Main menu

Background

စီးပွားရေးသတင်း

ပြည်တွင်းငွေလဲနှုန်းများ အတက်အကျအနည်းငယ်သာရှိ

Tue, 08/29/2017 - 14:13 -- journal_editor

         ကမ္ဘာ့ရွှေဈေးရော ပြည်တွင်းရွှေဈေးပါ ဆက်တိုက်မြင့်တက်နေချိန်တွင် ပြည်တွင်းငွေလဲနှုန်းများသည် အတက်အကျအနည်းငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း ကလည်း ပြည်တွင်း ငွေလဲနှုန်းများသည် အတက်အကျ အနည်းငယ်သာရှိခဲ့သည့်နည်းတူ ယခုတစ်ပတ် တွင်လည်း ယခင်တစ်ပတ်ကအတိုင်းသာ ရှိခဲ့သည်။ ယခုတစ်ပတ်တွင် အမြင့်ဆုံးဈေးအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၅၇ ကျပ်(ရောင်းဈေး)အထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံးဈေးအဖြစ် ၁၃၅၄ ကျပ်အထိသာ ကျဆင်းခဲ့သည်။

ပင်လယ်ရေကြောင်းလမ်းမှ နနွင်းတင်ပို့မှုလျော့

Tue, 08/29/2017 - 13:52 -- journal_editor

        သြဂုတ်လ ၁၃ ရက်မှ ၁၉ ရက် အထိ သီတင်းပတ်အတွင်း နနွင်း ၃၂ တန်ကို အိန္ဒိယနိုင်ငံသို့ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ နနွင်း ၁၆၈တန်နဲ့နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာ နနွင်း၁၃၆ တန် တင်ပို့မှုလျော့ နည်းခဲ့တယ်လို့သိရပါတယ်။  ဒီတစ်ပတ် နနွင်းတစ်တန်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၉၀၀ ရရှိခဲ့ပြီးနနွင်းတင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၂၈၈၀၀ ဝင်ငွေ ရရှိခဲ့တယ်လု့ိ သိရပါတယ်။

 

သီတာဝင်း(DOT)

ကြူကုတ်ကြက်သွန်ဖြူပုံမှန်ဝင်ရောက်နေပြီး ဈေးဆက်ကျ

Tue, 08/29/2017 - 13:49 -- journal_editor

      ပြည်ကြက်သွန်ဖြူ(ပွဲရုံ)များတွင် ကြက်သွန်ဖြူအိတ်တွေ ရှမ်းလိုင်းရော တရုတ်လိုင်းပါ နေ့စဉ်ပုံမှန်ဝင်ရောက်လျက် ရှိနေပါတယ်။ ဈေးနှုန်းများမှာလည်း အနည်းငယ်စီဆက်၍ ကျဆင်းလာတာကြောင့် ပြည်မြို့နယ်တွင်းစားသုံး သူရော သုံးစွဲသူပါဈေးနှုန်းအကြိုက် ဖြစ်နေပါတယ်။ ယခုတစ်ပတ်ပြည်ကြက်သွန်ဖြူ တစ်ပိဿာလျှင် (ပွဲရုံဈေး) ရှမ်းစ လတ် ကျပ် ၃၂၀၀၊ ကြူကုတ်စ ကျပ် ၂၀၅၀ဈေးထိကျလာတာတွေ့ရပါတယ်။ ဒေသတွင်းလက်လီအရောင်းဈေး များတွင် တစ် ပိဿာလျှင် ရှမ်းစ ကျပ် ၃၆၀၀ နှင့် ကြူကုတ်စ ကျပ် ၂၄၅၀ ဖြင့်ရောင်းချ လျက်ရှိနေပါတယ်။ ယခုတစ်ပတ် ဒေသတွင်း အရောင်းအဝယ်နည်းနေပြီး ဒေသခြားအရောင်းအဝယ်သာရှိနေတာကြောင့် ရောင်းအားကျဆ င်းနေတယ်လို့လည်း သိရပါတယ်။

အောင်ပန်းဈေးကွက်မှာ ချင်းလက်ကျန် နည်းနေသော်လည်း အဝင်ရှိနေ

Tue, 08/29/2017 - 13:46 -- journal_editor

          ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာတော့  ချင်းလက်ကျန်နည်းနေပေမယ့် အဝင်ရှိနေပါတယ်။ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယ မြို့နယ်တွေကထွက်တဲ့ ချင်းတွေကတော့ နည်းနည်းစီအဝင် ရှိနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က စစ်တွေဝယ်လက်အနည်းငယ်ရှိတာကြောင့် အောင်ပန်းဈေးကွက်မှာ ချင်းအရောင်းအဝယ်သွက်ခဲ့ပြီး တစ်ပတ်အတွင်းကုန်ချိန်သိန်းဂဏန်းနီးပါးအရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ လောလောဆယ် မှာ ဈေးပတ်သမားတွေသာအဆွဲရှိပြီး မိတ္ထီလာ၊ တောင်သာ၊ မကွေးဘက်မှ အဝယ်ရှိလို့  ငါးရက်တစ်ဈေးကို ကုန်ချိန်တစ် သောင်းရှစ်ထောင်ခန့်  အရောင်းအဝယ်ဖြစ်နေပါတယ်။ ချင်းစိုတစ်ပိဿာကိုကျပ် ၃၀၀မှ ကျပ်၃၃၀ဈေး ရှိနေပြီး ချင်းခြောက် တစ်ပိဿာကို ကျ

ပြည်ကြက်သွန်နီ ယခင်နှစ်ထက် ဈေးကောင်းရလျက်ရှိ

Tue, 08/29/2017 - 13:39 -- journal_editor

      ယခုတစ်ပတ်အတွင်း ပြည်ကြက်သွန်နီသီးနှံအနေဖြင့်  ဈေးနှုန်းများ တက်လိုက်ကျလိုက်ဖြစ်နေတာ တွေ့ရပါတယ်။ အတက်အကျမြန်ဆန်နေပေမယ့် အောက် ဖော်ပြပါအတိုင်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက စားသုံး သူအကြိုက် ကြက်သွန်နီ(အလတ်စ)ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့် ပိုမိုဈေးကောင်းရလျက်ရှိနေတာတွေ့ရပါတယ်။ ယခုနှစ်ဇွန်လပထမပတ်မှစ၍ တရိပ်ရိပ်နှင့် ကြက်သွန်နီဈေးနှုန်းများ ပိုမိုမြင့်တက်လာတာကိုလည်းေ တွ့ရပါတယ်။  ယခုတစ်ပတ်ကြက် သွန်နီပွဲရုံများ၌ လက္ကားတစ်ပိဿာလျှင် (ကြီး) ကျပ် ၁၆၅၀-၁၇၀၀၊ (လတ်) ကျပ် ၁၅၅၀-၁၆၀၀၊ (သေး) ကျပ် ၁၄၀၀-၁၄၅၀တို့ရှိပြီး လက်လီဈေးအသေးများတွင် (ကြီး)ကျပ် ၁၉၀၀၊ (လတ်) ကျပ် ၁၇၀၀-၁၈၀၀၊ (သေး)ကျပ် ၁၅၀၀-၁

ကုန်သွယ်ရေးစခန်းစုံမှ ကြက်သွန်နီတင်ပို့

Tue, 08/29/2017 - 13:24 -- journal_editor

      မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၆၆၄၀ တန်ဖိုးရှိ ကြက်သွန်နီ ၃၂တန်ကို  တရုတ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄၆၈၀ တန်ဖိုးရှိ ကြက်သွန်နီခြောက်တန်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၄၃၇၅ တန်ဖိုးရှိ ကြက်သွန်နီ၂၅တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ကြက်သွန်နီ ၄ တန်၊ မြဝတီမှ ကြက်သွန်နီတန် ၃၀ ကို တရုတ် နိုင်ငံနဲ့ထိုင်းနိုင်ငံသို့တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဘုရင့်နောင် ကြက်သွန်ဈေးကွက်အတွင်းသို့ ကြက်သွန်ကုန်

ပင်လယ်ရေကြောင်းလမ်းမှ မန်ကျည်းတန်ချိန် ၅၀တင်ပို့

Tue, 08/29/2017 - 13:15 -- journal_editor

      သြဂုတ်လ ၁၃ ရက်မှ ၁၉ ရက် အထိ သီတင်းပတ်အတွင်း မန်ကျည်း တန် ၅၀ကို ထိုင်းနိုင်ငံသို့ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ  တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က  တင်ပို့ခဲ့ တဲ့ မန်ကျည်း ၁၂၂ တန်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၇၀ ကျော် တင်ပို့ မှု လျော့နည်းတယ်လို့  သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ၁၄၂၅၀ ဝင်ငွေရရှိခဲ့ တယ်လို့သိရပါတယ်။

 

သီတာဝင်း(DOT)

ပြည်ကုလားပဲ ယခင်နှစ်ကကဲ့သို့ ယခုနှစ်လည်း ဈေးကောင်းရ

Tue, 08/29/2017 - 13:12 -- journal_editor

     ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းဝယ်ယူမှု အဓိကအရောင်းအဝယ်ဖြစ်တဲ့ ပဲများအနက် ကုလားပဲသီးနှံဈေးဟာလည်း ဈေးကောင်းရနေတဲ့ သီးနှံ ဖြစ်ခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲခွဲစက်သမား များ ပုံမှန်ဝယ်ယူလျက် ရှိကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်တစ်ရက်အိတ် ၁၅၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲအဝင်မရှိသော်လည်း လက်ကျန်ပဲများ ရှိတဲ့အတွက် ဝယ်လိုအားရှိသလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ပဲေ ဈးနှုန်း မှာ တစ်တင်း ကျပ် ၄၁၅၀၀ ဖြင့် ဇူလိုင်လကုန်ပတ်မှစ၍ ပဲဈေးများ တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ယခင်နှစ် သြဂုတ်လအတွင်းက တစ်တင်းကျပ် လေးသောင်းကျော်ရရှိခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

 

ပြည်ပဲဆန်ဈေးကွက်တွင် ဝင်ရောက်မှုနည်းနေသေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်

Tue, 08/29/2017 - 13:07 -- journal_editor

      ပြည်ဈေးကွက်သို့ မိုးမြေပဲအသစ်များကို ဝက်ထီးကန်၊ အောင်လံ၊ ပေါက်ခေါင်းနဲ့ ရွှေတောင်မြို့နယ်တို့ရှိ ကျေးရွာ များမှ အဝင်အနည်းငယ်သာရှိသေးသဖြင့် ဈေးကွက်တွင် အရောင်းအဝယ် အနည်းငယ်သာ ဖြစ်တာတွေ့ရပါ တယ်။ နေ့စဉ်ဝင်ရောက်မှုနည်းသေးသော်လည်း ဈေးကွက်တွင် ကျန်ရှိနေသော မြေပဲဆန်အဟောင်းများရော ယခုဝင်ရောက်တဲ့ မြေပဲဆန်အသစ်များပါ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။  ယခင်နှစ်ကာလတူက မြစ်ရေ များ လျှံတက်လာသဖြင့် မြေပဲခင်းများ ပျက်စီးသွားတဲ့အတွက်  မြေပဲဆန်ဝင်ရောက်မှု နည်းသွားခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာ မြစ် ရေများ မတက်သေးသဖြင့် မြေပဲဆန် ဝင်ရောက်မှုမှာ ယခင် နှစ်ထက်များနေတာတွေ့ရပါတယ်။ အေ ရာင်းအဝယ်မှာယခင် နှစ်နဲ့နှိုင်းယှဉ်

ပြည်ပဲတီစိမ်း တရုတ်ဝယ်လက်ရှိမှုအပေါ် မန္တလေးလိုင်းသမားဝယ်ယူခဲ့

Tue, 08/29/2017 - 12:55 -- journal_editor

        ပြည်ပဲမျိုးစုံဈေးကွက်မှာ မိုးပဲတီစိမ်းသီးနှံ အဝင်ဆက်ရှိခဲ့ပြီး မင်းတုန်း၊ ကံမနှင့် ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက်ခဲ့ကြကာ ပဲလက်ကျန်လည်း အသင့် အတင့်ရှိကြလို့ မန္တလေးလိုင်းသမားများမှ တရုတ်ဝယ်လက် ဝယ်ယူမှုအေ ပါ် မူတည်၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိပါတယ်။ ဒါကြောင့် ယခုတစ်ပတ် အတွင်း တစ်ရက်အိတ် ၂၀၀ ကျော် နေ့စဉ်လိုလို ရောင်းချမှုရှိခဲ့ပြီး ပဲဈေးနှုန်း အနေဖြင့်  တစ်တင်းကျပ် ၂၇၀၀၀ နှင့်ကျပ် ၂၈၀၀၀အကြား ယခင်တစ်ပတ် ဈေးအတိုင်း ဈေးဆက်ငြိမ်လျက် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ယခင်နှစ် သြဂုတ်လအတွင်းက ပဲတီစိမ်းသီးနှံဈေးမှာ တစ်တင်းလျှင်ကျပ် ၂၂၀၀၀ ဖြင့်သာ ရောင်းဝယ်ခဲ့ကြတဲ့အတွက် ယခုနှစ်ဈေးမှာ တစ်တင်းကျပ် ငါးထောင်ခန့

Pages

Subscribe to RSS - စီးပွားရေးသတင်း