Background
ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် မိုင်းသတ္တုတူးဖော် ရေး လုပ်ငန်းများကို လာမည့် ၂၀၂၀ ခုနှစ်အတွင်း ဝင်ရောက် ရန်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။ ဒီဇင်ဘာ ၁၇ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန၌ ပြုလုပ်သည့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ယင်း သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "အခု လာမယ့်နှစ်မှာတော့ ပြီးခဲ့တဲ့နှစ်က ကျန်နေတဲ့ လုပ်ငန်းမျိုးတွေဖြစ်တဲ့ မိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ လာမယ်လို့ ခန့်မှန်းတယ်။ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနက လည်း အသေးစိတ်စိစစ်နေတဲ့အပိုင်း ဖြစ်ပါတယ်။ ရင်းနှီး မြှ
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီ များ အက်ဥပဒေ ၁၉၁၄၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက် ဥပဒေတို့အရ ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများမှ ပြည်ပနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် များအား ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ အဆိုပါကုမ္ပဏီများအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သော မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ်ပါပြဋ္ဌာန်းချက် အရ အီလစ်ထရွန်နစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO)ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနက သတ်မှတ်ထားရာ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်မှတ်ပု
တောင်သူလယ်သမား အခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်က နေပြည် တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြော သည်။ စုံညီအစည်းအဝေးသို့ ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးဆောင်၍ ဆွစ်ဇာလန်နိုင်ငံအစိုးရ ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းတွေဖြစ်တဲ့ UNCTAD, UNIDO, ITC, ILO, UNOPS တို့ရဲ့ နည်းပညာအကူအညီနဲ့ ရှမ်း ပြည်နယ်၊ အင်းလေးကန်အနီးတစ်ဝိုက်တွင် အကောင် အထည်ဖော်လျက်ရှိတဲ့ သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီး သွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အစည်း အဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၌ ကျင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးတို့ ပူးပေါင်းမှုဖြင့် ဗီယက်နမ် ကုန်စည်ပြပွဲ မြန်မာ ၂၀၁၉ ကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက် အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပ သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံဈေးကွက် အတွင်း အကောင်းဆုံး ဈေးနှုန်းနှင့် ထုတ်ကုန်အရည်အသွေး မြှင့် ကုန်ပစ္စည်းများ ရောင်းချနိုင်ရန် ရည်ရွယ်၍ ဗီယက်နမ် ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် ဗီယက်နမ်ကုန်သည်များမှ လာရောက်ပြသကြခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာအဆင့်မီ အထွေထွေအာမခံ နှင့် အသက်အာမခံဝန်ဆောင်မှုပေးနိုင်ရန် အတွက် Grand Guardian Insurance (GGI) နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်းအာမခံကုမ္ပဏီများ ဖြစ်သော Tokio Marine, Nippon Life တို့ ပူးပေါင်း၍ ဖက်စပ်ကုမ္ပဏီပြုလုပ်၍ ဒေသ တွင်း ဈေးကွက်ထပ်မံချဲ့ထွင်ခြင်းကို ဒီဇင်ဘာ ၃ ရက်တွင် တရားဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် အထွေထွေ အာမခံလုပ်ငန်းအတွက် Tokio Marine & Nichido Fire Insurance Co.,Ltd.(Tokio Marine) နှင့် ဖက်စပ်ဆောင်ရွက်သည့် Grand Guardian Tokio Marine General Insurance Co.,Ltd.
လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီ သုံးခုနီးပါး ထပ်မံ တိုးလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ် ရေးကော်မရှင် (SECM) အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။ ဒီဇင်ဘာ ၅ ရက်က ရန်ကုန် စတော့အိတ်ချိန်းခန်းမတွင် ပြုလုပ် သည့် Media Workshop for Myanmar Capital Market ဆွေးနွေးပွဲတွင် ယင်း သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “နှစ်ဆန်းပိုင်းမှာ လာဖို့ရှိတယ်။ ရန်ကုန်စတော့အိတ်ချိန်းကို တက်ပြီ ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ချ လက်ချ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခြေအနေ ရှိမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့် ကြီးကြပ်တဲ့ ကုမ္ပဏီတွေက လည်း စစ်ရ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ-ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေးနှစ် ၃၀ ပြည့် အထိမ်း အမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန် မြို့သို့ နိုဝင်ဘာ ၂၄ ရက်တွင် ထွက်ခွာခဲ့သည်။ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ နေပြည်တော်
ယနေ့မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးမှု အရှိန်ယူစ ပြုနေသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးစား လျက်ရှိသည်။ နိုင်ငံ တကာနှင့် ကူးလူးဆက်ဆံကာကုန်သွယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံတကာထွက် ကုန်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် တင်သွင်းလျက်ရှိ၍ မြန်မာ နိုင်ငံရှိ စားသုံးသူပြည်သူများသည် နိုင်ငံတကာမှ ထုတ်လုပ် ဖြန့်ချိသည့်လူသုံး၊ အိမ်သုံးပစ္စည်းများကို တိုးတက်လာသော ခေတ်ကာလနှင့်အညီ ကျယ်ပြန့်တွင်ကျယ်စွာ ဝယ်ယူသုံးစွဲ လျက်ရှိနေပါသည်။ ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်၍ ဖြစ်ပျက်မှုသတင်းအစုံစုံကို အချိန်တိုအတွင်း သိရှိနေရသည်။ တချို့လည်း ဝမ်းသာကျေနပ်စရာသတင်း၊ တချို့လည်း ဝ
၂၀၁၇ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှုအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(General Administration of Quality Supervision, Inspection and Quarantine-AQSIQ) အဖွဲ့မှ မြန်မာနိုင်ငံ အနေဖြင့် မင်းကွတ်သီး၊ Longan(တောကြက်မောက်သီး)၊ ကြက်မောက်သီး၊ လိုက်ချီးသီး စသည်တို့အား ပင်လယ်ရေ ကြောင်းနှင့်နယ်စပ် နှစ်မျိုးစလုံးမှတင်ပို့နိုင်ပြီး သရက်သီး၊ ဖရဲသီး၊သခွားမွှေး၊ ကုလားဆီးသီးများကို နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းဖြင့် မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့ ဂိတ်ပေါက်နှစ်ခုမှသာတရားဝင် တင်ပို့နိုင်ကြောင်း ထုတ်ပြန် ထားရှိသည်။