Main menu

Background

Tuesday, 15 Feb 2011

တစ်လအတွင်း အိန္ဒိယမတ်ပဲ လက်ရှိဈေးဝန်းကျင်မှာ တက်လိုက်ကျလိုက်ဖြစ်နေ                အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကောင်း မတ်ပဲတွေ မရရှိနိုင်လို့ တစ်လအတွင်း တစ်တန် ကန်ဒေါ်လာ ၉ဝဝ ဝန်းကျင်မှာ အတက် အဆင်းဖြစ်နေတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းပေမဲ့ ဝယ်လို အားတက်ချိန် ဈေးပြန်မာလာပြီး အဝယ်နည်းချိန်မှာ ဈေးလျော့သွားပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်းပဲမရရှိနိုင်တဲ့အတွက် လက်ရှိဈေးဝန်းကျင်အောက် တော့ များများကျဆင်းမသွားတာဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက် လက်ငင်းပေါက် ဈေးနဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                          ဒေါ်လာ/တန်                  မွန်ဘိုင်းဈေးကွက်            မွန်ဘိုင်း(C & F) ၁ဝ-၂-၁၁             ၈၈၃                         ၉ဝ၅-၉၁ဝ ၁ဝ-၁-၁၁           ၈၈ဝ-၈၉၇                     ၈၉၅                                                                                                            MIRT(MAPT)

Tuesday, 15 Feb 2011

မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်ထက် ထက်ဝက်လျော့ကျ              ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၇၅ဝဝ သာရှိလို့ ယခင်တစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၁၅ဝဝဝ ရဲ့ ထက်ဝက်လျော့ကျလာတာတွေ့ရပါတယ်။ ပြည်တွင်းက လှောင်လက်များရဲ့ အနာဂတ်ဈေးမျှော်ပြီး ဝယ်ယူနေမှုကြောင့် လက်ရှိပြည်တွင်းပေါက်ဈေးက အိန္ဒိယ ဈေးကွက်ပေါက်ဈေးထက် မြင့်နေတဲ့အတွက် ပြည်ပတင်ပို့သူများ ဈေးမကိုက်လို့ တင်ပို့မှု လျော့ကျသလို ပြည်ပဝယ်လက်တွေလည်း ဝယ်လိုအားနည်း သွားတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးလည်း လျော့ကျလာတာကို ယခင် သီတင်းပတ် ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                               ဒေါ်လာ/တန်                           မတ်ပဲ(FAQ)                 မတ်ပဲ(SQ) ၁ဝ-၂-၁၁                 ၈၉ဝ-၉ဝဝ                ၉၉ဝ-၁ဝဝဝ ၄-၂-၁၁                   ၉၁ဝ-၉၂ဝ                ၁ဝ၃ဝ-၁ဝ၄ဝ                                                                                                     MIRT(MAPT)

Sunday, 6 Feb 2011

 အိန္ဒိယနိုင်ငံ ပြည်တွင်းကြက်သွန်နီဈေးနှုန်း ထက်ဝက်ကျော်ကျဆင်း                  အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာဝန်ကြီး က ၂၇.၁.၂ဝ၁၁ ရက်နေ့တွင် Nafed၊ NCCF နဲ့ Kendriya Bhandar ကော် ပိုရေးရှင်းတို့ကို နယူးဒေလီမှာ ကြက်သွန်နီတစ်ကီလို (၂၂-၂၃) ရူပီးနဲ့ ၁.၂.၂ဝ၁၁ ရက်နေ့က စလို့ရောင်းချ ပေးရန် ညွှန်ကြားခဲ့ပါတယ်။ ၎င်းကော်ပိုရေးရှင်း (၄) ခုတို့က နယူးဒေလီမှ တစ်ကီလိုရူပီး (၃ဝ) နဲ့ ၂၇.၁.၂ဝ၁၁ ရက်နေ့ထိ ရောင်းပေး နေကြောင်း သိရပါတယ်။ ၂၁.၁၂.၂ဝ၁ဝ ရက်နေ့ စားသုံးသူရေးရာဝန်ကြီးဌာန Nafed နဲ့ NCCF  ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီဇင်ဘာလတတိယပတ်အတွင်း ကြက်သွန်နီဈေးနှုန်း တစ်ကီလိုရူပီး ၇ဝ မှ ၈၅ ထိ အခြေအနေကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးရဲ့ အကျိုးသက်ရောက်မှု ကတော့ ကြက်သွန်နီအဓိကထုတ်လုပ် တဲ့Naskih  မှာ တစ်ကီလိုရူပီး ၁၃ မှ ၁၄ ထိ နယူးဒေလီ၌ ရူပီး ၁၄ မှ ၁၇ ထိလျှော့ကျအောင် ဆောင်ရွက်ခဲ့တဲ့ အတွက် ကြက်သွန်နီဈေးနှုန်း တည်ငြိမ်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။                 စားနပ်ရိက္ခာဝန်ကြီးအနေနဲ့ ကြက်သွန်နီနှင့်ပတ်သက်လို့ အပြည့်အဝထိန်း ချုပ်နိုင်တဲ့တိုင်အောင် ပြည်ပတင်ပို့မှုကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်ချက်တစ်စုံ တစ်ရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။                  ၁ဝ.၁၂.၂ဝ၁ဝ ရက်နေ့အထိ ကြက်သွန်နီပြည်ပတင်ပို့မှုအပေါ် ကန ဦးရပ်ဆိုင်းခဲ့တဲ့နောက် အိန္ဒိယအစိုးရ အနေနဲ့ ဈေးနှုန်းမြင့်မားမှုကို ထိန်းချုပ်ရန် ကာလအပိုင်းအခြားမရှိ ပြည်ပ သင်္ဘောတင်ပို့မှုကို ပိတ်ပင်ခဲ့ပါတယ်။ NHRDF (National Horticultural Research Development Foundation)  သည် အဓိကမြို့ကြီး များအတွင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ အာလူးစတဲ့ မရှိမဖြစ်သီးနံှများရဲ့ နေ့စဉ်ဈေးနှုန်းများကို ထုတ်ပြန်လျက်ရှိရာ Maharshtra ပြည်နယ် Naskih ခရိုင် အတွင်းရှိ Lassalgon ကြက်သွန်နီ လက်ကားဈေးနှုန်းမှာ တစ်ကီလို ၁၄ ရူပီးနဲ့ Pimpalgaon ဈေးကွက်မှာ တစ် ကီလို ၁၂ ရူပီးထိ ကျဆင်းခဲ့ကြောင်း သိရပါတယ်။               အိန္ဒိယကြက်သွန်နီကုန်သည် ကြီးများ၏ အထွေထွေအတွင်းရေးမှူး ရဲ့ ပြောကြားချက်အရ အာရှ၏ အကြီး ဆုံး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးကွက်ကြီး Azadpur မှာ ကြက်သွန်နီလက်ကားဈေးနှုန်းမှာ တစ်ကီလို ၁၄ မှ ၁၇ ထိ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ကြက်သွန်နီယခင်က တစ်ကီလို ၇ဝ မှ ၈၅ ရူပီးရှိ ရာမှ အခု ၂၂-၂၃ ရူပီးဖြစ်လို့ ထက်ဝက်  ကျော်ဈေးကျဆင်းသွားကြောင်း ဖော်ပြ အပ်ပါတယ်။T60

Sunday, 6 Feb 2011

အိန္ဒိယနနွင်းဟောင်းဈေး သိသိသာသာကျဆင်းလာ                   အိန္ဒိယဈေးကွက်တွေမှာ နနွင်းအဟောင်းကို အဝယ်မရှိတာကြောင့် တစ်တန်ကို ရူပီး၁ဝဝဝဝ(ကန်ဒေါ်လာ ၂၂ဝ) ခန့်ကျဆင်းပြီး ရူပီး ၁၂ဝဝဝဝ-၁၂၅ဝဝဝ (ကန်ဒေါ်လာ ၂၆၄၁-၂၇၅၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းအသစ် ဝယ်လိုအားတက်လာတာကြောင့် နနွင်းသစ်ရောင်းချမှု တိုးတက်ပေမဲ့ အသစ်ဈေးကတော့ ငြိမ်နေတယ် လို့ အီရော့နနွင်း ကုန်သည်များ အသင်း ဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာကပြောကြားပါတယ်။ စိုက်ပိုျးသူတွေ လက်ထဲမှာ အဟောင်း လက်ကျန် အသင့်အတင့် ကျန်ရှိနေပြီး နနွင်းအသစ်ဝင်ရောက်မှုလည်း တိုးလာတယ်လို့ ဆိုပါတယ်။၏                   နနွင်းဟောင်းဝယ်လိုအား ရုတ်တရက် ကျဆင်းလာပြီး နနွင်းအသစ်တွေကလည်း လာမယ့်သီတင်းပတ်မှာ အမြောက် အမြားစုပုံရောက်ရှိတော့မယ်လို့ ဆိုပါတယ်။ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို နနွင်းသစ် ဝင်ရောက်မှုက ယခင်သီတင်းပတ်မှာ အိတ် ၄ဝဝဝ နဲ့ ၆ဝဝဝ အသီးသီးရှိရာမှ ယခုသီတင်းပတ်မှာ အိတ် ၆ဝဝဝ နဲ့ ၈ဝဝဝ အထိတိုးတက် လာပြီလို့ သိရပါတယ်။                အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း (အသစ်) တစ်တန်ကို ရူပီး ၉ဝ၁ဝဝ-၁၁၇၆၆ဝ (ကန်ဒေါ်လာ ၁၉၈၃-၂၅၉ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန်ကို ရူပီး ၈၁၆ဝဝ-၁ဝ၆၈၉ဝ (ကန်ဒေါ်လာ၁၇၉၆-၂၃၅၃)ဈေးရှိတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံရဲ့ နနွင်းတင်ပို့မှုဟာ ယခင်နှစ်တင်ပို့ခဲ့တဲ့တန်ချိန် ၄ဝ၈၂၅ ထက် ၁၃ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၃၅၅ဝဝ သာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယမင်းခင်၊ှSource: Business line

Sunday, 6 Feb 2011

နနွင်းအရည်အသွေးအလိုက် အရောင်းအဝယ်ဖြစ်                  ဒီတစ်ပတ် ရှမ်းနနွင်းတွေလည်း ဈေးကွက်ကို ဈေးနှုန်းအမိုျးမိုျးနဲ့ ဝင်နေပါတယ်။ နမ့်စန်မှာတော့ နနွင်းသစ် (ခြောက်) တစ်ပိဿာ ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ်ဈေးရှိပြီး၊ နနွင်း (စို)က တစ်ပိဿာ ၂၅ဝ ကျပ်ဈေးရှိပါတယ်။ နနွင်း လည်း ချင်းလိုပါပဲ။ ပြည်ပတင်ပို့မှုမရှိသေးပေမဲ့ ပြည်တွင်းဝယ်လက်တွေကသာ ပြည်တွင်းသုံးအတွက် များများဝယ်ချင်ပေမဲ့ နနွင်း ခြောက်ကတော့ ပစ္စည်းနည်းနေပါသေးတယ်။ ယခင်လတွေထက်တော့ အဝင်များလာပြီး မန္တလေးက အများဆုံး ဝယ်ယူ နေတယ်လို့ သိရပါတယ်။                 အောင်ပန်းဈေးကွက်မှာလည်း နနွင်းကို အရည်အသွေးပေါ်မူတည်ပြီး ဝယ်ယူနေပါတယ်။ အောင်ပန်း ဈေးကွက်ကို အဓိကဝင်နေတဲ့ ဒေသတွေကတော့ ရွာငံ၊ တောင်လပို့ရွာတွေက ဖြစ်ပါတယ်။ အဝင်သိပ်မများ သေးပေမဲ့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၅ဝဝဝ ခန့်သာ ဝင်တယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေကြပြီး နနွင်းခြောက်တစ်ပိဿာ ၂၅ဝဝ ကျပ်-၂၇ဝဝ ကျပ်ဈေးရှိပါတယ်။ နတ်မောက်၊ မုံရွာစတဲ့ မြို့တွေက နနွင်းမှုန့် (အစစ်မှုန့်) အဖြစ်အသုံးပြုရန်၊ ပရဆေး ဖော်စပ်ရန်အတွက် အရည်အသွေးကောင်းတဲ့ နနွင်းကို ဝယ်ယူနေလို့ ဆင်တောင်နနွင်းက အရောင်းလိုက်နေပြီး တစ်ပိဿာကို၃၆ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                                       ဧဧခိုင်

Sunday, 6 Feb 2011

စစ်တွေနယ်စပ်မှ ပုံမှန်ပို့တဲ့ နနွင်း                 ယခုအပတ်မှာလည်း စစ်တွေနယ်စပ်က ပုံမှန်အတိုင်းပဲ နနွင်းတက်တစ်တန်ကို တင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီလ တစ်လလုံးမှာမှ စစ်တွေနယ်စပ်က စုစုပေါင်း နနွင်းတက် ၅ တန် တင်ပို့လာနိုင်ပြီး ဧပြီလမှ ဇန်နဝါရီလထိ နနွင်းတက် တင်ပို့နိုင်မှုကတော့ တန် ၁ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး စစ်တွေအပြင် မူဆယ်နဲ့ မြဝတီ နယ်စပ်များကလည်း တင်ပို့မှုရှိပါတယ်။ နနွင်းတက်တစ်တန်ကို စစ်တွေဘက်မှာ ၁၅၂၆၉၄ဝ ကျပ်ဈေးပေါက် ပြီးတစ်ဖက်နိုင်ငံပေါက်ဈေးက တာကာ ၁၄ဝဝဝဝ ဈေးပေါက်လျက်ရှိပါတယ်။MIRT(DOBT)

Sunday, 6 Feb 2011

ဇန်နဝါရီလအတွင်း နနွင်းအပို့သာခဲ့                   ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဇန်နဝါရီလ လခုျပ်အနေနဲ့ နနွင်း တန်ချိန် စုစုပေါင်း ၁ဝ၇ ဒသမ ၆၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၁၈၇ သန်းဖိုးကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်လဖြစ်တဲ့ ၂ဝ၁ဝ ဒီဇင်ဘာမှာ စုစုပေါင်း ၇၇ ဒသမ ၅၃ တန်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုလမှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ် ၂ဝ၁ဝ ဇန်နဝါရီလက နနွင်းတန်ချိန် ၇၆ ဒသမ ၆ တန်ကိုသာ တင်ပို့နိုင် ခဲ့တဲ့အတွက် ဒီနှစ်တော့ တင်ပို့မှုပိုခဲ့ပါတယ်။MIRT (DOT)

Sunday, 6 Feb 2011

မန်ကျည်းတင်ပို့မှု လျော့နည်းခဲ့                  ဇန်နဝါရီလအတွင်း မန်ကျည်းသီး တန်ချိန် ၄ဝ ကို တင်ပို့နိုင်ခဲ့ပြီး ယခင်လ ၂ဝ၁ဝ ဒီဇင်ဘာလမှာ တင်ပို့မှု မရှိခဲ့ပါဘူး။ ယခင်နှစ် ၂ဝ၁ဝ ဇန်နဝါရီလက မန်ကျည်းသီးတန်ချိန် ၁ဝ၈၁ တန်အား ပါကစ္စတန်၊ မလေးရှား၊ အာရပ်စော်ဘွား များ ပြည်ထောင်စု၊ အိန္ဒိယနဲ့ ရီမင်နိုင်ငံများကို တင်ပို့နိုင်ခဲ့ပေမဲ့ ဒီနှစ်တော့ ဈေးကွက် တင်ပို့နိုင်မှုလျော့နည်းခဲ့ပါတယ်။ MIRT (DOT)

Sunday, 6 Feb 2011

ရှမ်းချင်းအဝင်များလာ                 ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ချင်းဈေးကွက်တစ်ခုဖြစ်တဲ့ နမ့်စန်မှာလည်း ချင်းအဝင်အနည်းငယ်များလာ ပါတယ်။ ဒီနှစ်ချင်းဈေးက မနှစ်ကထက် အေးနေတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှုမရှိသေးဘဲ၊ ပြည်တွင်းသုံး အတွက်သာ ဝယ်ယူနေကြပြီး နမ့်စန်ချင်းတွေကိုတော့ မြင်းခြံ၊ မိတ္ထီလာ၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ရန်ကုန်စတဲ့ မြို့တွေကို ပြန်ဖြန့်ဖို့အတွက် အောင်ပန်းဝယ်လက်တွေက ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ နမ့်စန်မှာ ချင်းစိုဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်(သစ်) က တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဒီတစ်နှစ် ရှမ်းပြည်နယ် တောင်ပိုင်းမှာ ချင်းအထွက်နှုန်းက ယခင်နှစ်ကတွေထက် လျော့ပြီး ချင်းအရည်အသွေးတွေလည်း ညံ့တယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းဈေးက အရည်အသွေးအလိုက် တစ်ပိဿာကို ၃ဝဝ ကျပ်မှ ၆ဝဝ ကျပ်ဈေး ရှိပါတယ်။                   ချင်းခြောက်တွေကတော့ ချင်းစိုတွေကို ပြန်ပြုတ်နေတဲ့ အတွက် ဈေးကွက်ကို သိပ်မဝင်သေးပါဘူး။ ဒီလကုန်လောက်မှသာ လှိုင်လှိုင်ဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းခြောက်က တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်က တစ်ပိဿာ ၂ဝဝဝ ကျပ်- ၂၃ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်

Sunday, 6 Feb 2011

ပုံမှန်ရောင်းဝယ်မှုဖြစ်နေတဲ့ ပြည်ချင်းဈေးကွက်                 ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၁၁ဝဝ ကျပ်၊ ဂျွန် ၉၅ဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။ အဝင်အားဖြင့်လည်း ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ ၃ဝ ဝင် အိတ် ၁ဝဝ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့လျှင် ပိဿာချိန် ၃ဝဝ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ဘက်သို့ စားသုံးမှု အဖြစ် တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ ဝင်းလဲ့ဝါ

Pages