Main menu

Background

Tuesday, 2 Aug 2016

        ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပြည်ပ ဝယ်လက် မတ်ပဲသီးနှံ ဈေးလျော့ အရောင်းအဝယ်ဖြစ်နေပြီး ပဲစင်းငုံသီးနှံ ယခင်တစ်ပတ်က ဈေးလျော့ခဲ့ပေမယ့် ယခုတစ် ပတ်မှာ ဈေးပြန်လည်လှုပ်လာသလို ကုလားပဲ သီးနှံမှာ ဈေး အမြင့်နဲ့ ဈေးဆက်ငြိမ်နေကာ ပဲကြီးသီးနှံကတော့ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေခဲ့တယ်လို့သိရပါတယ်။ ပဲဝင်ရောက်မှုအနေဖြင့် မတ်ပဲသီးနှံ၊ ကုလားပဲနဲ့ ပဲကြီး သီးနှံများ နေ့စဉ်အဝင်ရှိနေသလို အရောင်းအ ဝယ် ကလည်း ပုံမှန်ဖြစ်နေခဲ့ပါတယ်။ ကျန်ပဲများကတော့ ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲများအား   လက်လီသမားများနဲ့   ပုံမှန်အိတ် အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

Tuesday, 2 Aug 2016

          မုံရွာကုန်စည်ဒိုင်ရဲ့ ဇူလိုင်စတုတ္ထပတ်ပဲဈေးကွက်မှာ ကုလားပဲ မျိုးစုံ၊ ပဲတီစိမ်းနဲ့မတ်ပဲတို့ ဈေးငြိမ်နေ ပေမယ့် ငုံနီကတော့ တစ်တင်းကျပ် ၄၂၀၀၀ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ် ခဲ့တာတွေ့ ရပါတယ်။ ပေါက်ဈေးအရ   ဝယ်လက် နှစ်သက်ဖွယ်ဖြစ်ခဲ့ပေမယ့်  ရောင်းလို အားရှားတဲ့အတွက်  တစ်ရက် အိတ် ၃၀၀၊ ၄၀၀ ဝန်းကျင်သာ  အရောင်းအဝယ် ဖြစ်နိုင်တယ်လို့   ဈေးကွက်မှ သိရပါတယ်။

Tuesday, 2 Aug 2016

         ယခုတစ်ပတ်အတွင်းရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်ချော (ရှယ်) နဲ့ ဆန်ကြမ်း(ရှယ်) ကြီးတွေ အဝယ်လိုက် လို့ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ မူဆယ် ဆန်ဈေးကွက်ကတော့ ဆန်ကားတွေအဝင် နည်းပြီး အရောင်းအဝယ်လည်း  ပါးနေတယ်။ အရောင်းအဝယ်ပြန်ဖြစ်တာ တစ် ပတ်လုံးမှာ နှစ်ရက်လောက်ပဲရှိသေးတယ်လို့ မူဆယ်ဆန်ဈေး ကွက်မှ  သိရှိရပါတယ်။ ဇူလိုင် ၂၈ ရက် ဝါးတန်းကုန်စည်ဒိုင်ရဲ့ လက်ကားဈေး နှုန်း အရ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၅၅၀၀၊ လတ်စတစ်အိတ်  ကျပ် ၃၃၀၀၀၊   မြောင်းမြ ပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ် ၃၇၀၀၀၊ လတ်စတစ် အိတ် ကျပ် ၃၄၅၀၀၊ နယ်စုံပေါ်ဆန်းထိပ်စ  တစ် အိတ် ကျပ် ၃၅၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃

Tuesday, 2 Aug 2016

      ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း  ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၃၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၂၁၁၃ တန်ကျော်တင်ပို့ခဲ့ရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန် ဆန် တန် ၃၂၀၀၊ ဧည့်မထဆန် တန် ၁၃၀၀၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၁၅၄ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၄၅၉ တန်ကျော် အသီးသီး  တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လဆန်းပိုင်း   ပထမ ပတ်က ဆန် တန်ချိန် တစ်သောင်းခွဲကျော် တင်ပို့နိုင် သော်လည်း ဒုတိယ၊ တတိယ၊ စတုတ္ထ ပတ်များမှာ ဆန်တင်ပို့မှု ဆက်တိုက်ကျ ဆင်းလာရာ  ယခုတစ်ပတ်တင်ပို့မှုမှာ လည်း ယခင်တစ်ပတ်ထက် ၈၆၃ တန် လျော့နည်းခဲ့ ပါတယ်။ ကုန်သွယ်ရေး စခန်

Friday, 29 Jul 2016

ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ   ချင်း(ဥမ)တွေက ယခင်တစ်ပတ် ကလောက် အဝင်မရှိပေမယ့် ပုံမှန်ဝင်နေပါတယ်။ ဒီတစ်ပတ်မှာ မိုးများသလို ဝါတွင်းကာလ ပိတ်ရက်များကြောင့်အရောင်းအေးနေတယ်လို့ သိရှိရပါတယ်။
တောင်သူအချို့မှာလည်း ဘုန်းကြီးကျောင်းတက်၊ ဥပုသ်သီလဆောက်တည် မှုတွေလုပ်နေကြတာကြောင့် ဒီတစ်ပတ် အောင်ပန်းသီးနှံဈေးကွက်မှာ  ငြိမ်နေပါ တယ်။ ဒီတစ်ပတ်မှာ လက်ကြီးသမားတွေ ထက် ဈေးပတ် သမား များသာ ဝယ်ယူမှုရှိ နေပါတယ်။ တစ်ပတ်အတွင်းပိသာချိန် ၁၅၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရ ပါတယ်။ ချင်းပေါက်ဈေးကတော့ (ဥမ) တစ်ပိသာကို ကျပ် ၃၀၀ ဈေးရှိတယ်လို့ သိရှိရပါတယ်။

Friday, 29 Jul 2016

ပုလဲမြို့နယ်မှာ နွေပဲတီစိမ်းများ  စတင်ရိတ်သိမ်းနေပြီဖြစ်ပါတယ်။ ပုလဲမြို့ နယ်မှာ နှစ်စဉ်  နွေပဲတီစိမ်းစိုက်ဧက  သုံးထောင်ကျော်ရှိတဲ့အတွက် တင်းပေါင်း ၃၅၀၀၀ ခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါ တယ်။ နွေပဲတီ စိမ်းပေါ က်ဈေးမှာ တစ်တင်းလျှင် ကျပ် ၃၀၀၀၀ခန့်ရှိတဲ့ အတွက် တစ်ဧကကို ကျပ်တစ်သိန်းခွဲခန့်   အမြတ်ကျန်နိုင်တယ်လို့ လက်ပုကန်ကျေးရွာမှ ပဲတီစိမ်းစိုက်တောင်သူဦးစိန်ပြူးကပြောကြားပါတယ်။''ကျွန်တော်တို့ဆီမှာတော့ ရေဆင်း - ၁၄ မျိုးကိုစိုက်ပျိုးပါတယ်။ ပဲတီစိမ်းမျိုး ကောင်းမျိုးသန့်တစ်ပြည်ကိုကျပ် ၆၀၀၀ ပေးဝယ်ရပါတယ်။ ဒီနှစ်မှာအဝါပင်တွေများ တဲ့အတွက် မနှစ်ကလောက်တော့  မရပါဘူး။တစ် ဧကကို ၁၀ တင်း၊ ၁၂ တင်း လောက်ပဲထွက်ပ

Thursday, 28 Jul 2016

 ကချင်ပြည်နယ် ဗန်းမောက်မြို့မှထွက်ရှိတဲ့ မြီးတုံးဆန် ကို ဖားကန့်ဒေသမှအဝယ်လိုက်နေတဲ့အတွက် ဈေးကောင်းရ နေကြောင်းသိရပါတယ်။ ဖားကန့်ဒေသဟာ မိုးရာသီဝမ်းစာ အတွက် မြီးတုံးဆန်ကို ဝယ်ယူသိုလှောင်နေ တဲ့အတွက် မြီးတုံး စပါးကို အများအပြားစိုက်ပျိုးနေကြတဲ့ ဗန်းမောက်မြို့နယ်မှ တောင်သူများအကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရပါတယ်။

Thursday, 28 Jul 2016

ဆူဇူကီး မြန်မာမော်တော်ကုမ္ပဏီသည် ၎င်းင်း၏ ကားအမျိုးအစားသစ် တစ်ခုဖြစ်သည့်Ertiga ကို ကျပ် ၂၀၉ သိန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါကားအမျိုးအစားမိတ်ဆက်ပွဲ တွင် ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါ ကားအမျိုးအစားသစ် မိတ်ဆက်ပွဲကို ဆူဇူကီးမြန်မာမော်တော် ကုမ္ပဏီမှ ဇူလိုင်လ ၁၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာ   ပလာဇာပရိုမိုးရှင်းဧရိယာ၌ ပြုလုပ်ခဲ့သည်။

Thursday, 28 Jul 2016

အခုခေတ်ကာလ ကုန်သွယ်မှု လောကတစ်ခွင်မှာ ကြား နေရတဲ့ စကားတစ်ခွန်းကတော့Re-export စနစ်နဲ့ ကုန်သွယ်မှု ပြုခြင်းပါ။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလောက တစ်နည်းအားဖြင့်မြန်မာ့ကုန်သည်လောကမှာRe-export စနစ် ပေါ်ထွန်းလာတာ သိပ် မကြာသေးတော့ ကုန်သည်တော်တော်များများသာမက ပြည်သူတွေပါ ဒီစနစ်နဲ့ အကျွမ်းတဝင် မဖြစ်ကြသေး။Re-export စနစ်နဲ့ ကုန်သွယ်မှု ပြုမယ်ဆိုရင် ျွန-နထစသမအ စနစ်ရဲ့လုပ်ထုံးလုပ်နည်းတွေ၊Re-export စနစ်မှာ ဘယ်လို ကုန် ပစ္စည်းတွေကိုကုန်သွယ်မှုပြုနေသလဲ။ နိုင်ငံတော်ကရော ဘယ်လောက်အတိုင်းအတာအထိခွင့်ပြုထားသလဲ။ စတဲ့စတဲ့အခြေခံ အချက်တွေကို သိထားဖို့ လိုအပ်လှပါတယ်။Re-export စနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် စီးပွားရေ

Thursday, 28 Jul 2016

မုံရွာကုန်စည်ဒိုင် ဇူလိုင်လတတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ်ဝယ်လက်ပါးလို့ မြေပဲဆန်ဈေး ဆက်လက်အေးခဲ့ရာ မြေပဲလုံး ဆန်(နီ) တစ်ပိဿာ ကျပ် ၂၇၀၀၊ မြေပဲဆန်(ဖြူ) တစ်ပိဿာ ၂၆၂၅ ကျပ်၊ ဆီဆန် တစ်ပိဿာ ကျပ် ၂၀၀၀ ဖြစ်ခဲ့သော်လည်း ယခင်လကထက်  တစ်ပိဿာ ကျပ် ၄၀၀ ခန့် လျော့ကျလာခဲ့ကာ  အရောင်း အဝယ်ပါ အေးသွားတယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။
တရုတ်ဝယ်လက်  ပုံမှန်အဆွဲမရှိဘဲ ဒေသတွင်း  ဝယ်လိုအားသာများခဲ့လို့ ဒိုင်မှာ တစ်ရက် အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊  မုံရွာဝန်းကျင်ရှိ ဆားလှော်ဖိုတွေက ကုန်သည်နဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမှုတွေ ရှိနိုင် တယ်လို့ သိရပါတယ်။

Pages