Main menu

Background

Tuesday, 8 Aug 2017

        ပြည် ကြက်သွန်နီဈေးကွက်တွင် ယခုတစ်ပတ်အတွင်း လက်လီရော လက်ကားပါဈေးဆက်လက်မြင့်တက်လျက်ရှိပါတယ်။ ယခုလိုဈေးနှုန်းများ မြင့်တက်နေတဲ့အတွက် ဈေးကွက်အတွင်း ဝယ်လိုအားသိသိသာသာ နည်း သွားကြောင်းဈေးကွက်မှ သိရပါတယ်။ ကြက်သွန်နီ အဓိကစိုက်ပျိုးရာ မကွေးတိုင်းအတွင်းရှိ ကြက်သွန်နီ ကုန်စည်ဒိုင်များသို့ တာချီလိတ်၊ မြဝတီဘက်များမှ ဝယ်လက်များ ကိုယ်တိုင်ကွင်း ဆင်းကာ ဈေးကောင်းပေးဝယ်ယူမှု များကြောင့် ပြည်တွင်းလက်ကျန်နည်းကာ ဈေး နှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း၊ ပြည်ပွဲရုံ လုပ်ငန်းရှင်များရဲ့ ပြောကြားချက်အရသိရှိရပါတယ်။ ဈေးနှုန်းလည်းမြင့်တက်သလို ပြည်တွင်းလက်ကျန်လည်း နည်းနေသဖြင့် ပြည်ေ ဈးကွက်အတွင်းသို့ နေ့စဉ် ပိဿာ

Monday, 7 Aug 2017

          ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ကျပ်ကိုးသိန်းကျော်သို့ ပြန်လည်မြင့်တက်လာခဲ့ကြောင်း  ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေေ ဈးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၁၂၆၀ အထိ မြင့်တက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးသည်လည်း ကျပ် ၉၀၆၀၀၀ အထိ မြင့် တက်ခဲ့သည်။

Monday, 7 Aug 2017

       ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်ပြန်လည်မြင့် တက်လာခဲ့ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရှိရသည်။ ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်းက ပြန်လည်ကျဆင်းခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများ သည် ယခု တစ်ပတ်တွင် နှစ်ကျပ်မျှ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဈေးကွက်အတွင်း  အဝယ်လိုက်လာသဖြင့် ဈေးအနည်းငယ် မြင့်တက်ရခြင်းဖြစ်သည်ဟုဆိုသည်။"ဈေးကွက်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်ကထက်စာရင် နည်းန ည်းပြန်တက်လာတယ်။ ဈေးတက်တာကတော့ အဝယ်ပြန်လိုက်လာလို့ပါ။ ဒါပေမယ့် ဈေးကသိပ်ပြီး မြင့်တက်မလာတဲ့အတွက် အရောင်းအဝယ်ကတော့ ပုံမှန်လောက်ပဲရှိနေပါတယ်"ဟု ငွေလဲစင်တာတစ်ခုမှ သိရသည်။

Wednesday, 2 Aug 2017

        တိုင်းဒေသကြီး အစား အသောက် နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ပြည့်ဖြိုး ဦးဆောင်သော အဖွဲ့နှင့် ဖျာပုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်ေ သာ ပူးပေါင်း အဖွဲ့တို့သည် ဇူလိုင် ၂၂ ရက်ကဖျာပုံမြို့ရှိ မြို့မဈေး ကြီး၊ ကျောက်ပြားတန်းဈေး၊ ဆိပ်ကမ်းသာဈေးတို့တွင် ရောင်းချ နေသော မုန့်ဟင်းခါးဖတ်၊ နန်းပြားဖတ်နှင့် ပဲပြားတို့အား ဈေးကွက်နမူနာကောက်ယူ၍ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ကြ ကြောင်းသိရသည်။

Wednesday, 2 Aug 2017

        ကျောက်ဆည် ခရိုင် ၊ စားသုံးသူ ရေးရာ ဦးစီးဌာနမှ ခရိုင် ဦးစီးမှူးနှင့် မိတ်ဖက်အဖွဲ့အသီးသီးမှ တာဝန်ရှိ သူများသည် ကျောက်ဆည်မြို့၊ အေးမြ ကြည်လင်ရပ်ရှိ “ဆရာမ”အချိုရည် လုပ်ငန်းနှင့် မင်းရပ်ရပ်ကွက်ရှိ “အန် တီပေါက်” အချိုရည် လုပ်ငန်းများအား ဇူလိုင်လ  ၁၂ ရက်တွင် သွားရောက် စစ်ဆေးခဲ့ပါသည်။ ထိုသို့ သွားရောက်စစ်ဆေးရာ တွင် အေးမြကြည်လင် ရပ်ကွက်ရှိ “ဆရာမ”အချိုရည် လုပ်ငန်းမှာ အသေး စား စက်မှုလက်မှုလုပ် ငန်း ဦးစီးဌာန လုပ်ငန်း လိုင်စင်၊ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းလိုင်စင်၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက် စသည်တို့ ရယူခြင်းမရှိဘဲ ထုတ်လုပ်ရောင်းချနေကြောင်း၊ မင်းရပ်ရပ် ကွက် အတွ

Friday, 28 Jul 2017

     ဇူလိုင်တတိယပတ်မှာ မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေး ကွက် ပြည်ပဝယ်လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း သီးနှံများကဲ့သို့ ကုလားပဲဖြူသီးနှံလည်း ပြည်ပက အဝယ်လိုက် လာလို့ အခုအချိန်မှာ ဈေးအမြင့်ဆုံးနဲ့ အရောင်းအဝယ် လည်း သွက်လာကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ်အိတ် ၁၀၀၀ ကျော်အဝင်ရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ ယခုတစ် ပတ် ကုလားပဲမျိုးစုံ တစ်တင်းပေါက်ဈေး နှုန်းများမှာ ကုလားပဲ ဖြူလုံးကြီး ဠ၂ကျပ် ၄၂၅၀၀၊ ဠ၇ကျပ် ၄၉၀၀၀၊ ၉၂၉ ကျပ် ၃၉၅၀၀၊ ထိုင်ဝမ်ကျပ် ၃၉၂၀၀ အသီးသီး ပေါက်လျက်ရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းထက်   ဈေး မြင့်တက်လာကြောင်း တွေ့ရပ

Friday, 28 Jul 2017

ဇူလိုင်လလယ် ပြည်ပဲဈေးကွက်မှာ ပြည်တွင်း၊ ပြည်ပ ဝယ်လက်ပဲများ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့သလို လက်လီ ပဲများလည်း ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။  ထောပတ်ပဲသီးနှံဟာ လက်ကျန်ပဲ အနည်းငယ်ဖြင့် လက်လီ သမားအချို့ နေ့စဉ်ဝယ်ယူလျက် ရှိခဲ့ ကာ တစ်ရက်လျှင် အိတ် ၂၀ ဝန်းကျင်  ရောင်းချခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၃၁၀၀၀ နဲ့ အခြား လက်လီပဲများဖြစ်သော ဘိုကိတ်၊ ပဲပုပ်၊ ပဲလွန်းဖြူ သီးနှံများထက် ဈေးကောင်း  ပိုရ ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ် ဇူလိုင်လက ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၁၅၀၀၀ သာရရှိခဲ့လို့ ယခုနှစ်ဈေးဟာ ယခင်နှစ်ရဲ့ဈေးထက်နှစ်ဆ ခန့် ပိုရနေခဲ့ တာကို တွေ့ရပါတယ်။                                

Friday, 28 Jul 2017

ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက် ပဲများဈေးအေးနေပေမယ့် ပြည်တွင်း ဝယ်လက် ကုလားပဲ၊ ပဲကြီး သီးနှံများနှင့် လက်လီသမား အဓိကအရောင်းအဝယ် ဖြစ်နေတဲ့ စားတော်ပဲသီးနှံဟာ ဈေးကောင်းရနေခဲ့တာကို တွေ့ရ ပါတယ်။ ပဲအဝင် မရှိပေမယ့် လက်ကျန်ပဲ အချို့ရှိလို့ လက်လီ ဝယ်ယူမှုအပေါ် နေ့စဉ်အိတ်အနည်း ငယ် ရောင်းချခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်းကျပ် ၄၄၀၀၀ဖြင့် ယခင်တစ်ပတ် ဈေး ထက် ကျပ် ၁၀၀၀ ခန့် ဈေးပိုရလာခဲ့ ပါတယ်။ ဒါကြောင့် ပြည်ပဲ မျိုးစုံဈေးကွက်မှာ ပဲကြီးသီးနှံပြီးလျှင် ဒုတိယအများဆုံးဈေးရခဲ့တဲ့ ပဲသီးနှံဖြစ်ကြောင်း လေ့လာသိရှိရ ပါတယ်။                        

              ခင်ဆွေဝင်း

 

Tuesday, 18 Jul 2017

(ယခင်တစ်ပတ်မှအဆက်)
(ခ)    စစ်ဆေးရေးအဖွဲ့၏ လိုလားချက်အရ  ပစ္စည်းသို လှောင်ရုံသို့  သွားရောက်စစ်ဆေးနိုင်ရေး ကူညီပေး ရန်နှင့် နမူနာပစ္စည်းအတွက်လည်းကောင်း၊ ဓာတ်ပုံ မှတ်တမ်းရယူရန်အတွက်လည်းကောင်း ပံ့ပိုးကူညီ ပေးရန်။
(ဂ)    ဈေးနှုန်းစိစစ်ရန်   လိုအပ်မှုအတွက် တစ်ဖက်နိုင်ငံ ကုမ္ပဏီ၏လိပ်စာ၊ Email Account တို့ကို တင်ပြ ပေးရန်။    
အရေးယူဆောင်ရွက်မှု

Wednesday, 12 Jul 2017

     MPT က စီးပွားရေးလုပ်ငန်းများအတွက် အထူးရည်ရွယ်ထားသညB2Bဒေတာအစီအစဉ်သစ်များကို ထုတ်ပြန်ကြေညာလိုက်သည်။အဆိုပါ B2B အစီအစဉ်တွင် ယခင်က အစီအစဉ်များထက် ဒေတာပမာဏ ပိုမိုများ ပြား၍ ဈေးနှုန်းပိုမိုချိုသာသော ပက်ကေ့ချ်အမျိုးအစား ခြောက်မျိုးဖြစ်သည့် 800 MB မှ 20 GB အထိကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။စီးပွားရေးလုပ်ငန်းများတွင် အင်တာနက်သုံးစွဲသူများအနေဖြင့် MPT  ၏ မြန်ဆန်သော ဒေတာကွန်ရက်ကို အသုံးပြုပြီး မိမိတို့လိုအပ်သည့် အစီ အစဉ်များကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။

Pages