Background
အဝင်လှိုင်လာတဲ့ မုံရွာပဲစင်းငုံဈေးကွက် မုံရွာပဲဈေးကွက်မှာ ပဲစင်းငုံဟာ ဒီဇင်ဘာ ၂ဝ ရက်ကစတင် ဝင်ရောက် ခဲ့ပြီး ဇန်နဝါရီလကုန်မှာတော့ အဝင်လှိုင်နေပြီလို့ ပြောရမှာပါ။ နေ့စဉ် အိတ် ၅ဝဝဝ ခန့်ပုံမှန်ဝင်ရောက်နေပြီး လှောင်လက်နှင့် ရန်ကုန် မျှပြီးဆွဲနေတယ်လို့ သိရပါတယ်။ ဈေးဖြစ်ပေါ်မှုမှာ ဇန်နဝါရီလအတွင်း ပဲစင်းငုံအဟောင်း အမြင့် ၂၁၅ဝဝ ကျပ်၊ နိမ့် ၁၄၅ဝဝ ကျပ်၊ ပဲစင်းငုံအသစ် အမြင့်ဈေး ၂၆၈ဝဝ ကျပ်၊ နိမ့် ၁၆ဝဝဝ ကျပ်ဈေးဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အောင်မင်း
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်ပြန်လျော့ ယခင်သီတင်းပတ် ပင်လယ်ရေကြောင်းက ပဲစင်းငုံတန်ချိန် တစ်သောင်း နီးပါးအထိ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီလ ၂၇ မှ ဖေဖော်ဝါရီလ ၂ ရက်) အတွင်းမှာတော့ တန်ချိန် ၆၃ဝဝ ကျော်ကို အနည်းငယ် ပြန်လျော့ဆင်းလာ တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း အိန္ဒိယဝယ်လက်များ ပဲစင်းငုံ အဝယ် လိုက်လို့ အရောင်းအဝယ်သွက်ပေမဲ့ တရုတ်နှစ်သစ်ကူးပိတ်ရက်တွေကြောင့် ပုံမှန် ထက်လျော့ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုကတော့ ပဲစင်းငုံအဟောင်းက ပိုများတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၂၂ဝဝဝ ကျော်ရှိပြီး ဒီဇင်ဘာလတင်ပို့မှု တန် ၁၁ဝဝဝ ကျော်ထက် ၁ ဆပိုလာတာတွေ့ရပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလမှာလည်း ပဲစင်းငုံတန်ချိန် ၁၄ဝဝဝ ခန့်သာတင်ပို့မှုရှိလို့ ယခုနှစ် ဇန်နဝါရီလမှာ တင်ပို့မှု ပိုခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ အသစ် အဟောင်း အသစ် အဟောင်း ၄-၂-၁၁ ၉၁ဝ-၉၂ဝ ၈၄ဝ-၈၆ဝ ၈၁ဝ-၈၂ဝ ၇၄ဝ-၇၅ဝ ၂၇-၁-၁၁ ၈၆ဝ-၈၈ဝ ၉၃ဝ-၉၅ဝ ၇၈ဝ-၈ဝဝ ၈ဝဝ-၈၁ဝ MIRT(MAPT)
ဟင်္သာတ မတ်ပဲအသစ် ဈေးကွက်ဝင်လာ ဇန်နဝါရီလလယ်က ဟင်္သာတမှာစပေါ်ခဲ့တဲ့ မတ်ပဲအသစ်ဟာ တစ်ရက် ပြီးတစ်ရက် အဝင်များလာပါတယ်။ မတ်ပဲဟောင်းများလည်း လက်ကျန်ပြတ်သွားပြီး ယခုအပတ် မတ်ပဲသစ် ပိဿာ ၂ဝ တစ်တင်းကို ၂၃၄ဝဝ ကျပ်ဖြစ်ပြီး ယခင် အပတ်ဈေးမှာလည်း ၂၃၄ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးကွက်သို့ နေ့စဉ် မတ်ပဲသစ်အိတ် ၂၅ဝ ခန့် ဝင်ရောက်ပြီး ရန်ကုန်ဈေးကွက်သို့ အိတ် ၂ဝဝ ခန့် တင်ပို့နေတယ်လို့ သိရပါတယ်။ အေးအေးခိုင်
စစ်ကိုင်းတိုင်းဒေသကြီး မတ်ပဲရာခိုင်နှုန်းပြည့် စိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ မတ်ပဲကို ဧက ၁ ဒသမ ၄၅၅ သိန်းလျာ ထားပြီး ဧက ၁ ဒသမ ၅၂ သိန်း စိုက်ပျိုးပြီးလို့ ၁ဝ၄ ဒသမ ၂၇ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ မိုးစိုက်ဧက ထွက်ခဲ့တဲ့ မတ်ပဲများထဲက အရည် အသွေးကောင်းရင် ရန်ကုန်ဝယ်လက်နှင့် အရည်အသွေးညံ့ရင် ဒေသတွင်း အသုံး အဖြစ် နေ့စဉ် ၁၅ဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ဇန်နဝါရီလ ဈေးကွက်ဈေးဖြစ်ပေါ်မှုမှာ နိမ့် တစ်တင်း ၁၉၅ဝဝ ကျပ်၊ မြင့် တစ်တင်း ၂၄ဝဝဝ ကျပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်မင်း
နယ်စပ်က မတ်ပဲ အပို့ရှိလာ မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ၂၆၃ဝဝ တန်ဖိုးရှိ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီးထွက် မတ်ပဲ ၂၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၁၃ တန်သာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာလ တစ်လလုံးနဲ့ ဇန်နဝါရီလ ပထမ ၃ ပတ်တာ ကာလမှာ မတ်ပဲတင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ဇန်နဝါရီလ တတိယပတ်မှာ ပြန်လည် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-
်အိန္ဒိယမတ်ပဲ တစ်လအတွင်းကန်ဒေါ်လာ ၈ဝ ခန့်တိုးလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဇန်နဝါရီလဆန်းမှ ဖေဖော်ဝါရီ လဆန်းအထိ တစ်လအတွင်း မတ်ပဲဈေး ကန်ဒေါ်လာ ၈ဝ ခန့်တိုးလာတာ တွေ့ရပါတယ်။ လက်လီဈေးကွက်တွေမှာ ဝယ်လိုအားကောင်းပြီး ဈေးကွက်တွေမှာ အရည်အသွေးကောင်း မတ်ပဲ လက်ကျန်နည်းတာကြောင့် ဈေးတက်လာ တာဖြစ်ပါတယ်။ အိန္ဒိယမတ်ပဲအသစ်များ ယခုလလယ်မှာ ဝင်ရောက်တော့မှာ ဖြစ်ပြီး ယင်းကာလမှာတော့ ဈေးအနည်းငယ်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ် ဖော်ပြလိုက်ပါ တယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၃-၂-၁၁ ၉၅၉ ၉၄ဝ-၉၅ဝ ၃-၁-၁၁ ၈၇၉ ၈၅ဝ MIRT(MAPT)
မတ်ပဲတင်ပို့မှုတန် ၁၅ဝဝဝ ကျော်ထိမြင့်တက်လာ ယခုသီတင်းပတ် (ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ) အတွင်းမှာ ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၁၅ဝဝဝ ကျော်ထိ တိုးတက် တင်ပို့လာတာတွေ့ရပါတယ်။ ဈေးကွက်အသီးသီးကို မတ်ပဲအသစ်တွေ လှိုင်လှိုင်ဝင် လာနေပြီဖြစ်သလို ပြည်ပဝယ်လက်တွေကလည်း အဝယ်ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေကို ဝင်ရောက်မှု တိုးလာတာကြောင့် အဝယ်ရှိပေမဲ့ ဈေးတော့ အနည်းငယ်အေးလာခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလ တစ်လလုံး မတ်ပဲတင်ပို့မှုအနေနဲ့ တန်ချိန် ၄၃ဝဝဝ ကျော်ရှိလို့ ၂ဝ၁ဝ ဒီဇင်ဘာလတင်ပို့မှု တန်ချိန် ၃၂ဝဝဝ ခန့်ထက်ပိုတင်လာတာတွေ့ရပါတယ်။ ကာလတူတင်ပို့မှုနဲ့ နှိုင်းယှဉ်ရာမှာတော့ ၂ဝ၁ဝ ဇန်နဝါရီလမှာ တန်ချိန် ၄၆ဝဝဝ ကျော်ထိ တင်ပို့ခဲ့လို့ အနည်းငယ်လျော့ကျတာတွေ့ရပါတယ်။ ဈေးနှုန်းလျော့ကျခဲ့တဲ့ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၄-၂-၁၁ ၉၁ဝ-၉၂ဝ ၁ဝ၃ဝ-၁ဝ၄ဝ ၂၇-၁-၁၁ ၉၃ဝ-၉၄ဝ ၁ဝ၈ဝ-၁ဝ၉ဝ MIRT(MAPT)
အိန္ဒိယနနွင်းဝယ်လိုအားနည်းလို့ ဈေးကျဆင်း အိန္ဒိယဈေးကွက်တွေကို နနွင်းအသစ်ဝင်ရောက်မှု တိုးတက်လာပြီဖြစ်ပေမဲ့ ဒေသတွင်း လှောင်လက်တွေက ဝယ်လိုအားနည်းတာကြောင့် လက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သုညဒသမ ၁၇ ရာခိုင်နှုန်းနဲ့ သုည ဒသမ ၃ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို နနွင်းအသစ် ဝင်ရောက်မှုဟာ ယခင်သီတင်းပတ်က အိတ် ၁ဝဝဝ နဲ့ ၃ဝဝဝ စီ ဝင်ရောက်ခဲ့ရာက ယခုသီတင်းပတ်မှာ အိတ် ၂၅ဝဝ နဲ့ ၄ဝဝဝ စီဝင်ရောက်လာတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ယခုနှစ်အတွက် နနွင်းထွက်ရှိမှုကို ခန့်မှန်းရာမှာ ၇ဝ ကီလိုပါအိတ် ၆၉ သိန်းထိ ခန့်မှန်းထားပြီး ယခင်နှစ်က အိတ် ၄၈ သိန်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ တောင်သူအများစုဟာ နနွင်းဈေးကောင်းနဲ့ ရောင်းရမယ်လို့ မျှော်မှန်းထားပေမဲ့ ဝယ်လက်တွေက ယခင်သီတင်းပတ်ဈေးနဲ့သာ ဝယ်လိုကြတယ်လို့ ဆိုပါတယ်။ တောင်သူများအနေနဲ့ နနွင်းဟောင်းတွေကို ပိုမိုရောင်းချလိုတဲ့အတွက် ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု တိုးတက်ပေမဲ့ အရောင်းအဝယ်တော့ ထိုင်းနေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်းဈေးနှုန်းအလားအလာကတော့ နနွင်းဝင်ရောက်မှုနဲ့ ဝယ်လိုအားပေါ်မူတည်နေပြီး ကာလလတ်နဲ့ ကာလရှည်အတွင်းမှာတော့ ထုတ်လုပ်မှုမြင့်တက်လို့ နနွင်းဝင်ရောက်မှု တိုးတက်လာမှာ ဖြစ်တဲ့အတွက် ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ အီရော့နနွင်းကုန်သည်များ ဈေးဝင်းမှာ နနွင်းလက်ချောင်း(အဟောင်း) ဈေးက တစ်တန်ကို ရူပီး ၉၁ဝ၆ဝ-၁၄၇၃၉ဝ (ကန်ဒေါ်လာ ၁၉၉၆-၃၂၃ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန်ကို ရူပီး ၉ဝ၉၆ဝ-၁၄၄ဝဝ (ကန်ဒေါ်လာ ၁၉၉၄-၃၁၅၆) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှcif?Source: Angel commodities
နနွင်းခြောက်လုပ်ဖို့ ဈေးကောင်းပေးဝယ်တဲ့ ဟိုပုံးနနွင်း နနွင်းစို ဈေးက ဒီတစ်ပတ်မှာ အနည်းငယ်တက်လာပါတယ်။ ဝယ်လက်တွေက အခြောက်ပြုလုပ်ဖို့အတွက် ဝယ်နေ ကြတဲ့အတွက် ဈေးတက်လာတာလို့ သိရပါတယ်။ ဒီနှစ်နနွင်းက ချင်းထက် အထွက်ကောင်းပါတယ်။ ဟိုပုံးမြို့နယ်မှာလည်း ချင်းအထွက်နည်းပေမဲ့ နနွင်းကတော့ ပုံမှန်ထွက်တယ်လို့ သိရပါတယ်။ ဟိုပုံးမြို့နယ်၊ တောင်ပိုင်းနယ်၊ နမ့်ခုတ်မြို့နယ်တွေကနေ ဟိုပုံးဈေးကွက်ကို ဝင်နေပြီး တစ်ရက်ကိုပျမ်းမျှ ပိဿာချိန် ၅ဝဝဝ ခန့် ဝင်နေပါတယ်။ ဟိုပုံးနနွင်းခြောက်တွေက ဖေဖော်ဝါရီလမှာဈေးကွက်ကို ဝင်လာတော့မှာဖြစ်ပါတယ်။ ယခုလောလောဆယ် နနွင်းခြောက်ပေါက်ဈေးက တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၂၃ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း နနွင်းခြောက်အဝင်နည်းနေပါသေးတယ်။ ပင်လောင်းနဲ့ ဆင်တောင်က နနွင်းခြောက် တွေသာ နည်းနည်းစီဝင်နေပြီး၊ ပင်လောင်းနနွင်းက တစ်ပိဿာ ကျပ် ၂ဝဝဝ - ၂၁ဝဝ၊ ဆင်တောင်နနွင်းက ကျပ် ၃၃ဝဝ- ၃၄ဝဝ ကျပ် ဈေးရှိတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
မှန်မှန်တင်ပို့နေတဲ့ နနွင်း ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကျောက်တော်ဒေသထွက် နနွင်းတက် တစ်တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုး တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက် နနွင်းတက်တစ်တန်ပေါက်ဈေးဟာ ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံဈေးက ၁၄ဝဝဝဝ တာကာ ပေါက် လျက်ရှိပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ ဒီဇင်ဘာလထိ ကာလအတွင်းမှာ နနွင်းတက်တန်ချိန် ၁ဝဝဝ ကျော် တင်ပို့ထားပြီး ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ၅ တန်တင်ပို့ထားပြီး ဖြစ်ပါတယ်။ တင်တင်ထွန်း(MIRT)
