Main menu

Background

Tuesday, 15 Feb 2011

အရောင်းအဝယ်သွက်တဲ့ မန်းပဲစင်းငုံနီဈေးကွက်                   မန်းပဲစင်းငုံကို ရန်ကုန်ဝယ်လက်သမားတို့ ဝယ်အားကောင်းနေတာ ကြောင့် မန်းဈေးကွက်အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခု ဖြစ်ပါတယ်။ ယခင်အပတ်ဈေးနဲ့ ကွာဟမူသိပ်မရှိဘဲ ဒီတစ်ပတ်မှာလည်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေတာတွေ့ရပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီ တစ်ပိဿာ ၁၁ဝ၈ ကျပ်၊ (တစ်တန် ၆၇၈၅ဝဝ ကျပ်) ငုံဖြူတစ်ပိဿာ ၉ဝ၈ ကျပ်(တစ်တန် ၅၅၆ဝဝဝ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ပဲစင်းငုံဈေးကွက်ရာသီဖြစ်တာကြောင့် ဈေးကွက်အတွင်း စီးဆင်းမှုရှိနေ သလောက် ရန်ကုန်ဝယ်လက်တို့ ဝယ်လားကောင်းနေတဲ့အတွက် ယခုအတိုင်းဆိုရင် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ကောင်းနေအုံးမယ်လို့ ကုန်သည်တို့က ခန့်မှန်း ကြပါတယ်။ ကျော်ကျော်မိုး

Tuesday, 15 Feb 2011

အဝင်သွက်အရောင်းသွက် ပြည်ပဲစင်းငုံဈေးကွက်             ပြည်ဈေးကွက်သို့ ယခုတစ်ပတ်တွင်လည်း ပဲစင်းငုံများ အဝင်များလာ ပါတယ်။ မကွေးနဲ့ အောင်လံမြို့နယ်များအပြင် အခြားမြို့နယ်များမှာလည်း အဝင် များကြောင်းသိရပါတယ်။ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းနဲ့ ဆီဆုံကုန်းမှလည်း အဝင်ရှိတယ်လို့သိရပါတယ်။ ပြည်ဈေးကွက်သို့ နေ့စဉ် အိတ် ၇ဝဝ- ၈ဝဝ ခန့် အဝင်ရှိပြီး၊ လှောင်လက်သမားများနဲ့ အိတ်စ်ပို့တာများမှ အဝယ်များ နေတာကြောင့် အရောင်းသွက်နေကြောင်း သိရပါတယ်။ ဈေးနှုန်းအနေ ဖြင့် ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၂၅ဝဝ ကျပ်ဖြင့် အရောင်းသွက် ခဲ့သလို ယခုတစ်ပတ်မှာလည်း တစ်တင်းကို ၂၂၇ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် အနည်း ငယ် ဈေးမြင့်ကာ ဆက်လက် အရောင်းသွက်နေကြောင်းသိရပါတယ်။                              ဆုမွန်မွန်ဆွေ

Tuesday, 15 Feb 2011

  အိန္ဒိယပဲစင်းငုံ တစ်လအတွင်း တစ်တန်ကန်ဒေါ်လာ ၁ဝဝ ကျော်မြင့်လာ                 အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ ဝင်ရောက်မှုရှိပေမဲ့ တစ်လ အတွင်းမှာတော့ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ကျော်မြင့်လာတာတွေ့ရ ပါတယ်။ ပဲအသစ်တွေဝင်ရောက်မှု တိုးတက်ပေမဲ့ အချို့ဒေသပဲများက အရည် အသွေး နိမ့်တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းလို့ ဈေးကျ သွားရင် တောင်သူတွေက ကျဈေးနဲ့မရောင်းကြတာကလည်း ဈေးကွက်ကို အထောက်အပံ့ဖြစ်စေပါတယ်။ ပဲအသစ်တွေဝင်ရောက်တဲ့ ကာလဖြစ်လို့ ဒီကာလ တွေမှာတော့ ဈေးပိုမတက်နိုင်ဘူးလို့ ဈေးကွက်ကခန့်မှန်းကြောင်း သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ် ဖော်ပြလိုက် ပါတယ်- ဒေါ်လာ/တန်                           မွန်ဘိုင်းဈေးကွက်                 မွန်ဘိုင်း(C & F)၁ဝ-၂-၁၁                  ၈၃၆-၈၃၈                         ၉၄ဝ-၉၅ဝ၁ဝ-၁-၁၁                      ၇၂၁                               ၇၇ဝ                                                                                      MIRT(MAPT)

Tuesday, 15 Feb 2011

ပဲစင်းငုံတင်ပို့မှု တန် ၆ဝဝဝ နီးပါးသာရှိ             ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၆၃ဝဝ ကျော်ကို လျော့ကျ တင်ပို့ ရာမှ ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) မှာ တန် ၆ဝဝဝ နီးပါး သာ တင်ပို့နိုင်လို့ ဆက်လက်လျော့ကျနေတာတွေ့ရပါတယ်။ အိန္ဒိယ ပေါက်ဈေး ထက် ရန်ကုန်ဈေး မြင့်တက်ကွာခြားနေလို့ အဝယ်နည်းသွားပေမဲ့ အိန္ဒိယ ဝယ်လက် အချို့က တက်ဈေးမျှော်ပြီး ဝယ်ယူမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ဖြစ်မှုတော့ နည်းတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခု သီတင်းပတ် ရန်ကုန် FOB ဈေးနှုန်းအပြောင်းအလဲများကို ဖော်ပြလိုက်ပါတယ်-                                                                                                              ဒေါ်လာ/တန်                     ပဲစင်းငုံနီ                                  ပဲစင်းငုံဖြူနီ၊ အဖြူ                    အသစ်       အဟောင်း             အသစ်         အဟောင်း ၁ဝ-၂-၁၁     ၉၁၅-၉၃ဝ   ၈၄ဝ-၈၆ဝ                 -              ၇၃ဝ-၇၅ဝ ၄-၂-၁၁       ၉၁ဝ-၉၂ဝ   ၈၄ဝ-၈၆ဝ           ၈၁ဝ-၈၂ဝ        ၇၄ဝ-၇၅ဝ MIRT(MAPT)

Tuesday, 15 Feb 2011

  အုတ်ဖိုမတ်ပဲဈေး ခပ်အေးအေး               အုတ်ဖိုမြို့နယ် မတ်ပဲဈေးကွက်မှာ ၂၂ ပိဿာတစ်တင်းကို ဇန်နဝါရီ ပထမပတ်က ၂၂၅ဝဝ ကျပ်ရှိနေခဲ့ပြီး ယခုဇန်နဝါရီ ဒုတိယပတ်မှာ တစ်တင်း ၂၃ဝဝဝ ကျပ်ထိ ခပ်အေးအေးသာ ဈေးမြင့်ခဲ့ပါတယ်။ ပထမပတ်နဲ့ ဒုတိယပတ် ကြားကာလမှာ အခိုက်အတန့် ၂၄ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်များ အနည်းငယ်ဝယ်ယူခဲ့ခြင်းကြောင့် ဈေးမြင့်ခဲ့ခြင်းဖြစ်ပြီး ရောင်းဝယ်မှု မှာတော့ အေးမြဲအေးနေပါတယ်။ စီးဝင်မှုလည်း မရှိသလောက်ဖြစ်ပါတယ်။ ကုန် သည်ပွဲစား၊ အပ်ပဲများသာ ပုံမှန်အတိုင်း ရောင်းဝယ်ကြပါတယ်။ ယခုတစ်ပတ် ရန်ကုန်တင်ပို့မှုမှာလည်း တစ်တင်းခွဲအိတ်ဖြင့် အိတ် ၁၈ဝဝ ခန့်သာ တင်ပို့နိုင် တယ်လို့ သိရပါတယ်။                               မြင့်ဦး

Tuesday, 15 Feb 2011

  ပြည်မတ်ပဲဈေး ဆက်အေးနေ              ပြည်မတ်ပဲဈေးကွက်သို့ တိုင်းတွင်းမြို့နယ်များမှသာ ပဲသစ်များအဝင်ရှိပြီး အခြားတိုင်းမှ အဝင်မရှိဘူးလို့ သိရပါတယ်။ ပဲသစ်၊ ပဲဟောင်းတစ်တင်းကို ၂၂၅ဝဝ ကျပ်ဈေးရှိပြီး၊ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ခဲ့သော်လည်း ဈေးသိပ် မပြောင်းဘဲ ဈေးအေးနေတာကိုတွေ့ရပါတယ်။ မြို့တွင်းမှာ တစ်နေ့ကို ပဲသစ်၊ ပဲဟောင်း အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ရှိပြီး ရန်ကုန်သို့ တစ်နေ့ကို အိတ် ၁၅၅ဝ ခန့် တင်ပို့တယ်လို့သိရပါတယ်။ မိမိအေး

Tuesday, 15 Feb 2011

  နယ်စပ်မှ မတ်ပဲတင်ပို့မှု ယခုအပတ်မရှိ              ဖေဖော်ဝါရီလ ၂ ရက်မှ ၈ရက်ထိကာလအတွင်း မူဆယ်(၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံ သို့ မတ်ပဲတင်ပို့နိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့ ဇန်နဝါရီလအတွင်းမှာ ၂၈ တန်နဲ့ ဧပြီလမှ ဒီဇင်ဘာလထိမှာ ၈၄၈၈ တန်တင်ပို့ ထားပြီးဖြစ်ပါတယ်။မူဆယ်နယ်စပ်မှ တင်ပို့တဲ့မတ်ပဲများဟာ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီး များကထွက်ရှိတာဖြစ်တယ်လို့သိရပါတယ်။အရောင်း အဝယ် မရှိသလို နှစ်ဖက်ပေါက်ဈေးများလည်း ပြောင်းလဲမှုမရှိပါဘူး။မိမိဘက် မတ်ပဲ တစ်တန်ပေါက်ဈေးက ၈၃၁၃၃ဝ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံပေါက်ဈေးက ၉၈၇ ဒေါ်လာရှိတယ်လို့သိရပါတယ်။ MIRT(DOBT)

Tuesday, 15 Feb 2011

တစ်လအတွင်း အိန္ဒိယမတ်ပဲ လက်ရှိဈေးဝန်းကျင်မှာ တက်လိုက်ကျလိုက်ဖြစ်နေ                အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကောင်း မတ်ပဲတွေ မရရှိနိုင်လို့ တစ်လအတွင်း တစ်တန် ကန်ဒေါ်လာ ၉ဝဝ ဝန်းကျင်မှာ အတက် အဆင်းဖြစ်နေတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းပေမဲ့ ဝယ်လို အားတက်ချိန် ဈေးပြန်မာလာပြီး အဝယ်နည်းချိန်မှာ ဈေးလျော့သွားပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်းပဲမရရှိနိုင်တဲ့အတွက် လက်ရှိဈေးဝန်းကျင်အောက် တော့ များများကျဆင်းမသွားတာဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက် လက်ငင်းပေါက် ဈေးနဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                          ဒေါ်လာ/တန်                  မွန်ဘိုင်းဈေးကွက်            မွန်ဘိုင်း(C & F) ၁ဝ-၂-၁၁             ၈၈၃                         ၉ဝ၅-၉၁ဝ ၁ဝ-၁-၁၁           ၈၈ဝ-၈၉၇                     ၈၉၅                                                                                                            MIRT(MAPT)

Tuesday, 15 Feb 2011

မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်ထက် ထက်ဝက်လျော့ကျ              ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၇၅ဝဝ သာရှိလို့ ယခင်တစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၁၅ဝဝဝ ရဲ့ ထက်ဝက်လျော့ကျလာတာတွေ့ရပါတယ်။ ပြည်တွင်းက လှောင်လက်များရဲ့ အနာဂတ်ဈေးမျှော်ပြီး ဝယ်ယူနေမှုကြောင့် လက်ရှိပြည်တွင်းပေါက်ဈေးက အိန္ဒိယ ဈေးကွက်ပေါက်ဈေးထက် မြင့်နေတဲ့အတွက် ပြည်ပတင်ပို့သူများ ဈေးမကိုက်လို့ တင်ပို့မှု လျော့ကျသလို ပြည်ပဝယ်လက်တွေလည်း ဝယ်လိုအားနည်း သွားတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးလည်း လျော့ကျလာတာကို ယခင် သီတင်းပတ် ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                               ဒေါ်လာ/တန်                           မတ်ပဲ(FAQ)                 မတ်ပဲ(SQ) ၁ဝ-၂-၁၁                 ၈၉ဝ-၉ဝဝ                ၉၉ဝ-၁ဝဝဝ ၄-၂-၁၁                   ၉၁ဝ-၉၂ဝ                ၁ဝ၃ဝ-၁ဝ၄ဝ                                                                                                     MIRT(MAPT)

Sunday, 6 Feb 2011

 အိန္ဒိယနိုင်ငံ ပြည်တွင်းကြက်သွန်နီဈေးနှုန်း ထက်ဝက်ကျော်ကျဆင်း                  အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာဝန်ကြီး က ၂၇.၁.၂ဝ၁၁ ရက်နေ့တွင် Nafed၊ NCCF နဲ့ Kendriya Bhandar ကော် ပိုရေးရှင်းတို့ကို နယူးဒေလီမှာ ကြက်သွန်နီတစ်ကီလို (၂၂-၂၃) ရူပီးနဲ့ ၁.၂.၂ဝ၁၁ ရက်နေ့က စလို့ရောင်းချ ပေးရန် ညွှန်ကြားခဲ့ပါတယ်။ ၎င်းကော်ပိုရေးရှင်း (၄) ခုတို့က နယူးဒေလီမှ တစ်ကီလိုရူပီး (၃ဝ) နဲ့ ၂၇.၁.၂ဝ၁၁ ရက်နေ့ထိ ရောင်းပေး နေကြောင်း သိရပါတယ်။ ၂၁.၁၂.၂ဝ၁ဝ ရက်နေ့ စားသုံးသူရေးရာဝန်ကြီးဌာန Nafed နဲ့ NCCF  ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီဇင်ဘာလတတိယပတ်အတွင်း ကြက်သွန်နီဈေးနှုန်း တစ်ကီလိုရူပီး ၇ဝ မှ ၈၅ ထိ အခြေအနေကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးရဲ့ အကျိုးသက်ရောက်မှု ကတော့ ကြက်သွန်နီအဓိကထုတ်လုပ် တဲ့Naskih  မှာ တစ်ကီလိုရူပီး ၁၃ မှ ၁၄ ထိ နယူးဒေလီ၌ ရူပီး ၁၄ မှ ၁၇ ထိလျှော့ကျအောင် ဆောင်ရွက်ခဲ့တဲ့ အတွက် ကြက်သွန်နီဈေးနှုန်း တည်ငြိမ်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။                 စားနပ်ရိက္ခာဝန်ကြီးအနေနဲ့ ကြက်သွန်နီနှင့်ပတ်သက်လို့ အပြည့်အဝထိန်း ချုပ်နိုင်တဲ့တိုင်အောင် ပြည်ပတင်ပို့မှုကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်ချက်တစ်စုံ တစ်ရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။                  ၁ဝ.၁၂.၂ဝ၁ဝ ရက်နေ့အထိ ကြက်သွန်နီပြည်ပတင်ပို့မှုအပေါ် ကန ဦးရပ်ဆိုင်းခဲ့တဲ့နောက် အိန္ဒိယအစိုးရ အနေနဲ့ ဈေးနှုန်းမြင့်မားမှုကို ထိန်းချုပ်ရန် ကာလအပိုင်းအခြားမရှိ ပြည်ပ သင်္ဘောတင်ပို့မှုကို ပိတ်ပင်ခဲ့ပါတယ်။ NHRDF (National Horticultural Research Development Foundation)  သည် အဓိကမြို့ကြီး များအတွင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ အာလူးစတဲ့ မရှိမဖြစ်သီးနံှများရဲ့ နေ့စဉ်ဈေးနှုန်းများကို ထုတ်ပြန်လျက်ရှိရာ Maharshtra ပြည်နယ် Naskih ခရိုင် အတွင်းရှိ Lassalgon ကြက်သွန်နီ လက်ကားဈေးနှုန်းမှာ တစ်ကီလို ၁၄ ရူပီးနဲ့ Pimpalgaon ဈေးကွက်မှာ တစ် ကီလို ၁၂ ရူပီးထိ ကျဆင်းခဲ့ကြောင်း သိရပါတယ်။               အိန္ဒိယကြက်သွန်နီကုန်သည် ကြီးများ၏ အထွေထွေအတွင်းရေးမှူး ရဲ့ ပြောကြားချက်အရ အာရှ၏ အကြီး ဆုံး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးကွက်ကြီး Azadpur မှာ ကြက်သွန်နီလက်ကားဈေးနှုန်းမှာ တစ်ကီလို ၁၄ မှ ၁၇ ထိ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ကြက်သွန်နီယခင်က တစ်ကီလို ၇ဝ မှ ၈၅ ရူပီးရှိ ရာမှ အခု ၂၂-၂၃ ရူပီးဖြစ်လို့ ထက်ဝက်  ကျော်ဈေးကျဆင်းသွားကြောင်း ဖော်ပြ အပ်ပါတယ်။T60

Pages