မုံရွာကုန်စည်ဒိုင်၏ နိုဝင်ဘာလဒုတိယပတ်ပဲဈေးကွက်တွင် မြေပဲလုံးဆန် ဆက်လက်ဈေးမာ
မုံရွာကုန်စည်ဒိုင်ဈေးကွက် နိုဝင်ဘာလ ဒုတိယပတ်ပဲ ဈေးကွက်မှာ ပဲမျိုးစုံဆက်လက်ဈေးအေးနေပေမယ့် မြေပဲလုံး ဆန်ကတော့ ဆက်လက်ဈေးမာနေတာ တွေ့ရပါတယ်။ မြေပဲ အရည်အသွေးပေါ်မူတည်၍ ဈေး အနည်းငယ် ကွာခြားပြီး တောင်နယ်လို့ခေါ်တဲ့ မြင်းမူဘက်ကလာတဲ့မြေပဲကတော့အရည်အသွေး ကောင်း မွန်ပြီး အခြားဒေသထွက်မြေပဲတွေ ထက်ဈေးပိုရခဲ့ကာ တစ်ပိဿာကျပ် ၃၀၀ နီးပါးထိ ကွာခြားမှု ရှိတယ်လို့ ကုန်သည်ရပ်ကွက်မှသိရှိရပါတယ်။ယခုတစ်ပတ်မှာ မြေပဲလုံးဆန်နီတစ်ပိဿာလျှင် အဟောင်းကျပ် ၂၂၀၀နှင့် အသစ်ကျပ် ၂၃၀၀၊ လုံးဆန်ဖြူ ကတော့ တစ်ပိဿာအဟောင်း ကျပ် ၂၂၅၀ နှင့် အသစ် ကျပ် ၂၅၅၀အထိ ဈေးမာလာခဲ့ပြီး ဒေသတွင်းလုပ်ငန်းသုံးဝယ် လက်နှင့် မန်းဝယ်လက်ရှ