Main menu

Background

စီးပွားရေးသတင်း

နိုဝင်ဘာလနောက်ဆုံးပတ်ရဲ့မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်တွင် ဒေသသုံးပဲအချို့ဈေးတက်လာ

Tue, 12/05/2017 - 13:44 -- journal_editor

    နိုဝင်ဘာလနောက်ဆုံးပတ်ရဲ့  မုံရွာကုန်စည်ဒိုင်ဈေး ကွက်တွင် ပဲဈေးကွက်မှာ ဝယ်လိုအားကောင်းတဲ့ ဒေသသုံးပဲ များဖြစ်ကြတဲ့ ပဲကြီး၊ ပဲပုပ်စေ့၊ ပဲနီလုံးကြားများ ဈေးတက်ခဲ့တာ တွေ့ရပါတယ်။ ဒေသတွင်း လက်လီအသုံး များသည့် ပဲနီလုံး ကြားမှာ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် ကျပ် ၄၇၅၀၀ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး တစ်ရက်အိတ် ၁၅၀ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲပုပ်စေ့မှာလည်း တစ်တင်းလျှင်ကျပ် ၄၃၇၀၀ထိဈေးရရှိခဲ့ပြီး တစ်ရက်အိတ် ၁၅၀ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်မှသိရှိရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၃၄၀၀၀ ၊ 929 တစ်တင်းလျှင် ကျပ် ၃၀၀၀၀နှင့်ထိုင်ဝမ် တစ် တင်းလျှင် ကျပ်  ၃၀၅၀၀ ဖြင့် ဈ

ပြည်ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ခရမ်းချဉ်သီးများ အများအပြားဝင်ရောက်

Tue, 12/05/2017 - 13:37 -- journal_editor

       ယခုတစ်ပတ် ပြည်ဟင်းသီးဟင်းရွက် ကုန်စိမ်းဒိုင်များတွင် ခရမ်းချဉ်သီးသေတ္တာများ လှိုင်လှိုင်ဝင်ရောက်လာတာ တွေ့ရပါတယ်။ ကြက်သွန်နီဈေးမြင့်တက်နေချိန်တွင် ပြည်ဈေးကြီးဒိုင်များ၌ ခရမ်းချဉ်သီးဈေးကောင်းရလျ က်ရှိနေပါ တယ်။ ယခုတစ်ပတ်တွင် ပြည်ဒေသတွင်းမှ ခရမ်းချဉ်သီးများ ရော နယ်မှခရမ်းချဉ်သီးများပါဝင်ရောက်လာတာကြောင့် ဈေးနှုန်းကျဆင်းလာတာဖြစ်ပါတယ်။   ယခင်တစ်ပတ်က ခရမ်းချဉ်သီးတစ်ပိဿာလျှင်  ကျပ် ၁၈၀၀- ၂၀၀၀ ထိရှိခဲ့ကာ  ယခုတစ်ပတ်မှာတော့ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၈၀၀ သာရှိကြောင်းသိရှိရပါတယ်။ ဒေသတွင်း လက်လီဈေးကွက်များတွင်တော့  တစ်ပိဿာ ကျပ် ၁၂၀၀ နဲ့ရောင်းချလျက်ရှိပါတယ်။  ဒေသ တွင်းသီးက တော့ ရွှေတောင်၊ ကျီးသဲ

ပြည်ဘိုကိတ်ပဲသစ်များ အဝင်များလာသလို ဈေးလည်းပိုရလာ

Tue, 12/05/2017 - 13:36 -- journal_editor

        နိုဝင်ဘာလကုန်ပတ် ပြည်ပဲမျိုးစုံဈေးကွက်သို့ ပဲသစ်အချို့ဝင်ရောက် လျက်ရှိရာ တစ်ရက်လျှင်အိတ် ၇၀ ကျော် ၁၀၀ နီးပါးအထိ ဘိုကိတ်ပဲသစ် အဝင်များလာခဲ့ပါတယ်။ ပန်းတောင်းနှင့်ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက်ခြင်း ဖြစ်ပြီး လက်လီဝယ်ယူမှုပိုများနေခဲ့တာကို တွေ့ရပါတယ်။ ပဲဈေးမှာတစ်တင်း ကျပ် ၃၈၅၀၀ ဖြင့် ဈေးပိုရလာသလို အရောင်းအဝယ်လည်း ပိုများလာခဲ့တယ် လို့သိရပါတယ်။ယခင်နှစ်ကပဲသစ်ပေါ်ချိန်အဖွင့်ဈေးမှာတစ်တင်းကျပ် ၂၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် ယခုနှစ်မှာတော့ ပဲသစ်ပေါ်စအချိန်ထဲ က ဈေးကောင်းရလာနေပြီဖြစ်လို့ ပြည်ပဝယ်လက်ပဲများထက်ပင်ဈေးပိုရလျက် ရှိကြောင်းသိရှိရပါတယ်။

 

ပြည်ပဲစင်းငုံဈေးအေးလို့ တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်

Tue, 12/05/2017 - 13:29 -- journal_editor

     ပြည်ပဲဈေးကွက်အတွင်း အခြားပဲများပုံမှန်အရောင်းအဝယ်ဖြစ်နေသော်လည်း ပဲစင်းငုံသီးနှံကတော့ အရောင်း အဝယ်အေးနေခဲ့ကာ ပဲလက်ကျန်များရှိပေမယ့် ဈေးနှုန်းများကျဆင်းလျက်ရှိပါတယ်။ ဒါ့အပြင်  ထုတ်ရောင်းချမှု မရှိတဲ့အတွက် တစ်ခါတစ်ရံမှသာ အိတ် ၁၀၀ မှ ၂၀၀ အထိ ရောင်းချခဲ့ကြရတာကိုတွေ့ရပါတယ်။ တချို့လှောင်လက်များကလည်း ပဲလှောင်ချိန်ကဝယ်ဈေးမှာ တစ်တင်းကျပ်နှစ်သောင်းကျော်ပေးခဲ့ရသော်လည်း ယခုအချိန်မှာ ပဲေ ဈးမှာကျပ်တစ်သောင်း နှင့်နှစ်သောင်းအောက်လျော့နည်းကျဆင်းနေတဲ့အတွက် လှောင်လက်သမားများအနေဖြင့် အရှုံးပေါ်နေသလို ပဲထွက်ပေါ်လာချိန်မှာ ပဲဈေးနှုန်းကျပ်တစ်သောင်းအထက်ရရှိလျှင်တော့  ပဲစိုက်တောင်သူများ အတွက် အရှုံးမပေါ်နိုင်ဘူ

ပြည်တွင်းရွှေဈေးများ အနည်းငယ်ကျဆင်း

Fri, 12/01/2017 - 13:30 -- journal_editor

       ပြီးခဲ့သည့်ရက်သတ္တပတ်က မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့ကြောင်း ပြည် တွင်းရွှေဈေး ကွက်အတွင်းမှ သိရသည်။ ကမ္ဘာ့ရွှေဈေးများမြင့်တက်လာေ သာ်လည်း ပြည်တွင်း ငွေလဲနှုန်းများ ငြိမ်သက်နေသဖြင့် ပြည်တွင်းရွှေဈေးများသည် အနည်းငယ်ပြန်လည်  ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ကမ္ဘာ့ရွှေဈေး ကွက်တွင် အရောင်းအဝယ်  အများအပြားဖြစ်ခဲ့သဖြင့် ကမ္ဘာ့ရွှေဈေးများမြင့်တက်ခဲ့ကာ ယခုတစ်ပတ်အထိ မြင့်တက်နေဆဲပင်ဖြစ်ကြောင်း သိရသည်။" ဒီတစ်ပတ်မှာ ပြည်တွင်းရွှေဈေးက နည်းနည်းပြန်ကျလာတယ်။ ကမ္ဘာ့ရွှေ ဈေးက အမေရိကန်ဒေါ်လာ ၁၃၀၀ နားကို ကပ်

မျိုးပဲဝယ်ယူမှုများလာတဲ့ ပြည်ကုလားပဲ

Fri, 12/01/2017 - 12:59 -- journal_editor

        နိုဝင်ဘာတတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ဆောင်းပဲသီးနှံအချို့  မျိုးပဲ များဆက်လက်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဆောင်းပဲသီးနှံဖြစ်သော မတ်ပဲ သီးနှံအစား အချို့ဒေသများတွင် ကုလားပဲသီးနှံအစားထိုး စိုက်ပျိုးလာတဲ့အတွက် မျိုးပဲသီးနံှအား ပန်းတောင်းနှင့်ရန်ကုန်-ပြည်ရထားလမ်းတစ်လျှောက် မြို့နယ်အချို့ မှလာရောက်ဝယ်ယူကြကာ အိတ် ၄၀ ကျော် ၅၀ ထိ ဝယ်ယူကြတယ်လို့ သိရပါ တယ်။ မျိုးပဲဈေးမှာတစ်တင်းကျပ် ၄၅၀၀၀ဖြစ်ပြီး  ပဲခွဲစက်များမှ ဝယ်ယူသည့် ဈေးနှုန်းမှာ တစ်တင်းကျပ် ၃၉၀၀၀ရှိကာ ယခင်တစ်ပတ်ကဈေးနှုန်းထက် လျော့ နည်းသွားခဲ့တယ်လို့သိရပါတယ်။

 

ခင်ဆွေဝင်း

တစ်ပတ်အတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန်ခြောက်သောင်းကျော်တင်ပို့

Fri, 12/01/2017 - 12:56 -- journal_editor

       မြန်မာ-တရုတ်နယ်စပ်နဲ့   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၁၄ သန်းတန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန်  ၅၂၄၃၁ တန် နီးပါးတင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရဲ့ ကုန်သွယ် ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆ တန်ကျော်၊ ဧည့်မထဆန်  ၄၉၁၄၅ တန်နဲ့ ကောက်ညှင်းဆန် ၃၁၉ တန်ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၂၁၀၄တန်ကျော်တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန် ၃၂ တန်၊ မောင်တောကုန်သွယ်ရေးစခန်း မှ ဧည့်မထဆန်၇၅၅ တန်ကျော် တင်ပို့ခဲ့တာကြောင့် စုစ

မြန်မာနိုင်ငံမှ တင်ပို့သည့် ဖရဲသီး၊ သခွားသီးများအား တစ်ဖက်နိုင်ငံမှဝယ်လက်များက အခွန်ပေးဆောင်လျက်ရှိသဖြင့် မြန်မာ့ဖရဲတင်ပို့သူများ အကျိုးအမြတ်ရရှိနေ

Fri, 12/01/2017 - 12:52 -- journal_editor

       မြန်မာနိုင်ငံမှ တင်ပို့နေသည့် ဖရဲသီး၊ သခွားမွှေးသီးတင်ယာဉ်များ သည် ကျိန်စမ်းကျော့ နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ကွင်း အတွင်းသို့  ဝင်ရောက်ပြီး တရုတ် သစ်သီးတင်ယာဉ်များနှင့် ယာဉ်ချိန်း ပြောင်း တင်ဆောင်ရာတွင် တရုတ်အကောက်ခွန်ဌာနမှ ဖရဲသီးတစ်တန် လျှင်ယွမ် ၁၁၀၊ သခွားမွှေးသီးတစ်တန် လျှင်ယွမ်၁၆၀၊ ပိုးမွှားစစ်ဆေးရေးဌာနမှ မြန်မာကားတစ်စီးလျှင်ပိုးမွှားစစ် ဆေးရေးခအဖြစ်  ယွမ် ၁၀၀၊ ယာဉ် ပြောင်းအ လုပ်သမားခအနေဖြင့် ကား တစ်စီးလျှင် ဂျပ်ဖာထည့်အသီး ယွမ် ၅၀၊ ရိုးရိုးဝမ်းပုံအသီးယွမ် ၃၀၊ တရုတ် ပြည်တွင်းကုန်သည်အစား ဝယ်ယူပေး သောသစ်သီးကွင်း  အဝယ်တော်အား ပွဲခအနေဖြင့် ကားတစ်စီးလျှင်ယွမ် ၇၀၊ တရုတ်တွဲ

အမိန့်ကြော်ငြာစာအမှတ်(၅၅/၂၀၁၇)

Wed, 11/22/2017 - 14:56 -- journal_commerce

လယ်ယာထွက်ကုန်ထုတ်လုပ်မှုတိုးတက်စေရေးအထောက်အကူပြုရန် ရည်ရွယ်၍ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများကို သတ်မှတ်ချက်များနှင့်အညီဖော်ပြထားသော လယ်ယာသုံးစက်ကိရိယာများအား တင်သွင်းရောင်းချခွင့် (ကုန်သွယ်ခွင့်) ပြုသည့် အမိန့်ကြော်ငြာစာ

Pages

Subscribe to RSS - စီးပွားရေးသတင်း