Background
အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) တွေစဖော်ပြီး ဈေးကွက်သို့ နည်းနည်း ချင်းဝင်ရောက်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ယခင်နှစ်တွေက ချင်းဥမဖော်ရင် ချင်းဟောင်းတွေက ဈေးကွက်မှာ မရှိတော့ပါဘူး။ဒီနှစ်မှာတော့ အရောင်း အဝယ်က အေးတာကြောင့် ချင်းဥမ(အသစ်) တွေဝင်နေပေမယ့် ချင်းဟောင်းကလည်း ပစ္စည်း မပြတ်သေးဘူးလို့ သိရှိရပါတယ်။ ဒီနှစ်မှာတော့ Export ကလည်းမရှိတာကြောင့် မနှစ်ကနဲ့နှိုင်းယှဉ်ရင် ဒီနှစ်မှာတော့ အရောင်းအဝယ် အတော်လေးပါးတယ်လို့လည်း သိရှိရပါတယ်။ တစ်ပတ်ကို ပိဿာချိန်တစ်သောင်းခွဲ၊ နှစ်သောင်းခန့် နည်းနည်းချင်း ရောင်းနေရပြီး မကွေး၊ ပြည်၊မန္တလေး ဘက်ကဆွဲတယ်လို့ သိရှိရပါတယ်။ ချင်း ပေါက်ဈေးကတော့ တစ်ပိဿာချင်း(ဥမ) ၃၂၅ ကျပ်
ဟင်္သာတခရိုင်အနေဖြင့် မတ်ပဲကို ၂၀၁၅-၁၆ ခုနှစ် တွင် စိုက်ဧကပေါင်း ၄ ဒသမ ၁ သိန်းကျော်ရှိပြီး၊ ပျမ်းမျှအထွက်နှုန်းဖြင့် တွက်ချက်ကြည့်ပါက တင်း ၄၆ ဒသမ ၈ သိန်းခန့် မက်ထရစ်တန်အားဖြင့်၁ ဒသမ ၅ သိန်းထွက် ရှိနိုင်ပါ တယ်။ဟင်္သာတမတ်ပဲဈေးကွက်မှာ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီ လအတွင်းက တစ်တင်းကို အနိမ့်ဈေးကျပ် ၄၅၃၂၀ မှ အမြင့်ဆုံး ဈေးအဖြစ် ကျပ် ၅၂၈၀၀ ရရှိခဲ့ပါတယ်။ မတ်လအတွင်းမှာတော့ ဈေးပြန်လည်ကျဆင်း
ကျေးလက်ဒေသများတွင် ဝါးဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများကို ရှေးယခင် ကာလမှ ယနေ့အချိန်အထိ စွဲမြဲစွာ အသုံးပြု လျက်ရှိကြသည်။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ရွှေလှံ၊ မြေစွန်း တော် ၊ ရွာသစ်ကျေးရွာနှင့် ပေါက်တောကြီး ကျေးရွာတို့သည် ဝါးဖြင့်ရက်လုပ်၍ ကြိမ်ဖြင့် ကွပ်သော ဆန်ကော၊ ဆန်ခါ၊ ဖျာ၊ တောင်း၊ ရေအိုးဖုံး၊ ထမင်းစားပွဲအုပ်ဆောင်း စသည် တို့ပြုလုပ်ရာတွင်နာမည်ကြီးလှ သည်။
ကျေးလက်ဒေသများတွင် ဝါးဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများကို ရှေးယခင် ကာလမှ ယနေ့အချိန်အထိ စွဲမြဲစွာ အသုံးပြု လျက်ရှိကြသည်။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ရွှေလှံ၊ မြေစွန်း တော် ၊ ရွာသစ်ကျေးရွာနှင့် ပေါက်တောကြီး ကျေးရွာတို့သည် ဝါးဖြင့်ရက်လုပ်၍ ကြိမ်ဖြင့် ကွပ်သော ဆန်ကော၊ ဆန်ခါ၊ ဖျာ၊ တောင်း၊ ရေအိုးဖုံး၊ ထမင်းစားပွဲအုပ်ဆောင်း စသည် တို့ပြုလုပ်ရာတွင်နာမည်ကြီးလှ သည်။
ယခုတစ်ပတ်အတွင်း အစုရှယ် ယာဈေးနှုန်းများသည် ကျဆင်းခဲ့ပြီးမှ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။Brexit ဂယက်ကြောင့် ပြည်တွင်း စတော့ရှယ်ယာဈေးများ လိုက်ပါကျ ဆင်းခဲ့သော်လည်း ဈေးကျဆင်းမှုကြောင့် အဝယ်ပြန်လိုက်လာခဲ့သဖြင့် ဈေးပြန် လည် မြင့်တက်လာရခြင်းဖြစ်သည်ဟု ဆိုသည်။''စတော့ဈေးကွက်ကတော့ ဒီလို ပါပဲ။ အတက်အကျက အမြဲလိုလိုရှိ တတ်ပါတယ်။ အတက်အကျ မမြန်ဖို့ နဲ့ မများဖို့ပဲလိုပါတယ်။ ဒီတစ်ပတ်ထဲမှာ လည်း ဈေးကျသွားတယ်ဆိုတာက ကမ္ဘာ့စတော့ဈေးကွက်မှာ ဈေးကျဆင်း မယ်ဆိုတဲ့သတင်းကြောင့် ဒီမှာလည်း ဈေးလိုက်ပါကျဆင်းရတာပါ။ ဒါပေ မယ့်လည်း ဈေးကျသွားတဲ့တွက် ပြန် ပြီး အဝယ်လိုက်လာတော့ သူ့ရဲ့မူလ ဈေးကို ပြန်ရောက်သွားပါတယ်''ဟု စတော့
မုံရွာကုန်စည်ဒိုင် ဇွန်လကုန်ပတ် ဆီထွက်သီးနှံဈေးကွက်မှာ ပြည်ပ ဝယ်လက်အဝယ်ပါးခဲ့လို့ မြေပဲဆန်နဲ့ နှမ်းမျိုးစုံ ဈေးအေးကာ အရောင်း အဝယ်ပါ ပါးခဲ့တယ်လို့ သိရပါတယ်။မြေပဲဆန်ဈေးကွက် မှာ ယခုတစ်ပတ် အတွင်း မြေပဲဆန်(နီ) တစ် ပိသာ အမြင့်ဆုံး ကျပ် ၂၈၅၀ နဲ့ မြေပဲဆန်(ဖြူ) တစ်ပိဿာကျပ် ၂၇၅၀၊ ဆီဆန်တစ်ပိဿာ ကျပ် ၂၃၀၀ အသီးသီး ဈေးတန့်နေပြီး တစ်ရက်မြေပဲ (လုံးဆန်) အရောင်းအဝယ်မှာ အိတ် ၃၀၀ ခန့် သာ ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှာလည်း နှမ်းနက်တစ်မျိုးသာ တစ်တင်းကျပ် ၅၀၀၀၀ နဲ့ ဈေးဆက်လက်မာခဲ့ပြီး နှမ်းညို(အသစ်) တစ်တင်းကျပ် ၂၄၀၀၀ နဲ့ နှမ်းဖြူတစ်တင်း ကျပ် ၃၀၀၀၀ အထိ ဈေးပြန်အေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်မှာ ဇွန် လကုန်ပတ်အတွင်း မတ်ပဲ၊ ကုလားပဲ၊ ပဲပုပ်၊ ပဲကြီးသီးနှံ များ ဈေးငြိမ်နေပြီး ပဲစင်းငုံဈေးအနည်းငယ်ပြန်မြင့်လာ ခဲ့ပါတယ်။ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးသီးနှံများမှာ နေ့စဉ် အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ပဲစင်းငုံသီးနှံမှာ လက်ကျန်ပဲ သာရှိခဲ့လို့ ရက်ခြားစုပြီး ဝယ်ယူနေကြရတာကိုတွေ့ရပါတယ်။ ကျန်ပဲအချို့ကတော့ လက်လီသာအဝယ်ရှိခဲ့ကြပါတယ်။ မတ်ပဲသီးနှံမှာ နေ့စဉ်၀ င်ရောက် ခဲ့သော်လည်း အိတ် ၂၀၀ ခန့်သာ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ် များမှ ဝင်ရောက်လျက်ရှိသလို လက်ကျန်ပဲများလည်းရှိတဲ့ အတွက် ရန်ကုန်ဝယ်လက် ဝယ်လိုအားရှိ သလောက်သာ အရောင်းအဝယ်ြ ဖစ် ခဲ့ကြ
ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် ယခင်နှစ်မိုးစပါး ဧရာဝတီပေါ်ဆန်း ၁၀၅ ပေါင်၊ တင်း ၁၀၀ ကို ပေါ်စက ကျပ် ၈၄၀၀၀၀ ၊ ကျပ် ၈၅၀၀၀၀ ဈေးနှုန်းရှိပြီး၊ ယခု ကျပ် ၁၀၀၀၀၀၀ ပတ်ဝန်းကျင်ဈေးနှုန်းဖြင့် ဆန်တစ်အိတ် လျှင် ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု ၃၄၀၀၀ ကျပ်သို့ မြင့်တက်သွားပြီး၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင် တင်း ၁၀၀ ကို စပါးပေါ်ချိန် ကျပ် ၇၄၀၀၀၀ ၊ ကျပ်၇၅၀၀၀၀ ဈေးတွင် ဆန် တစ်အိတ်လျှင် ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု ပေါ်ဆန်းရင်စပါးဈေးမှာ ကျပ် ၉၂၀၀၀၀ သို့ ဈေးမြင့်သွားပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ဈေးနှုန်းဖြစ်သွားကြောင်း၊ ပေါ်ဆန်းရင်စပါးဈေးမှာ ယခုလက်ရှိအချိန်ဈေးကွက်တွင် အရောင်းအဝယ် နည်းပါး ၍
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက် အထိ (၁၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (13th CAEXPO) ကို ကျင်းပမည်ဖြစ်ရ မြန်မာနိုင်ငံ မှ ပါဝင်ပြသနိုင်ရန် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဖိတ် ကြားလာပါသည်။ မြန်မာနိုင်ငံအနေနှင့် ၂၀၀၄ ခုနှစ်မှ စတင်၍ ယင်းပြပွဲသို့ နှစ်စဉ်ပါဝင်ပြသခဲ့ရာ ၂၀၁၂ ခုနှစ်၊ (၉) ကြိမ်မြောက်တရုတ်-အာဆီ ယံ ကုန်စည်ပြပွဲတွင် (Country Of Honor) ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် အောင်မြင်စွာ ပြသနိုင်ခဲ့ပြီး ဆုတံဆိပ်များ ရရှိခဲ့ပါ သည်။
မန္တလေးမြို့ (မြန်မာနိုင်ငံ သကြား၊ သကာရည်လုပ်ငန်းရှင်များ ကထိန်တော် အသင်း) သကြား ကုန်စည်ဒိုင်မှာ အနယ်နယ်အရပ်ရပ်မှ သကြားကုန်သည်၊ စက်ပိုင်များ၊ ပွဲစားများနှင့်သကြားနှင့် ပတ်သက်သော လုပ်ငန်းရှင် များ နေ့စဉ်(ဥပုသ်နေ့မှ အပ) သကြားနဲ့ သကာရည်များလာရောက်ပြီး အရောင်းအဝယ်ပြုလုပ်ကြောင်း သိရပါတယ်။