Main menu

Background

Sunday, 27 Feb 2011

ဇန်နဝါရီနဲ့ဖေဖော်ဝါရီလ ကာလတူ အိန္ဒိယပဲတီစိမ်းဈေး တစ်တန်ကန်ဒေါ်လာ ၂ဝဝ ကျော်တက်                    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးက ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ကာလတူ ကွာခြားမှုက တစ်တန်ကို ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်ခဲ့တာတွေ့ရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာ တာကြောင့် ဈေးတက်သလို နိုင်ငံတကာ ဈေးမြင့်တက်လာတာကြောင့်လည်း ခုလို ဈေးတက်ကွာခြားလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ချန်နိုင်းဈေးကွက်က ပဲတီရွှေဝါဈေးနဲ့ ဒေလီဈေးကွက်က ပဲတီစိမ်းဈေးများကို ကာလတူ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်-                 ချန်နိုင်း (ပဲတီရွှေဝါ)               ဒေလီပဲတီစိမ်း၂၄-၂-၁၁         ၁၃ဝဝ-၁၃၂၂                    ၁၂၇၈၂၄-၁-၁၁            ၁၁၁၉                           ၁ဝ၉၇                                                                                MIRT (MAPT)

Sunday, 27 Feb 2011

ပဲတီစိမ်းတင်ပို့မှု တန် တစ်သောင်းနီးပါးအထိ တိုးတက်လာ                ပင်လယ်ရေကြောင်းက အခြားပဲများတင်ပို့မှု ယခုလအတွင်း ဆက်တိုက်ကျဆင်းခဲ့ပေမဲ့ ပဲတီစိမ်းတင်ပို့မှုကတော့ တန်ချိန် တစ်သောင်းနီးပါးကို သိသိသာသာ တိုးတက်လာတာတွေ့ရပါတယ်။ ကုန်သည်တစ်ဦးရဲ့ ပြောကြားချက်အရ တရုတ် ဝယ်လက်များက ကုန်ကျစရိတ်သက်သာတဲ့ ဗီယက်နမ်ဘက်ကနေ တစ်ဆင့် တင်သွင်းနေတာကြောင့် ပင်လယ်ရေကြောင်းက ထူးထူးခြားခြားတက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှု နည်းသွားရခြင်းမှာ တရုတ် ဘက်က အဝယ်တန့်သွားတာကြောင့်လို့ ဆိုပါတယ်။ တရုတ်ဈေးကွက်ကို သြစတြေးလျ ပဲတီစိမ်းတွေ အဝင်ရှိနေလို့ မြန်မာ နိုင်ငံက အဝယ်တန့်သွားတာလို့ ဆိုပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်သီတင်းပတ်ထက် သိသိသာသာ တိုးတက် လာတာတွေ့ရပါတယ်။                 ပဲတီစိမ်း (အညာ)              ပဲတီစိမ်း (ပခုက္ကူ)                       ပဲတီရွှေဝါအသေး၂၅-၂-၁၁       ၁၁၆ဝ-၁၁၈ဝ                  ၁၁ဝဝ-၁၁၂ဝ                         ၁၅၃ဝ-၁၅၅ဝ၁၇-၂-၁၁       ၁ဝ၁ဝ-၁ဝ၃ဝ                  ၁ဝဝဝ-၁ဝ၂ဝ                          ၁၄၃ဝ-၁၄၅ဝMIRT (MAPT)

Sunday, 27 Feb 2011

အရောင်းအဝယ်သွက်ပြီး ဈေးမြင့်လာတဲ့ ဟင်္သာတပဲလွန်းဖြူ                   ဟင်္သာတပဲဈေးကွက်သို့ ယခု တစ်ပတ်မှာ ပဲလွန်းဖြူအဝင်များလာပါတယ်။ ပဲအဝင်များလာသလို ဝယ် လက်အားလည်းကောင်းလာပြီး အဆွဲများလို့ ဈေးမြင့်လာပါတယ်။ ယခင် တစ်ပတ်က ပဲလွန်းဖြူ ပိဿာ ၂ဝ ဝင် တစ်တင်းကို ၂၃၃ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ပြီး၊ ယခုတစ်ပတ်မှာ ပဲတစ်တင်း ၂၃၇ဝဝ ကျပ်နဲ့ အရောင်း သွက်လာပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှအိတ် ၃၅ဝ ခန့် တင်ပို့နေတယ်လို့ သိရပါတယ်။           အေးအေးခိုင် 

Sunday, 27 Feb 2011

နယ်စပ်ပဲလွန်းဖြူ ယခုအပတ်အပို့ရ                     ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပဲလွန်းဖြူ တန် ၂၄ဝ ကျော်၊ ကန်ဒေါ်လာ ၂ဝ၄ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ ဇန်နဝါရီလထိ ပဲလွန်းဖြူ တန် ချိန် ၃၃၆ဝ ကျော်နယ်စပ်မှ တင်ပို့ထား ပြီး ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                 မိမိဘက် (ကျပ်/တန်)                    တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)            ယခု             ယခင်         ပြောင်းလဲမှု  %        ယခု      ယခင်   ပြောင်းလဲမှု    %          ၉၉၄၅၉၈       ၉၄၁၁၆၆         ၅၃၄၃၂    ၅        ၁၁၂၈     ၁ဝ၃၇      ၉၁           ၈MIRT(DOBT)

Sunday, 27 Feb 2011

ပဲလွန်းဖြူ၊ ပဲလွန်းနီ တန် ၁ဝဝဝ အတင်ရှိ                  ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှုကတော့ ယခု တစ်ပတ်မှာ တန် ၁ဝဝဝ အထိ သိသိ သာသာ တိုးတက်ခဲ့တာတွေ့ရပါတယ်။ ယခင် သီတင်းပတ်က တန် ၅ဝဝ နီးပါး သာ တင်ပို့မှုရှိခဲ့လို့ ၂ ဆပိုတင်လာနိုင် တာ ဖြစ်ပါတယ်။ ဒေသအသီးသီးက ပဲလွန်းဖြူတွေလည်း ဈေးကွက်ကို ဝင်လာကြပြီဖြစ်တာကြောင့် ဈေးကွက် အသီးသီးမှာ အရောင်းအဝယ်များသလို ပြည်ပအဝယ်ရှိနေတာကြောင့် တင်ပို့မှု လည်း တိုးတက်လာတာဖြစ်ပါ တယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ပဲလွန်းဖြူ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ၊   SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ- ၁ဝဝဝ နဲ့ ယခင်သီတင်းပတ်အတိုင်း ငြိမ်နေပါတယ်။                                             MIRT - MAPT 

Sunday, 27 Feb 2011

ပဲစင်းငုံအဝင်နည်းပြီး ဈေးကျလာ                 ယခုတစ်ပတ်တွင် ပြည်ဈေးကွက်သို့ ပဲစင်းငုံများ အဝင်ရှိနေသော် လည်း ယခင်တစ်ပတ်ထက် အဝင်နည်း ကြောင်း သိရပါတယ်။ ယခင်အပတ်များက တစ်ပတ်ကို အိတ် ၆ဝဝ မှ ၇ဝဝ ထိအဝင်ရှိခဲ့ပြီး အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ အိတ် ၂ဝဝ ခန့်သာ အဝင်ရှိကြောင်း သိရပါတယ်။ အဝင်ရှိသော်လည်း ယခင်တစ်ပတ်နဲ့ ယှဉ်ရင် အဝယ်နည်းနေတဲ့အတွက် အရောင်းအဝယ်အေးကာ အိတ် ၃ဝဝ- ၄ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ကတော့ ပိဿာ ၂ဝ တစ်တင်းကို ၂၂၂ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးထက် အနည်းငယ် ဈေးလျော့တယ်လို့သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 27 Feb 2011

စုံပြီ ငုံနီ                ပခုက္ကူခရိုင်ထဲမှာ ပဲစင်းငုံများအပြည့်အဝရိတ်သိမ်းပြီးလို့ ဈေးကွက်ထဲမှာ အဝင်စုံပြီလို့ ပြောလို့ရပါတယ်။ တစ်နေ့ကို အိတ် ၇ဝဝဝ မှ ၁ဝဝဝဝ အတွင်း အရောင်းအဝယ်ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဆီမှာ အဝင်စုံသလို အဓိက ဈေး ကွက်ဖြစ်တဲ့ အိန္ဒိယမှာလည်း ကာလတူ ဖြိုင်ဖြိုင်ထွက်ပေါ်နေတာကြောင့် ယခု တစ်ပတ်အတွင်း ပဲစင်းငုံဈေး တန့်နေတာတွေ့ရပါတယ်။ တစ်တင်းကို ၂၁ဝဝဝ ကျပ်မှ ၂၂ဝဝဝ ကျပ် ဝန်းကျင်အတွင်းမှာ ရှိနေပါတယ်။ တပို့တွဲ၊ တပေါင်းလများမှာ အခြားပဲများလည်း ဆက်တိုက် ထွက်ပေါ်နေတာ တွေ့ရပါတယ်။              မောင်မောင်အေး

Sunday, 27 Feb 2011

 အိန္ဒိယပဲစင်းငုံဈေး ဇန်နဝါရီ၊ ဖေဖော်ဝါရီ ကာလတူဈေး ကန်ဒေါ်လာ ၁၂ဝ ကျော်ကွာခြား                    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေး ကျဆင်းလျက်ရှိရာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ကာလတူဈေးနှိုင်းယှဉ်ရာမှာ တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝ ကျော်လျော့ကျကွာခြားနေတာတွေ့ရပါတယ်။ ဈေးကွက်တွေကို ပဲစင်းငုံ အသစ်တွေ နယ်စုံက ဝင်ရောက်နေပြီဖြစ်ပြီး ဝင်လာတဲ့ ပဲအသစ်များမှာလည်း အရည်အသွေးနိမ့်တာကြောင့် ဈေးလျော့ကျခြင်းဖြစ်တယ်လို့ သိရပါတယ်။ မွန်ဘိုင်း ဈေးကွက်ပေါက်ဈေးနဲ့ C & F  ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                 ဒေါ် လာ/တန်               မွန်ဘိုင်းဈေးကွက်         မွန်ဘိုင်း(C & F)၂၄-၂-၁၁      ၇၈၈-၇၉၃                ၉၅ဝ-၉၆ဝ၂၄-၁-၁၁      ၉၁ဝ-၉၃၂                 ၁ဝ၃ဝMIRT(MAPT)

Sunday, 27 Feb 2011

 ပဲစင်းငုံတင်ပို့မှု ယခုတစ်ပတ်ဆက်လက်လျော့ကျ            ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ဖေဖော်ဝါရီလဆန်းကတည်း ကကျဆင်းခဲ့ရာ ယခုဖေဖော်ဝါရီလ တတိယပတ်မှာလည်း ဆက်လက်လျော့ကျတင်ပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် ၃၂ဝဝ ကျော်သာတင်ပို့နိုင်တာတွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက် အရောင်း အဝယ်ဖြစ်မှုအနေနဲ့ အိန္ဒိယဝယ်လက်မရှိသလောက်နည်းပြီး ပြည်တွင်း လှောင် လက်တွေသာ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေကိုလည်း ပဲအသစ်ဝင်ရောက်မှု များနေတာကြောင့် ပြည်တွင်းပဲဈေး ဆက်တိုက်ကျဆင်းနေတဲ့အတွက် ပြည်ပအဝယ်လည်း ဆိုင်းထားတဲ့သဘောဖြစ်ပါတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ပအရောင်းအဝယ်ဖြစ်မှု နည်းသော် လည်း ရန်ကုန် FOB  ဈေးမြင့်တက်လာတာကို ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                ဒေါ်လာ/တန်                            ပဲစင်းငုံနီ                     ပဲစင်းငုံဖြူနီ၊ အဖြူ               အသစ်           အဟောင်း            အသစ်    အဟောင်း ၂၅-၂-၁၁    ၉၄ဝ-၉၆ဝ   ၈၇ဝ-၈၉ဝ           ၇၆ဝ-၇၈ဝ       - ၁၇-၂-၁၁    ၈၉ဝ-၉၁ဝ   ၈၂ဝ-၈၄ဝ           ၇၁ဝ-၇၃ဝ       - MIRT(MAPT)

Sunday, 27 Feb 2011

အုတ်ဖိုဈေးကွက်သို့ မတ်ပဲသစ်များဝင်လာပြီ                      ပဲခူးတိုင်းဒေသကြီးအနောက်၊ အုတ်ဖိုမြို့နယ်တွင် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီဒုတိယပတ်မှစပြီး၊ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများမှ ပေါ်ဦးပေါ်ဖျား မတ်ပဲများကို အဝယ်ဒိုင်များသို့ တစ်တင်းနှစ်တင်းနှုန်းဖြင့် နေ့စဉ် စတင်ရောင်းဝယ်လျက်ရှိကြရာ တစ်နေ့လျှင်တစ်တင်းခွဲအိတ်ဖြင့် အိတ် ၃ဝ မှ ၅ဝ၊ တင်းအရေအတွက်အားဖြင့် ၆ဝ တင်းမှ ၇ဝ တင်းအထိ နေ့စဉ်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး၊ မတ်ပဲအသစ်အဟောင်း ၂၂ ပိဿာ တစ်တင်းလျှင် ၂၄၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ရန်ကုန်ဝယ်လက်များလည်း ပုံမှန် အတိုင်းသာရှိပါတယ်။ ယခင်နှစ် မတ်ပဲသစ်ပေါ်ချိန်တွင် ပေါ်ဦးပေါ်ဖျားဈေး ၁၈ဝဝဝ ကျပ်သာရှိပြီး၊ ယခုနှစ်ပေါ်ဦးဈေး ၂၄၅ဝဝ ကျပ် ရရှိကြသဖြင့် တောင်သူများ အကျိုးအမြတ် ပိုမိုရရှိကြပါတယ်။ ရန်ကုန်တင်ပို့နိုင်မှုမှာလည်း ယခုတတိယ ပတ်အတွင်း တစ်တင်းခွဲအိတ်ဖြင့် မတ်ပဲအသစ်အဟောင်း အိတ်ရေ ၂၁ဝဝ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။ HO

Pages