Main menu

Background

Sunday, 2 Jan 2011

်အိန္ဒိယမတ်ပဲဈေး နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလတူဈေး အနည်းငယ်လျော့                 အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်သီတင်းပတ်များက မတ်ပဲဈေး ဆက်တိုက်ကျဆင်းခဲ့ရာက ယခုသီတင်းပတ်မှာ အနည်းငယ်မြင့်တက်လာခဲ့လို့ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလကုန်ရက် ကာလတူ ဈေးနှိုင်းယှဉ်ရာမှ အနည်းငယ် သာလျော့ကျ ကွာခြားတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ဝင်လာတဲ့ ပဲ အသစ်တွေမှာ အရည်အသွေးနိမ့်များပါဝင်နေပြီး ဝယ်လက်များက အရည် အသွေး ကောင်းကို ဝယ်လိုကြတာ ကြောင့် ပြည်ပက ဝယ်ယူတင်သွင်းရတဲ့အတွက် ဈေးမြင့် လာတာဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F  ဈေးများ ကာလတူနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                            ဒေါ်လာ/တန်                      မွန်ဘိုင်းဈေးကွက်                 ချန်ဟိုင်း (C & F)၃ဝ-၁၂-၁ဝ            ၈၈ဝ                                  ၈၃ဝ၃ဝ-၁၁-၁ဝ           ၉ဝ၂                                   ၉၉ဝ                                                                                                                           MIRT(MAPT)

Sunday, 2 Jan 2011

မတ်ပဲတင်ပို့မှု ဆက်လက်တိုးတက်               ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုဟာ ယခင်တစ်ပတ်က တန်ချိန် တစ်သောင်းရှိသလို ယခုတစ်ပတ် (ဒီဇင်ဘာနောက်ဆုံးပတ်) မှာလည်း တန်ချိန် တစ်သောင်းနဲ့ ဆက်လက်တိုးတက်တင်ပို့နေပါတယ်။ ဒီဇင်ဘာ ဒုတိယပတ်၊ တတိယပတ်မှာ အိန္ဒိယဝယ်လက်ပုံမှန်ရှိနေခဲ့ရာမှ ယခုတစ်ပတ်မှာ အဝယ်တက် လာတာကြောင့် ဈေးလည်း အနည်းငယ်တက်လာသလို တင်ပို့မှုလည်း အားကောင်း နေတာဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                 ဒေါ်လာ/တန်                   မတ်ပဲ(FAQ)                   မတ်ပဲ(SQ) ၃၁-၁၂-၁ဝ      ၇၉ဝ-၈ဝဝ                     ၉၉ဝ-၁ဝဝဝ ၂၄-၁၂-၁ဝ      ၇၇ဝ-၇၈ဝ                     ၉၆ဝ-၉၇ဝ                                                                                                                              MIRT(MAPT)

Tuesday, 28 Dec 2010

အရောင်းအဝယ်အေးနေတဲ့ မန်းငရုတ် ဈေးကွက်                       ယခုနောက်ပိုင်း မန္တလေး ဈေးကွက်ရှိ ငရုတ်ဈေးမှာ အရောင်း အဝယ်အေး ဈေးအေးနေကြောင်း သိရပါတယ်။ ဈေးကွက်သို့ ကျောက်ဆည်နယ်မှ (မိုးထောင်၊ ဒီမွန်၊ သာမွန်)မိုျးများလည်းကောင်း၊ ငရုတ်ပုမှာ သဲတော ဝမ်းတွင်းနယ်မှ လည်းကောင်း ဝင်ရောက်လျက်ရှိပါတယ်။ အရောင်း အဝယ်အေးနေတဲ့အတွက် ဒီဇင်ဘာလ လဆန်းပိုင်းမှ စပြီး ငရုတ်ရှည် (မိုး ထောင်) တစ်ပိဿာကို ၁၆ဝဝ ကျပ်၊ ၁၅ဝဝ ကျပ်ဝန်းကျင် ငရုတ်ပွ တစ် ပိဿာကို ၃၅ဝဝ ကျပ်၊ ၃၆ဝဝ ကျပ် ဝန်းကျင်နဲ့ ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်အနေနဲ့ ဒေသတွင်း ရောင်းဝယ်မှု သာရှိတဲ့အတွက် ဈေး အေးအရောင်းအေးကြောင်း ပွဲရုံ ဈေး ကွက်က သိရပါတယ်။                                                          ကျော်ဇင်သန်း

Tuesday, 28 Dec 2010

မန်ကျည်းသီးမှည့်ပြည်မန်ကျည်းမှည့် ဈေးမာ                  ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်များ ဈေးမာလာပါတယ်။ လက်ကျန်နည်းပြီး မန်ကျည်းမှည့် အသစ် မဝင်သေးတာကြောင့် ဈေးမာ လာတယ်လို့ သိရပါတယ်။ ယခင်လက မန်ကျည်းမှည့် တစ်ပိဿာလျှင် လက် လီ ၁၅ဝဝ ကျပ်၊ လက်ကား ၁၂ဝဝ ကျပ်မှ ယခုလက်လီတစ်ပိဿာ ၂ဝဝဝ ကျပ်၊ လက်ကားတစ်ပိဿာ ၁၈ဝဝ ကျပ် အထိ ဈေးမြင့်ခဲ့တယ်လို့ သိရပါ တယ်။                                                                                               အိရွှေစင်

Tuesday, 28 Dec 2010

မန်ကျည်းသီးမှည့်               စစ်တွေနယ်စပ်ကနေ ယခု အပတ်မှာ မန်ကျည်းသီးမှည့် အစေ့ပါ တင်ပို့မှုမရှိခဲ့ပေမဲ့ ယခင်အပတ်က ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး စစ်တွေ နယ်စပ်က တင်ပို့နိုင်ခဲ့ပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်း သီးမှည့်များကို စစ်တွေနယ်စပ် က ပုံမှန်လေး တင်ပို့လျက်ရှိပြီး ဧပြီလမှ ဒီဇင်ဘာလလယ်အထိ နယ်စပ်မှ မန် ကျည်းသီးမှည့် ၂၂၄ တန် တင်ပို့ထား ပြီးဖြစ်ပါတယ်။စစ်တွေနယ်စပ်မှ မန်ကျည်းသီးတစ်တန်ကို မိမိဘက်မြေ ပြင် ပေါက်ဈေး ၃၇၉၄၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံဈေးက ၃၅ဝဝဝ တာကာ ရှိတယ်လို့ သိရပါတယ်။ တင်တင်ထွန်း(MIRT)

Tuesday, 28 Dec 2010

အိန္ဒိယနနွင်းဈေး တစ်တန်ကို ရူပီး ၁၇ဝဝဝဝ (ကန်ဒေါ်လာ ၃၇၆၂) ထိ စံချိန်တင်ရောက်ရှိလာ              အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်မှာ နနွင်းဈေးက တစ်တန်ကို ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) မြင့်တက်ပြီး ကန်ဒေါ်လာ ၁၇ဝ၂၉ဝ (ကန်ဒေါ်လာ ၃၇၆၉) ထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာ ဧပြီလ စာခုျပ်ဈေးဟာ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလကုန်က တစ်တန်ကို ရူပီး ၁၆ဝဝဝဝ (ကန်ဒေါ်လာ ၃၅၄၁) ရှိခဲ့ရာက တစ်လအတွင်း ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၁) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။             နိုင်ငံအထက်ပိုင်းက နနွင်းဝယ်လိုအား ရုတ်တရက် မြင့်တက်လာတာ ကြောင့် အီရော့နနွင်းကုန်သည်များ ဈေးကွက်မှာ ဒီဇင်ဘာလ ၂၁ ရက်က တစ်တန် ကို ရူပီး ၄၅ဝ-၅၅ဝ (ကန်ဒေါ်လာ ၉ ဒသမ ၉၆-၁၂) မြင့်တက်ခဲ့တယ်လို့ ဆိုပါ တယ်။ အနည်းဆုံးနောက် ၁ဝ ရက်မှာလည်း ဒီဈေးအတိုင်း ဆက်ရှိနေအုံးမယ်လို့ ကုန်သည်တိုင်းက ခန့်မှန်း နေကြတယ်လို့ ဆိုပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ နနွင်း လက်ကျန်မရှိတော့လို့ ကုန်သည်အားလုံးက အီရော့ဈေးကွက်ကိုဘဲ မျက်စိကျ နေကြတယ်လို့ ဆိုပါတယ်။            အိန္ဒိယမြောက်ပိုင်းက ကုန်သည်များက အော်ဒါအချို့လက်ခံရရှိတဲ့ အတွက် အီရော့ဈေးကွက်မှာ အဝယ်များချက်ချင်းတက်လာခဲ့ပါတယ်။ ဒါ့အပြင် ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာလည်း အိတ် ၂၄ဝဝ ကို ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းမြင့်တက်လာတော့ တောင်သူတွေက ၎င်းတို့လက်ကျန်များ လာမယ့် ရက်တွေမှာ ရောင်းချလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အီရော့သမ ဈေးကွက်မှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၁၆၃၅၆ဝ -၁၆၈၈၈ဝ (ကန်ဒေါ်လာ ၃၆၂ဝ-၃၇၃၈) နဲ့ နနွင်းဥဈေးက ရူပီး ၁၆၄၇၉ဝ-၁၆၈၇၉ဝ (ကန်ဒေါ်လာ ၃၆၄၇-၃၇၃၅) ဈေးနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။                                                               ယမင်းခင်၊ှSources: business line 

Tuesday, 28 Dec 2010

ဘဏ္ဍာနှစ်အတွင်း နယ်စပ်က တန်ချိန် ၁ဝဝဝကျော် တင်             ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ နနွင်းတက် ၆ တန် ကန်ဒေါ်လာ ၁၁ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၆ တန်ခွဲတင်ပို့ခဲ့တာမို့နနွင်းတက်တင်ပို့မှုမှာ ပုံမှန်လေးပဲ ရှိနေပါတယ်။ ဧပြီလမှ ဒီဇင်ဘာလလယ်အထိ နယ်စပ်မှ နနွင်းတက်တင်ပို့မှုမှာ တန်ချိန်၁ဝ၁၇တန် ကျော်ပြီဖြစ်ပါတယ်။     MIRT(DOBT) 

Tuesday, 28 Dec 2010

နနွင်းတန်ချိန်ပိုမိုတင်ပို့နိုင်ခဲ့                              ပင်လယ်ရေကြောင်း ကုန်သွယ်လမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၃ဝ တန် ၊ တန်ဖိုး ကန်ဒေါ်လာ ၄၅၉ဝဝ ဖိုးကိုတင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံကိုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ နနွင်းတန်ချိန် ၈ တန်သာ တင်ပို့နိုင်ခဲ့ပြီး ယခုသီတင်းပတ်မှသာ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ကန်ဒေါ်လာ ၁၅ဝဝ ခန့်နဲ့ တင်ပို့ခဲ့ပြီး စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ၄၅၉ဝဝ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Pages