Background
အိန္ဒိယ၏ ဂံျုထွက်ရှိမှု စံချိန်တင်နိုင်သောကြောင့် ဂံျုတင်ပို့မှုကန့်သတ်ချက် ပြန်လည်ဖယ်ရှားပေးနိုင်ချေရှိ ကမ္ဘာမှာ ဂံျုဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ အိန္ဒိယရဲ့ ၄ နှစ်ဆက်တိုက်ဂံျုထွက် နှုန်း ကောင်းမွန်ကာ စံချိန်တင်မှုကြောင့် အစိုးရမှ ပို့ကုန်တားမြစ်ချက်ကို ပြေလျော့စေကာ ကမ္ဘာ့ဂုံျဈေးနှုန်းကြီးမြင့်မှုကို ရပ်တန့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ယခုနှစ် ဇွန်လကုန်အထိ ဂံျုထုတ်လုပ်မှုက ၆ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်တာ တန်ချိန် ၈၆ သန်းကို ရောက်ရှိနိုင်ကြောင်းနဲ့ ယခင်နှစ် အလားတူကာလက တန်ချိန် ၈ဝ ဒသမ ၈ သန်းရှိကြောင်း နယူးဒေလီတယ်လီဖုန်းအင်တာဗျူးမှာ လယ်ယာစိုက်ပိုျးရေးဆိုင်ရာ အတွင်းရေးမှူး P.K Basu က ပြောကြားလိုက်ပါတယ်။ ဂံျုထွက်နှုန်းကောင်းမွန်မှုကြောင့် အိန္ဒိယအစိုးရရဲ့ လေးနှစ်ဆက်တိုက်ဂံျုတင်ပို့မှု ကန့်သတ်ချက်ပြီးဆုံးနိုင်ခြေရှိပြီး ချီကာဂို ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဂံျုဈေးနှုန်းတွေက ၆၅ ရာခိုင်နှုန်းမြင့်တက်နေမှုကို သက်သာစေနိုင်မှာ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်မှာ ဥရောပနဲ့ တရုတ်မှာ ခြောက်သွေ့မှုနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရေလွှမ်းမိုးမှုကြောင့် ပြောင်း၊ ဂံျုနဲ့ ပဲပုပ်သီးနံှတွေ ပျက်စီးခဲ့ကာ ဈေးနှုန်းတွေ ၇ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။ ''တကယ်လို့ အိန္ဒိယမှ ဂံျုတင်ပို့ခွင့်ပြုလိုက်ရင် ကမ္ဘာ့ဈေးကွက်မှာ ဂံျုရောင်းလိုအားတိုးတက်ကာ ဈေးနှုန်း သက်သာစေ နိုင်ကြောင်း'' လန်ဒန်ရဲ့ ကုန်စည်သုတေသီ Erin Fitz Patrick က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဂံျုထုတ်လုပ်မှုက ယခုနှစ်မှာ တန်ချိန် ၆၆၄ ဒသမ ၃ သန်းရောက်နိုင်ကြောင်း အမေရိကန် ပြည်ထောင်စုလယ်ယာစိုက်ပျိုးရေးဌာနမှ ဇွန်လ ၉ ရက်နေ့မှာ ခန့်မှန်းလိုက်ပါတယ်။ မေလက ၆၆၉ ဒသမ ၆ သန်းထွက်ရှိမယ်လို့ ခန့်မှန်းချက်မှ လျော့နည်းသွားခဲ့ခြင်းဖြစ်တယ်။ အိန္ဒိယမှာ ကောက်ပဲသီးနံှထွက်ရှိမှုက မျှော်မှန်းထားတာထက် သာလွန်တာကြောင့် ကမ္ဘာ့ဆန်နဲ့ ဂံျု ဒုတိယအများဆုံး စားသုံးတဲ့ အာရှရဲ့ တတိယစီးပွားရေးအကြီးဆုံးဖြစ်တဲ့ အိန္ဒိယရဲ့ငွေဖောင်းပွမှုကို သက်သာပြေလျော့စေမယ်လို့ ခန့်မှန်းရပါတယ်။ အိန္ဒိယက ၂ဝဝ၇ ခုနှစ် အစောပိုင်းမှာ ဂံျုတင်ပို့မှုကိုပိတ်ပင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် ဧပြီလမှာ ဘာစမာတီ မဟုတ်တဲ့ ဆန်အမျိုးအစား တင်ပို့မှုကို ပိတ်ပင်ခဲ့တယ်။ ဇွန်လ ၁ ရက်နေ့အထိ နိုင်ငံတော်မှ ကောက်ပဲသီးနံှ သိုလှောင်ထားမှုက တန်ချိန် ၆၅ ဒသမ ၆ သန်းထိရှိရာ လွန်ခဲ့တဲ့ ၅ နှစ်နှိုင်းယှဉ်ရာမှာ ၃ ဆနီးပါးတိုးတက်ခဲ့ ကြောင်း အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်းအရ သိရှိရပါတယ်။ ဇွန်လ ၁၄ ရက်နေ့က ချီကာဂိုကုန်သွယ်ရေးမှာ စက်တင်ဘာလသင်္ဘောတင်မဲ့ ဂံျုဈေးနှုန်းက သုည ဒသမ ၇ ရာခိုင်နှုန်း ဈေးကျသွားကာ တစ်ဘွတ်ရှယ်ကို ကန်ဒေါ်လာ ၇ ဒသမ ၇ဝ၅၇ (တစ်တန်ကို ကန်ဒေါ်လာ ၂၈၃ ဒသမ ၁၁) နဲ့ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။Source:bloomberg.com, အေးမွန်မွန်လှိုင်
ဝယ်လိုအားမြှင့်၍ တရုတ်မှ ရော်ဘာပိုမိုတင်သွင်းမည် ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်ရေးဖြစ်တဲ့ တရုတ်နိုင်ငံက ကုန်ပစ္စည်းထုတ်လုပ်မှုကိုမြှင့်တင်မှာ ဖြစ်တဲ့အတွက် ရော်ဘာ ဝယ်လိုအားကို ၈ ရာခိုင်နှုန်းနီးပါး တိုးမြှင့်ဝယ်ယူနိုင်ကြောင်း သုတေသီများက ပြောကြားပါတယ်။ ကားဈေးကွက်တိုးတက် အားကောင်းလာတာကြောင့် တရုတ်ရဲ့ရော်ဘာဝယ်လိုအား တန်ချိန် (၂ ဒသမ ၈၉) သန်းအထိရောက်ရှိနိုင်ကြောင်း တရုတ် ရော်ဘာစက်မှုအသင်းက ခန့်မှန်းထားပါတယ်။ မေလမှာ တရုတ်ရဲ့ ရော်ဘာတင်ပို့မှု ၃၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၂ဝဝဝဝ ကိုရောက်ရှိကာ ယခင်နှစ်အလားတူကာလက တန်ချိန် ၉ဝဝဝဝ ရှိကြောင်းသိရပါတယ်။ မေလရဲ့ သွင်း ကုန်က ဧပြီလထက် ၃၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး ဧပြီမှာ သွင်းကုန်တန် ၁၈ဝဝဝဝ ရှိကြောင်း သိရပါတယ်။ ၂ဝ၁၁ ပထမ (၅) လမှာတရုတ်ရဲ့ ရော်ဘာတင်သွင်းမှု တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တန်ချိန် ၇၇ဝဝဝဝ တန်ရှိကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့လက ရော်ဘာတုတင်သွင်းမှုက တစ်နှစ်ထက် တစ်နှစ် ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ချိန် ၁၂၂ဝ၆၃ သာတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်ပထမ (၅)လအတွင်း ရော်ဘာတု တင်သွင်းမှု ၁၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တန်ချိန် ၆၂၅၃၂၅ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် အကောက်ခွန်ဌာနရဲ့ အစီရင်ခံစာ ကတော့ အနည်းငယ်ကွဲလွဲနေပြီး ယခုနှစ်ပထမလေးလမှာ တရုတ်ရဲ့ရော်ဘာတင်သွင်းမှု ၁၄၅ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံရှိပြီး ပျမ်းမျှခြင်းသွင်းကုန်ဈေးနှုန်းက နှစ်ဆရှိပြီး တစ်တန်ကို ၂၆ဝဝ ဒေါ်လာရှိကြောင်း သိရပါတယ်။ ဒီလို ရော်ဘာဈေးနှုန်းတွေ မြင့်တက်တာက အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်မှာ ရာသီဥတု ပြောင်းလဲမှု ပြင်းထန်မှုကြောင့်ဖြစ်ကြောင်း သုတေသီများက ပြောကြားပါတယ်။ တရုတ်ရဲ့ သဘာဝ ရော်ဘာထုတ်လုပ်မှုက အဓိကစိုက်ပိုျးတဲ့ဒေသတွေမှာ မိုးခေါင်မှုကြောင့် အထွက်နှုန်းကျနိုင်ကြောင်း တရုတ်ရော်ဘာအသင်းက ပြောကြားပါတယ်။ ယူနန် ပြည်နယ်ကမိုးခေါင်မှုဖြစ်နေပြီး ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၄ဝ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။ ယူနန်က ဟိုင်နန်ပြီးရင် ဒုတိယအများဆုံး ရော်ဘာထုတ်လုပ်မှုအများဆုံးပြည်နယ်ဖြစ်ကြောင်းသိရ ပါတယ်။ တရုတ်က ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ဖြစ်တဲ့ အမေရိကန်ထက် ရောင်းအား ၄ဝ ရာခိုင်နှုန်းခန့် မြင့်အောင်ကြိုးစားနေကြောင်း သိရပါတယ်။ ၂ဝ၁ဝ ထက်တာယာသုံးစွဲမှု စုစုပေါင်းက ၄ဝ၄ သန်းကျော်မြင့်တက် နိုင်ပြီး ယခင်နှစ်က သန်း ၃၈ဝ ရှိကြောင်း တရုတ်ရော်ဘာ စက်မှုအသင်းကပြောခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source; commodity online KZW
ပင်လယ်ရေကြောင်းမှ ယခုအပတ်လည်း ရော်ဘာတင်ပို့မှုမရှိ ဇွန်လ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလမှာလည်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ မေလ ၂ ရက်မှ ဇွန် ၂ ရက်ထိကာလမှာ တန် ၂၆ဝ တင်ပို့မှုရှိခဲ့ပြီး ဇွန်လ ၃ ရက်နောက်ပိုင်းကစပြီး ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခြင်း မရှိဘဲ ဖြစ်နေပါတယ်။ FOB ရန်ကုန်ဈေးကတော့ RSS-3 တစ်တန်ကို ဒေါ်လာ ၄၆ဝဝ-၄၇ဝဝ ၊RSS-5 တစ်တန်ကို ၄၅ဝဝ-၄၆ဝဝ ဒေါ်လာ အသီးသီးဖြစ်ပါတယ်။ KZW
ရော်ဘာအဆင့်စုံနဲ့ ရော်ဘာသစ်ခွဲသား နယ်စပ်မှအပို့ရှိ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိကာလ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ အဆင့်စုံ တင်ပို့မှုရှိပြီး မြိတ်နယ်စပ်မှ ရော်ဘာသစ်ခွဲသားတင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ်စခန်းများမှ စုစုပေါင်း ရော်ဘာတင်ပို့မှုများကတော့ MSR-20 ၂၈၃ တန်၊ MSR-50 ၇၉ တန်၊RSS-3 ၄၂၂ တန်ခန့်နဲ့ ၊RSS-5 တန် ၃ဝ၊ စုစုပေါင်း ၈၁၃ တန်ကျော်နဲ့ ရော်ဘာသစ်ခွဲသား ၁၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၃၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၆၃၅၇၃၅ ၃၇၆၁၈၄၅ ၁၂၆၁၁ဝ ၃ .၅ ၄၆၂၇ ၄၆၃ဝ ၃ ဝ .ဝ၆RSS-5 ၃၅၁၆ဝ၇၅ ၃၆၇၆၉၂ဝ ၁၆ဝ၈၄၅ ၄ .၆ ၄၅၅၁ ၄၄၇၅ ၂၅ ဝ .၅MIRT (DOBT)
အရည်အသွေးပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ ဘိုကိတ် ယခုတစ်ပတ် ပြည်ဘိုကိတ်ပဲဈေးနှုန်းမှာ ပဲအရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်ပါတယ်။ လက်ရွေး သန့်စင်ပြီး အရည်အသွေးကောင်း ဘိုကိတ်ပဲဈေးမှာ တစ်တင်းကို ၁၂၅ဝဝ ကျပ်၊ အရည်အသွေး အသင့်အတင့်ရှိတဲ့ ဘိုကိတ်ပဲဈေးမှာ ၁ဝဝဝဝ ကျပ် -၁၁ဝဝဝ ကျပ်အတွင်းရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ ဘိုကိတ်အဝင်နည်း လာပေမဲ့ လက်လီသမားများနဲ့ တစ်နေ့ကို ၁ဝ အိတ်မှ ၁၅ အိတ်အတွင်း အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်ဝယ်လက်ရှိတဲ့ ရက်များ တစ်နေ့ အိတ် ၂ဝဝ ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
အိန္ဒိယတွင် ကုလားပဲဖြူလုံးကြီး ဈေးဆက်လက်မြင့်မားမည်ခန့်မှန်းကြ အိန္ဒိယမှာ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်တွေမှ ဝယ်လို အားကောင်းနေခြင်း၊ ကြိုပွိုင့်ဈေးနှုန်းတွေ မြင့်မား ခြင်းတို့ကြောင့် လက်ငင်းဈေးနှုန်းများလည်း တစ်ကွမ်တယ်လ်ကို ၁ဝ ရူပီးမြင့်မားလာကြောင်း သိရပါတယ်။ လက်ရှိ ဈေးကွက် ပေါက်ဈေးနှုန်းမှာ တစ်ကွမ်တယ်လ်ကို ၂၅ဝဝ-၂၅၁ဝ ရူပီး(တစ်တန်ကို ကန်ဒေါ်လာ ၅၅၆-၅၅၈ ဝန်းကျင်) ဖြစ် ကြောင်း သိရပါတယ်။ ဝယ်လိုအားမြင့်မားနေတာကြောင့် ဆက်လက်ဈေးမြင့် ကာ တစ်ကွမ်တယ်လ်ကို ၂၇ဝဝ-၂၈ဝဝ ရူပီး(တစ် တန်ကို ကန်ဒေါ်လာ ၆ဝဝ-၆၂၂ ဝန်းကျင်) ထိရောက်ရှိနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ပပ၊Source:thehindubusiness.com
ပြည်ပဲနီပြား အဝင်ပါးပြီး ဈေးငြိမ်နေ ပဲခူးတိုင်းဒေသကြီးအနောက်တွင် ပဲနီပြားကို နတ်တလင်း၊ ရွှေတောင်(ကျီးသဲ) မြို့နယ်များတွင်သာ စိုက်ဧက အနည်းငယ်စိုက်ပျိုးခဲ့ပြီး ယခုဆိုရင် တောင်သူများ လက်ဝယ်တွင် ပဲလက်ကျန်မရှိတော့ဘဲ မျိုးပဲလောက်သာ ကျန်ရှိကြတော့တဲ့ အတွက် ပြည်ဈေးကွက်သို့ ပဲနီပြားဝင်ရောက်မှု မရှိသလောက်ဖြစ်ခဲ့ပါတယ်။ ဈေးကွက်အတွင်း လက်လီသမားများ နေ့စဉ်အဝယ်ရှိပြီး တစ်ရက်ကို ၃ဝ အိတ်ခန့် လက်ကျန်ပဲများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ပဲနီပြားဈေးနှုန်းမှာ ယခင်နှစ်က ဇွန်လအတွင်း တစ်တင်း ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်း ရခဲ့သော်လည်း ယခုနှစ်မှာတော့ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ငွေဈေးနဲ့ ဝယ်လိုအားတောင်းဆိုမှုကြောင့် ဈေးမာလာတဲ့ ပဲစင်းငုံ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီဟာ ဇွန်လ ၁၂ ရက်က တစ်တင်းကို ၁၁၃ဝဝ ကျပ်အထိ အနိမ့်ဆုံး ရောက်ခဲ့ရာက ဇွန်လ ၁၅ ရက်မှာ ပို့ကုန်ဝင်ငွေတန်ဖိုးတွေ တက်လာလို့ဆို ပြီး ၁၃ဝဝဝ ကျပ်ဈေးထိပြန်လည် မြင့်တက်ခဲ့ပါတယ်။ ယနေ့ ဇွန် ၁၇ ရက်ဆို ၁၃၄ဝဝ ကျပ်ထိ ရောက်လာပါတယ်။ ဒါပေမဲ ပြည်ပဝင်ငွေတန်ဖိုးမြင့်ရုံနဲ့ ပဲဈေးက ကြာကြာခံမှာ မဟုတ်ပါဘူး။ နောက်ဆုံးသုံးစွဲသူဖြစ်တဲ့ အိန္ဒိယရဲ့ ဝယ်လိုအား တောင်းဆိုမှု တက်လာမှ ဈေးကွက်ကခိုင်မာမှာ ဖြစ်ကြောင်းပါ။ ယခုတော့ ကံအားလျော်စွာ အိန္ဒိယအဝယ်ကလည်း တက်လာတယ်လို့ လေ့လာသိရှိရပါတယ်။ ပဲစင်းငုံအသစ် ထက် ဈေးပေါတဲ့ အရင်နှစ်က ပဲစင်းငုံအဟောင်းကို သူတို့ပိုပြီး ဝယ်ချင်နေတယ်လို့ သိရကြောင်းပါ။ မောင်မောင်အေး
မူဆယ်မှ ပဲယင်းအပို့ရှိနေ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၃၄ သန်း တန်ဖိုးရှိ ပဲယင်းတန် ၂၂ဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုထက် ၁၄၅ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေးပြောင်းလဲမှုမရှိသော်လည်း မိမိတို့ဘက် မြေပြင်ဈေးမှာ ကျလျက်ရှိနေပါတယ်။ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၂၉၁၆၈ ၃၄ဝ၃ဝ၉ ၁၈၈၅၉ ၆ ၆၁၇ ၆၁၇ - -MIRT (DOBT)
ရောင်းလိုအားများလို့ ဈေးလျော့အဝယ်ရှိလာတဲ့ ပြည်ပဲကြီး ယခုတစ်ပတ်ပြည်ပဲကြီးဈေးကွက်တွင် အခြားတိုင်းမှဝင်ရောက်မှုမရှိဘဲ ဒေသတွင်းမှအနည်းငယ်သာဝင် ရောက်မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ပဲကြီး (ရွှေကျွန်း) တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅၅ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်လာခဲ့ပြီးယခုတစ်ပတ်အတွင်း တောင်သူတွေမှအပ်ပဲများ ထုတ်ရောင်း လာကြတာကြောင့် ဝယ်လက်များမှ ပဲကြီး(ရွှေကျွန်း)တစ်တင်း ၁၆၅ဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ် ထက်တစ်တင်း ၅ဝဝ ကျပ်ဈေးလျော့အဝယ်ရှိခဲ့တာကိုတွေ့ရပါတယ်။ ပဲကြော်ဖိုသမားရော လိုင်း သမားများပါ အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ် ၂၅ဝ မှ ၃ဝဝ အထိအရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း