Background
ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် ယခင်နှစ်မိုးစပါး ဧရာဝတီပေါ်ဆန်း ၁၀၅ ပေါင်၊ တင်း ၁၀၀ ကို ပေါ်စက ကျပ် ၈၄၀၀၀၀ ၊ ကျပ် ၈၅၀၀၀၀ ဈေးနှုန်းရှိပြီး၊ ယခု ကျပ် ၁၀၀၀၀၀၀ ပတ်ဝန်းကျင်ဈေးနှုန်းဖြင့် ဆန်တစ်အိတ် လျှင် ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု ၃၄၀၀၀ ကျပ်သို့ မြင့်တက်သွားပြီး၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင် တင်း ၁၀၀ ကို စပါးပေါ်ချိန် ကျပ် ၇၄၀၀၀၀ ၊ ကျပ်၇၅၀၀၀၀ ဈေးတွင် ဆန် တစ်အိတ်လျှင် ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု ပေါ်ဆန်းရင်စပါးဈေးမှာ ကျပ် ၉၂၀၀၀၀ သို့ ဈေးမြင့်သွားပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ဈေးနှုန်းဖြစ်သွားကြောင်း၊ ပေါ်ဆန်းရင်စပါးဈေးမှာ ယခုလက်ရှိအချိန်ဈေးကွက်တွင် အရောင်းအဝယ် နည်းပါး ၍
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက် အထိ (၁၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (13th CAEXPO) ကို ကျင်းပမည်ဖြစ်ရ မြန်မာနိုင်ငံ မှ ပါဝင်ပြသနိုင်ရန် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဖိတ် ကြားလာပါသည်။ မြန်မာနိုင်ငံအနေနှင့် ၂၀၀၄ ခုနှစ်မှ စတင်၍ ယင်းပြပွဲသို့ နှစ်စဉ်ပါဝင်ပြသခဲ့ရာ ၂၀၁၂ ခုနှစ်၊ (၉) ကြိမ်မြောက်တရုတ်-အာဆီ ယံ ကုန်စည်ပြပွဲတွင် (Country Of Honor) ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် အောင်မြင်စွာ ပြသနိုင်ခဲ့ပြီး ဆုတံဆိပ်များ ရရှိခဲ့ပါ သည်။
မန္တလေးမြို့ (မြန်မာနိုင်ငံ သကြား၊ သကာရည်လုပ်ငန်းရှင်များ ကထိန်တော် အသင်း) သကြား ကုန်စည်ဒိုင်မှာ အနယ်နယ်အရပ်ရပ်မှ သကြားကုန်သည်၊ စက်ပိုင်များ၊ ပွဲစားများနှင့်သကြားနှင့် ပတ်သက်သော လုပ်ငန်းရှင် များ နေ့စဉ်(ဥပုသ်နေ့မှ အပ) သကြားနဲ့ သကာရည်များလာရောက်ပြီး အရောင်းအဝယ်ပြုလုပ်ကြောင်း သိရပါတယ်။
၂၀၁၆ ခုနှစ်၊ ဇွန် ၂၃ ရက်တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ တတိယအကြိမ် လုပ်ငန်းကော်မတီ အစည်း အဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ အိန္ဒိယမှ ဝယ်လိုအား အတက်အကျပေါ်မူတည်ပြီး ပြည်ပတင်ပို့မှုအများဆုံးပဲများဖြစ် တဲ့ မတ်ပဲ၊ ပဲစင်းငုံနီတို့မှာ ဈေးနှုန်းအတက်အကျပြောင်းလဲမှုရှိခဲ့ပါ တယ်။ ယခင်တစ်ပတ်က မတ်ပဲ FAQတစ်တန်ကို ၁၈၃၂၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၈၂၆၀၀၀ ကျပ်၊ မတ်ပဲ3Q တစ်တန်ကို ယခင်တစ်ပတ်က ၁၈၉၀၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၈၇၆၀၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျခဲ့ကြောင်း သိရပါတယ်။ အလားတူ ပဲစင်း ငုံနီကလည်း ယခင်တစ်ပတ်က တစ်တန်ကို ၁၅၅၅၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၅၀၇၀၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျခဲ့ ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။
ဇွန်လ တတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေး ကွက်မှာ မြေပဲဆန် ဈေးအနည်းငယ် အေးသွားပြီး၊ နှမ်းဈေး ကွက်မှာတော့ နှမ်းညိုနဲ့ နှမ်းဖြူဈေးအေးခဲ့ပေမယ့် နှမ်းနက် အဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ် မြေပဲဆန်ဈေးကွက်မှာ တရုတ်အဝယ် ပါးသွားလို့ ဈေးအေးသွားခဲ့ရာ မြေပဲဆန်နီ တစ်ပိဿာ ကျပ် ၂၇၅၀-၂၈၀၀၊ မြေပဲဆန်ဖြူ တစ်ပိဿာ ကျပ် ၂၇၀၀ - ၂၇၅၀ နဲ့ မြေပဲ(ဆီဆန်) တစ်ပိဿာ ကျပ် ၂၁၀၀ - ၂၂၅၀ အသီးသီး ကျေ ဈးဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းဝယ်လက်ပုံမှန်ရှိလို့ တစ်ရက် အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှာတော့ နှမ်းဖြူက တစ်တင်း ကျပ် ၃၁၀၀၀ အထိသာ အမြင့်ဈေးရခဲ့ပြီး၊ နှမ်းညို(အ သစ်)
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းအဝင်နည်းသွားလို့ ဈေးအနည်းငယ် ပြန်ကျလာတာ တွေ့ရပါတယ်။ မျိုး နှမ်းသမားများကလည်း အဝယ်မရှိဘဲ ဆီစက်သမားများက သာ ဒေသတွင်းစားသုံးရန်အတွက် နှမ်းအဝယ် အ နည်းငယ်သာ အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုအချိန်မိုးနှမ်း စိုက်ပျိုးချိန်၌ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် အထက်အညာဘက်တွင် နှမ်းခင်းများပျက်စီးလျက်ရှိပါတယ်။ ယခင်နှစ်ကာလတူ က နှမ်းနီတစ်တင်းလျှင် ကျပ် ၂၇၀၀၀၊ နှမ်းနက်ရိုးရိုး တစ်တင်း လျှင် ကျပ် ၃၃၀၀၀နဲ့ စမုံနက်နှမ်းတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၂၃၀၀၀၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင
ဇွန် ၁၂ ရက်မှ ၁၈ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၄၂၈၃၅၉ တန်ဖိုးရှိ နို့ဆီ ၉၉ ဒသမ ၅၅၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ နို့ဆီ တံဆိပ်များမှာ ကောင်းဘဲလ်နို့ဆီ နဲ့ ဒွန်းနို့ဆီတို့ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီအဝင်မှာ တန်ချိန် ၂၉၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ နှိုင်းယှဉ်ရင် တန်ချိန်၁၉၀ ကျော် တင် သွင်းမှု လျော့ခဲ့ပါတယ်။
ဇွန် ၁၂ ရက်မှ ၁၈ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၄၂၈၃၅၉ တန်ဖိုးရှိ နို့ဆီ ၉၉ ဒသမ ၅၅၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ နို့ဆီ တံဆိပ်များမှာ ကောင်းဘဲလ်နို့ဆီ နဲ့ ဒွန်းနို့ဆီတို့ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီအဝင်မှာ တန်ချိန် ၂၉၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ နှိုင်းယှဉ်ရင် တန်ချိန်၁၉၀ ကျော် တင် သွင်းမှု လျော့ခဲ့ပါတယ်။
ဇွန် ၁၂ ရက်မှ ၁၈ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၃၁၂၅၇ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေ အဝင် မှာ ၄၆၁၀၇ တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၄၈၀၀ကျော် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှဘိလပ်မြေ အဝင်မှာ ၁၀၆၆၈ တန် ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၈၈၂၄ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ ၈၁၅၅ တန် ကျော်အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ် ပတ်မှာ ရေလမ်းမှရောနယ်စပ်လမ်းမှ ပါ ဘိလပ်မြေအဝင်လျော့ခဲ့ပါတယ်။