Background
ပင်လယ်ရေကြောင်း အပို့လျော့ မတ်လ ၁ ရက်မှ ၇ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၉၄၂ တန်၊ တန်ဖိုး ဝ ဒသမ ၂၃၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ယခင်အပတ်က တန် ၂၅ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု သုံးပုံတစ်ပုံခန့် လျော့ကျသွား ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ ပနားမားကို တန် ၇၅ဝ နဲ့ စင်္ကာပူကို ၁၉၂ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းတင်ပို့မှုလျော့ကျပေမဲ့ နယ်စပ်တင်ပို့မှုကတော့ အားကောင်းဆဲဖြစ်ကြောင်း သိရပါတယ်။ (ရန်ကုန်) ဈေးနှုန်းကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိကြောင်း သတင်းရရှိပါတယ်။ KZW
အိန္ဒိယရော်ဘာလိုအပ်ချက်တန် တစ်သိန်းကျော် အိန္ဒိယ တာယာထုတ်လုပ်ရေးများဟာ လာမယ့်နှစ်မှာ ထုတ်လုပ်မှုပိုမိုတိုးမြှင့်ဖို့ ကြိုးစားနေကြပြီး ပြည်တွင်း ရော်ဘာအထွက်နှုန်းကတော့ လျာထားချက်အောက် ၅ ရာခိုင်နှုန်းလျော့နည်းမှာ ဖြစ်ကြောင်းသိရပါ တယ်။လာမယ့်ရာသီမှာ စက်မှုလုပ်ငန်းတွေလည်ပတ်ဖို့အတွက် ရော်ဘာတန်ချိန် ၁ ဒသမ ၂ သိန်းလိုအပ် ကြောင်း ခန့်မှန်းထားပါတယ်။၂ဝ၁၁- ၂ဝ၁၂ အတွင်းမှာ သွင်းကုန်တန်ချိန် ၁ ဒသမ ၇ သိန်းတင်သွင်းမှာဖြစ်ပြီး ဝယ်လိုအားကို ရင်ဆိုင်ဖို့အတွက် ရော်ဘာစိုက်ဧက ဟက်တာ ၁၄ဝဝဝ ကို ထပ်မံတိုးခဲျ့စိုက်ပျိုးလျက်ရှိရာ ၂ဝ၁၂ မှာ အစေးထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ဒါပေမဲ့အဲဒီ စိုက်ခင်း တွေကနေ တစ်နှစ်ကို တန် ၁၄ဝဝဝ သာ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ရော်ဘာ ထုတ်လုပ်မှုက တန်ချိန် ၈ ဒသမ ၅၁ သိန်းထွက်ရှိမယ်လို့ ခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်းတိုးတက်ကာ သုံးစွဲမှုအနေနဲ့ ၁ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၉ ဒသမ ၄၈ သိန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။၂ဝ၁၁- ၂ဝ၁၂ ထုတ်လုပ်မှုနဲ့သုံးစွဲမှုကတော့ တန်ချိန် ၂ သိန်းကျော်မယ်လို့ မျှော်လင့်ရကြောင်း မော်တော်ကားတာယာ ထုတ်လုပ်သူများ အသင်း (ATMA) ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ အဲဒီအသင်းက ဝယ်လိုအားကို ရင်ဆိုင်ဖို့ အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်တောင်းဆိုထားကြောင်း သိရပါတယ်။ရော်ဘာဈေးနှုန်းက ဖေဖော်ဝါရီလမှာ တစ်ကီလိုဂရမ်ကို ၂၄ဝ ရူပီး (၅ ဒသမ ၄ ဒေါ်လာ) သို့ရောက်ရှိခဲ့ပါတယ်။ KZW,Source: Commodity online
ရော်ဘာဈေးနှုန်းများ အနည်းငယ်ကျ သဘာဝရော်ဘာဈေးနှုန်းဟာ ကမ္ဘာ့ဈေးကွက်မှာ တစ်ကီလိုဂရမ်ကို ရူပီး ၂၂၇ (၅ ဒေါ်လာ) နဲ့ အိန္ဒိယ ပြည်တွင်း ဈေးကွက်မှာ တစ်ကီလိုဂရမ်ကို ရူပီး ၂၃ဝ (၅ ဒသမ ၁၄ ဒေါ်လာ) ရောက်ရှိပြီး ဈေးအနည်းငယ် ကျဆင်းကြောင်း နဲ့ မလေးရှားကဲ့သို့သော အဓိကကမ္ဘာ့ဈေးကွက်များမှာလည်း ရော်ဘာဈေးနှုန်း အနည်းငယ် ကျဆင်းသွားကြောင်း အိန္ဒိယ ရော်ဘာရောင်းဝယ်သူများအသင်းလည်း ပြောကြားပါတယ်။ ဘန်ကောက် နိုင်ငံတကာဈေးကွက်မှာတော့ တစ်ကီလိုဂရမ်ကို ရူပီး ၂၇ဝ (၆ ဒေါ်လာ) ရှိကြောင်း သိရပါတယ်။ လစ်ဗျား မငြိမ်သက်မှုပိုမိုလာခြင်းရဲ့ အကျိုးဆက်က ရေနံဈေးနှုန်းကို သက်ရောက်ပြီး နောက်ဆက်တွဲအနေနဲ့ ကားရောင်းချမှုကို ထိခိုက်နိုင်တာကြောင့် တရုတ်ကလည်း ရော်ဘာ အဝယ် လျော့ နည်းနေပါတယ်။ ဒါ့အပြင် တောင်သူတွေကလဲ ဈေးကျမှာစိုးရိမ်ပြီး ဈေးကွက်ထဲကို လှောင်ကုန်တွေ ထုတ်ရောင်း နေကြကြောင်း သတင်းရရှိပါတယ်။ KZW, Source: Business Standard
ရော်ဘာဈေးအနည်းငယ်ပြန်ကျသွားသော်လည်း ခဏတာသာခန့်မှန်း အရှေ့အလယ်ပိုင်းဒေသမှ မငြိမ်သက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန် မှုတွေ ကြောင့် ယခုတစ်ပတ်တွင် တိုကိုျရော်ဘာကြိုပွိုင့်ဈေးနှုန်းအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ၎င်းကျဆင်းမှုက ရောင်းလိုအား တင်းကြပ်မှုကြောင့် အချိန်အကန့်အသတ်တစ်ခုအတွင်းသာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အိန္ဒိယရော်ဘာဈေးကွက်တွင် ဝယ်လိုအားနှေးကွေးမှုကြောင့် ရော်ဘာလက်ငင်းဈေးနှုန်း ကျဆင်းသွားခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့က တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် သြဂုတ်လ သင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၂ ဒသမ ၇ ယန်း (သုည ဒသမ ၆ ရာခိုင်နှုန်း) ဈေးကျသွားပြီး တစ်ကီလိုဂရမ်ကို ၄၇၃ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၅၇၃၄) နဲ့ ချုပ်ဆိုခဲ့ပါတယ်။ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးတွင်လည်း မတ်လသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းကတစ်တန်ကို ကန် ဒေါ်လာ ၅၈၅၆ ကိုဈေးကျသွားကြောင်း သတင်းရရှိပါတယ်။ မကြာခင်က တိုကျိုရော်ဘာကြိုပွိုင့်ဈေးနှုန်းက ရောင်းလိုအားတင်းကြပ်မှုနဲ့ တာယာစက်ရုံများရဲ့ ဝယ်လိုအားများမှုကြောင့် ဈေးမြင့်နိုင်ကြောင်း သုံးသပ်ရပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီလလယ်က စံချိန်တင်မြင့်တက်ခဲ့တဲ့ ဈေးနှုန်းလောက်တော့ မြင့်မားနိုင်မှာမဟုတ်ကြောင်းနဲ့ ဧပြီလတွင် ဈေးအနည်းငယ်ပြန်ကျသွားနိုင် ကြောင်း သုံးသပ်ထားပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ သဘာဝရော်ဘာဝယ်လိုအားက ကမ္ဘာ့ရော်ဘာ အသုံးပြုမှုရဲ့ ၄၈ ရာခိုင် နှုန်းကိုကိုယ်စားပြုနေပြီး ယခုနှစ်တွင် ပိုများမယ်လို့ သတင်းရရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက ၉ ဒသမ ၁ ရာခိုင်နှုန်း၊ အိန္ဒိယရဲ့ ဝယ်လိုအားက ၅ ရာခိုင်နှုန်းနဲ့ မလေးရှားရဲ့ ဝယ်လိုအားက ၇ ရာခိုင်နှုန်းအသီးသီးတက် သွားနိုင်ကြောင်း သုံးသပ် ထားပါတယ်။ အေးမွန်မွန်လှိုင်၊Source:commodityonline.com
နယ်စပ်စခန်းများမှ ရော်ဘာတန် ၁၃ဝဝ ကျော်တင်ပို့ မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ ၁၃၂ဝ တန်ကျော် ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၃၃ဝ ကျော်တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်ရော်ဘာတင်ပို့မှုများ ကတော့ မူဆယ်မှ တန် ၇၇ဝ၊ ချင်းရွှေဟော်မှ ၄၃၂ တန်ကျော်နဲ့ မြိတ်မှ တန် ၁၂ဝ တင်ပို့ခဲ့ပြီး ရော်ဘာအဆင့် အလိုက်တင်ပို့နိုင်မှုများကတော့ MSR- 50 ၂၈၃ တန်ကျော်၊MSR--20 ၁၁၆ တန်ကျော်၊RSS-3 ၈၇၉ တန်ကျော်နဲ့ RSS-5 ၄၃ တန်အသီးသီးဖြစ်ပါတယ်။ တရုတ် နိုင်ငံမှ စက်မှုလုပ်ငန်းများအတွက် ရော်ဘာဝယ်လိုအားရှိတဲ့အတွက် ဈေးကွက်အခြေအနေကို စောင့်ကြည့်ပြီး တင်ပို့လျက်ရှိပါတယ်။ယူနန်ပြည်နယ်အထိ မိမိတို့ရော်ဘာများရောက်ရှိနေတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ရော်ဘာ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ (ဒေါ်လာ/ တန်)RSS - 3 ၄၄၁၉၂၆ဝ ၅၁၆၃RSS - 5 ၄၁၆၉၇၈၅ ၄၇၈၃MIRT(DOBT)
ပင်လယ်ရေကြောင်းတင်ပို့မှု တန် ၁ဝဝဝ ကျော်ရှိ ပင်လယ်ရေကြောင်း အပို့လျော့ မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှာ ရော်ဘာ ၁၁၃၇ တန်၊ တန်ဖိုး ၄ ဒသမ ၈ဝ၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ကလည်း တန်ချိန် နှစ်ထောင်ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ရော်ဘာအထွက်နှုန်းကျတဲ့ရာသီဖြစ်တာကြောင့် လက်ကျန်နည်းနေပြီလို့ သိရပါတယ်။တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကိုRSS-3 ၂၅ဝ တန်၊ မလေးရှားကိုRSS-3 ၁၇၇ တန်၊ MSR-20 တန် ၄ဝဝ နဲ့ MSR-50 တန် ၄ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းတွေကတော့RSS-3 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ၊RSS-5 တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့MSR-20 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုကြောင့် တောင်ကိုရီးယားနိုင်ငံက ပြည်ပမှာလယ်ယာ ရင်းနှီးမြှုပ်နံှမှု တိုးတက်ဆောင်ရွက်ဖွယ်ရှိ ကမ္ဘာ့တတိယအများဆုံး ပြောင်းဝယ်ယူတဲ့ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကုန်ဈေးနှုန်း စံချိန်တင် မြင့်တက်မှုကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးမြှင့်တင်ဖို့ ကြိုးစားတဲ့ အနေနဲ့ ပြည်ပနိုင်ငံများမှာ ကောက်ပဲသီးနံှထုတ်လုပ်မှုကို တိုးမြှင့်နိုင်တယ်လို့ အစိုးရက ပြောကြားကြောင်းသိရပါတယ်။ ကမ္ဘာ့နံှစားသီးနံှ ဈေးနှုန်းက အလျင်အမြန်တိုးတက်နေတဲ့ အတွက် ပြည်ပနိုင်ငံတွေမှာ စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ် တွေ တိုးခဲျ့ဖို့ လိုအပ်လာပြီလို့ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြောကြားကြောင်း သိ ရပါတယ်။ အစိုးရအနေနဲ့ ကုမ္ပဏီတွေကို တတ်နိုင်သလောက် ထောက်ပံ့သွားမယ်လို့လည်း ပြောကြားကြောင်း သိရပါတယ်။ ပြောင်းနဲ့ ဂံျုအများဆုံးတင်သွင်းမှုအပေါ် မှီခိုနေရတဲ့ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းကြီးမြင့်မှုကြောင့် ဗဟိုဘဏ်က လွန်ခဲ့တဲ့ ၂ လအတွက် ရည်မှန်းထားတာထက် ကျော်လွန်ပြီး ငွေကြေးဖောင်းပွ မှုတွေ ဖြစ်စေခဲ့တာကြောင့် ပြည်တွင်းရောင်းချမှု တိုးမြှင့်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။ ရေနံဈေးနှုန်းကြီးမြင့်ခြင်းနဲ့ သီးနံှအထွက် လျော့ခြင်းတို့ကြောင့် စံချိန်တင်ထားတဲ့ ဈေးနှုန်းက ဆက် လက်ရှိနေဦးမယ်လို့ မတ်လ ၉ ရက်နေ့မှာ FAO ကပြော ကြား ပါတယ်။ ပြည်တွင်းနံှစားသီးနံှ ဖူလုံမှုက အလွန်နိမ့်ကျပြီး တိုးခဲျ့ စိုက်ဖို့ မြေကလည်း အကန့်အသတ်သာ ရှိတာကြောင့် ပြည်တွင်း ရောင်းချမှု တည်ငြိမ်စေရေး ပြည်ပလယ်ယာစိုက်ပိုျးဖို့ကို ကြိုးစားနေတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ ဆမ်ဆောင်းစီးပွားရေး သုတေသနတက္ကသိုလ်မှ သုတေသနပညာရှင် Kim Wha Nyeon က ပြောကြားပါတယ်။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းက ပြည်ပ ၁၆ နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးမှုမှာ ကုမ္ပဏီ ၆ဝ ခန့် ပါဝင်ဆောင်ရွက်နေပြီး မြေဟက်တာ ၂၄ဝဝဝ ခန့်ကနေ သီးနံှတန်ချိန် ၈၇ဝဝဝ ခန့်ထွက်ရှိခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောကြားပါတယ်။ FAO က ထုတ်ပြန်တဲ့ ဈေးနှုန်းညွှန်းကိန်းအရ ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ကနေဒါမှစပြီး သြစတြေးလျ နိုင်ငံတွေအထိ ရာသီဥတုကြောင့် သီးနံှပျက်စီးခြင်းနဲ့ အတူ ရုရှားနိုင်ငံကလည်း အဆိုးဝါးဆုံး မိုးခေါင်မှုကြောင့် သီးနံှတင်ပို့မှု ပိတ်ပင်ခဲ့တာကြောင့် ဈေးနှုန်းတွေမြင့်တက် လာတာဖြစ်ပါတယ်။ ဒါ့အပြင် မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတစ်လွှား နိုင်ငံရေးအုံြွကမှုကလည်း ဈေးနှုန်း ကို ပိုမိုတိုးတက်စေခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ၂ဝဝ၈ ခုနှစ် ဈေးနှုန်းတွေမြင့် တက် ပြီးတဲ့နောက် ၁ဝ နှစ်စီမံကိန်းအရ ၂ဝဝ၉ ခုနှစ်ကတည်း က ပြည်ပလယ်ယာလုပ်ငန်းတွေမှာ ကုမ္ပဏီများရင်းနှီးမြှုပ်နံှဖို့ ကူညီပေးခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ကိုရီးယား ကုမ္ပဏီများဟာ ရုရှားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အများဆုံး ရင်းနှီးမြှုပ်နံှကြတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ဂျပန်ပြီးရင် အာရှမှာ ဒုတိယ မြောက် နံှစားသီးနံှအများဆုံး တင်သွင်းသူဖြစ်ပြီး ယခုနှစ်မှာ ပြောင်း တန်ချိန် ၈ ဒသမ ၅ သန်း နိုင်ငံလိုအပ်ချက်ရဲ့ ၉၉ ရာခိုင်နှုန်း တင်သွင်းဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဂုံျတင်သွင်းမှုမှာ တတိယမြောက် အများဆုံးဖြစ်ပြီး ယခုနှစ်လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုန်းခန့်တင်သွင်းမယ်လို့ ှီ့ USDA စာရင်းများအရ သိရပါတယ်။ ယခင်နှစ်အတွင်း ပြောင်း ဈေးနှုန်းက ၉၁ ရာခိုင်နှုန်းနဲ့ ပဲပုပ်ဈေးနှုန်းက ၄ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: bloomberg.net
အိန္ဒိယပဲ တင်ပို့မှု ပိတ်ပင်ထားခြင်းက နီပေါပဲတင်ပို့မှုကို မြင့်တက်စေ နီပေါနိုင်ငံရဲ့ ပဲမျိုးစုံတင်ပို့မှုအနေနဲ့ အဓိက ပဲနီလေးတင်ပို့မှုဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ၂၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နီပေါပဲနီလေးစားသုံးမှု ကြီးထွားလာခြင်းနဲ့ အိန္ဒိယက ပဲတင်ပို့မှု ပိတ်ပင်ခြင်းတို့ကြောင့် ခုလိုမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲနီလေးတန်ချိန် ၃ဝ၁၅၁ ၊ တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၇၅ ဘီလီယံ (ကန်ဒေါ်လာ ၆၁ ဒသမ ၁၅ သန်း) တင်ပို့နိုင်ခဲ့လို့ ပြည်ပ တင်ပို့တဲ့ ကုန်စည်များထဲမှာ ပဲနီလေးက ဒုတိယအများဆုံး နေရာယူထားတယ်လို့ သိရပါတယ်။ ယခင်နှစ်ကာလတူက ပဲနီလေး တန်ချိန် ၂၂၃၃၈၊ တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၂၄ ဘီလီယံ (ကန်ဒေါ်လာ ၄၉ ဒသမ ၈၁ သန်း)ဖိုးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မှု တိုးတက်လာတာကြောင့် တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေကို စုစုပေါင်း တင်ပို့မှုဟာ ၅ဝရာခိုင်နှုန်းတိုးတက်ပြီး ရူပီး၂ ဒသမ ၈၂ ဘီလီယံ (ကန်ဒေါ်လာ ၆၂ ဒသမ ၇၁သန်း) ရရှိခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဓိက တင်သွင်းနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ ကုန်သွယ်မှုနဲ့ ပြည်ပပို့ကုန်တိုးမြင့်ရေးစင်တာမှ ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းအရ ဒီဇင်ဘာလလယ်နဲ့ ဇန်နဝါရီလ လယ်အတွင်း ပဲနီလေး တင်ပို့မှုက ရူပီး ၄၆၇ ဒသမ ၆၉ သန်း (ကန်ဒေါ်လာ ၁ဝ ဒသမ ၄ သန်း) ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခင်ဘဏ္ဍာနှစ်အတွင်း နိုင်ငံရဲ့ စုစုပေါင်းတင်ပို့မှုရဲ့ ၈ ရာခိုင်နှုန်းကို ပဲနီလေးတန်ချိန် ၃၇၅၆၉ တင်ပို့ခဲ့ပြီး ယခင်နှစ်ရဲ့ တတိယအများဆုံးပို့ကုန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စီးပွားကူးသန်းနှင့် ထောက်ပံ့ရေးဝန်ကြီးဌာန ပြောကြားချက်အရ နိုင်ငံတကာဈေးနှုန်း မြင့်တက်ခြင်းနဲ့ နိုင်ငံရဲ့ ပဲတင်ပို့မှု တစ်နှစ်ကြာပိတ်ပင်ထားခြင်းမှ ပြန်ဖွင့်လှစ်ခြင်းတို့ကြောင့် ပဲနီလေးတင်ပို့မှုက ၂ ဆမြင့်တက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နီပေါနိုင်ငံဟာ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်နေစဉ်အတွင်း ပြည်တွင်းဈေးနှုန်းမြင့်တက်မှုကို ထိန်းခုျပ်ဖို့ ၂ဝဝ၉ ခု နှစ်စပိုင်းကစပြီး ပဲတင်ပို့မှုကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ နီပေါပဲနီလေးဟာ အရသာ ထူးခြားမှုကြောင့် ပြည်ပစားသုံး နိုင်ငံတွေအကြား ထင်ရှားမှုရှိပြီး နီပေါပဲနီလေးနဲ့ ပဲနီလေးခွဲခြမ်းကို ဘင်္ဂလားဒေ့ရှ်က အဓိက တင်သွင်းနေတယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: commodityonline
အိန္ဒိယ MMTC အေဂျင်စီမှ ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယအစိုးရပိုင်MMTC အေဂျင်စီဟာ ပြည်ပက ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ မတ်လ ၇ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်သွင်း ပဲများကို ဧပြီလအရောက် မွန်ဘိုင်း၊ ချန်နိုင်းနဲ့ ကိုလ်ကတ္တားဆိပ်ကမ်းတွေကို တင်ပို့ရမှာဖြစ်ပြီး တင်ဒါကို မတ်လ ၁၅ ရက်မှာ ပိတ်မှာလို့ ဆိုပါတယ်။ တင်သွင်းမယ့် ပဲများကတော့ မြန်မာနိုင်ငံက မတ်ပဲ SQ တန် ၃ဝဝဝ၊ မတ်ပဲ FAQ တန် ၃ဝဝဝ နဲ့ ပဲစင်းငုံ တန် ၃ဝဝဝ ဖြစ်ပြီး အာဖရိက ပဲစင်းငုံ တန် ၃ဝဝဝ နဲ့ ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ စီ အသီးသီး ဝယ်ယူ သွားမယ်လို့ သိရပါတယ်။ အဲဒီပဲများဟာ ၂ဝ၁၁ သီးနံှ ဖြစ်ရမယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource:MMTC tender
အဝင်များလို့ ဈေးအေးတဲ့ ပြည်ဘိုကိတ် ပြည်ဈေးကွက်သို့ ပြည်အနီးတစ်ဝိုက်ရှိ ပန်းတောင်း၊ ဥသျှစ်ပင် မြို့နယ်များမှ ပဲသစ်များအဝင်ရှိနေပါတယ်။ ပဲသစ်တွေ ဝင်လာတာကြောင့် ဘိုကိတ် ဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးကျသွားကြောင်း သိရပါတယ်။ ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၈ဝဝဝ ကျပ်၊ ယခုတစ်ပတ်မှာတော့ တစ်တင်း ကို ၁၇ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ တစ်နေ့ကို အိတ် ၁ဝဝ မှ အိတ် ၁၅ဝ အထိ အဝင်ရှိနေသော်လည်း အရောင်း အဝယ်နေ့စဉ်မဖြစ်ဘူးလို့ သိရပါ တယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ကို အိတ် ၂ဝဝ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ