မုံရွာဈေးကွက်မှာ မတ်ပဲဈေးဆက်လက် တက်ရိပ်ပြသော်လည်း ပဲတီစိမ်းဈေးကျ
ယခုတစ်ပတ် မုံရွာဈေးကွက်မှာ မတ်ပဲဈေးဆက်လက် တက်ရိပ်ပြခဲ့ပေမယ့် ပဲတီစိမ်းလုံးကြီးက ဈေးဆက်လက် ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁၂၆၅ ကျပ်အထိဈေးမြင့်ခဲ့သလို ယခု တစ်ပတ်မှာလည်း တစ်ပိဿာ ၁၃၇၅ ကျပ် (တစ်တန်ကျပ် ၈၄၂၀၃၀) နဲ့ ဆက်လက် ဈေးမြင့်ခဲ့ပါတယ်။ မြို့ခံပဲခွဲစက်များသာမက ရန်ကုန်ဝယ်လက်များကပါ ဝယ်လိုအားရှိတာကြောင့် မတ်ပဲအရောင်းအဝယ်ဖြစ်မှုများကြောင်းသိရ ပါတယ်။ အလားတူ ကုလားပဲဖြူလုံးကြီးကလည်း ယခင်တစ်ပတ်က တစ်ပိဿာ ၂၂၃၇ ကျပ်နဲ့ဈေးမြင့်ခဲ့သလို ယခု တစ်ပတ်မှာလည်း တစ်ပိဿာ ၂၃၁၆ ကျပ်(တစ်တန်ကျပ် ၁၄၁၈၂၉၀) အထိ ဆက်လက်ဈေးမြင့်ခဲ့ပါတယ်။ ယ ခင်တစ်ပတ် က ပဲတီစိမ်းလုံးကြီး တစ်ပိဿာ ၁၈၄၂ ကျပ်နဲ့ဈေးကျခဲ့သ