Main menu

Background

Monday, 18 Oct 2010

 တစ်နှစ်အတွင်း ပါကစ္စတန်ပဲဈေးနှုန်း ၁ဝဝ ရာခိုင်နှုန်းမြင့်တက်       ပါကစ္စတန်နိုင်ငံရဲ့ လက်ကားဈေးကွက်များမှာရော လက်လီဈေးကွက် များမှာပါ ပဲမျိုးစုံဈေးနှုန်းဟာ ယခုတစ်နှစ်အတွင်း အနည်းဆုံး ၁ဝဝ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အပတ်စဉ်ကုန်စည်ဈေးနှုန်းများ အခြေခံထားတဲ့ စာရင်းအရ သိရပါတယ်။ ပြည်တွင်းရောင်းချမှုပြတ်လပ်တာကြောင့် တစ်ပတ်အတွင်း ပဲမျိုးစုံ ဈေးနှုန်းဟာ ရူပီး ၁ဝ ကနေ ၆ဝ အထိ မြင့်တက်ခဲ့တယ်လို့ ဈေးကွက်များ က ဆိုပါတယ်။      ပဲမျိုးစုံလက်ကားရောင်းချသူ  Tariq Murtaza ပြောကြားရာမှာ ကုလားပဲခွဲခြမ်း တစ်ကီလိုဈေးဟာ ရူပီး ၇ဝ (ကန်ဒေါ်လာ ဝ ဒသမ ၈၁) ရှိခဲ့ ရာမှ ရူပီး ၇၅-၈ဝ (ကန်ဒေါ်လာ ဝ ဒသမ ၈၇- ဝ ဒသမ ၉၃) ဈေးနဲ့ ရောင်းချ နေရတယ်လို့ ဆိုပါတယ်။ ယခင်နှစ်ကာလတူက ကုလားပဲခွဲခြမ်းဈေးဟာ ရူပီး ၃၇ (ကန်ဒေါ်လာ ဝ ဒသမ ၄၃) သာရှိခဲ့လို့ တစ်နှစ်အတွင်း ၁ဝဝ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ ပဲမျိုးစုံဈေးနှုန်းပုံမှန်မြင့်တက်နေရတဲ့ အကြောင်းရင်း တွေထဲမှာ ပါကစ္စတန်ရူပီး တန်ဖိုးကျဆင်းတာရယ်၊ ရေလွှမ်းမိုးလို့ သီးနံှတွေပျက်စီးရတဲ့အပြင် နိုင်ငံတကာဈေးကွက်မှာ စားဖိုချောင်သုံးကုန်စည်များ သိသိသာသာ ဈေးနှုန်း မြင့်တက်ရတဲ့အချက်တွေ ပါဝင်နေတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။     ပဲနီလေးဈေးနှုန်းဟာ လွန်ခဲ့တဲ့သီတင်းပတ်မှာ တစ်ကီလိုကို ရူပီး ၁၂ဝ (ကန်ဒေါ်လာ ၁ ဒသမ ၃၉) ရှိခဲ့ရာမှ ယခုပတ်မှာ ရူပီး ၁၆ဝ-၁၇ဝ (ကန်ဒေါ်လာ ၁ ဒသမ ၈၆-၁ ဒသမ ၉၇) ဖြစ်လာလို့ ၇ ရက်မှ ၁ဝ ရက်အတွင်း တစ်ကီလိုကို ရူပီး ၅ဝ (ကန်ဒေါ်လာ ၁ ဒသမ ၅၈) မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ပဲနီလေးဟာ ၂ဝဝ၉ ခုနှစ်အောက်တိုဘာ-နိုဝင်ဘာလ အတွင်း အရည်အသွေးအလိုက် ရူပီး ၉ဝမှ ၁၁ဝ ( ကန်ဒေါ်လာ ၁ ဒသမ ဝ၄- ၁ ဒသမ ၂၈) အကြား အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့်တစ်နှစ်အတွင်း ပဲနီလေးမှာလည်း ၉ဝ ရာခိုင်နှုန်း ဝန်းကျင်မြင့်တက်ခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလက ကနေဒါပဲနီလေး လက်ကား ဈေးဟာ တစ်တန်ကို ရူပီး ၉၈ဝဝဝ (ကန်ဒေါ်လာ ၁၁၃၇) ရှိချိန်မှာ ပြည်တွင်း ပဲနီလေးများက တစ်တန်ကို ရူပီး ၁၁ဝဝဝဝ (ကန်ဒေါ်လာ ၁၂၇၇) ဈေးရှိခဲ့တယ်လို့ ၎င်းကထပ်လောင်း ပြောကြားပါတယ်။လမင်း၊ ှSource: the nation

Monday, 18 Oct 2010

လက်လီသမားများအပြင် လက်ကားအဝယ်လိုက်နေတဲ့ ပြည်ပဲနီပြား        ပြည်ဈေးကွက်မှာတိုင်းအတွင်း လက်လီသမားများဖြင့် အဝယ်လိုက်ခဲ့တဲ့ ပဲနီပြားဟာ ယခုအောက်တိုဘာ လဆန်းမှစ၍ လက်ကားသမားများလည်း အဝယ်ရှိလာတယ်လို့ သိရပါတယ်။ စက်တင်ဘာလအတွင်း တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝသာအရောင်းအဝယ်ဖြစ်ခဲ့ကြသော်လည်း အောက်တိုဘာ ပထမပတ်အတွင်း အိတ် ၁ဝဝ ခန့်အထိ အရောင်းသွက်ခဲ့ကြပါတယ်။ဈေးနှုန်းအနေဖြင့် တစ်တင်းကို ၂၆ဝဝဝ ကျပ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာ ဒုတိယပတ်မှာတော့ ငွေပေါ်လိုလို့ ထုတ်ရောင်းချသူများရှိလာတာကြောင့် ယခင်အပတ်ကထက် တစ်တင်း ၅ဝဝ ကျပ်ခန့် ဈေးကျခဲ့ပြီး တစ်တင်း ၂၅၅ဝ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။အရောင်းအဝယ်ဖြစ်မှုကတော့ ပျမ်းမျှ တစ်ရက်ကို ၂၅ အိတ် ၊ ၃ဝ အိတ်ဖြစ်ခဲ့ကြပြီး လက်ကားသမားများ အဝယ်ရှိတဲ့ရက် ဆိုပါက တစ်ရက်ကို အိတ် ၁ဝဝ ကျော်အထိ အရောင်းသွက်လျက်ရှိတယ်လို့ သိရပါတယ်။                 ခင်ဆွေဝင်း 

Monday, 18 Oct 2010

ဒေသတွင်းအသုံးနှင့် ရန်ကုန်ဝယ်လက်အားပြိုင်နေတဲ့ မုံရွာစွန်တာနီဈေးကွက်      အောက်တိုဘာဒုတိယပတ်အတွင်း ဒေသတွင်းအသုံးနဲ့ ရန်ကုန်ဝယ်လက်အပြိုင်ဆွဲပြီး ဈေးကောင်းနေတဲ့ ပဲကစွန်တာနီပါ။ ဈေးကွက်လက်ကျန်နည်းလာပြီဖြစ်သလို မဝယ်မဖြစ် ဒေသတွင်းသို့ ကြာဇံစက်၊ ပဲကြော်ဖိုများရဲ့ ဝယ်လိုအားနဲ့အတူရန်ကုန်ဝယ်လက်လည်းရှိလာတဲ့အတွက် အောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ တစ်တင်း ၂၁ဝဝဝ ကျပ်မှ ၂၂ဝဝဝကျပ်ထိ ဈေးမြင့်တက်ခဲ့ပြီး၊ အောက်တိုဘာ ၁၁ ရက်နေ့က အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း 

Monday, 18 Oct 2010

လက်ကျန်လျော့လေ ဈေးမော့နေတဲ့ မုံရွာမြေကစွန်တာနီ       အောက်တိုဘာလ ဒုတိယပတ် မုံရွာပဲဈေးကွက်မှာ စွန်တာနီပဲဟာ ဆက်လက်အောင်ပွဲခံနေကာ တစ်တင်း ၂၂ဝဝဝကျပ်ထိ အမြင့်ဆုံးဈေးပေါက်ခဲ့တာတွေ့ရပါတယ်။ နယ်လက်ဝယ်ယူမှု မရှိပေမဲ့ ဒေသတွင်း လုပ်ငန်းသုံးသမားတွေနဲ့ ပဲလက်လီအရောင်းသွက်နေတဲ့အတွက် ယခုလိုဈေးမြောက်လာခြင်းဖြစ်တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဒေသတွင်း ကုန်သည်တွေဆီမှာ ပဲလက်ကျန်လျော့လာတာနဲ့အမျှ ရောင်းသူဈေးကွက်အဖြစ် ဆက်လက် ရပ်တည်နေနိုင်ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ၁ရက် ပျမ်းမျှတင်း ၂ဝဝ မှ ၃ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့သိရပါတယ်။                 ထွန်းလှိုင် 

Monday, 18 Oct 2010

ပြည်ဈေးကွက်တွင် ဘိုကိတ်လက်ကျန်ပြတ်      ပြည်ဈေးကွက်မှာတော့ ဘိုကိတ် ပိဿာ ၂ဝ တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း အပြောင်းအလဲ မရှိ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ယခင်တစ်ပတ်က လက်လီသမားများ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ဘိုကိတ်ပဲဟာ ယခုတစ်ပတ်မှာတော့ လက်ကျန်များမရှိတော့ကြောင်း သိရပါတယ်။ ဒါကြောင့် ဈေးကွက်မှာ ဘိုကိတ်အရောင်းအဝယ်မဖြစ်တော့ဘူးလို့ သိရပါတယ်။                                                                                ဆုမွန်ဆွေ

Monday, 18 Oct 2010

ပဲကြော်ဖိုလုပ်ငန်းများနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ကမ်းနားပဲကြီး     ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေတဲ့ ပဲကတော့ ပဲကြီး(ကမ်းနား) ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပဲကြီး (ကမ်းနား) အလတ်စဆိုရင် တစ်တင်း ၂၈ဝဝဝ ကျပ်နဲ့ အချောစမှာ ၂၉ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ပထမပတ်တွင်း ပဲကြီး (ရွှေကျွန်း)ကို တစ်တင်း ၃ဝဝဝဝ ကျပ်၊ မျိုးပဲမှာ တစ်တင်း ၃၂ဝဝဝ ကျပ်အထိ ဈေးရရှိခဲ့ကြပြီး မျိုးသမားများ အဝယ်ရှိခဲ့ကြပါတယ်။ ယခုအောက်တိုဘာ ဒုတိယပတ်မှာတော့ မျိုးသမားများအဝယ်မရှိတော့ဘဲ ပဲကြော်၊ ပဲလှော်လုပ်ငန်းသမားများသာ အဝယ်ရှိခဲ့သည့်အတွက် ပဲကြီး (ကမ်းနား) သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး တစ်ရက်ကို အိတ် ၂ဝဝ ခန့် နေ့စဉ်အဝယ်ရှိတယ်လို့ သိရပါတယ်။                                                                                                                                 ခင်ဆွေဝင်း

Monday, 18 Oct 2010

 ပဲလွန်းဖြူ ဆက်လက်တင်ပို့မှုရှိ         ယခုနှစ်မှာ ပင်လယ်ရေကြောင်းက ပိုတင်ပို့လာတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် (အောက်တိုဘာ ၇ ရက်မှ ၁၃ရက်) အတွင်းမှာလည်း တန်ချိန် ၂ဝဝ နီးပါးနဲ့ ဆက်လက်တင်ပို့နေပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက စင်ကာပူ၊ ကိုရီးယား၊ ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးနဲ့ အိန္ဒိယမွန်ဘိုင်းဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                ရန်ကုန် (FOB)                     မွန်ဘိုင်း                             FAQ              SQ၁၄-၁ဝ-၁ဝ           ၇၉ဝ-၈ဝဝ       ၈၉ဝ-ဝဝ                ၁၁၉၅၇-၁ဝ-၁ဝ              ၇၈ဝ-၇၉ဝ      ၈၈ဝ-၈၉ဝ               ၁၁ဝ၁MIRT (MAPT)

Monday, 18 Oct 2010

လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ပြည်ထောပတ်ပဲ      ပြည်ဈေးကွက်အတွင်းအခြားပဲများလက်ကျန်အသင့်အတင့်ရှိသေးသော် လည်း ထောပတ်ပဲကတော့ လက်ကျန်ပြတ် သွားပြီလို့ သိရပါတယ်။ ဇူလိုင်၊ သြဂုတ်လများအတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေခဲ့သော်လည်း စက်တင်ဘာ လ ဆန်းမှစ၍ လက်ကျန်နည်းခဲ့သလို အရောင်းအဝယ်ဖြစ်မှု အနေဖြင့်လည်း ဝယ်လိုအားရှိသော်လည်း ရောင်းအားကျ သွားခဲ့ပါတယ်။ ထောပတ်ပဲမှာ ဈေးစဖွင့်ချိန်တွင် တစ်တင်းကို ၂၄ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ကြပြီး ယခုပဲလက်ကျန် ပြတ်သွား သည့်အချိန်မှာ တစ်တင်းကို ၂၆ဝဝဝ ကျပ်နဲ့ အောက်တိုဘာလပထမပတ်မှာ အိတ် ၂ဝ ခန့်နောက်ဆုံးအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                      ခင်ဆွေဝင်း

Monday, 18 Oct 2010

ယခင်တစ်ပတ်ထက် ဈေးမြင့်တက်လာတဲ့ ပြည်ကုလားပဲ       ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ် အောက်တိုဘာပထမပတ်မှာ ၂၂၃ဝဝ ကျပ်ရှိရာမှ ယခုအောက်တိုဘာ ဒုတိယပတ်မှာ ၂၃၂ဝဝ ကျပ်ဖြင့် တစ်တင်းကို ၉ဝဝ ကျပ်ဈေးမြင့်ခဲ့ပါတယ်။ ကုလားပဲ ဗွီတူး ဈေးမှာမပြောင်းပဲ ၂ဝ၇ဝဝ ကျပ်ဈေးရှိပြီး အရောင်းအဝယ်မဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်ပဲ ဈေးဆက်လက်မြင့်တက်ရခြင်းမှာ တိုင်းအတွင်း လိုင်းသမားများပါ အဝယ်လိုက်လာ တဲ့အတွက် တခိုျ့ရက်များမှာ အိတ် ၇ဝဝ-၈ဝဝ ခန့်ထိရောင်းအား ကောင်းခဲ့ပါ တယ်။ ပဲခွဲစက်များကတော့ ပုံမှန်အဝယ်ရှိနေပါတယ်။ ယခုတစ်ပတ်မှာ အခြားတိုင်း များသို့ တင်ပို့ရောင်းချမှုမရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း

Monday, 18 Oct 2010

ဗွီတူးအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ      မုံရွာပဲဈေးကွက်မှာ အောက်တိုဘာ ဒုတိယပတ်အတွင်း အဝယ် လိုက် လာပြီး ဈေးမြင့်လာတဲ့ ပဲကဗွီတူးလို့ သိရပါတယ်။ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက် များနဲ့အတူ ရန်ကုန်ဝယ်လက်အပြိုင်ဆွဲလာလို့ အောက်တိုဘာလ ၁၁ ရက်နေ့က ပုံမှန်ထက် အရောင်းအဝယ်ပိုကာ ဈေးမှာ တစ်တင်း ၂ဝဝ ကျပ်မြင့်တက်ခဲ့ပြီး တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ အိတ် ၁၅ဝဝ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း 

Pages