Main menu

Background

အထွေထွေ

Rannai အမှတ်တံဆိပ် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်လေ့လာခြင်းဆောင်ရွက်

Thu, 12/17/2020 - 12:18 -- journal_editor

၁၆.၁၂.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးမင်းနောင်နှင့်ဝန်ထမ်းများသည် Rannai အမှတ်တံဆိပ်ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုအခြေအနေများအား ဈေးကွက် စောင့်ကြည့်လေ့လာခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင် Ocean Super Center ၊ မော်လမြိုင် Pro 1 Global Home Center ၊ မော်လမြိုင်မြို့ပေါ်ရှိဈေးများ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ Rannai အမှတ်တံဆိပ်ထုတ်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုနှင့် ဈေးကွက်အတွင်း ရောင်းချမှုအခြေအနေများအား ဈေးကွက်စောင့်ကြည့်လေ့လာခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

လုပ်ငန်းရှင်များအားကုန်အညွှန်းအမှတ်အသားအလေးထားဆောင်ရွက်ရေးအသိပေး

Wed, 12/16/2020 - 12:18 -- journal_editor

စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ (၁)နာရီချိန်တွင် မုန့်မျိုးစုံ လုပ်ငန်းရှင်လေးဦးအားလည်းကောင်း မွန်းလွဲ(၃)နာရီချိန်တွင် သောက်ရေသန့်လုပ်ငန်းရှင်လေးဦးအားလည်းကောင်း ဒုတိယပြည်နယ်ဦးစီးမှူးရုံး၌ဖိတ်ကြားတွေ့ဆုံ၍ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြရေး စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူအခွင့်အရေးများအား အလေးထားဆောင်ရွက်ပေးရေးတ

မြိတ်မြို့၊ ပါရမီဈေးကြီးအတွင်းရှိ စားသောက်ကုန်၊ အလှကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Tue, 12/15/2020 - 13:05 -- journal_editor

         ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ မြိတ်မြို့၊ ပါရမီရပ်၊ ပါရမီဈေးကြီး၌ ရောင်းချနေသော အစားအသောက်များ၊ အလှကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

တရုတ်နိုင်ငံမှ တင်သွင်းသော တရားမဝင်ကုန်ပစ္စည်းရှစ်မျိုး နှင့်Dali Beer များအား မီးရှို့ ဖျက်ဆီးခဲ့

Mon, 12/14/2020 - 12:30 -- journal_editor

ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)သည် မိတ်ဖွဲ့ဌာနများဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တရုတ်နိုင်ငံ ဘက်မှ တရားမဝင်တင်သွင်းလာသဖြင့် အကောက်ခွန်ဦးစီးဌာနမှဖမ်းဆီးမိခဲ့သော ကုန်ပစ္စည်း၈မျိုး၊ ကြက်အသည်း ၅၀ဝဖာ၊ တရုတ်နိုင်ငံ လုပ် ပဲယို(၁x၁၄kg ) ၄၀ဝဖာ၊ တရုတ်နိုင်ငံ လုပ်ခေါက်ဆွဲခြောက်ထုပ်(၈၁gx၃၀bag)၊ သကြားရည်(၁x၂၅kg) ၅၀ပုံး၊ သကြားရည်  (၄x၆kg ) ၂၅ ပုံး၊ တရုတ် နိုင်ငံလုပ် ငါးသံဗူး(၆x၁.၈ kg ) ၄၅ဖာ၊ ထောပတ်ဆီ(၁x၁၀ kg ) ၈၀ဖာ၊ အုန်းသီးမှုန့်အိတ်(၁x၂၅ kg)နှင့် Da

မြိတ်မြို့၊ ကုန်တိုက်နှင့် စတိုးဆိုင်များတွင်း Altamil ကလေးနိုမုန့်အား စစ်ဆေး

Mon, 12/14/2020 - 12:02 -- journal_editor

၂၀၂၀ ခုနစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မြိတ်မြို့နယ်ရှိ ကုန်တိုက်နှင့် စတိုးဆိုင်များတွင် Altamil ကလေးနို့မုန့်များအား စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီဆောင်ရွက်ထားခြင်း ရှိ/မရှိ နှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ဥပဒေပါ နို့စို့ ကလေးနှင့်ကလေးငယ်အတွက်ထုတ်ပြန်ထားသော ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

“Kunming Spring Festival Shopping Expo” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရန် ဖိတ်ကြား

Tue, 11/10/2020 - 14:24 -- journal_editor

“Kunming Spring Festival Shopping Expo” ပြပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှပါဝင်ပြသရန် China Chamber of International Commerce, Yunnan Chamber မှ ဖိတ်ကြားလာပါသည်။

မွန်ပြည်နယ်၏ရေလုပ်ငန်းကဏ္ဍများစတင်ဆောင်ရွက်နေပြီဖြစ်

Fri, 11/06/2020 - 11:01 -- journal_editor

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မွန်ပြည်နယ်အတွင်း၂၀၂၀ပြည့်နှစ်  နိုဝင်ဘာလ ပထမပတ်မှ စတင်၍ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကမ်းနီးငါးဖမ်းရေယာဉ် ၁၂၇၇ စီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် ၃၂၀ စီးနှင့် ငါး၊ ပုစွန်အအေးခန်းစက်ရုံခြောက်ရုံရှိကာ ရေထွက်ပစ္စည်း များကို နိုင်ငံခြားသို့တိုက်ရိုက်တင်ပို့မှုမရှိသော်လည်း ရန်ကုန်မြို့ရှိအအေးခန်းစက်ရုံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငါး ၁၂၁၂၀ ဒသမ ၄၆၃ မက်ထရစ်တန်၊ ပုစွန် ၅၈ ဒသမ ၃၈၅ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပါသည်။

မြိတ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား ကိုဗစ်ကာကွယ်ရေးအတွက် ကွင်းဆင်း

Mon, 10/12/2020 - 12:20 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြိတ် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ သည် မြိတ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဆိုင်ရာသတိပေးချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ ကွင်း ဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

Covid- 19 ကူးစက်ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ဆောင်ရွက်

Thu, 10/08/2020 - 13:35 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့နယ် COVID- 19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များအရ သြဂုတ် ၂၃ ရက်နေ့မှစတင်၍ သာယာ၀တီခရိုင်နှင့် ပြည်ခရိုင်နယ်ခြားဖြစ်သော ပေါင်းတည်မြို့ ဘိုးသာအောင်တံတားရှိ စစ်ဆေးရေးဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ တိုင်းရင်းဆေး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ပေါင်းတည်မြို့နယ်အတွင်းသို့၀င်ရောက်၊ ထွက်ခွာမည့် ခရီးသွားများအား ကျန်းမာ ရေးစစ်ဆေးခြင်း၊ ခရီးသွားထောက်ခံစာများစစ်ဆေးခြင်း လုပ်ငန်းများအားလုပ်ဆောင်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း မြို့နယ် CO

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Fri, 09/18/2020 - 15:38 -- journal_editor

၁။      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနပိုင် ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၊ ပုတီးကုန်းသိုလှောင်ရုံ အမှတ် (၁၁) အား  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငါးနှစ်သက်တမ်းတစ်နှစ်တစ်ကြိမ် စာချုပ်ဖြင့် ငှားရမ်းမည် ဖြစ်ပါသည်။

၂။      အဆိုပါ မြေအား ၂၁.၉.၂၀၂၀ ရက်နောက်ဆုံးထား၍ အဆိုပြု လျှောက်လွှာ ဝယ်ယူရမည် ဖြစ်ပါသည်။ အဆိုပြုလွှာနှင့်အတူ မိမိဌာနမှ ငွေစာရင်း Account ဖွင့်လှစ်ထားသော မြန်မာ့စီးပွားရေးဘဏ်များတွင် Deposite ပေးသွင်းထားသော  P.O Cheque ပူးတွဲတင်ပြရ ပါမည်။  တင်ဒါယှဉ်ပြိုင်ရမည့်နေ့ကို ထပ်မံအကြောင်းကြားပါမည်။

Pages

Subscribe to RSS - အထွေထွေ