ထိုင်းအက်စ်အမ်အီးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ မန္တလေးမြို့တွင် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း
ထိုင်းအသေးစား အလတ်စား လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ မန္တလေးမြို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပြုလုပ်ကြရန် မန္တလေးမြို့တွင် ပြုလုပ် ခဲ့သည့် Bangkok Post Plc နှင့် Asset Pro Management Co., တို့ က ကြီးမှူး ကျင်းပသည့် ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင် များအသင်း၏အမှုဆောင်ကော်မတီ ဝင် မစ္စတာ နာတာပွန်ဗီဆစ်ကစ်ချာခွန် ၏ ပြောကြားချက်ကို ကိုးကား၍ ဗန် ကောက်ပို့စ် သတင်း တွင် ဖော်ပြထား သည်။မန္တလေးမြို့သည် ထိုင်းနိုင်ငံမှ ကုန်စည်များအား ဝယ်လိုအား များပြား သည့် မြို့တစ်မြို့ဖြစ်ပြီး အဆိုပါမြို့သည် လယ်ယာထွက်ကုန်ပစ္စည်းများ ခိုင်မာ စွာတည်ရှိသည့်မြို့