မြန်မာ့သရက်သီးအား ရုရှားနိုင်ငံမှ ဝယ်ယူရန် စိတ်ဝင်စားနေ
ရုရာုးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် သရက်သီးများနှင့် သရက်သီးခြောက်များအား ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ရုရှား-မြန်မာ စီးပွားရေးကောင်စီနှင့် အဖွဲ့ဝင်များအကြား ယခုနှစ်မှစတင်ကာ သရက် သီး ရောင်းချသူများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ရန်အသင့်ရှိနေကြောင်း သိရသည်။ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် စိန်တစ်လုံးသရက်သီး အမျိုးအစားကို ဝယ်ယူရန် စိတ်ဝင် စားနေကြောင်း၊ သရက်သီးစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။ မြန်မာ့သရက်သီးကို ရုရှားဈေးကွက်သို့ တင်ပို့နိုင် ရေးအတွက် အဓိကရောင်းချသည့် လုပ်ငန်း၊ ကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရမည့်