတော့ ပုံမှန်အတိုင်း ဝယ်ယူနေတာ တွေ့ရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိနေတာကြောင့် အခြားပဲဈေးတွေ ဈေးနှုန်းအပြောင်းအလဲ ရှိနေ ပေမဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ ရန်ကုန် FOB ဈေးကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ဇွန်လ ၂၄ ရက်နေ့ ရန်ကုန် FOB ဈေးနှုန်းအနေဖြင့် မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ နဲ့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ထောပတ်ပဲနဲ့ မြေထောက်ပဲ ပုံမှန်အတင်ရှိ ယခုသီတင်းပတ် (ဇွန် ၁၆ ရက်မှ ၂၂ ရက်) အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲတန်ချိန် ၆ဝဝ ကျော်နဲ့ မြေထောက်ပဲ တန်ချိန် ၃၇ဝ ကျော်တင်ပို့မှုရှိလို့ ယခင်သီတင်းပတ်လိုပဲ ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်တို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက်နေ့အထိ ပြည်ပတင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲ တန်ချိန် ၈၅ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၃၅ဝဝ ကျော်ရှိပြီး ယခင်ကဘဏ္ဍာနှစ် ကာလတူ ထောပတ်ပဲတန်ချိန် ၇၅ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၂၅ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
