Main menu

Background

Thursday, 26 May 2011

 နယ်စပ်အပို့တက်               ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်စခန်းများကနေ ကန်ဒေါ်လာ ၇ ဒသမ ၃၆၂သန်းတန်ဖိုးရှိ ရော်ဘာ ၁၄၅၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၇ဝဝ ကျော်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ၂ ဆကျော် ပိုမိုခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ အမိုျးအစားတွေကတော့ မူဆယ်မှ RSS-3  ၄၈၁ တန်၊RSS-5 ၁၈ တန်၊ MSR (50) ၁၅၈ တန် နဲ့ MSR (20)  တန် ၂၄၅ တန်၊ ချင်းရွှေဟော်မှ RSS-1 တန် ၅ဝ၊RSS-3  ၄ဝ၆ တန်တို့ ဖြစ်ပြီး မြိတ်စခန်းမှ RSS-3 တန် ၅ဝ နဲ့MSR (50) တန် ၅ဝ၊ အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက် ရော်ဘာ ဈေးနှုန်းများပြောင်းလဲမှု မရှိပေမယ့် တဘက်နိုင်ငံဈေးနှုန်းများတက်တာကိုတွေ့ရှိရပါတယ်                               မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု             ယခင်    ပြောင်းလဲမှု      %      ယခု          ယခင်   ပြောင်းလဲမှု      %RSS-3      ၄၁၃၅၄၂ဝ     ၄၁၃၅၄၂ဝ     -                        ၅ဝ၇ဝ        ၅ဝ၆၄     ၆              ဝ .၁RSS-5      ၄၁ဝဝ၂၁ဝ     ၄၁ဝဝ၂၁ဝ     -                        ၄၉၉၃       ၄၉၈၈      ၅              ဝ .၁MIRT (DOBT)

Thursday, 26 May 2011

ပင်လယ်ရေကြောင်းတင်ပို့မှု အပို့ကျ                 ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၉ သန်း တန်ဖိုးရှိ ရော်ဘာ ၂၂၇ တန်ကို စင်္ကာပူတစ်နိုင်ငံတည်း ကိုသာ တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုကျဆင်းခဲ့တာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှုကျဆင်းခဲ့ပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၁၄ဝဝ ကျော်တင်ပို့နိုင် ခဲ့တာတွေ့ ရပါတယ်။ FOB  ရန်ကုနု်ဈေးတွေကတောRSS-3  တစ်တန်ကို ၄၈ဝဝ ဒေါ်လာ ၊RSS-5 တစ်တန်ကို ၄၇ဝဝ ဒေါ်လာနဲ့ MSR-20  တစ်တန်ကို ၄၈ဝဝ ဒေါ်လာဖြစ်ကြောင်းသိရပါတယ်။KZW

Thursday, 26 May 2011

အိန္ဒိယ STC  အေဂျင်စီမှ လက်တင်အမေရိကားမှာ ပဲမျိုးစုံကို ကန်ထရိုက် လယ်ယာစနစ်နဲ့ စိုက်ပျိုးမှု စတင်တော့မယ                 အိန္ဒိယနိုင်ငံဟာ ကြီးထွားနေတဲ့ ပြည်တွင်းပဲလိုအပ်ချက် နဲ့ ရောင်းချနိုင်မှုအကြား ကွာဟချက်ကိုဖြည့်ဆည်းဖို့ အလားတူ အခြားနိုင်ငံများက ပဲတင်သွင်းရမှုကို လျှော့ချဖို့အတွက် ဧပြီလ ၁ ရက်မှာ စတင်တဲ့ လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပပဲမျိုးစုံ ကန်ထရိုက်လယ်ယာစနစ်စိုက်ပျိုးမှု စတင်ဖို့ နိုင်ငံပိုင် STC  အေဂျင်စီမှ အဖွဲ့ဝင်ကုမ္ပဏီ ၇ ခုကို ဦးဆောင်သွားမယ်လို့ ဥက္ကဌN K Mathur က ပြောကြားပါတယ်။                   STCဦးဆောင်တဲ့ အဲဒီအုပ်စု ဆောင်ရွက်မယ့် ကန်ထရိုက်လယ်ယာပရိုဂျက်ဟာလက်တင်အမေရိကား တစ် နိုင်ငံမှာ စတင်မှာဖြစ်ပြီး စိုက်ပျိုးမြေများကို စမ်းသပ်ပြီး သွားပြီ လို့ ၎င်းက ဆိုပါတယ်။ အဲဒီအုပ်စုကို နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနဲ့ ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ဂံျုနဲ့ဆန်စတဲ့အဓိကသီးနံှများလို စားနပ် ရိက္ခာလိုအပ်မှု အများစုကို ပြည်တွင်းဖူလုံမှုရှိပေမဲ့ နိုင်ငံရဲ့ အဓိကပရိုတိန်းအစာဖြစ်တဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှအချို့ကို တော့ တင်သွင်းဖို့ လိုအပ်လျက်ရှိပါတယ်။ လူဦးရေကြီးထွားခြင်းနဲ့အတူ စိုက်ဧရိယာတိုးတက်မှုမရှိခြင်းတို့ကြောင့် လာမယ့် နှစ်များမှာ စားနပ်ရိက္ခာတင်သွင်းဖို့ လိုအပ်ချက်တိုးတက်လာ လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်အချို့က ဆိုပါတယ်။ ပြည်ပနိုင်ငံများမှ ကန်ထရိုက်လယ်ယာပရိုဂျက် အောင်မြင်မယ်ဆိုရင် အခြားစီးပွားရေးပရိုဂျက်များအတွက် အဓိက ကျတဲ့ နမူနာစံပြဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တင်အမေရိကားအနေနဲ့ ပဲမျိုးစုံ များများစားစား စိုက်ပိုျးခြင်း မရှိလို့ ထုတ်လုပ်မှု အောင်မြင်နိုင်ခြေရှိမရှိကိုတော့ စမ်းသပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။                လက်ရှိအချိန်ထိ ပဲမျိုးစုံတင်သွင်းဖို့ မြန်မာနိုင်ငံကို အဓိက မှီခိုနေရတာဖြစ်လို့ ဈေးနှုန်းအပြောင်းအလဲ များ လျက် ရှိနေပါတယ်။ STC  အနေနဲ့ ပရိုဂျက်အုပ်စုမှ ထွက်ရှိမှု အားလုံးကို ဈေးကွက်ရှာဖွေသွားမယ်လို့ Mathur  က ဆိုပါ တယ်။ အိန္ဒိယရဲ့ ပဲမျိုးစုံလိုအပ်ချက်နဲ့ ရောင်းချမှုအကြား ကွာဟချက်ဟာ ယခုနှစ်မှာ တန်ချိန် ၃ သန်းခန့်ရှိရာမှ နောက် ၁ နှစ် ၊ ၂ နှစ်အတွင်း တန်ချိန် ၄ သန်းအထိ မြင့်တက်ဖွယ်ရှိပါတယ်။ ယခင်နှစ်က မုတ်သုံမိုးကောင်းခြင်းနဲ့ အစိုးရအေဂျင်စီ များက လယ်သမားများကို အနိမ့်ဆုံးဈေးနှုန်းမြှင့်တင်ပေးခဲ့တဲ့ အတွက် ပဲထုတ်လုပ်မှု တန်ချိန် ၁၇ ဒသမ ၂၉ သန်းအထိ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနဟာ တောင်သူများ ပဲမျိုးစုံ တိုးမြှင့်စိုက်ဖို့ အားပေးတဲ့အနေနဲ့ ၂ဝ၁၁-၁၂ အတွင်း အဓိက ပဲ ၃ မျိုးရဲ့ ဝယ်ယူဈေးများကို တိုးမြှင့်ဖို့တင်ပြထားကြောင်း သိရပါတယ်။ ယမင်းးရွှေစင်၊Source:commodityinsights.com

Thursday, 26 May 2011

မော်ရိုကိုက ပဲမျိုးစုံနဲ့ သံလွင်ဆီ ဝယ်ယူဖို့ အိန္ဒိယစိတ်ဝင်စားနေ               အိန္ဒိယနိုင်ငံဟာ မော်ရိုကိုနိုင်ငံက ပဲမျိုးစုံ၊ သံလွင်ဆီနဲ့ ဓာတ်မြေသြဇာများ ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း အိန္ဒိယ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမတ်စ်က မော်ရိုကို ပြည်ပကုန်သွယ်ရေးဝန်ကြီး Abdeltatif Maazous နဲ့ နယူးဒေလီမှာ ဧပြီလ ၂၉ ရက်နေ့က တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မော်ရိုကိုဝန်ကြီးကလည်း အိန္ဒိယက ဂံျုနဲ့ ဆန်ကို လိုချင်နေတယ်လို့ သိရပါတယ်။               အိန္ဒိယနိုင်ငံဟာ ဂံျုနဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့မှုကို ပိတ်ပင်ထားပေမဲ့ သံတမန်ဆက်ဆံရေးအရ ဂံျုပမာဏ အနည်းငယ်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံက ဆန်နဲ့ ဂံျုထပ်မံဝယ်ယူဖို့ မော်ရိုကိုရဲ့ တောင်းဆိုမှုကို ပြည်ပရေးရာ ဝန်ကြီးဌာနက စဉ်းစားသွားမှာဖြစ်ပြီး ပုဂ္ဂလိကအချင်းချင်း သို့မဟုတ် အစိုးရအချင်းချင်း အစီအစဉ်အရ တင်ပို့သွားမယ် ဆိုတာတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။ ကေဗွီသောမတ်စ်ကလည်း မော်ရိုကိုက သံလွင်ဆီနဲ့ ပဲမျိုးစုံ ထပ်မံတင်သွင်းဖို့လည်း ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရပါတယ်။ ၂ဝဝ၈-ဝ၉ ခုနှစ်အတွင်း ၂ နိုင်ငံကြား ကုန်သွယ်မှုဟာ ကန်ဒေါ်လာ ၁ ဒသမ ၁၉ ဘီလီယံရှိတယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: commodityonline

Thursday, 26 May 2011

ငွေကြေးဖောင်းပွမှု မြင့်တက်နေတာကြောင့် ကုန်ပစ္စည်းများသိုလှောင် စုဆောင်းထားဖို့ ဗီယက်နမ်နိုင်ငံစီစဉ်                 ဗီယက်နမ်အစိုးရဟာ ပြည်တွင်းကုမ္ပဏီများမှ ဆန်နဲ့ အခြားကုန်ပစ္စည်း ၄ မျိုးကို သိုလှောင်ဖို့ လိုအပ်ချက် တွေစီစဉ်နေတယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ တင်ပြချက်အသစ်အရ ပြည်တွင်းရောင်းချမှု ဖူလုံဖို့နဲ့ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် ဗီယက်နမ်ကုမ္ပဏီများဟာ ဆန်၊ သကြား၊ စတီး၊ ဓါတ်မြေသြဇာနဲ့ တိရစ္ဆာန်အစာများ သိုလှောင်သွားမှာ ဖြစ်ပါတယ်။ အရေးပါတဲ့ အဲဒီကုန်စည်များ ရောင်းဝယ်နေတဲ့ ကုမ္ပဏီများဟာ ၎င်းတို့ သိုလှောင်ထားရှိမှုရဲ့ ၃ ရာခိုင်နှုန်းနဲ့ ၁၂ ရာခိုင်နှုန်းအတွင်း ချန်လှပ်ထားရမယ်လို့ ဝန်ကြီးဌာနရဲ့ မူကြမ်းမှာပါရှိကြောင်း သိရပါတယ်။ အပြန်အလှန် အားဖြင့် ယင်းကုမ္ပဏီများဟာ အတိုးနှုန်းနည်းတဲ့ ချေးငွေရရှိခွင့် ရှိမယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ ဈေးကွက်အခြေအနေပေါ်မူတည်ပြီး သိုလှောင်ဖို့ လိုအပ်တဲ့ ကုန်သည်အရေအတွက်ကို ယင်းဝန်ကြီးဌာနက ဆုံးဖြတ် သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးကွက်ပေါက်ဈေး ထက် ၁ဝ ရာခိုင်နှုန်း ခန့် လျော့ကျတဲ့ ဝန်ကြီးဌာနက သတ်မှတ်တဲ့ဈေးနဲ့ ယင်းသိုလှောင်ပစ္စည်း တွေကို ရောင်းချသွားရမယ်လို့လည်း သိရပါတယ်။ ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုဟာ ယခင်နှစ်ထက် ၁၇ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အထူးသဖြင့် စားနပ်ရိက္ခာနဲ့ အစားအသောက်ဈေးနှုန်း ဟာ ယခင်နှစ်ထက် ၂၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လဝန်း Source: Thanh Nien

Thursday, 26 May 2011

ပဲကြီး နယ်စပ်အပို့တိုးတက်                 ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ပဲကြီး ၁၆၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၈၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၇ဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ၂ ဆကျော် ပိုမိုလာတာကို တွေ့ရှိရပါတယ်။ MIRT (DOBT)

Thursday, 26 May 2011

မတ်ပဲလည်း နယ်စပ်က အနည်းအကျဉ်းပို့              ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဒေါ်လာ ဝ ဒသမ ဝ၁၆ သန်းတန်ဖိုးရှိ မတ်ပဲ ၁၈ တန်ကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ပထမဆုံးအကြိမ်အနေနဲ့ စတင် တင်ပို့လိုက်ပြီဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာတော့ မတ်ပဲ ၈၆၂၂ တန် တင်ပို့ခဲ့ပါတယ်။ မိမိဖက်မှာ မတ်ပဲတစ်တန်ကို ၇၃၅၂၄ဝ ကျပ်ဈေးရပြီး တစ်ဖက်နိုင်ငံဈေးကတော့ ၉၉၉ ဒေါ်လာ ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOBT)

Thursday, 26 May 2011

ထောပတ်ပဲ နယ်စပ်အပို့ဆက်ရှိနေ            ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ထောပတ်ပဲ ၂၇၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၂၄၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၁၄ဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ၂ ဆနီးပါးမြင့်တက်လာတာတွေ့ရပါတယ်။    MIRT (DOBT )

Thursday, 26 May 2011

နယ်စပ်အပို့လည်း တဖြည်းဖြည်းတက်လာ             ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ်ကုန်သွယ်ရေး ဇုန်ကနေ ပဲယင်း ၄၅၅ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၃၂၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၃ဝဝ နီးပါးတင်ပို့ခဲ့တာကြောင့် ယခုအပတ် တင်ပို့မှု ပိုမိုတိုးတက်လာတာတွေ့ရှိရပါတယ်။ မိမိဘက်ပေါက်ဈေးက တစ်တန် ၄၂၅၅ဝဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံဈေးနှုန်း ၅၅၈ ဒေါ်လာဖြစ်ကြောင်း သိရှိရပါတယ်။     MIRT (DOBT )

Thursday, 26 May 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင် အားကောင်းနေဆဲ                    ပြည်ပဝယ်လိုအားကောင်းတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲများကတော့ အပတ်စဉ် တင်ပို့မှု အားကောင်း နေပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ ထောပတ်ပဲ တန် ၅ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများအနေနဲ့ ထောပတ်ပဲကို တောင်ကိုရီးယားနဲ့ ဂျပန်ကို အများဆုံးဖြစ်ပြီး မြေထောက်ပဲကိုတော့ ရုရှား၊ မလေးရှား၊ အိန္ဒိယနဲ့ စင်ကာပူတို့ကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလ တစ်လလုံးတင်ပို့မှုအနေနဲ့ ထောပတ်ပဲတန် ၂၃ဝဝ ကျော်၊ မြေထောက်ပဲတန် ၁ဝဝဝ နီးပါး ရှိပြီး မတ်လမှာ ထောပတ်ပဲတန် ၈ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၉ဝဝ ခန့်ရှိခဲ့ပါတယ်။ ယခင်နှစ် ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ ထောပတ်ပဲ တန် ၂၇ဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၁၄ဝဝ ကျော်ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ အနည်းငယ်လျော့ကျခဲ့တာ တွေ့ရပါတယ်။    MIRT- MAPT

Pages