Background
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ ပဲစင်းငုံစိုက်ပျိုးရန် လျာထားဧက ၅၅၀၀၀၀ကျော်အနက် ဧကခြောက်သိန်းကျော်စိုက်ပျိုးပြီးဖြစ် ၍ ရာခိုင်နှုန်းအားဖြင့်၁၀၈ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကန့်ဘလူ ခရိုင်၌ ဧက၁၅၀၀၀၀ကျော်ဖြင့် အများဆုံးစိုက်ပျိုးနိုင်ခဲ့ပြီး မုံရွာခရိုင်၌ ဧက၁၃၀၀၀၀ ကျော်ဖြင့် ဒုတိယအများဆုံး စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ အရာ တော်မြို့နယ်ဘက်မှပဲစင်းငုံ ၁၅တင်းမှတ င်း၂၀ခန့်ဝင်ရောက် လျက်ရှိေ ကြာင်း၊ အသစ်တစ်တင်းလျှင် ကျပ် ၁၃၀၀၀ မှ ကျပ် ၁၃၅၀၀ ကြား၊ အဟောင်းတစ်တင်း လျှင် ကျပ် ၁၁၀၀၀ မှ ကျပ် ၁၁၆၀၀ကြားဈေးပေါက်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ ပဲစင်
ကြက်သွန်နီစိုက်ပျိုးရာ ဒေသများဖြစ်သော ဆိပ်ဖြူနှင့် ပေါက်မြို့နယ်တို့တွင် မိုးများစွာ ရွာသွန်းပြီး ကြက်သွန်နီစိုက်ခင်းများ ရေကြီးနစ်မြုပ်၍ အဝင်နည်းခြင်းတို့ ကြောင့် ကြက်သွန်ဈေးများ မြင့်တက်လျက်ရှိပါတယ်။ ဇန်နဝါရီ ပထမပတ်တွင် ကြက်သွန်နီ လက်ကားဈေးနှုန်းများမှာ အရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာ လျှင် ကျပ် ၃၁၅၀၊ အလတ်စတစ်ပိဿာလျှင်ကျပ် ၂၀၀၀မှ ၂၅၀၀ထိ၊ အနိမ့်စ တစ် ပိဿာလျှင်ကျပ် ၈၀၀မှ ၁၅၀၀၊ လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင်ကျပ် ၃၅၀၀၊ လတ်စတစ်ပိဿာလျှင်ကျပ် ၂၈၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဈေးရှိ ကြောင်းသိရပါတယ်။ ဇန်နဝါရီ ဒုတိယအပတ်တွင် ကြက်သွန်နီဈေးများ တဖြည်း ဖြည်း ကျဆင်းခဲ့ပါတယ်။ ကြက်သွန်နီအဝယ်
အိန္ဒိယနိုင်ငံ၏ အကောက်ခွန် ပေးဆောင်ရသော ရွှေတင်သွင်းမှု သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန် ချိန် ၆၅၀ ရှိပြီး ပျမ်းမျှဈေးနှုန်းမှာ တစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၈၀ မှ ၁၃၀၀ နှုန်းအထိ ရှိမည်ဖြစ် ကြောင်း ဟိန္ဒူဘိဇနက်လိုင်းသတင်း တွင် ဖော်ပြသည်။၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရွှေဈေးနှုန်း သည်ကျဆင်းနေ သည့်အတွက် ဤပမာဏ အတိုင်း တင်သွင်းမည်ဆို ပါက ပြည်ပ ငွေပေး ငွေယူ ရှင်းတမ်း လိုငွေပြမှုကို ထိန်းထားနိုင်မည့် အခြေအနေရှိ ကြောင်း လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်း ကျင်သူတို့က ပြောသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရွှေတင်သွင်းမှုမှာ တန် ချိန် ၆၅၀ ရှိမည်ဖြစ်သည့်အတွက် ယမန်နှစ်က ပမာဏ နီး
ပိုးသတ်ဆေးင်း အမြင့်ဆုံးပါဝင်ခွင့်သတ် မှတ်ချက်(Maximum Residue Limit- MRLs)ဆိုသည်မှာ စားသောက်ကုန်များ စိုက်ပျိုးထုတ် လုပ်စဉ် အခါကသုံးစွဲခဲ့သော ပိုးသတ်ဆေးများ ကြွင်းကျန်မှုကန့်သတ်ချက်ဖြစ်ပြီး ယင်း ပမာဏ သည် စားသုံးသောအခါ ကျန်းမာရေးကို မထိခိုက် စေသည့် ပမာဏကို တရားဝင် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ CODEX အဖွဲ့မှ သတ်မှတ်ခြင်းဖြစ် ပါသည်။ CODEX သည် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO) နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) တို့မှ ပညာရှင်များနှင့် ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့ ဖြစ်ပြီး၊ ပိုးသတ်ဆေးကြွင်း အမြင့်ဆုံးပါဝင်ခွင့်ကန့် သတ်ချက(MRLs) ကို သတ်မှတ်ပေးထားပြီး အခါအားလျော်စွာ ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း များ
ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၉၃၄၄၅၆တန်ဖိုးရှိမြေသြဇာ၈၁၇၈ဒသမ ၈၆တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်၊ ဗီယက်နမ်၊ ကနေဒါ၊ ကိုရီးယား၊ ပါကစ္စတန်၊ ထိုင်းနဲ့မလေးရှားနိုင်ငံတို့မှ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့အမျိုးအစားများမှာ အမိုးနီးယားဆာလဖိတ်၊ အမိုးနီးယား ကလိုရိုဒ်၊ ကွန်ပေါင်း(၁၅း၁၅း၁၅)၊ ကွန်ပေါင်း (၁၅း၉း၂၀)၊ အာမို၊ ပိုတက်ဆီယမ် ကလိုရိုဒ်၊ ပိုတက်၊ ယူရီးယားတို့တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန် ၁၀၅၀၀ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၂၃၂၀ကျော် တင် သွင်းမှုလျ
ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်နှစ်ကြိမ် စလုံးမှာ နယ်မြေချဲ့ထွင်ဖို့အတွက်ချည်းကြောင့် ဖြစ်ခဲ့ပါတယ်။ နယ်မြေချဲ့ထွင်တယ်ဆိုတာလည်း အချုပ်အချာအာဏာ သက်ရောက်ဖို့ဆိုတာထက် သူတို့ရဲ့ ထုတ်ကုန်တွေရော င်းဖို့နဲ့ ကုန်ကြမ်းတွေ သူတို့ဆီကရယူဖို့ဆိုတဲ့ မဟာရည်မှန်းချက်က အဓိကဖြစ်ပါတယ်။ အတိုဆုံးပြောရရင် ကုန်သွယ် ရေးအတွက် စစ်ခင်းခဲ့ကြတာဖြစ်ပါတယ်။ ဒီဘက် ခေတ်သစ်မှာလည်း စစ်အင်အားသုံးပြီး သိသိသာသာ ကြီး နယ်မချဲ့တော့ပေမယ့် နည်းပညာရဲ့ ပံ့ပိုးမှုတွေနဲ့ ကြော်ငြာရဲ့အစွမ်းပကားတွေကြောင့် နယ်မြေတင်မက စားသုံးသူများရဲ့ နှလုံးသားတွေကိုပါ သိမ်းပိုက်တဲ့ခေတ်ကြီးကို ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ရွှေနိ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ကုန်သွယ်မှု တိုးတက်မြင့်မားရေး၊ အလုပ်အကိုင် အခွင့် အလမ်းရရှိစေရေးနှင့် နိုင်ငံတော်အခွန်အခ ရရှိစေရေးတို့ အတွက် တစ်ဖက်နိုင်ငံ ဈေးကွက်ရှိသော သကြားကို Re-export စနစ်ဖြင့် တင်သွင်းတင်ပို့ခြင်းအား ၂၀၁၅ ခုနှစ် စက်တင်ဘာလ မှ စတင်၍ခွင့်ပြုပေးခဲ့ပါသည်။ ခွင့်ပြုပေးစဉ်က Re-export လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ် နည်း စည်းမျဉ်းစည်းကမ်းများအား ဥပဒေနှင့်အညီ သတ်မှတ်ဆောင်ရွက် စေခဲ့ပါသည်။
ဒီဇင်ဘာလ ၃ ရက်မှ ၉ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၈၈၉၆၁၂ တန်ဖိုးရှိ နို့ဆီ ၆၇၉ ဒသမ ၇၀၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တီးပေါ့နို့ဆီ ၂၄၁ ဒသမ ၉၄ တန်၊ အိုကေ နို့ဆီ ၂၁၈ ဒသမ ၈၈ တန် နဲ့ ဒွန်းနို့ဆီ ၂၁၈ ဒသမ ၈၈တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်က တင်သွင်းခဲ့တဲ့ နို့ဆီတန် ချိန် ၃၅၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ နို့ဆီ တန်ချိန် ၃၂၀ ကျော် ပိုမို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ နယူး ဇီလန်နိုင်ငံမှ ၆၁ ဒသမ ၂တန်၊ မလေးရှားနိုင်ငံမှ ၇၇ ဒသမ ၁၇၉တန်နဲ့ ပိုလန် နိုင်ငံမှ ၂၂ တန်၊ စုစုပေါင်း ၁၆၀ ဒသမ ၃၇၉တန် တင်သွင်း ခဲ့တယ်
မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ရာသီဥတုသာယာတာကြောင့် အရောင်းအဝယ်သွက်တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဆင်မြန်မာက ကျပ် ၃၀၀ ဈေးကျခဲ့ပြီး စိန်ဘိလပ်မြေက၂၇၅ ကျပ်ဈေးမြင့်ကာ အရောင်းအဝယ်ဖြ စ်တယ်လို့ အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်မြန်မာ ကျပ် ၄၆၅၀၊ ဆင်(ထိုင်း) ကျပ် ၅၅၅၀၊ ကြံ့(မြိုင်ကလေး) ကျပ် ၄၈၅၀၊ စိန် (ထိုင်း) ကျပ်၅၅၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရပါတယ်။ မန္တလေဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ်အရောင်းအဝယ်သွက်ပြီး ဈေးငြိမ်တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ခရောင်း ဘိလပ်မြ
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများ သည် ယခုတစ်ပတ်တွင် ဈေးအမြင့်ဖြင့်ပင် ဈေးငြိမ်နေကာ အရောင်းအဝယ်သွက် နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြည်တွင်းငွေ လဲနှုန်းများသည် ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်ကထက် တစ်ကျပ် ခန့် မြင့်တက်လာသော်လည်း တစ်ပတ်အတွင်းတွင် ယင်းမြင့်တက်ခဲ့သည့် ဈေး အတိုင်းပင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးမြင့်တက်လာေ သာ် လည်း ဈေးကွက်အတွင်း အရောင်းအဝယ်များ ဖြစ် လျက်ရှိကြောင်း၊ ကမ္ဘာ့ငွေလဲဈေးကွက်တွင်လည်း ဒေါ်လာနှင့်ဖလှယ်နှုန်းများ မြင့်တက်လျက်ရှိသည်ဟုဆိုသည်။