Main menu

Background

Monday, 11 Oct 2010

အိန္ဒိယဆန်အထွက် တန်ချိန် သန်း ၁ဝဝ ပြည့်မီနိုင်ဖွယ်မရှိ       အိန္ဒိယနိုင်ငံ အတ္တရာပရာဒေ့ရှ်ဒေသမှာ ရေလွှမ်းမိုးပြီး နိုင်ငံအရှေ့ပိုင်းဒေသများမှာ မိုးခေါင်ခြောက်သွေ့မှုကြောင့်၂ဝ၁ဝ-၂ဝ၁၁ သီးနံှရာသီအတွင်း ဆန်တန်ချိန် သန်း ၁ဝဝ ထွက်ရှိမယ့် ရည်မှန်းချက်ကို ပြည့်မီဖွယ်မရှိဘူးလို့ စိုက်ပျိုးရေးအတွင်းဝန် ပီကေဘာဆူမှ ပြောကြားပါတယ်။ ဆောင်းသီးနံှကောင်းမယ်ဆိုရင် ဆန်အထွက်စုစုပေါင်းဟာ တန်ချိန် ၉၅သန်း ဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။       လွန်ခဲ့တဲ့လက စိုက်ပျိုးရေးဝန်ကြီးဌာနက ပထမအကြိမ်ခန့်မှန်းချက်အရ ၂ဝ၁ဝ-၂ဝ၁၁ သီးနံှရာသီ (ဇူလိုင်-ဇွန်)ရဲ့ မိုးရာသီအတွင်း ဆန်ထုတ်လုပ်မှု တန်ချိန် ၈ဝ ဒသမ ၄၁ သန်းကို ၂ဝဝ၉-၂ဝ၁ဝ ရာသီထွက်ရှိမှု တန်ချိန် ၇၅ ဒသမ၉၁သန်း ထက် ပိုမိုမယ်လို့ ဆိုပါတယ်။       ဆောင်းရာသီလက်ရှိအထွက်နှုန်းနဲ့ ထွက်ရှိမယ်ဆိုရင် တန်ချိန် ၁၄ ဒသမ ၅ သန်းထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။လာမယ့်လမှာ စိုက်ပျိုးရတော့မယ့် ဆောင်းသီးနံှအတွက် မျိုးစေ့နဲ့ ဓါတ်မြေသြဇာများ ထည့်သွင်းမယ်ဆိုရင် မျှော်မှန်းထားသလို ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမိုးစပါး အထွက်နှုန်းဟာ တစ်ဟက်တာကို ယခင်နှစ်က ၂ဝ၂၅ ကီလိုရှိခဲ့ရာမှ ၂၁၇၇ ကီလိုကို မြင့်တက်ခဲ့တာကြောင့် စုစုပေါင်း စပါးစိုက်ဧရိယာ လျော့ကျပေမဲ့ စပါးအထွက်ဟာ တန်ချိန် ၄ ဒသမ ၅ သန်း တိုးတက်ဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ မိုစပါးစိုက်ဧရိယာဟာ ဟက်တာ ၃၇ သန်းရှိလို့ ယခင်နှစ် ကာလတူစိုက်ဟက်တာ ၃၇ ဒသမ ၄ သန်းထက် လျော့ကျခဲ့ကြောင်း သိရပါတယ်။                                                                                                                       လမင်းSources: P T I 

Wednesday, 6 Oct 2010

ပြည်တွင်းနို့ဆီ လက်ကားဈေး                   တစ်ဘူး/ကျပ်                                ရန်ကုန်       မန္တလေးဒွန်း( နို့ဆီ )                    ၆၆ဝ           ၆၇ဝဒွန်း( နို့စိမ်း)                    ၆၁ဝ          ၆၂၅မာရီဂိုး(နို့ဆီ)                  ၅၈ဝ           ၅၉၅လပ်ကီးကောင်း( နို့စိမ်း)      ၅၃ဝ           ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-နို့ဆီလက်လီဈေး                 တစ်ဘူး/ကျပ်                                 ရန်ကုန်       မန္တလေးဒွန်း( နို့ဆီ )                    ၇၁ဝ         ၇၂ဝဒွန်း( နို့စိမ်း)                    ၆၆ဝ         ၆၇၅Falcon  နို့ဆီ                  ၆၁ဝ          ၆၂၅Happy Cow                  ၅၉ဝ          ၆ဝဝဝမ်းတီးနို့ဆီ                    ၆၆ဝ         ၆၇၅ယူကေနို့ဆီ                     ၆ဝဝ         ၆၁၅MIRT (DOT)

Wednesday, 6 Oct 2010

ပင်လယ်ရေကြောင်းက နို့ဆီ အဝင်တုံ့နှေး       စက်တင်ဘာလ စတုတ္ထအပတ် အတွင်း ၂ဝ ရက်နေ့ကနေ၂၆ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကနေ နို့ဆီတန်ချိန် ၇၃၄ ဒသမ ၇၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၆၉၃၃၈၇ ဒသမ ၂၈ ဒေါ်လာဖိုးကို စင်ကာပူနိုင်ငံ ဘက်က တင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းအဝင်တန်ချိန်ကတော့ တန် ချိန် ၄၇၉ ဒသမ ၈၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၇၄၈၅၆ ဖိုးကို စင် ကာပူနိုင်ငံဘက်ကပဲ တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်အပတ်က နို့စိမ်းအဝင်မရှိဘဲ နို့ဆီသာအဝင်ရှိခဲ့ပါတယ်။     နို့ဆီတစ်တန်ကို C & F ၤ ကန် ဒေါ်လာ ၁ဝ၂၃ ဈေးနဲ့ စင်ကာပူနိုင်ငံ က တင်သွင်းခဲ့ပြီး၊ နို့စိမ်းတစ်တန်ကို ကန်ဒေါ်လာ ၉၈၉ ဒသမ ၆ဝ ဈေး နဲ့ စင်ကာပူဈေးကွက်ကနေ ဝယ်ယူတင် သွင်းခဲ့ပါတယ်။ နို့မှုန့်အဝင်ကတော့ တန်ချိန် ၄ ဒသမ ၉၆ တန်ရှိပြီး ထိုင်း၊ စင်ကာပူနဲ့ သြစတြေးလျနိုင်ငံတို့ဘက်မှ တင်သွင်း လာခဲ့ပါတယ်။ ယခင်အပတ်က အဝင် တန်ချိန် ၃၂ ဒသမ ၂၆ တန်ရှိခဲ့တာမို့ ယခုတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၂၇ တန်ကျော် လျော့ဝင်လာတာ တွေ့ ရပါတယ်။MIRT (DOT)

Wednesday, 6 Oct 2010

 ပါကစ္စတန်မှာပဲဈေးနှုန်းကြီးမြင့်တာကြောင့် ဝယ်လိုအား ၁၅ ရာခိုင်နှုန်းကျဆင်း        ပါကစ္စတန်မှာ ပဲမျိုးစုံဈေးနှုန်း ကြီးမြင့်မှုက စားသုံးသူများ ဝယ်ယူမှုကိ အဟန့်အတားဖြစ်စေခဲ့တာကြောင့် လွန်ခဲ့တဲ့ ၂ လ၊ ၃ လအတွင်း လက်လီ၊ လက်ကားဈေးကွက်တွေမှာ ပဲမျိုးစုံ ဝယ် ယူမှု ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ တယ် လို့ သိရပါတယ်။ ပဲမျိုးစုံတင်ပို့သူလဲဖြစ် တင်သွင်းသူလဲဖြစ်တဲ့ ကရာချိလက် ကား ကုန်သည်များအသင်း ဥက္ကဌ Anees Majeed က လက်ကားဈေး ကွက်များမှာ ပဲမျိုးစုံဝယ်လိုအား ကျ ဆင်းမှုနဲ့ ပတ်သက်လို့ ပြောကြားရာမှာ ပဲမျိုးစုံဈေးမြင့်တက်ရခြင်းဟာ ဒေါ်လာ တန်ဖိုးမြင့်တက်ခြင်း၊ ပြည်တွင်းထုတ်လုပ်မှု ကျဆင်းခြင်းနဲ့ နိုင်ငံတကာ ဈေးကြီး မြင့်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆို ပါတယ်။      ကမ္ဘာနဲ့အဝှမ်း ပဲမျိုးစုံဈေးနှုန်းမြင့် တက်ရခြင်းဟာ အခြားသီးနံှများထက်ပဲမျိုးစုံစိုက်ပျိုးခြင်းမှ ရရှိတဲ့ အကျိုး အမြတ် ကနည်းနေတာကြောင့် တောင် သူများ စိုက်ပျိုးမှု လျော့နည်းလာခြင်း ဖြစ်တယ်လို့လည်း ထပ်လောင်း ပြော ကြားပါတယ်။ လယ်သမားတွေက ပဲ တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၃၅ဝ ခန့်သာ ရရှိချိန်မှာ canola က တစ် တန်ကို ကန်ဒေါ်လာ ၄၅ဝ ဈေးဖြစ်တဲ့ အတွက် ကန်ဒေါ်လာ ၁ဝဝ ဈေးပိုမို ရရှိတယ်လို့ ဆိုပါတယ်။      လက်ရှိပဲတီစိမ်းဈေးနှုန်းအနေနဲ့ လက်ကားဈေးကွက်မှာ တစ်ကီလိုကို ရူပီး ၁၇ဝ (ကန်ဒေါ်လာ ၁ ဒသမ ၉)၊ မတ်ပဲ တစ်ကီလို ရူပီး ၆၅ (ကန်ဒေါ် လာ ဝ ဒသမ ၇) ၊ ပဲစင်းငုံခွဲခြမ်း တစ် ကီလိုရူပီး၁၆ဝ(ကန်ဒေါ်လာ ၁ ဒသမ ၈)၊ ပဲဝါလေးခွဲခြမ်း ရူပီး ၁၁ဝ (ကန် ဒေါ်လာ ၁ ဒသမ ၂) ကုလားပဲခွဲခြမ်း တစ်ကီလိုကို ရူပီး ၇ဝ (ကန်ဒေါ်လာ ဝ ဒသမ ၈) နဲ့ ကာဘူလီကုလားပဲ ရူပီး ၁ဝဝ (ကန်ဒေါ်လာ ၁ ဒသမ ၁) အသီးသီးရှိပါတယ်။                  လက်လီဈေးကွက်ပေါက်ဈေး ဟာ လက်ကားဈေးနှုန်းထက် တစ်ကီလိုကို ရူပီး ၁ဝ-၂ဝ ပိုမိုနေတာကြောင့် ဝင်ငွေနိမ့် ကျသူများ ဝယ်ယူနိုင်စွမ်းထက် ပိုမြင့်နေပါတယ်။ ပဲမျိုးစုံဈေးနှုန်း မြင့်တက်ရခြင်း အခြားအကြောင်းရင်း တစ်ခုက ပဲအများဆုံး စိုက်ပျိုးတဲ့ ပန်ဂျပ် မှာ ရေလွှမ်းမိုးမှုကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်နိုင်ငံတကာ အဓိကပဲဈေးကွက်များဖြစ်တဲ့ မြန်မာ၊ သြစတြေးလျနဲ့ကနေဒါတို့မှာ ထုတ်လုပ် မှုလျော့ကျတာကြောင့်ကာဘူလီ ကုလားပဲ ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ ဈေးဖြစ်နေပါတယ်။      အလားတူလက်ရှိရာသီအတွင်း ပါကစ္စတန်နိုင်ငံရဲ့ ပဲတီစိမ်းထုတ် လုပ် မှုဟာ တန်ချိန် ၅၅ဝဝဝဝ ခန့်သာရှိလို့ နှစ်စဉ် ထုတ်လုပ်မှုတန်ချိန် ၆၅ဝဝဝဝ ခန့်ထက်လျော့ကျခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းစားသုံးမှု လိုအပ်ချက် ကို သြစတြေးလျ ကဖြည့်ဆည်း တင် သွင်းရပါတယ်။ ယင်းတင်သွင်းပဲများ လာမယ့်လမှာရောက်ရှိလာမယ်လို့ ဆိုပါတယ်။  ပြည်တွင်းထွက်ပဲများ ဈေး ကွက်အတွင်း ဝင်ရောက်ချိန်မှာ ယခု နှစ်ကုန်ပိုင်းမှာတော့ ပဲဈေးလျော့ ကျနိုင်တယ်လို့ Majeed က ပြော ကြား ပါတယ်။                                                                                                   ယမင်းခင်၊ှSources: daily news

Tuesday, 5 Oct 2010

ဈေးကောင်းရနေတဲ့ ပြည်ဘိုကိတ်ပဲ      ပြည်ဈေးကွက်ရဲ့ ဘိုကိတ်ပဲမှာ တိုင်းအတွင်းရှိ လက်လီသမားများဖြင့် အရောင်းအဝယ်သွက်နေပါတယ်။ ဘိုကိတ်လက်ကျန်နည်းနေတဲ့အတွက် ပိဿာ ၂ဝ တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်းရနေကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ဝက်ထီးကန်မြို့နယ်များမှ အိတ် ၂ဝ ခန့် ရက်ခြားဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ ပြည်မြို့နယ်တွင်းနှင့် တိုင်းတွင်းရှိ အခြားမြို့နယ်များတွင်ရှိသော ပဲကြော်၊ ပဲလှော်လုပ်ငန်းဖိုများမှ နေ့စဉ် ၁၅ အိတ်ခန့် အဝယ်ရှိကြောင်း သိရပါတယ်။              ဆုမွန်ဆွေ

Tuesday, 5 Oct 2010

 ဈေးငြိမ် အရောင်းအဝယ်ဖြစ်နေတဲ့ ပဲနီပြား     ပြည်ဈေးကွက်မှာ အခြားတိုင်းသို့တင်ပို့မှုမရှိဘဲ ဒေသတွင်းလက်လီ သမားများဖြင့် အရောင်းအဝယ် ဖြစ်နေတဲ့ ပဲနီပြားဈေးနှုန်းမှာ လက်လီဈေး တစ် တင်း ၂၆ဝဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးပြောင်းလဲမှု မရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း မြို့နယ်များမှ လက်လီပြန်လည် ရောင်းချသူများအနေဖြင့် ပြည်ဈေးကွက်တွင် လာရောက် ဝယ်ယူကြတယ်လို့ သိရပါတယ်။ ယခင်အပတ်က တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ အထိအရောင်းအဝယ် ဖြစ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ တစ်ရက်ကို အိတ် ၂၅ မှ ၃ဝ အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။                                                                                                               ခင်ဆွေဝင်း

Tuesday, 5 Oct 2010

တစ်တင်း ကျပ်နှစ်သောင်းနဲ့ လက်ခမောင်းခတ်တဲ့ မုံရွာစွန်တာနီ       မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ယခုနှစ်အတွင်း ဈေးကွက်လိုအပ်ချက်နဲ့ ထုတ်လုပ်မှုတို့ရဲ့ ယှဉ်ပြိုင်မှုကြား အနိုင် ရသွားတာကတော့ စွန်တာနီပဲဖြစ်ပါတယ်။ ယခင်နှစ်တွေက မုံရွာကုန်စည်ဒိုင်မှာ အမြင့်ဆုံးတစ်တင်း ၈ဝဝဝ ကျပ်မှ၁၆ဝဝဝ ကျပ်ထိသာ ရရှိခဲ့ပေမဲ့ ယခုနှစ်တောင်သူတွေရဲ့ စိုက်ပျိုးမှုအနည်းငယ်ကျဆင်းခြင်းနဲ့ ဒေသတွင်း ခွဲစက်၊ ကြာဇံစက်နဲ့ ပဲလက်လီအသုံးတွေကြောင့် စက်တင်ဘာလကုန်ရက်ပတ်မှာ တစ်တင်း ၂ဝဝဝဝ ကျပ်ထိဈေးမြောက် လာခဲ့တာတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း တစ်ရက်တင်း ၃ဝဝ ခန့် အရောင်းအဝယ် ်ဖြစ်လျက်ရှိပါတယ်။    ယခုလိုဒေသတွင်း သုံးစွဲမှု ပမာဏတိုးတက်လာခြင်းနဲ့ ကုန်သည်လက်ကျန်လျော့ပါးလာမှုကြောင့် ဈေးကောင်းရလာတဲ့ အတွက် လာမဲ့ဆောင်းရာသီမှာ စွန်တာနီစိုက်ပိုျးမှု ပမာဏ တိုးတက်များပြားလာဖွယ်ရှိကြောင်း လေ့လာ ခန့်မှန်းရရှိပါတယ်။ထွန်းလှိုင်

Tuesday, 5 Oct 2010

ပဲကြီး (ရွှေကျွန်း) လည်းအရောင်းအဝယ်ဖြစ်လာ     ပြည်ဈေးကွက် ပဲကြီးဈေးနှုန်းများမှာ လက်လီဈေးတစ်တင်းကို ပဲကြီး(ကမ်းနား) မှာ ၂၉၅ဝဝ ကျပ်၊ လက်ကားဈေး၂၉ဝဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) မှာ ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်ထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ယခင်အပတ်က ပဲကြီး(ကမ်းနား)သာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခု တစ်ပတ်အတွင်း ပဲကြီး(ရွှေကျွန်း)လည်း အနည်း ငယ် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး လိုင်းသမားများ အဝယ်မရှိဘဲ ပဲကြော်လုပ်ငန်းများသာ အဝယ်ရှိခဲ့တာကြောင့် တစ်ရက်ကို အိတ် ၂ဝဝ ခန့် ပုံမှန် အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။                                                                                                                         ခင်ဆွေဝင်း

Tuesday, 5 Oct 2010

ဒီတစ်ပတ်ပဲယင်း တန် ၂ဝဝ တင်         ပင်လယ်ရေကြောင်းက ပဲယင်းတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အတွင်း တန်ချိန် ၂ဝဝ ထိ တိုးတက်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ဖိလစ်ပိုင်ကို တန် ၅ဝ သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ်မှာ အိန္ဒိယနဲ့ စင်ကာပူကို တင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်လိုပဲ FAQတစ်တန်ကို ကန်ဒေါ်လာ၆၆ဝ-၆၈ဝ ရှိတယ်လို့သိရပါတယ်။  

Tuesday, 5 Oct 2010

လက်လီဝယ်ယူမှုများရှိပေမယ့် လက်ကျန်နည်းလို့ ထောပတ်ပဲရောင်းအားကျ    ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲထောပတ်ကတော့ လက်ကျန်နည်းလာပြီဖြစ်တဲ့အတွက် အရောင်း အဝယ်လည်း သိပ်မဖြစ် ကြတော့ဘူးလို့ သိရပါတယ်။ သြဂုတ်လအတွင်းက တစ်ရက်ကို အိတ် ၃ဝ မှ ၄ဝ ခန့် လက်လီသမားများဖြင့် ပုံမှန် အရောင်း အဝယ်ဖြစ်ခဲ့ကြသော်လည်း စက်တင်ဘာလဆန်းမှစလို့ လက်ကျန် နည်းလာခဲ့သလို အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ဝယ်လိုအား တွေရှိပေမယ့် ရောင်းအားကျလာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စက်တင်ဘာလ နောက်ဆုံးပတ်အထိ တစ်ရက်ကို အိတ် ၂ဝ ခန့် ရောင်းဝယ်ခဲ့ကြပြီး  ယခုစက်တင်ဘာလ ကုန်ရက်မှာတော့ ဈေးနှုန်းက တစ်တင်းကို ၂၆ဝဝဝ ကျပ် ရှိခဲ့ပေမဲ့ ယခင်အပတ် ကလောက် အရောင်းအဝယ် မဖြစ်တော့ကြောင်း သိရပါတယ်။                                                                                                                             ခင်ဆွေဝင်း

Pages