Main menu

Background

Wednesday, 30 Mar 2011

 အိန္ဒိယဈေးကွက်မှာ တစ်လအတွင်း မြန်မာပဲစင်းငုံဈေး သိသိသာသာကျ                အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း မြန်မာပဲစင်းငုံဈေးက ဖေဖော်ဝါရီနဲ့ မတ်လကာလတူအတွင်း သိသိသာသာ ကျခဲ့ပါတယ်။ ပြည်တွင်းပဲအထွက် မြင့်တက်မယ့် မျှော်လင့်ချက်တွေအရ ဈေးထပ်ကျဆင်းမယ့် ခန့်မှန်းချက်တွေနဲ့ ကုန် သည်များဝယ်ယူမှုနည်းတဲ့အပြင် ရိတ်သိမ်းရာသီပဲအသစ်များ ဈေးကွက်ဝင်ရောက်မှု တိုးလာတာကြောင့် ခုလိုဈေးဆက်တိုက်ကျဆင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ မွန်ဘိုင်းနဲ့ ဒေလီဈေးကွက်များမှာ ဖြစ်ပေါ်ခဲ့တဲ့ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                          ဒေါ်လာ/တန်                       မွန်ဘိုင်း               ဂူဘာကာ၂၄-၃-၁၁           ၇၆၆                ၈၃၈-၈၉၃၂၄-၂-၁၁        ၇၈၈-၇၉၃               ၈၄၅MIRT-MAPT

Wednesday, 30 Mar 2011

ပဲစင်းငုံတင်ပို့မှု သိသိသာသာလျော့ကျ                   ယခုတစ်ပတ် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန် ၃ဝဝဝ ကျော်ကို လျော့ကျခဲ့ သလို ယခုသီတင်းပတ်(မတ်လ ၁၇ ရက်မှ ၂၃ ရက်)မှာလည်း တန်ချိန် ၂ဝဝဝ ကျော် ကို ဆက်လက်ကျဆင်းခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းပဲစင်းငုံ အသစ်တွေ ဝင်ရောက်မှု တိုးတက်လာတာကြောင့် မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျလာခဲ့တာဖြစ်ပါတယ်။ ယခုသီတင်းပတ် ပြည်တွင်းဈေးကွက်မှာလည်း ပြည်ပအဝယ်နည်းတာကြောင့် တစ်ပတ်လုံး ဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ သီတင်း ပတ်နောက်ဆုံးရက်မှာတော့ ဈေးပြန်မတ်လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ မတ်လ ၂၅ ရက်မှာ ပဲစင်းငုံနီ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ၊ ဖြူနီနဲ့အဖြူ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝနဲ့ ပဲစင်းငုံနီ (အဟောင်း) FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Wednesday, 30 Mar 2011

ပြည်မတ်ပဲဈေးပြန်မာလာ                ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး စစ္စရံ၊ သက်ကယ်မြှောင်နဲ့ ပြည်ပတ်ဝန်းကျင်နယ်များမှ မတ်ပဲများအဝင်များနေပြီး တစ်နေ့ကို အိတ် ၆ဝဝ- ၇ဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ယခင်တစ်ပတ်က မိုးရွာသွန်းမှုကြောင့် အရောင်းအဝယ်အေးခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းလှောင်လက်သမား၊ ရန်ကုန်ဝယ်လက်များ အဝယ်များနေလို့ မတ်ပဲတစ်တင်းဈေးမှာ ၂၃၅ဝဝ-၂၃၈ဝဝ ကျပ်နဲ့ ဈေးအနည်းငယ်တက်ခဲ့ပြီး၊ နေ့စဉ် ဝင်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး အနောက် တစ်တိုင်းလုံးမှ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ ပဲစီးဆင်းမှုကတော့ ပျမ်းမျှ တစ်နေ့ကို ၅၇ဝဝ အိတ်ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                                   မိမိအေး

Wednesday, 30 Mar 2011

ဟင်္သာတမတ်ပဲဈေးပြန်အေး                ဟင်္သာတဈေးကွက်အတွင်းသို့ မတ်ပဲသစ်များ ဝင်ရောက်မှုနည်းသွားလို့ ရောင်းဝယ်မှုလည်း ယခင်တစ်ပတ်ထက် ပိုအေးသွားပါတယ်။ ရန်ကုန်ဝယ်လက်များ အဝယ်ရှိသော်လည်း မိုးရွာသွန်းမှုကြောင့် ပဲအိတ် ၅ဝဝ မှ ၈ဝဝ သို့သာ အဝင်ရှိပြီး ပိဿာ ၂ဝ ဝင် ပဲတစ်တင်းကို ယခုတစ်ပတ်တွင် ၂၃၆ဝဝ ကျပ်ဈေးသို့ ပြန်အေးသွား ပါတယ်။ တင်ပို့မှုအနေဖြင့် ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း တစ်တင်းခွဲ ဝင်အိတ် ၇၅ဝဝ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။                                         အေးအေးခိုင်

Wednesday, 30 Mar 2011

မုံရွာတစ်ဖက်ကမ်းတွင် ဆောင်းမတ်ပဲများ စတင်ရိတ်သိမ်း                    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်ပဲ (ဆောင်း) စိုက်ပိုျးရန်လျာထား ဧက ၁ ဒသမ ၄၅ သိန်းအနက် ၁ ဒသမ ၅ သိန်းကျော် ၁ဝ၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ရာ မုံရွာတစ်ဖက်ကမ်း ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များတွင် မတ်ပဲများ စတင်ရိတ်သိမ်းနေကြပြီး ဧပြီလလောက်တွင် မတ်ပဲ (ဆောင်း) အသစ်များ စတင် ထွက်ပေါ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပဲအသစ်ပေါ်ခါနီးလို့ လက်ကျန် အဟောင်း ပဲများကုန်အောင် တောင်သူနဲ့ ကုန်သည်တွေ ထုတ်ရောင်းနေကြလို့ မတ်ပဲ ဈေးအေးသွားကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ မတ်ပဲ တစ်ပိဿာပေါက်ဈေး မတ်လ ပထမပတ်မှာ ၁ဝ၆၅ ကျပ်မှ ဒုတိယပတ်မှာ ၁၁၅ဝ ကျပ်သို့ တက်သွားပြီး တတိယပတ်မှာ ၁ဝ၈၅ ကျပ်သို့ ဈေးပြန်အေးသွားကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ မတ်ပဲတင်း ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း မုံရွာမြို့မှ မန္တလေးမြို့သို့ မတ်ပဲတင်း ၄ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။                    သန်းးသန်းးတင်

Wednesday, 30 Mar 2011

တစ်လအတွင်း အိန္ဒိယမတ်ပဲဈေး ပြောင်းလဲကွာခြားမှုနည်း                      အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲဈေးက ဖေဖော်ဝါရီနဲ့ မတ်လကာလတူ ဈေးနှုန်း ကွာခြားမှုနည်းတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ မတ်ပဲလက်ကျန် အကန့်အသတ်ရှိပေမဲ့ ပဲအသစ်ဝင်ရောက်မယ့် မျှော်လင့်ချက် တွေအရ အဝယ်နည်းနေတာကြောင့် ဈေးအပြောင်းအလဲ သိပ်မရှိတာဖြစ်ကြောင်း သိရပါတယ်။ လာမယ့်လမှာ ပဲအသစ်ဝင်ရောက်မှု တိုးလာမှာဖြစ်လို့ ဈေးနှုန်းအကျ ဘက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းနဲ့ ချန်နိုင်းဈေးကွက်မှာရှိတဲ့ မြန်မာမတ်ပဲဈေးများ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                   ဒေါ်လာ/တန်                    မွန်ဘိုင်း            ချန်နိုင်း ၂၄-၃-၁၁          ၉၁ဝ           ၉၅ဝ- ၁၁ဝ၂ ၂၄-၂-၁၁          ၈၉၃           ၉၂ဝ-၁ဝ၄၁                                                                    MIRT(MAPT)

Wednesday, 30 Mar 2011

မတ်ပဲတင်ပို့မှု အနည်းငယ်လျော့ကျ                 ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုအနေနဲ့ မတ်ပဲတန် ၈ဝဝဝ နီးပါးတင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁၇ ရက်မှ ၂၃ ရက်) အတွင်း မှာတော့ တန် ၅၅ဝဝ ကို အနည်းငယ်လျော့ကျတင်ပို့လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာလည်း လက်ကျန်ရှိနေပြီး ဈေးကျဆင်းနေတာကြောင့် မြန်မာ့မတ်ပဲ ဝယ်အားမတက်လာတဲ့အတွက် တင်ပို့မှု ကျဆင်းခြင်းဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ လက်ရှိပြည်တွင်း ဈေးကွက်အတွင်းမှာ မတ်ပဲဈေး ဆက်တိုက်အေးခဲ့ရာက မတ်လ ၂၅ ရက်မှာတော့ ဈေးပြန်မတ်လာပြီး အရောင်း အဝယ်အသင့်အတင့် ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်သီတင်းပတ်ကတည်းက တည်ငြိမ်လာခဲ့ရာ မတ်လ ၂၅ ရက်မှာလည်း မတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၉၂ဝ-၉၄ဝ နဲ့  SQ တစ်တန် ကန်ဒေါ်လာ ၁ဝ၄ဝ- ၁ဝ၆ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT 

Pages