တရုတ်နိုင်ငံသို့ သကြားပိုမိုတင်ပို့သလို ထိုင်းနိုင်ငံမှ ပိုမို တင်သွင်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီနယ် စပ်စခန်း သုံးခုမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၆၇ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၂၃၄၈၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၇၀၉၂ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၆၃၉၇ တန်ပိုမိုခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၂၀၁၆၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၂၁၃ တန်နဲ့ ကန်ပိုက်တီမှ တန် ၁၁၀ ဖြစ်ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခုသီတင်းပတ်အတွင်း သကြားတစ် တန်လျှင် ကျပ် ၇၃၄၄၀၀ ဈေးရှိပြီး တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၃၆၀၀ ရှိတယ် လို့ သိရပါတယ်။