Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်တာကာလမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၆၄ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၁၃၉၄ တန်ကျော်ကို တင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်က မူဆယ်စခန်းမှ ပဲတီစိမ်း (လုံးပြည့်) ၇၀၂ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၆၉၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း ပဲတီစိမ်း တန်ချိန် ၂၃၇၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၀၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ တရုတ်နိုင်ငံ ရွှေလီတွင် ပဲတီစိမ်းတစ်တန်ကို ယခုအပတ် ၆၅၀၀ ယွမ်ရှိပြီး ဇန်နဝါရီလနှင့်နှိုင်းယှဉ်လျှင် ယွမ် ၂၀၀ ခန့်ဈေးတက် လာကြောင်း၊ ပြည်တွင်းဈေး အနေဖြင့် ပဲတီစိမ်း (၅၆ ဒသမ ၂၅) ၁ တန်ကို ၆၈၀၀၀၀ ကျပ်ဈေးရှိပြီး ဇန်နဝါရီလနှင့်နှိုင်းယှဉ်လျှင် ၁၆၀၀၀ ကျပ်ခန့် ဈေးတက် လာကြောင်း၊ နှစ်ဖက်နိုင်ငံ ပဲတီစိမ်းဈေးများကိုကြည့်မယ်ဆိုလျှင် တစ်ဘက်နိုင်ငံဈေး မပြောင်းလဲဘဲ မိမိဘက်ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ သိရပါတယ်-
စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ချောင်းဦး၊ မုံရွာ၊ ပခုက္ကူဒေသများမှ ဝင်ရောက်လျက်ရှိတဲ့ ပဲတီစိမ်းရွှေဝါဟာ အရည်အသွေးကောင်းမွန်တဲ့အတွက် အမြင့်ဈေးနဲ့ မန်းကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခု နှစ် အရောင်းအဝယ်စပြီးပြုလုပ်တဲ့ အချိန်မှာ ပဲတီစိမ်းရွှေဝါတစ်ပိဿာ ၁၃၃၃ ကျပ် (တစ်တန် ၈၁၆၃၁၆ ကျပ်) နဲ့ နေ့စဉ် ၃ တင်းဝင်အိတ် ၄၀၀ မှ ၈၀၀ အကြားအရောင်းအဝယ် ဖြစ် ကြောင်း သိရပါတယ်။
မန္တလေးတိုင်း ဒေသကြီးအတွင်း ပဲစင်းငုံစိုက်ပျိုးတဲ့ နွား ထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦးဒေသများမှ ပဲစင်းငုံနီများကို မန္တလေးကုန် စည်ဒိုင်မှာနေ့စဉ် အရောင်းအဝယ် ပြုလုပ်သလို ရွှေဘို ဒေသထွက် ပဲစင်းငုံကိုလည်း အရောင်းအဝယ်ပြုလုပ်ပါတယ်။ ယခင်လနောက် ဆုံးအပတ်မှာ ယခု ပဲစင်းငုံရာသီရဲ့ အမြင့် ဆုံးဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခုအပတ်မှာ ဈေး အနည်းငယ်အေးသွားကြောင်း သိရပါတယ်။ ဈေးအေးပေ မယ့် အရောင်းအဝယ်ပုံမှန်ရှိတာကိုတွေ့ရပါတယ်။
မတ်လ ပထမပတ် မုံရွာကုန်စည် ဒိုင် ပဲဈေးကွက်မှာ ပဲစင်းငုံအသစ်တွေ နယ်ပစ္စည်း အဝင်မရှိသလောက် နည်း ခဲ့လို့ ဈေး ဆက်မာနေပါတယ်။ ယခု တစ်ပတ်အတွင်း တစ်တင်း ၁၉၈၀၀ ကျပ် - ၂၀၁၀၀ ကျပ်ဈေးများနဲ့ မြို့ပေါ် ကုန်သည် အချင်းချင်း ဈေးကြိုက်ရင် ဝယ်ကြရောင်းကြမှုသာရှိခဲ့သလိုရန်ကုန် လက်ပုံမှန်အဝယ်နဲ့ တစ်ရက်အိတ် ၁၅၀၀ - ၂၀၀၀ ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ ကုလားပဲအုပ်စုဈေးကွက် မှာ ဈေးငြိမ်နေပြီး၊နယ်ဘက်ကပစ္စည်းအဝင် ရှိသလောက် ဒိုင်မှာ အရောင်းအဝယ် ဖြစ်ခဲ့တာတွေ့ရပါတယ်။ ပဲတစ်မျိုး ချင်း ဈေးကွက်အနေနဲ့ 929 ကုလားပဲမှာ ချောင်းဦးနယ်မှ အဝင်များလာပြီး၊ တစ် တင်း ၁၆၅၀၀ ကျပ်မှ ၁၇၁၀၀ ကျပ် အတွင်းပေါက်ဈေးဖြစ်ခဲ့ကာ တစ်ရက် ကို အိတ် ၁၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ V2 ကတော့ နယ်စုံက ပစ္စည်းအဝင်ရှိခဲ့ပြီး၊ တစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၇၁၀၀ ကျပ်အတွင်း ပေါက် ဈေး ဖြစ်ခဲ့ကာ တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်အနေနဲ့ ပစ္စည်းရှားနေပြီး ဒီတစ်ပတ်မှာတစ်တင်း ၁၆၇၀၀ကျပ်မှ၁၇၂၀၀ ကျပ်ဈေးပေါက် ခဲ့ပြီး၊ တစ်ရက် အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ ယခုတစ်ပတ် ကုလားပဲမျိုးစုံ ဈေး ကွက်ရဲ့ အဓိက ဝယ်လက်မှာ ဒေသခံ ကုန်သည်လှောင်လက်နဲ့ ဒေသမှာ ပဲခွဲစက်အမှုန့်ကြိတ်စက် ကြာဇံစက်နဲ့ ပဲလက်လီသမားတွေသာဖြစ်ပြီး၊မန္တလေး နဲ့ ရန်ကုန်ဝယ်လက် မဆင်းသေးဘူးလို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်းက စတင် အားနည်းလာခဲ့တဲ့ ရော်ဘာဈေးနှုန်းများက မတ်လဆန်းမှာ ဆက်လက် ကျဆင်း နေတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းနှေးကွေးခြင်းနဲ့ ကမ္ဘာ့ရော်ဘာ စံသတ်မှတ်ဈေးကွက်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာ စားသုံးသူဈေးနှုန်း များ ကျဆင်းခြင်းတို့ကြောင့် ရော်ဘာကို ဝယ်လိုအားကျဆင်း သွားမယ်လို့ ခန့်မှန်းကြတယ်။ ဒါ့ကြောင့် ရော်ဘာဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်တယ်။
အင်ဒိုနီးရှား၊ ထိုင်းနဲ့မလေးရှားအပြည်ပြည်ဆိုင်ရာ သုံး ပါတီနဲ့ဖွဲ့စည်းထား တဲ့ ရော်ဘာကောင်စီ ဟာ ရော်ဘာ ဈေး နှုန်းကိုတစ်ကီလိုဂရမ်လျှင် ၃ ဒေါ်လာနှုန်းနဲ့ဆက်လက် တင်ပို့ သွားရန်သတ်မှတ်ထားပြီး ဆက်လက် ကျဆင်းသွားနိုင်တယ် လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာဈေးကွက်မှာဈေးနှုန်း တည်ငြိမ်မှုရှိစေရေး အတွက် အလေးထား ဆောင်ရွက်သွား ရမယ်လို့ ရော်ဘာကောင်စီကပြောပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ် ရေး စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၁၆၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၇၇၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၃၄၆ တန်ကျော်သာတင်ပို့နိုင်ခဲ့ လို့ ယခု အပတ်မှာ ၄၃၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာကိုတွေ့ရှိရ ပါတယ်။ စခန်းအသီးသီးအလိုက် တင်ပို့မှုတွေကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၁၇၁ သန်းတန်ဖိုးရှိ RSS-3 ၇၅၉ တန်ကျော်၊ကန်ဒေါ်လာ သုည ဒသမ ၀၉၆ သန်းတန်ဖိုးရှိ MSR-20 ၃၂ တန် ခန့်နဲ့ကန်ဒေါ်လာ သုည ဒသမ ၃ သန်းတန်ဖိုးရှိ MSR-5ေ0 ၁၀၄ တန်ခန့်၊ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၁ ဒသမ ၂၄၃ သန်းတန်ဖိုးရှိ RSS-3 ၄၁၉ တန် ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၉၂၉ သန်းတန်ဖိုးရှိ MSR-20 ၃၁၅ တန်ခန့်၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ RSS-3 တန် ၅၀ ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်းတန်ဖိုးရှိ MSR-20 တန် ၁၀၀ ခန့်တို့ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာမော်တော်ကားတာယာထုတ်လုပ်မှု အကြီးဆုံးဈေးကွက်ကိုပိုင်ဆိုင်ထားပြီး ယခုအခါကမ္ဘာ့ မော် တော်ယာဉ် ထုတ်လုပ်မှု အရှိန်မြင့်လာသလိုတာယာ ထုတ် လုပ်မှုပါ မြင့်တက်လာသော်လည်း ကမ္ဘာ့ရော်ဘာ ဈေးကျ ဆင်းမှုနဲ့တရုတ်နိုင်ငံအတွင်း ရော်ဘာ ပိုမိုထွက်ရှိမှုတို့ကြောင့် ယခုနှစ်မှာဈေးကောင်းမရ ဘဲရှိနေပါတယ်။ ယခုအပတ် RSS-3 နဲ့ RSS-5 ရော်ဘာဈေးနှုန်းများ ကတော့ မိမိဘက်မှာ ပြောင်းလဲမှုမရှိပေမယ့် တစ်ဖက် တရုတ်နိုင်ငံမှာ မဆို သလောက်ဈေးတက်လျက်ရှိတာကိုတွေ့ရှိရပါတယ်။မိမိဘက် နဲ့ တစ်ဖ က်နိုင်ငံ မြေပြင်ပေါက်ေ ဈးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၅၀၀၄၀ ၂၅၅၀၄၄၀ - - ၂၉၇၄ ၂၉၆၉ ၅ ၀ .၂RSS - 5 ၂၅၀၂၄၀၀ ၂၅၀၂၄၀၀ - - ၂၇၃၃ ၂၇၂၉ ၄ ၀ .၂MIRT (DOBT)
မန္တလေးမြို့သကြားသကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း (မန္တလေး သကြားဒိုင်) မှာ နေ့စဉ် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးမှ သကြား၊ သကာပွက် ရည် ပုံမှန်ဝင်ရောက်လျက် အရောင်း အဝယ်ပြုလုပ်ရာမှာ ကုန်ကြမ်း(သကာပွက် ရည်)ဈေးနဲ့ ကုန်ချော (သကြား)ဈေးတည်ငြိမ်လျက်ရှိ တာကိုတွေ့ရပါ တယ်။ ဖေဖော် ဝါရီလ နောက်ဆုံးအပတ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်းများမှာသကာပွက် ရည်တစ်ပိဿာ ၅၅၀ ကျပ်ဖြစ်ပြီး၊သကြားတစ်ပိဿာ (ထိပ်စ) ၈၆၀ ကျပ်၊ အောက်စ ၈၂၀ ကျပ်နဲ့နေ့စဉ် (၃၀ ပိဿာဝင်အိတ်) ၃၅၀၀ အိတ်မှ ၄၅၀၀ အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခုမတ်လ ပထမပတ်မှာ သကာပွက်ရည် တစ်ပိဿာ ၅၁၀ ကျပ်၊ သကြား(ထိပ်စ) တစ်ပိဿာ ၈၅၀ ကျပ်၊ အောက်စ ၈၂၀ ကျပ်နဲ့ နေ့စဉ် သကြားအိတ် ၃၀၀၀ မှ ၄၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးနဲ့ ကန်ပိုက်တီးစခန်းများမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၆၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၉၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းများမှ ပြောင်းတန်ချိန် ၁၃၀၀၀ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၄၀၀၀ လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း ပြောင်း တန်ချိန် ၂၆၃၉၆ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန် ၆၀၀ ကျော်ပိုမိုခဲ့တာတွေ့ရပါတယ်။တစ်ဖက်နိုင်ငံဝယ်ဈေးကိုကြည့်ပါက ပြောင်း တစ်တန် ကို ၂၃၀၀ ယွမ်ဈေးရှိပြီး ဇန်နဝါရီလနဲ့နှိုင်းယှဉ်ပါက ယွမ် ၈၀ ခန့်ဈေးမြင့်လာ ကြောင်း၊ မန္တလေးဈေးကွက် တွင် ပြောင်းဖူးစေ့ ဃဏ ၅၄ ပိဿာဝင် ၁ အိတ်လျှင် ၂၅၅၀၀-၂၅၈၀၀ ကျပ်ဈေးရှိပြီး ပြောင်းဖူးစေ့သယ်ယူခမှာ မန္တလေး-မူဆယ် ကားခ ၁ ပိဿာကို ၈၀ ကျပ်ဈေးရှိသဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရပါ တယ်။ ပြောင်းဖူးစေ့အသစ်များထွက်နေပြီဖြစ်သော်လည်း တစ်ဖက်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲမှာ အရောင်းအဝယ်တွေ ရပ်နားထားလို့ တင်ပို့မှုလျော့နည်းခဲ့တာ ပါ။ နှစ်ဖက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၀၉၉၁၁ ၃၁၁၃၇၈ ၁၄၆၇ ၁ ၃၆၂ ၃၇၂ ၁၀ ၂MIRT (DOBT)
ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂ ရက်ထိကာလအတွင်းမှာ ပင်လယ် ရေကြောင်းကုန်သွယ်ရေးမှ ဗီယက်နမ်နိုင်ငံ သို့ပြောင်းမျိုးစေ့ တန် ၂၄၀ တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်တန်လျှင်ဒေါ်လာ ၁၇၀၀ ဈေးရရှိပါတယ်။ ယခင်အပတ် က ပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး၊ ဖေဖော်ဝါရီတစ်လလုံးမှာ ပင်လယ်ရေကြောင်းမှကန်ဒေါ် လာ သုည ဒသမ ၅၅၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၅၂ တန်ကိုတင်ပို့နိုင်ခဲ့ပါ တယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ ဖိလစ်ပိုင်နိုင်ငံသို့ ၁၈၀၄ တန်နဲ့ စင်္ကာပူ နိုင်ငံသို့ ၄၈ တန်ဖြစ်ပါတယ်။ MIRT (DOBT)