သြဂုတ်လ တတိယပတ်မှာ မုံရွာကုန်စည်ဒိုင်ရှိ ပဲမျိုးစုံဈေးကွက် မတ်ပဲဈေးပြန်လည်မြင့်တက်
သြဂုတ်လတတိယပတ်မှာ မုံရွာကုန်စည်ဒိုင်ရှိပဲမျိုးစုံ ဈေးကွက်၌ မတ်ပဲပြန်လည်ဈေးမြင့်တက်လာပြီး ပဲစင်းငုံကတော့ အကျဈေးနဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်လျက်ရှိ ကြောင်းသိရပါတယ်။ ပဲတီစိမ်းသီးနှံကတော့ ယခုတ စ်ပတ်မှာ ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာတာတွေ့ရပါတယ်။ ကုန်စည်ဒိုင်သို့ ပဲဝင်ရောက်မှုမှာလည်း နည်းလာပြီး အရောင်းအဝယ်ဖြစ်မှုမှာ လည်းနည်းလာကြောင်းသိရပါတယ်။ ပဲစင်းငုံသီးနှံမှာ ရာသီကုန်ချိန်ဖြစ်ကာ လှော င်လက်သမားများလက်ထဲ တွင်သာရှိ၍တောင်သူအချို့ရဲ့လက်ထဲတွင်မရှိသလောက် နည်းသွားကြောင်းသိရပါတယ်။ နေ့စဉ်ပုံမှန်အဝယ်ရှိပြီး ယခုတစ်ပတ်ပဲစင်းငုံတစ်တင်းပေါက်ဈေးနှုန်းမှာ ကျပ်၁၆၃၀၀ နှုန်းပေါက် လျက် အိတ် ၁၀၀၀ခန့် အရောင်းအဝယ်