Main menu

Background

အရည်အသွေးညံ့ဆန်များကို နိုင်ငံတကာဈေးကွက်မှာ ရတဲ့ဈေးနဲ့ ရောင်းနေရတဲ့ ကုန်သွယ်မှု ပုံသဏ္ဌာန်အစား အရည်အသွေးမြင့်ဆန်တွေ တိုးတက်ထုတ်လုပ်ပြီး ဈေးကွက် ခိုင်ခိုင်မာမာ ရအောင် ပြောင်းလဲကြိုးပမ်းမှုဖြင့်သာ မြန်မာ့ဆန်စပါးဈေးကွက် ရေရှည်ခိုင်မာ ဖွံ့ဖြိုးတိုးတက်လာမည်

Thu, 01/21/2010 - 07:17 -- Anonymous (not verified)

စီးပွားရေးစကားဝိုင်း   ကောမတ်စ်ဂျာနယ်ရဲ့ ဒီအပတ်စီးပွားရေးစကားဝိုင်းမှာတော့ လက်ရှိမြန်မာ့ဆန်စပါးလောကမှာ ဖြစ်ပေါ်ပြောင်းလဲ တိုး တက်မှုတွေကို ဆန်စပါးလုပ်ငန်းအသင်းက တာဝန်ရှိသူတွေ၊ ဆန် စပါးလုပ်ငန်းကျွမ်းကျင်သူတွေ၊ စီးပွားရေးပညာရှင်တွေနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်-ဦးသန်းအောင်ကျော်-အယ်ဒီတာချုပ်ကောမတ်စ်ဂျာနယ်    မကြာခင်က ဆန်တင်ပို့တဲ့ကုမ္ပဏီတွေရဲ့ တာဝန်ရှိသူ တွေ   တွေ့ဆုံခဲ့တုန်းက လက်ရှိပြည်တွင်းဆန် ဈေး ကွက် အနေ အထားကိုကြည့်ပြီး၊ ဆန်တင်ပို့တဲ့ လုပ်ငန်းတွေကို နွေစပါးပေါ် ချိန်ထိ ထိန်းကျောင်း တင်ပို့သင့်တယ်လို့ အကြံပြုဆွေးနေခဲ့ တယ်လို့ကြား ရပါတယ်။ ဘယ်လိုကြောင့် ခုလိုစဉ်းစားခဲ့တာပါလဲ။ဦးအောင်သန်းဦး-ဒုတိယဥက္ကဌမြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း   ဒါကဒီလိုပါ။ ဒီနှစ်က ထူးခြားတာက မိုးစပါး လှိုင်လှိုင် ပေါ်ချိန်မှာတောင် စပါးဈေး၊ ဆန်ဈေး ကမကျဘဲ တင်းခံနေပါတယ်။ စပါး ဈေးက ဆန်ဈေးထက် တောင်စွာ နေတာတွေ့ရပါတယ်။ ဈေးကွက်ကို လေ့ လာတော့ နယ်ပယ်မိုျးစုံက လှောင် လက်တွေကစပါး၊ ဆန်တွေ ဝယ်လှောင်နေတာ တွေ့ရပါတယ်။ ဒီအချိန် မှာ ကျွန်တော်တို့အိတ်စ်ပို့တာတွေက ကိုယ် ပြည်ပ တင်ပို့ရရင်ပြီး ရောဆို တဲ့ပုံစံမျိုးနဲ့ ဝယ်နေရင်ဆန်ဈေးတွေမြင့်တက်လာပြီး၊ ပြည်ပလည်း မပို့နိုင်၊ ပြည်တွင်း ဈေးလည်းမြင့်ပြီး ဈေးကွက် မတည် မငြိမ်ဖြစ်မှာ စိုးရိမ် လို့ပါ။ အရင်တုန်းကလည်း ပြည်တွင်းဈေးတွေ မြင့် လာရင် ကျွန်တော်တို့ အိတ်စ်ပိုတာတွေ ညှိပြီး၊ သင်္ဘော တင်ရက်ရွှေ့ပြီး တင်တာတို့လုပ်ခဲ့တာပါ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက် ဖူလုံတယ်၊ ဘယ်လောက် ပိုလံျှ တယ် ဆိုတာက နွေစပါးအောင်မြင်တယ် မအောင်မြင်ဘူး ဆိုတဲ့အပေါ် မှာ မူတည်ပါတယ်။ နွေစပါးတွေ အောင်အောင်မြင်မြင် နဲ့ထွက်လာပြီဆိုမှ ဒီနှစ်တော့ ပြည်တွင်း စားသုံးမှုတွက် စိတ်ချရပြီ၊ ဘယ်လောက် ပြည်ပ တင်ပို့ရင်တော့ ပြည်တွင်း ဈေးကွက်ကို မထိခိုက်နိုင်ဘူး ဆိုတာခန့်မှန်းတွက်ချက်နိုင်မှာပါ။ဦးရဲမင်းအောင် - အထွေထွေ အတွင်းရေးမှူး   နောက်တစ်ချက်က ပြည်တွင်းစပါး၊ ဆန်လှောင်လက် ကိစ္စပါ။ ၂ဝဝ၉ ခုနှစ်ထဲမှာ ဆန်စပါး နယ်ပယ်ထဲကို ဝင်ရောက် လုပ်ကိုင်တဲ့လုပ်ငန်းရှင်နှစ်မျိုးတွေ့ရပါ တယ်။ ပထမအမိုျးအစားက ဆန်စပါးဦးဆောင် ကုမ္ပဏီဖွဲ့ပြီး အဓိကစပါး စိုက်ပိုျး ထုတ်လုပ် တဲ့ မြို့နယ် တွေမှာ စပါးစိုက်တဲ့အချိန်ကစပြီး ကျပ်ငွေ ဘီလီယံ ချီကာ ရင်းနှီးမြှုပ်နံှမှုလုပ်ကိုင်လာတဲ့ ဆန်စပါး အထူးပြုကုမ္ပဏီ တွေပါ။ ဒီကုမ္ပဏီတွေက မြန်မာ့ ဆန်စပါးလောကဖွံ့ဖြိုးတိုးတက်ဖို့အတွက် supply chain  တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ရည်ရွယ်ပြီး ဝင်လာတာပါ။ နောက်တစ်မျိုးကတော့ ကမ္ဘာပေါ်မှာ အခုဖြစ်နေတဲ့ သဘာဝ ဘေးအန္တရာယ် တွေကို အကြောင်းပြုပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာ ထုတ် လုပ်မှုကျဆင်းမယ်၊ ဈေးတွေတက်နိုင်တယ်စတဲ့ Food Security Concern ကိုအ ကြောင်းပြပြီး၊ စပါး ပေါ်လာတော့မှ ကြားက ဝင်လှောင်တဲ့ ပုဂ္ဂိုလ်တွေ ပါ။ ဝင်လာတဲ့ရည်ရွယ်ချက်ခြင်း အလွန်ကွာပါ  တယ်။ဦးမျိုးဦး-အကြံပေးပုဂ္ဂိုလ်မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း   ကျွန်တော်က ဒီနေ့မြန်မာ့ဆန်အရည်အသွေးက တော်တော်ကျဆင်းနေတယ်လို့ ပြောချင်ပါတယ်။ ၁၉၆ဝ ခုနှစ်နဲ့ ၇ဝ ခုနှစ်လောက်ကမြန်မာနဲ့ထိုင်း ၂၅ မှတ်ဆန်က ဒေါ်လာ ၂ဝ ပဲကွာပါတယ်။ အဲဒီ ဒေါ်လာ ၂ဝ ကွာတာကိုပဲ မကျေနပ်လို့ တန်းတူရ အောင်ကြိုးစားခဲ့ကြပါသေးတယ်။ အခုတော့ တစ်တန်ကို ဒေါ်လာ ၁ဝဝ ကျော်လောက် ကွာနေ တော့ အရည်အသွေးပိုင်းမှာ လုပ် စရာတွေ အများ ကြီးရှိနေပြီဆိုတာ ပေါ်နေပါတယ်။ တလောကလည်း အာဖရိက ဂါနာနိုင်ငံကိုပို့တဲ့ ဆန်တွေ အရည် အသွေးညံ့ တယ်ဆိုတာတွေ ကြားရပြန်ပါတယ်။ ဒီ အခြေအနေမှာ ပြည်ပကို Quality Rice  တင်ပို့ဖို့ကို မဖြစ်မနေကြိုးပမ်းလုပ်ဆောင်ရမှာပါ။ ဥပမာ-မြန်မာ့ ဈေးကွက်အကြိုက် ပေါ်ဆန်းမွှေးဆိုရင် ဖိလစ်ပိုင် နိုင်ငံ စီဘူးမှာ လုပ်တဲ့ ကမ္ဘာ့ဆန်ညီလာခံက အရည်အသွေး ပြိုင်ပွဲမှာ တတိယရခဲ့တာရှိပါတယ်။ အရည် အသွေးကောင်းဆန်တွေကို ဇောင်းပေးထုတ်လုပ်ဖို့ လိုနေပြီလို့ ပြောချင်တာပါ။ ဦးအောင်သန်းဦး -    အရည်အသွေးကိစ္စဟာ အရေးကြီးတဲ့ ကိစ္စ တစ်ရပ် ဖြစ်နေပြီဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် အသင်းမှာအဓိကဦးဆောင်ပါဝင်တဲ့ ဆန်စပါး ဦးဆောင် ကုမ္ပဏီတွေအနေနဲ့ မိမိအခြေပြုတဲ့ မြို့နယ်တွေမှာ ဆင်းသွယ်လတ်၊ အင်းမရဲဘော် စတဲ့ အရည်အသွေးကောင်းစပါးတွေကို မျိုးကောင်း မျိုးသန့်ထုတ်လုပ်ပြီး၊ တောင်သူတွေ ဖြန့်ဝေ စိုက် ပျိုးနေ ပါ တယ်။ ဒါကမျိုးပိုင်းကစပြီး ပြောင်းလဲလုပ်ကိုင်နေတာပါ။ စက်ကြိတ်တဲ့အပိုင်းမှာလည်း ပြည်ပ ဆန်စက်နည်းပညာမှာ နာမည်ကြီး တဲ့ ဂျာမနီက ဘူလာ၊ ဂျပန်က ဆာတာကေးစတဲ့ ကုမ္ပဏီတွေက အဆင့်မြင့် နည်းပညာသုံးတဲ့ ဆန်စက်တွေ ဝယ်ယူ တင်သွင်း ကြိတ်ခွဲနေပါပြီ။ colour sorter (ဆန် အရောင်ခွဲစက်)၊ web polisher  (ဆန်အရောင် တင်စက်)တွေတောင် တပ်ဆင်ထားတဲ့ တန် (၁ဝဝ)၊ တန် (၁၅ဝ) ဆန်စက်တွေ ထူထောင်နေကြပါပြီ။ ဒါက ကြိတ်ခွဲမှုပိုင်းမှာ နည်းပညာကော၊ စက်ပိုင်းကောတိုး တက်အောင် ဆောင်ရွက်နေတာပါ။ဦးအောင်ဇော်ဦး-တွဲဖက်အတွင်းရေးမှူး(၂)မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း   နောက်တစ်ခု ဖြည့်စွက်ဆွေးနွေးချင်တာက နည်း ပညာအပိုင်းနဲ့ လေ့လာမှုအပိုင်းပါ။ ၂ဝဝ၉ ခုနှစ် ထဲမှာ ကျွန်တော်တို့ အသင်းဝင်တွေဟာ ထိုင်းက ဆန်စက်တွေ၊ သိုလှောင်ရုံတွေ၊ ဆန်တင်တဲ့ဆိပ်ကမ်း တွေကို လေ့လာခဲ့သလို ကမ္ဘောဒီးယားကို လည်း သွားပြီးလေ့လာခဲ့ပါတယ်။ ဒူဘိုင်းမှာလုပ်တဲ့Rice Summit နဲ့ဖိလစ်ပိုင် စီဘူးနဲ့ အင်ဒိုနီးရှားက ဘာလီ Rice Conference တွေကိုလည်းတက်ပြီး၊ နိုင်ငံ တကာက ဆန်စပါးကုန်သည်တွေ ကျွမ်းကျင်သူတွေ၊ ဖောက်သည်တွေနဲ့ တွေ့ပြီး အမြင်ချင်း ဖလှယ် နိုင်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေက ကမ္ဘာ့ဆန်ဈေး ကွက်မှာ အရည်အသွေးဟာ အရေးကြီးတယ်ဆိုတာ ပိုပြီးသိလာလို့ ဒါကို ဇောင်းပေးပြီး ဆောင်ရွက်ဖို့ စီစဉ်နေကြတာပါ။ဒေါက်တာမောင်အောင်-အကြီးတန်းသုတေသနအရာရှိEconomic  Study&Reserach Institute    ဒီကနေ့ နိုင်ငံတကာမှာကလည်း ဦးရဲမြင့်အောင် ဆွေးနွေးခဲ့သလို Food Security Concern  က သိပ် အရေးကြီးတဲ့အပိုင်းကို ရောက်နေပါတယ်။ နိုင်ငံတိုင်း က ဒါကို အလေးထားလုပ်ဆောင်နေကြတော့ ဆန် စပါးလုပ်ငန်းအသင်းအနေနဲ့ ပြည်တွင်းနဲ့ ပြည်ပ ရောင်းဝယ်မှုအတွက်စနစ် (Mechanism)  တစ်ရပ်ကို အောင်အောင်မြင်မြင်ထူထောင်ဖို့လည်း လိုမယ်လို့ ထင်ပါတယ်။ဦးရဲမင်းအောင် -     မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းကို ထူထောင်ရတဲ့ ရည်ရွယ်ချက်ကိုက မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကကျတဲ့ ဆန် စပါးစိုက်ပျိုးထုတ်လုပ်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များနဲ့ ဆန်စပါး အထူးပြုကုမ္ပဏီများစုစုစည်းစည်း အချိတ်အဆက် မိမိနဲ့စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီးလုပ်ဆောင်ဖို့ဖြစ်ပါ တယ်။   မကြာသေးခင်ကလည်း ကျွန်တော်တို့အသင်းက ဗဟိုအလုပ်အမှုဆောင်တွေနဲ့ အလုပ်အမှုဆောင် တွေပြုလုပ်တဲ့ အစည်း အဝေးမှာပြည်တွင်းဈေးကွက် တည်ငြိမ်ဖို့၊ ပြည်ပဈေးကွက်ကိုလည်း ရေရှည်ထိန်း သိမ်းဆက်ဆံရောင်းဝယ်နိုင်ဖို့ လုပ်ဆောင် သင့်တဲ့အစီအမံတွေကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့အသင်းက တိုင်းနဲ့ပြည်နယ်တွေမှာ အသင်းခွဲတွေဆက် ပြီးဖွဲ့စည်းသွားမှာပါ။ တစ်နိုင်ငံလုံးမှာ အသင်းဝင်တွေအချင်းချင်း အချိတ်အဆက် မိမိနဲ့ ဆန်စပါးလောကတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်သွားမှာပါ။ဦးမျိုးဦး -    မြန်မာ့ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အရင်တုန်းကလည်း ကြိုးစားခဲ့ကြတာပါပဲ။ ကြိုးစားခဲ့ပေမဲ့ ပြည်တွင်း ဖူလုံမှုနဲ့ ပြည်ပရောင်းချမှုကို ဟန်ချက် ညီညီလုပ်ဆောင်နိုင်မဲ့ Mechanism  မတည်ထောင်နိုင်ခဲ့တာကြောင့် Take off positionရောက်လိုက်၊ ပြန်ကျသွားလိုက်ဖြစ်ခဲ့ပါတယ်။ အခုလည်း ဖွံ့ဖြိုးတိုးတက်ဖို့ တာစူနေပြီဆိုတော့ ပြန်ကျမသွားဖို့ ဆန်စပါးနယ်ပယ် ကပုဂ္ဂိုလ်တွေ  အားလုံးမှာ တာဝန်ရှိပါတယ်။ဦးအောင်သန်းဦး -    စီးပွားရေးလုပ်ငန်းနယ်ပယ်တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့က ဒီနယ်ပယ်မှာ ပါဝင်လုပ် ဆောင်သူတွေရဲ့ ရင်းနှီး မြုပ်နံှမှု၊ ကျွမ်းကျင်မှု၊ စေတနာထားမှုတွေ အများကြီး ပါဝင်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်နိုင်ဖို့ အာမခံချက်လိုပါတယ်။ ဒါမှ ရင်းနှီးမြုပ်နံှမှု တွေတစ်စတစ်စတိုးပွားလာပြီးဖွံ့ဖြိုးမှာပါ။ မတည်မငြိမ်ဖြစ် အောင်လုပ်မဲ့ကိစ္စရပ်တွေအတွက် အသင်းအနေနဲ့ကာကွယ် သွားဖို့ဆုံး ဖြတ်ဆောင်ရွက် ထားပြီးသားပါ။ဦးသန်းအောင်ကျော် -    တစ်လောကလုပ်တဲ့ အသင်းဗဟို အလုပ်အမှုဆောင် တွေရဲ့အစည်းအဝေးမှာ ဦးဆောင်အိတ်စ်ပို့တာတွေ အနေနဲ့ လစဉ်ဆန်ဘယ်လိုစုဆောင်းမယ်၊ လက်ဝယ် မှာ ဆန်တန်ချိန် ဘယ်လောက်ရှိနေတယ်၊ ပြည်ပကို ဘယ်လောက်တင်ပို့မယ် ဆိုတာတွေကို ပွင့်ပွင့် လင်းလင်း အစီရင်ခံဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ကြားရတယ်၊ ရည်ရွယ်ချက်ကို သိပါရစေ။ဦးရဲမင်းအောင် -    အဓိကကျတဲ့ အိတ်စ်ပို့တာတွေက ခုလိုပွင့်ပွင့် လင်းလင်းတင်ပြလာမှ လအလိုက် ပြည်တွင်းမှာ ဆန်လက်ကျန် ဘယ်လိုရှိတယ်၊ ပြည်ပတင်ပို့ဖို့နဲ့ တင်ပို့ ပြီးရင် ဘယ်လောက်ကျန်မယ်ဆိုတာကိုသိပြီး၊ ပြည် တွင်းဖူလုံမှုနဲ့ ပြည်ပအရောင်းကို ဖြစ်သင့်ဖြစ်ထိုက် တဲ့ပုံစံနဲ့ ထိန်းကျောင်းသွားလို့ရမှာပါ။ ဒါကိုကျန်တဲ့ အသင်းဝင်တွေလိုက်ပြီး ပါဝင်လာရင် နိုင်ငံရဲ့ဆန် လက်ကျန်၊ ပြည်ပတင်ပို့ဖို့ဘယ်လောက်ရှိတယ်၊ တင် ပို့ပြီးရင် ဘယ်လောက်ကျန်တယ်အထိ ကြိုတင် တွက် ချက်ခန့်မှန်းနိုင်မှာပါ။ ဒါဟာ ကျွန်တော်တို့လုပ်နေတဲ့ Mechanism  ထဲကတစ်ခုပါ။ဦးညွန့်ဦး -ဆန်စက်ပိုင်ရှင်(ကျောက်တန်းမြို့)    ခုတလော အိတ်စ်ပို့လိုင်စင်တွေ ပိတ်တယ်ဆိုတဲ့ သတင်းတွေ အပြင်မှာ ကြားနေရပါတယ်။ ဦးအောင်သန်းဦး -    အိတ်စ်ပို့လိုင်စင်တွေမပိတ်ပါဘူး။ ဆန်တွေလည်း နေ့စဉ်သင်္ဘောတင်နေကြပါတယ်။ ကျွန်တော် အထက်မှာ ဆွေးနွေးခဲ့သလို ကျွန်တော်တို့နိုင်ငံရဲ့ တစ်နှစ်တာ ဖူလုံမှုက နွေစပါးအောင်မြင်မှုပေါ်မှာ မူတည်ပါတယ်။ နွေစပါးအောင်အောင် မြင်မြင်နဲ့ ထွက်လာပြီဆိုမှ ပြည်တွင်းစားသုံးမှုအတွက် စိတ်ချ ရပါတယ်။ ဘယ်လောက်ပမာဏ တင်ပို့ရင် တော့ဖြင့် ပြည်တွင်းဈေးကွက်ကို မထိခိုက်နိုင်ဘူးဆိုတာ ခန့် မှန်းတွက်နိုင်မှာပါ။ ကျွန်တော်တို့အသင်းကလည်း ဒါကိုချင့်ချိန်တွက်ချက်နေသလို ဌာနဆိုင်ရာ အနေနဲ့ လည်း ဒါတွေသုံးသပ်လေ့လာနေတယ်လို့ ထင်ပါ တယ်။ ဒီကနေ့ ကမ္ဘာ့နိုင်ငံအတော် တော်များများ ကလည်း ပြည်ပတင်ပို့မှုထက် ပြည်တွင်းရိက္ခာဖူလုံမှု ကို ဦးစားပေးနေကြပါတယ်။ဦးမျိုးဦး -    အထက်မှာ ဦးအောင်သန်းဦး ဆွေးနွေးခဲ့သလို   ပြည်တွင်းဆန်စပါး ဖူလုံမှုရှိ မရှိဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ Demand နဲ့  Supply  မမျှတဲ့ပုံသဏ္ဍာန် လား ဦးရဲမင်းအောင် ထောက်ပြသလို လှောင်လက် တွေကြောင့် ဈေးတက်နေ တဲ့ပုံသဏ္ဍာန်လား ဆိုတာ  ပြန်သုံးသပ်နေရတဲ့သဘော ဆွေးနွေးခဲ့ကြပါတယ်။ တကယ်တော့ ဆန်စပါးအထူးပြုကုမ္ပဏီတွေရဲ့ ဝင်ရောက်ရင်းနှီး လုပ်ကိုင်ဆောင်ရွက်မှုကြောင့်၊ နာဂစ်ကြောင့် စိုက်ပျိုးထုတ်လုပ်မှု လျှော့ကျနိုင် တယ်ဆိုတဲ့ အနေအထားကနေ ပိုပြီးတိုး တက် ထုတ်လုပ်နိုင်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အရင်ကာလတွေပြန်ကြည့်ရင်လည်း အကြမ်းဖျဉ်း အားဖြင့်တော့ ဖူလုံတယ်လို့ပြောရမှာပါ။ အဲဒီ ဖူလုံနေတဲ့ အနေအထားမှာ ရောင်းလိုအားနဲ့ ဝယ်လို အားမျှတနေမယ်ဆိုရင် ပြည်တွင်းဈေး တက် စရာမရှိနိုင်တဲ့အနေအထားပါ။ ဒီကနေ့ စပါးဈေး၊ ဆန်ဈေးတက်လာကိုပြန်ကြည့်ရင် ပြည်တွင်း ဝယ်လိုအားများနေပြီး ရောင်း လိုအားဘက်က နည်းနေတဲ့ သဘောတွေ့ရသလို ဆန်စီးဆင်းမှုလည်း မမှန်ကန်တဲ့သဘော ရှိနေတယ်လို့ သုံးသပ်ရမှာပါ။ တကယ်တော့ ပုံမှန်စီးဆင်းမှုရှိနေရင် ဈေးလည်း တည်ငြိမ်နေမှာပါ။ ဦးရဲမင်းအောင်ဆွေးနွေးခဲ့သလို မျိုးဈေးတက်ရတဲ့ ကိစ္စမှာ ဆန်စပါးကို ဝယ်လှောင် ထားပြီး ဈေးကောင်းတဲ့အချိန် ပြန်ထုတ်ရောင်းရင် မြတ်မှာဘဲဆိုတဲ့အသိနဲ့ လုပ်ဆောင်နေတဲ့လူတွေ လည်း ပါနေသလို အချို့အိတ်စ်ပိုတာတွေကလည်း ဝယ်လက် Buyer  ခိုင်ခိုင်မာမာ မချိတ်ဆက်ရသေးပဲ ဆန်တွေ ကြိုတင် စုဆောင်းထားပြီး ပြည်ပက ဈေး ကောင်းပေးဝယ်လာရင် ကြုံတဲ့ဈေးကွက် ဝင်ရောင်း မယ် ပြည်ပကိုရောင်း မထွက်ရင်လဲ ပြည်တွင်းပြန် ရောင်းလည်းဖြစ်တာပဲဆိုတဲ့ တွက်ချက်မှုတွေနဲ့ လုပ်နေတာတွေလည်း တွေ့နေရပါတယ်။ ကုန်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနကလည်း အိတ်စ်ပိုတာ အသစ်တစ်ယောက်  ပို့ကုန်လိုင်စင်  လာလျှောက် ရင် ကိုယ့်ဆန်ကိုဝယ်မဲ့ ပြည်ပက Buyer ရဲ့ အမည်၊ ကုမ္ပဏီအမည်၊ ဘယ်နိုင်ငံ၊ ဘယ်ဆိပ်ကမ်းကို ပို့မယ် ဆိုတာ မေးတဲ့အခါ ခိုင်ခိုင်မာမာပြောနိုင်တဲ့ လူတွေ နည်း နေတယ်လို့လည်း သိရပါတယ်။ နောက်တချက် ကတော့ ကျွန်တော်တို့ ဒီနေ့ပြည်တွင်းဈေးကွက်က ဆန်ဈေးနဲ့ တွက် ကြည့်ရင် ဆန်တစ်တန်ကို အရင်း ဒေါ်လာ ၃ဝဝ ဝန်းကျင်ကျနေတယ်။ ပြည်ပ ရောင်း ဈေးနဲ့တွက်ရင် ပြည်တွင်းဈေးက စီးပွား ရေးအရ တွက် ချေကိုက်မကိုက်ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ သေချာတဲ့အချက်က အရည်အသွေးမကောင်းလို့ ပြည်ပရောင်းဈေးမှာ ကိုယ့်ဆန်က ဈေးနည်းတာ လည်းပါတယ်။ ဒါ့အပြင် ကိုယ်ရောင်းတဲ့ ပြည်ပဝယ်လက် Buyer ကလည်း ခိုင်မာမှုမရှိဘဲ ဟိုနိုင်ငံ ဝင်ရောင်းလိုက်၊ ဒီနိုင်ငံ ဝင်ရောင်းလိုက်နဲ့ ကိုယ့် ဆန်က တစ်ဝဲလည်လည်ဖြစ်နေတဲ့ အနေအထားမိုျး၊ ကြားပွဲစား အဆင့်ဆင့်နဲ့ ရောင်းနေရတဲ့ အခြေ အနေမျိုးတွေကိုလည်း မြန်မာ့ဆန်စပါးလောကက တာဝန် ရှိသူတွေအနေနဲ့ ပြန်လည်သုံးသပ်ပြီး လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ဖို့လိုပြီလို့ ပြောချင်ပါတယ်။ဒါကြောင့်လည်း သက်ဆိုင်ရာဌာနတွေက လည်း မြန်မာ့ ဆန်စပါးလုပ်ငန်း အသင်းကို ဒီကိစ္စတွေအတွက် စုပေါင်း ညှိနှိုင်းဆောင်ရွက်ကြဖို့ ပြောကြားထားတယ်လို့လည်း သိရပါတယ်။      ဆန်စပါးလောကရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကြည့်ရင် ကိုယ့်နိုင်ငံနဲ့ လူမိုျးကြီးပွားတိုးတက်ဖို့ တစ်နည်းပြောရရင် တစ်ချိန်တုံး ကလိုကမ္ဘာ့ထိပ်တန်း ဆန်ထုတ်လုပ်တင်ပို့နေတဲ့ နိုင်ငံတစ်ခုဖြစ်လာ စေဖို့ကို အစိုးရအနေနဲ့ရော ကုန်သွယ်လုပ်ငန်းရှင် ပြည်သူတစ်ရပ်လုံးအနေနဲ့ရော လိုလားနေကြတာမှန်ပါတယ်။ ဆန်ပြည်ပတင်ပို့တဲ့ ကုမ္ပဏီလုပ်ငန်း ရှင်တွေအနေနဲ့လည်း ဆန်စပါး ထွက်တဲ့မြို့နယ် အသီးသီးက အရည်အသွေးအမိုျးမိုျးရှိတဲ့ ဆန်ကို ဝယ်ယူစုဆောင်းတင်ပို့တာတွေ တွေ့နေရသလို အခိုျ့ဆိုရင် သင်္ဘောတင်ခါနီးမှ ဈေးကွက်ထဲကရှိတဲ့ ဆန်ကို ဝယ်ပြီး တင်ပို့တာကြောင့် အရည်အသွေး မှန်ကန်မှု မရှိတာကြောင့် ကိုယ့်ဆန်ကို နိုင်ငံတကာဈေးကွက်ရောင်းတဲ့အခါ ဈေးကောင်း ကောင်းမရ ဖြစ်နေရတဲ့သဘောပါ။ ဈေးကွက်မှာလည်း အရည် အသွေး ပေါ်မူတည်ပြီး ဈေးနှိမ် ဝယ်တာခံရသလို ကိုယ့်အရည်အသွေးကမမှန်တော့ Buyer ခိုင်ခိုင် မာမာ ချိတ်ဆက်မထားနိုင်တာတွေ ရှိတဲ့အတွက် ဌာနဆိုင်ရာနဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း တို့ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြ တာကိုလည်း အစည်းအဝေးတွေမှာ ကြားသိနေရပါ တယ်။ ဒါကြောင့် အရည်အသွေးနိမ့် ဆန် တွေကို ရရာဈေးကွက်မှာ ရတဲ့ဈေးနဲ့ရောင်းနေရ တာကို ရှောင်ရှားပြီး ဈေးကွက်ခိုင်မာအောင်နဲ့ အရည် အသွေးတိုးတက်ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒါကိုလည်းသက်ဆိုင်ရာ ဌာနတွေက ညှိနှိုင်းဆောင်ရွက်နေကြတယ်လို့ ကြား သိရပါတယ်။ ဒါ့အပြင် ဒီအလှည့်အပြောင်းမှာ ပြည်တွင်းကူးသန်းရောင်းဝယ်မှုမှန်ကန်ပြီး ပြည်တွင်း စားသုံးမှု အမှန်တကယ်ဖူလုံမှုရှိရင် ရောင်းလိုအားနဲ့ ဝယ်လိုအား သဘော တရားအရဈေးတက်စရာမရှိ သလို ပိုလံျှတဲ့ဆန်တွေကိုလည်း လှောင်လက်တွေရဲ့ ပယောဂ မပါရင် မြို့နယ်အလိုက် ပိုလံျှတဲ့ ပမာဏကို တွက်ချက်နိုင်မှာဖြစ်တဲ့အတွက် အဲဒီ မြို့နယ်တွေက အရည်အသွေး ကောင်း တဲ့ဆန်တွေကို ရွေးပြီး ပြည်ပ တင်ပို့မှုကို စဉ်ဆက်မပြတ်လုပ်နိုင်လာမှာပါ။     ဒါကြောင့် မြန်မာ့ဆန်စပါးလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေကြေး အမြောက်အမြားရင်းနှီးပြီး စပါးအဓိကစိုက်ပိုျး ထုတ်လုပ်တဲ့မြို့နယ်တွေမှာ တောင်သူ လယ်သမားတွေကို ငွေကြေးနဲ့သွင်းအားစု တွေ ပံ့ပိုးပေးပြီး အရည်အသွေးကောင်း စပါးဆန် တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ ကုန်သည်လုပ်ငန်းရှင်ကြီး တွေကို အိတ်စ်ပို့ ဆန်တင်ပို့ခွင့်ပေးရေးကိုလည်း စဉ်းစားသင့်ပါ တယ်။ တစ်ချိန်တစ်ခါမှ ဆန်စပါး လုပ်ငန်းလုပ်ကိုင်ဖူးခြင်းလဲမရှိ၊ အရည်အသွေးလည်း နားမလည်၊ နိုင်ငံခြား Buyer လည်း ခိုင်ခိုင်မာမာ ချိတ်ဆက်ထားမှုလည်းမရှိဘဲ ငွေကြေးတစ်ခုသာရှိပြီး အကိုျး အမြတ်သက်သက်အတွက် ဝင်လာတဲ့လူတွေ ကိုတော့ အိတ်စ်ပို့ခွင့် မပြုသင့်ဘူးလို့ ထင်ပါတယ်။ ပြည်သူလူထုစားသုံးတဲ့ ဈေးကွက်ထဲကဝင်မနှိုက်ဘဲ သီးခြားအရည် အသွေးမြင့် ဆန်စပါး ထုတ်လုပ် တဲ့ ကုမ္ပဏီများအဖြစ် ရင်းနှီးမြုပ်နံှလုပ်ကိုင်နေကြတဲ့ ကုမ္ပဏီများကိုပဲ ဆန်ပြည်ပတင်ပို့ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပရောင်း ဝယ်မှုကို ဟန်ချက်ညီအောင်ထိန်းသိမ်းဆောင်ရွက်ဖို့ ဆန်စပါးလုပ်ငန်းအသင်းကြီးရဲ့ ဦးဆောင်မှုနဲ့ ဆန်စပါးလောကသားတွေအားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်။ဦးသန်းအောင်ကျော် -    ကျွန်တော်တို့လည်း သက်ဆိုင်ရာဌာနကိုမေးတော့ အိတ်စ်ပို့မပိတ်ဘူးလို့ ပြောပါတယ်။ နယ်စပ်ကလည်း ပို့နေပါတယ်။ ပင်လယ်ရေကြောင်းကလည်း ပို့နေ တယ်လို့ သိရပါတယ်။ ဒါပေမယ့် လိုင်စင်အသစ် တွေနဲ့ပတ်သက်လို့တော့ ဆရာတို့ဒီ စကား ဝိုင်းမှာအလေးထားဆွေးနွေးခဲ့တဲ့ ပြည်တွင်းစားသုံးမှုဖူလုံ ပိုလံျှမှုကို ပိုင်ပိုင်နိုင်နိုင်သိအောင်လုပ်ဖို့၊ ပိုလံျှတဲ့ ဆန်တွေကို တင် ပို့တဲ့နေရာမှာလည်း ခိုင်မာတဲ့ ဈေးကွက်နဲ့ Buyerကို ချိတ်ဆက်ပြီး အရည်အသွေး ကောင်းတဲ့ဆန်တွေကိုပဲ ထုတ်လုပ် တင်ပို့ နိုင်ဖို့အချိန်ယူတဖြည်းဖြည်း ထိန်းကျောင်းဆောင်ရွက်ဖို့လို တယ်ဆိုတာ ပေါ်လွင်သွားပါပြီ။ အခုလိုစေတနာရှေ့ထားပြီးဆွေးနွေး ခဲ့တဲ့ ဆရာတို့ အားလုံးကိုကောမတ်စ်ဂျာနယ်ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျား။