Background
အိန္ဒိယနိုင်ငံ ပဲအဓိကစိုက်ပျိုးတဲ့ မဟာရပ်ရှတရာ၊ ကာနာတာကာ၊ ရာဂျက်စသန်နဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က မတ်ပဲ နဲ့ ပဲတီစိမ်း အသစ်တွေ ဈေးကွက်တွေထဲ တဖြည်းဖြည်းတိုးပြီး ဝင်ရောက်လာပြီဖြစ်ပြီး လက်ကားဈေးကွက်တွေမှာ ပဲခွဲစက် လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ဝယ်ယူမှုမရှိသေးလို့ ပဲ ဈေးတွေ ကျဆင်းလာနေပါတယ်။ အထူးသဖြင့် တော့ ဝင် ရောက်လာတဲ့ ပဲတွေမှာ အစိုဓါတ်များပြီး အရည်အသွေးနိမ့် တာကြောင့် ကုန်သည်တွေ ဝယ်ယူမှုမရှိတာ ကြောင့်လို့ ဆိုပါ တယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုရက်ပိုင်း အရောင်း အဝယ်အနည်းငယ်ရှိလာပါတယ်။ ယခင်တစ်ပတ်အတွင်း ရောင်း ဝယ်မှုနည်းပြီး ဈေးကျဆင်းခဲ့ရာမှ ယခုတစ်ပတ်မှာ ဈေးပြန်တန့် လာခဲ့ပါတယ်။ နိုင်ငံတော် လယ်ယာထွက်ကုန်သမ ဈေးကွက်ရှာ ဖွေရေးအသင်း(Nafed) မှ မဟာရပ်ရှတရာဒေသ တွင်း ဈေးကွက် တွေမှာ မတ်ပဲတွေကို စတင်ဝယ်ယူနေပြီဖြစ်ပြီး လတ္တာနဲ့ အခြား ဈေးကွက်တွေမှာ မတ်ပဲ တစ်တန် ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၁၁)နဲ့ ဝယ်ယူနေပါတယ်။ နောက်တစ်ပတ်မှာ အင်ဒရာပရာ ဒေ့ရှ် ဈေးကွက်တွေ မှာလည်း မတ်ပဲနဲ့ ပဲတီစိမ်းတွေဆက်ပြီး ဝယ် ယူသွားမှာဖြစ်ပေမဲ့ ပဲအသစ်တွေမှာ အစိုဓါတ်ပါဝင်မှုများလို့ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ သိရပါတယ်။ နိုင်ငံ အလယ် ပိုင်းမှာတော့ မိုးပဲအသစ်တွေ ဝင်လာတော့ မယ့် အောက်တိုဘာ ဒုတိယ လဝက်မှာ ပဲဝယ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။
ပရိုတိန်းကြွယ်ဝပြီး အရောင်စုံတဲ့ ကုလားပဲ၊ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းများဟာ အိန္ဒိယဆင်းရဲသား ပြည်သူတွေရဲ့ ဟင်းလျာအဖြစ် တဖြည်းဖြည်း ပျောက်ကွယ်လာနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံ အများဆုံး ထုတ်လုပ်သူ၊ အများဆုံး စားသုံးသူဖြစ်သလို အများဆုံး ထုတ်လုပ်သူလဲဖြစ်လို့ မြေဆီ လွှာ ဆက်ပြီး ကောင်းမွန်ရေးဟာ အလွန်ကို အရေးပါနေပါ တယ်။ ဒါပေမယ့် ထုတ်လုပ်မှုက မြင့်တက်နေတဲ့ လူဦးရေကို အမီမလိုက်နိုင်သေးတဲ့အတွက် တောင်သူလယ်သမားတွေ ထက်ပိုပြီး၊ ကုန်သည်တွေက ပဲမျိုးစုံကို ကိုင်တွယ်လာဖို့ဖြစ် စေခဲ့ပါတယ်။
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၂၈-၉-၂၀၁၂ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
21/9
28/9
ပြောင်းလဲမှု
21/9
28/9
ပြောင်းလဲမှု
21/9
28/9
ပြောင်းလဲမှု
21/9
28/9
ပြောင်းလဲမှု
1
မတ်ပဲ
846
800
717
667
-
695
750
750
2
ပဲစင်းငုံ
1025
963
942
900
970
920
955
910
3
ပဲတီစိမ်း
1030
1030
676
711
1000
-
948
842
4
ကုလားပဲရိုးရိုး
1430
1300
996
942
1000
947
1105
974
5
ပဲလွန်းဖြူ
950
950
833
833
-
-
843
-
6
ထောပတ်ပဲ
780
780
942
978
737
737
-
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၂၈-၉-၂၀၁၂ ဒေါ်လာ/တန်
စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား
20/9
27/9
ပြောင်းလဲမှု
20/9
27/9
ပြောင်းလဲမှု
20/9
27/9
ပြောင်းလဲမှု
1
မတ်ပဲ
640
605
-
629
764
737
2
ပဲစင်းငုံ
750
710
-
746
782
761
3
ပဲတီရွှေဝါ
860
860
-
845
-
901
4
ကုလားပဲဖြူလုံးကြီး
820
780
-
864
847
840
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၄၈၀ သန်း တန်ဖိုးရှိ သကြားဖြူ ၄၈၂ တန်ကျော်နဲ့ သကြားညို ၃၂၈ တန်ခန့်ကို စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ တင်ပို့ခဲ့သော်လည်း ယခုအပတ်မှာ မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၄၈ တန်ကျော် ပိုမိုခဲ့တယ်လို့သိရပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်မှ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၉၅ သန်းတန်ဖိုးရှိတဲ့ ပြောင်း ဖူးစေ့ တန် ၂၅၀ ကိုအပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှလည်း ကန်ဒေါ်လာ ၁ ဒသမ ၁၆၅ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၃၀၇၁ တန်အပို့ရှိခဲ့ရာ ယခုအပတ်မှာ နယ်စပ်မှပြောင်းဖူးစေ့ တန် ၃၃၂၁ တန်ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ် မူဆယ်နဲ့ချင်းရွှေဟော်တို့မှ တင်ပို့ခဲ့ခြင်းထက် ယခုအပတ်မှာ ၂၉၈ တန်ကျော်အပို့ပို ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရောတစ်ဘက်နိုင်ငံမှာပါ မြေပြင်ပေါက်ဈေးများ အနည်းငယ်လျော့ နည်းလျက်ရှိပါတယ်။ ယခုအပတ်မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၃၃၄၈၅၄ ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် ၇၈၅၉ ကျပ် လျော့နည်းပြီး တစ်ဘက် နိုင်ငံရွှေလီဈေးမှာ ဒေါ်လာ ၄၀၀ ဖြစ်ပြီး ယခင်အပတ်ထက် ၂ ဒေါ်လာ လျော့နည်း ခဲ့ပါတယ်။ MIRT(DOBT)
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၁၉၃ တန်၊ တန်ဖိုးကန် ဒေါ်လာ သုည ဒသမ ၂၇၀ သန်းဖိုးကို စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိလာတာတွေ့ရပါတယ်။ ဗီယက်နမ် နိုင်ငံသို့ တန် ၁၅၀ နဲ့ စင်္ကာပူနိုင်ငံသို့ ၄၃ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာ တန် ၂၄၀ အပို့ရှိခဲ့ပြီးစက်တင်ဘာ ၂ ရက်မှ ၈ ရက်ထိကာလမှာ အပို့နားခဲ့ပါတယ်။ ယခု အပတ်မှာပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။ သြဂုတ်လမှာ ဗီယက်နမ် သို့တန် ၁၅၀ နဲ့ စင်္ကာပူသို့ တန် ၉၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ပြောင်း FOB ရန်ကုန်ပေါက်ဈေးမှာ ဒေါ်လာ ၃၈၀ ဖြစ်ပါတယ်။ CMK
တမူးနယ်စပ်မှ စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်း တန်ဖိုးရှိ ဂျုံစေ့ ၃၈ တန်ကျော် အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က အသွင်း မရှိခဲ့ဘဲ ယခုအပတ်တင်သွင်းမှု ပြန်ရှိ လာတာတွေ့ရပါတယ်။ စက်တင်ဘာ လ ပထမပတ်မှာတော့ ၇၈ တန်ခန့် အသွင်းရှိခဲ့ပြီး ဇူလိုင်နဲ့ သြဂုတ်လ ၂ လမှာတမူးနယ်စပ်မှ ဂျုံစေ့ တန် ၄၂၀၀ ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
၂၀၁၂ ခုနှစ် ဧပြီလမှ သြဂုတ်လအထိကာလအတွင်း အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုပမာဏက ၂၃ ရာခိုင်နှုန်း မြင့်မားခဲ့သော်လည်း ဝင်ငွေအနေနဲ့ ၂၇ ရာခိုင်နှုန်း လျော့ကျ ခဲ့ကြောင်း သိရတယ်။ ၎င်းင်းကာလအတွင်း ကြက်သွန်နီတန်ချိန် ၇ ဒသမ ၉ သိန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်အလားတူကာလရဲ့ တင်ပို့မှု တန်ချိန် ၆ ဒသမ ၄၁ သိန်းနဲ့ ယှဉ်ရင် တန်ချိန် ၁ ဒသမ ၄၉ သိန်းဝန်းကျင် ပိုမိုတင်ပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ ဝင်ငွေကျဆင်းသွားရာ ယခင်နှစ် တင်ပို့နိုင်မှုဝင်ငွေမှာ ရူပီး ၇၅၆ ဒသမ ၅၀ ကုဋေဖြစ်သော်လည်း ယခုနှစ်မှာ ရူပီး ၅၄၇ ဒသမ ၉၀ ကုဋေသာ ရရှိခဲ့ကြောင်း သိရတယ်။ ယခင်နှစ်က ကြက်သွန်နီတစ်တန်တင်ပို့ရင် ဝင်ငွေ ၁၃၇၉၀ ရူပီး ရရှိခဲ့ သော်လည်း ယခုနှစ်မှာ တစ်တန်ကို ၆၉၃၄ ရူပီးသာရရှိခဲ့ တယ်။