ကျွဲ ၊ နွား (အရှင်)များ ပြည်ပတင်ပို့ခြင်းဆိုင်ရာ သိကောင်းစရာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသည် ဝန်ကြီးရုံး၏ ၂၀၁၇ ခုနှစ်၊ အောက်တို ဘာလ ၇ ရက်တွင်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာ စာအမှတ် (၄၉/၂၀၁၇) အရ ကျွဲ၊ နွားအရှင်များ အား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီးဖြစ်ပါ တယ်။ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင် ရွက်နေသည့် ဈေးကွက်စီးပွားရေးနှင့်အညီ ရောင်း လိုအားနှင့် ဝယ်လိုအားအရ ဖြစ်ပေါ်လာသော လွတ်လပ်သည့် ဈေးကွက်ကို ဖော်ဆောင်နို င်ရန်၊ တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်း ကြောင်းပေါ်သို့ ရောက်ရှိလာစေရန်၊ မွေးမြူသူ တောင်သူများကို ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမို ရရှိစေရန်နှင့် တောင်သူလယ် သမားတို့၏ အကျိုးစီးပွားကို ပိုမိုကာ









