ပဲဈေးကွက်အခြေအနေနှင့် ပြောင်းလဲစိုက်ပျိုးသင့်သည့် သီးနှံများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရတနာပုံကုန်သွယ်မှု ဗဟိုဌာနမှကြီးမှူးကျင်းပသည့် ပဲဈေးကွက်အခြေအနေနှင့် ပြောင်းလဲ စိုက်ပျိုးသင့်သည့် သီးနှံများဆိုင်ရာ ဆွေး နွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်တွင် မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြင်းခြံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက အဖွင့်အမှာစကား ပြောကြား ရာတွင် မြင်းခြံခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး အသားတင် စိုက်ပျိုးမြေဧရိယာ ၇ ဒသမ ၃ သိန်းကျော်ရှိ ရာမှာ ယာမြေနှင့်ကိုင်းကျွန်းမြေ စုစုပေါင်း ဧရိယာဧက ၆ ဒသမ ၄ သိန်းန