Background
ပေါက်ဈေးအစုံနဲ့ အဝယ်သွက်လာတဲ့ပဲစင်းငုံ မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်ဟာ ယခုတစ်ပတ်အတွင်း တစ်တင်း၁၉၅ဝဝ ကျပ်မှ ၁၉၈ဝဝ ကျပ် ကြား ဝယ်သူဈေးကွက်အဖြစ် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဈေးကွက်ထဲမှာ လက်ငင်းဈေး တစ်တင်း ၁၉၆ဝဝကျပ် နဲ့ တစ်ရက်အတွင်း တင်း ၉ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သလို နှစ်ရက်ဆိုင်းဈေးတစ်တင်း ၁၉၈ဝဝ ကျပ်နဲ့ တစ်ရက် အတွင်း တင်း ၁၂ဝဝ ထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကသိရပါတယ်။ ယခုလို ပဲစင်းငုံဈေး ကျဆင်းခဲ့လို့ ရောင်းအားနည်းလျက်ရှိတဲ့အတွက် မုံရွာနယ်ရှိ ကုန်သည်တွေရဲ့လက်ဝယ်မှာ တင်းနှစ်သိန်းကျော်ခန့်ထိ လက်ကျန်ရှိနိုင် တယ်လို့ ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းချက်ကိုလေ့လာသိရှိရပါတယ်။ ဒီရက်အတွင်း ရန်ကုန်တင်ဖို့ အဝယ်လိုက်ခဲ့ပြီး ဒေသခံကုန်သည်အချို့လှောင်ဘို့ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ကနေ ၁၃ရက်နေ့အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေမှ ပဲစင်းငုံနီထပ်ဆင့် တင်ပို့မှုအနေဖြင့်မန္တလေးကို တင်း ၁၂ဝဝ ခန့်၊ ရန်ကုန်ကိုတင်း ၆ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝခန့် စုစုပေါင်း တင်း ၈ဝဝဝ နီးပါး တင်ပို့နိုင်ခဲ့ကြကြောင်း သိရပါတယ်။ထွန်းလှိုင်
အိန္ဒိယ ပဲစင်းငုံစိုက်ဧရိယာမြင့်တက်ပေမဲ့ ဈေးနှုန်းခိုင်မာနေဆဲ အိန္ဒိယဈေးကွက်တွေမှာ ယခင်နှစ်က အထွက်မြင့်တက်လို့ လက်ကျန်များတယ်ဆိုပေမဲ့ အဝယ်ရှိနေ တာကြောင့် သြဂုတ်လဝက်မှ စက်တင်ဘာ လဝက်အတွင်းမှာတော့ ဈေးကျဆင်းသွားခြင်းမရှိဘဲ ခပ်မာမာ ဖြစ်နေတာတွေ့ရပါတယ်။ယခုနှစ် မိုးရာသီမှာလည်း ပဲစင်းငုံစိုက်ဧရိယာက မြင့်တက်နေတဲ့အပြင် မိုးရေကောင်းကောင်း ရရှိလို့ အပင်ဖြစ်ထွန်း အားကောင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လာမယ့်ရက်တွေမှာတော့ အခြားမိုးပဲတွေလည်း ဈေးကွက်ထဲ လှိုင်လှိုင်ဝင် တော့မှာဖြစ်လို့ ဈေးနှုန်းအားပျော့နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။MIRT - MAPT
ပြည်ပဲစင်းငုံ လက်ကျန်များပေမဲ့ အရောင်းအဝယ်မဖြစ် ပြည်ဈေးကွက်မှာတော့ ပဲစင်းငုံဈေးများ ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၅ဝဝ ကျပ်လျော့နည်းကာ၂ဝ၅ဝဝ ကျပ်ဈေးရှိကြောင်းသိရပါတယ်။ ဈေးများတဖြည်းဖြည်း လျော့နည်းလာပေမဲ့ လက်ကျန်များများ ကျန်ရှိနေသော တောင်သူအခိုျ့မှာ ကြိုက်ဈေးမရသေးလို့ ထုတ်မရောင်း ဖြစ်သေးပဲ ကြိုက်ဈေးရမှသာထုတ်ရောင်းရန် ရည်ရွယ်ထားကြောင်းသိရပါတယ်။ ဒါကြောင့် ဈေးကွက်မှာ ပဲစင်းငုံအရောင်းအဝယ် မဖြစ်သလောက် ရှိခဲ့ကြောင်းသိရပါတယ်။ဆုမွန်ဆွေ
ယခုအပတ်လည်း တင်ပို့တာနည်း ယခုနှစ်အတွင်း ပင်လယ်ရေကြောင်းကနေ ပဲစင်းငုံတင်ပို့မှု လျော့နည်းလျက်ရှိရာ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁ဝဝဝ ကျော်သာရှိလို့ သိသိသာသာတင်ပို့မှု နည်းလာတာတွေ့ရပါတယ်။ ယခင်နှစ်က အိန္ဒိယမှာ ပဲစင်းငုံအထွက်သိသိသာသာပိုပြီး လက်ကျန်ကလည်း များနေတာကြောင့် အိန္ဒိယဝယ်လက်တွေအဝယ်လျော့လာခဲ့တာကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်တွင်း ဈေးကွက်တွေမှာအိန္ဒိယဝယ်လက်များဈေးလျော့ပေးဝယ်ယူကြပြီးမြန်မာကုန်သည်များအနေနဲ့ဈေးမြင့်ပေးဝယ်ယူသိုလှောင်ထားမှုတွေကြောင့် လက်ရှိဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ အရောင်းအဝယ်လေးနေတဲ့ ပဲစင်းငုံရဲ့ ရန်ကုန် FOB ဈေးမှာ (စက်တင်ဘာလ ၁၆ ) ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၇၅ဝ-၇၆ဝ သာရှိပါတယ်။ ပဲစင်းငုံလက်ဝယ်ရှိသူတွေကတော့ တစ်တန် ဒေါ်လာ ၈ဝဝရမှ ရောင်းဆယ်ဆိုပြီး ဈေးကိုင်နေကြပါတယ်။ ပဲစင်းငုံဖြူနီနဲ့ အဖြူတစ်တန်ကိုကန် ဒေါ်လာ ၆၅ဝ-၆၆ဝ ဈေးရှိကြောင်း သိရပါတယ်။MIRT - MAPT
ပြည်မတ်ပဲလည်း ဈေးငြိမ် မတ်ပဲဈေးကတော့ ပြည်ဈေးကွက်မှာဆက်လက်ငြိမ်နေပါတယ်။ယခင်တစ်ပတ်မှစပြီး ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်မှာလည်း၂၆ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ပဲရောင်းဝယ်မှု အနေနဲ့ကတော့ ရန်ကုန်ဝယ်လက်ရော မြို့တွင်းရောင်းဝယ်သူများပါ အဝယ်ပုံမှန်ရှိနေပြီးတစ်နေ့ကို ပဲတစ်တင်းခွဲအိတ် ၂ဝဝ မှ ၃ဝဝ အထိ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ တိုင်းတွင်းမှ ရန်ကုန်ကို စက်တင်ဘာလဆန်းမှ တတိယပတ်အထိပဲအိတ် နှစ်သောင်းကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မိမိအေး
အိန္ဒိယမှာ လက်လီသမားများအဝယ်နည်းလို့ ဈေးကျ အိန္ဒိယပြည်တွင်းလက်ကားဈေးကွက်များမှာ လက်လီသမားများကဝယ်ယူမှုနည်းတာကြောင့် မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးများလည်း တစ်တန်ကို ရူပီး၁ဝဝဝ (ကန်ဒေါ်လာ၂၁ ဒသမ ၈) ခန့် ကျဆင်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ပဲ အဓိကစိုက်ပျိုးတဲ့ ဒေသများမှာ မိုးရွာသွန်းမှုတွေရှိလို့ ပဲအသစ်ဝင်ရောက်မှုဟာဝင်သင့်သလောက် မဝင်သေးဘူးလို့ သိရပါတယ်။ မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးဟာရူပီး ၁ဝဝဝ စီ လျော့ကျပြီး ရူပီး ၅၇ဝဝဝ-၆၂၅ဝဝ (ကန်ဒေါ်လာ ၁၂၄၂-၁၃၆၂)နဲ့ ရူပီး ၆၁ဝဝဝ-၆၅ဝဝဝ (ကန်ဒေါ်လာ ၁၃၃ဝ-၁၄၁၇) ဈေးအသီးသီးရှိတယ်လို့သိရပါတယ်။ ယမင်းခင်၊Sources: P T I
ဟင်္သာတမတ်ပဲ ဈေးငြိမ် ဟင်္သာတဈေးကွက်ရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝတစ်တင်းကို ၂၆၅ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလတတိယပတ်မှာလည်း ယင်းဈေးနဲ့ငြိမ်နေပါတယ်။ ယခုအပတ်ရဲ့ အရောင်းအဝယ်အနေ နဲ့ ဒေသမှ မတ်ပဲလက်ကျန်နည်းသွားပြီဖြစ်လို့ ဟင်္သာတပဲဈေးကွက်သို့ဝင်ရောက်မှုလည်း နည်းသွားပါတယ်။ အရောင်း အဝယ်ဖြစ်မှုမှာလည်း နည်းသွားပြီးရန်ကုန် ဈေးကွက်ကို နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးများဖြင့် တစ်ရက်ကို ပျမ်းမျှအိတ်၁ဝဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ပင်လယ်ရေကြောင်းက တန် ၁ဝဝဝဝ ပို့ ယခင်တစ်ပတ်ထိ ပင်လယ်ရေကြောင်း တင်ပို့မှုအားကောင်းခဲ့တဲ့ မတ်ပဲဟာ ယခုတစ်ပတ် (စက်တင်လာ ၉ ရက်မှ ၁၅ ရက်) အတွင်းမှာတော့တန်ချိန်၁ဝဝဝဝခန့်ကိုအနည်းငယ်လျော့ကျခဲ့ပါတယ်။ ယခင်သီတင်းပတ် များကအိန္ဒိယနိုင်ငံ မှာ ပဲအသစ်တွေထွက်နေပြီဖြစ်လို့ အဝယ်လျော့ကျသွားတာကြောင့်တင်ပို့မှုလည်း အနည်းငယ်ကျဆင်း လာတာ ဖြစ်ပါတယ်။ယခုတစ်ပတ်မှာတော့ပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲအဝယ်ပြန်လိုက်လာတယ်လို့သိရပါတယ်။ အိန္ဒိယပဲ စိုက်တဲ့ဒေသတွေမှာ မိုးရွာသွန်းမှုတွေရှိလာလို့ ဈေးကွက်တွေကို ပဲအသစ်ဝင်ရောက်မှုနှေးကွေးတဲ့ အခြေအနေ တွေအရ မြန်မာနိုင်ငံမှာ အဝယ်ပြန် လိုက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOBဈေးအပြောင်းအလဲများကိုနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်ဒေါ်လာ/တန် မတ်ပဲ(FAQ) (SQ)၁၇-၉-၁ဝ ၉၆ဝ-၉၇ဝ ၁၁ဝဝ-၁၁၁ဝ၉-၉-၁ဝ ၉၄ဝ-၉၅ဝ ၁ဝ၅ဝ-၁ဝ၆ဝMIRT(MAPT)
