Main menu

Background

အိုင်တီပညာရပ်သင်ကြားလိုသော ပြည်ပနိုင်ငံမှ ကျောင်းသားများကိုပင် အလှည့်ကျသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်နေ

Tue, 01/12/2010 - 03:22 -- Anonymous (not verified)

    အိုင်တီပညာရပ်သင်ကြားလိုသူ များအတွက် ပြည်ပနိုင်ငံများသို့သွား ရောက်သင်ယူမှုကုန်ကျစရိတ်သက်သာ စေရန်နှင့် အမှန်တကယ်လိုအပ်သော On the Job Training ရရှိစေရန် ရှေ့ ဆက်၍ ပြည်ပနိုင်ငံများမှကျောင်းသား များကိုပင် အလှည့်ကျ စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း MCC Training Institute မှ ဦးငြိမ်းဦးက ပြောကြားသည်။    ''ပြည်တွင်းမှာပဲနေပြီး၊ နိုင်ငံတကာ အိုင်တီပညာရေးကို ရယူချင်တဲ့ကလေးတွေအတွက် ရည်ရွယ်ပြီး၊ ဖွင့်လှစ်ပေးတာ။ ပြည်တွင်းပြည်ပအိုင်တီကုမ္ပဏီ ကြီးတွေမှာ လုပ်ငန်းဝင်ရောက်ဖို့ On the Job Training ကိုလည်း အဓိကထားလုပ် ပေးတယ်။ စင်ကာပူ Poly Tech တောင်လုပ်ငန်းခွင်ချိတ်ဆက်မှုကို သုံးလပဲပေးတယ်။ ကျောင်းတိုင်းမပေးနိုင်ဘူး။ ဒီမှာက သုံးနှစ်ကျောင်း တက်ရင် အလုပ်အတွေ့အကြုံသုံးနှစ်ရမယ်။ ပြည်ပနိုင်ငံက ကျောင်းသားတွေကိုလည်း ဒီကိုလာပြီး သင်ကြားနိုင်အောင် ဆောင် ရွက်သွားမယ်။ တစ်ဖက်နိုင်ငံက ကျောင်း တွေနဲ့ချိတ်ဆက်ပြီး၊ ဒီမှာတစ်လ၊ ဟိုမှာတစ်လအလှည့်ကျသင်ကြားနိုင်အောင်ဆောင် ရွက်သွားမယ်''ဟု ၎င်းကပြော သည်။    အိုင်တီနည်းပညာရပ်လေ့လာ သင်ယူသူများအတွက် သီးသန့်နေရာလို အပ်ပြီး၊ location အရ ရတနာပုံ ဆိုက်ဘာစီးတီးမှာ Program ရေးသော သူများအတွက် စိတ်ငြိမ်ခြင်း၊ တိတ်ဆိတ်သောကြောင့်အိုင်တီသမားများအတွက် နေရာကောင်းတစ်ခုဖြစ် ကြောင်းနှင့်မလေးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများတွင်လည်း အိုင်တီ အတွက်သီးသန့်နေရာများထားရှိပေးကြောင်း၊ အဆိုပါအိုင် တီပညာရပ်ကိုတစ်နှစ်လျှင် လေးကြိမ်ကျောင်းသားလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။